< ယောဘ 9 >

1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
Kisha Ayubu akajibu na kusema,
2 မှန်ပါ၏။ ထိုစကားမှန်ကြောင်းကိုငါသိ၏။ သို့သော်လည်း လူသည်ဘုရားသခင့်ရှေ့တော်၌ အဘယ် သို့ဖြောင့်မတ်ရာသို့ ရောက်နိုင်သနည်း။
“kweli najua kwamba ndivyo hivyo. Lakini ni kwa namna gani mtu anakuwa na haki kwa Mungu?
3 ဘုရားသခင်သည် အပြစ်တင်ခြင်းငှါ အလိုတော်ရှိလျှင်၊ လူသည်အပြစ်တထောင်တွင် တခုမျှ မဖြေနိုင်။
Kama akitaka kujibishana na Mungu, hatamjibu yeye mara moja katika elfu zaidi.
4 ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
Mungu ni mwenye hekima moyoni na ukuu katika nguvu; ni nani daima aliyejifanya mwenyewe kuwa mgumu dhidi yake na akafanikiwa? -
5 ဘုရားသခင်သည် တောင်တို့ကို အမှတ်တမဲ့ ရွှေ့တော်မူ၏။ အမျက်ထွက်၍ မှောက်လှန်တော်မူ၏။
ambaye huiondoa milima bila kumtahadharisha yeyote wakati akiipindua katika hasira zake -
6 မြေကြီးကိုရွေ့စေခြင်းငှါ တွန်းတော်မူ၍၊ မြေတိုင်းတို့သည် တုန်လှုပ်ကြ၏။
ambaye huitikisa nchi itoke mahali pake na mihimili yake hutikisika.
7 နေကိုမှာထားတော်မူ၍ သူသည်မထွက်ရ။ ကြယ်တို့ကိုလည်း ကွယ်ထားတော်မူ၏။
Ni Mungu yule yule ambaye huliamuru jua lisichomoze, nalo halichomozi, na ambaye huzihifadhi nyota,
8 မိုဃ်းကောင်းကင်ကို ကိုယ်တော်တပါးတည်း ဖြန့်မိုးတော်မူ၏။ သမုဒ္ဒရာလှိုင်းတံပိုးကို နင်းတော်မူ၏။
ambaye peke yake ni mwenye kupanua mbingu na kuyatuliza mawimbi ya bahari,
9 အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။
ambaye huumba Dubu, Orioni, kilima, na makundi ya nyota ya kusini.
10 ၁၀ စစ်၍မသိနိုင်အောင် အလွန်ကြီးသောအမှု၊ မရေတွက်နိုင်အောင်များ၍ အံ့ဘွယ်သောအမှုတို့ကို ပြုတော်မူ၏။
Ni Mungu yule yule atendaye mambo makuu, mambo yasiyofahamika - hasa, mambo ya ajabu yasiyohesabika.
11 ၁၁ ငါ့ရှေ့မှာကြွတော်မူ၍ ကိုယ်တော်ကိုငါမမြင်ရ။ ရှောက်ဘွားတော်မူ၍ ကိုယ်တော်ကိုငါမရိပ်မိရ။
Tazama, huenda karibu nami, na siwezi kumuona yeye; pia hupita kwenda mbele, lakini ni simtambue.
12 ၁၂ သိမ်းယူတော်မူသောအခါ အဘယ်သူသည် ဆီးတားနိုင်သနည်း။ ကိုယ်တော်သည်အဘယ်သို့ ပြုသနည်းဟု အဘယ်သူဆိုဝံ့သနည်း။
Kama akichukua kitu chochote, nani atamzuia? Nani awezaye kumuuliza, 'unafanya nini?'
13 ၁၃ ဘုရားသခင်သည် အမျက်ပြေတော်မမူလျှင်၊ မာနကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်းကို ခံရကြ၏။
Mungu hataondoa hasira yake; wamsaidiao Rahabu huinama chini yake.
14 ၁၄ ထိုမျှမက ငါသည်အဘယ်သို့ ပြန်လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကားကို ရွေး၍ လျှောက်ရအံ့နည်း။
Je ni upungufu kiasi gani mimi nitamjibu, je nichague maneno kuhojiana naye?
15 ၁၅ ငါသည် ဖြောင့်မတ်သော်လည်း ပြန်၍ မလျှောက်ဝံ့ဘဲ၊ တရားမှုကို ဆုံးဖြတ်တော်မူသော အရှင်ကို တောင်းပန်ရုံမျှသာပြုရ၏။
Hata kama ni mwenye haki, nisingelimjibu; ningeomba msamaha tu kwa hukumu yangu.
16 ၁၆ ငါခေါ်၍ အရှင်သည်ထူးတော်မူသော်လည်း၊ ငါ့စကားကို နားထောင်တော်မူမည်ဟု ငါမယုံနိုင်။
Hata kama ningelimwita na yeye akanitikia, nisingeamini kuwa ameisikia sauti yangu.
17 ၁၇ အကြောင်းမူကား၊ မိုဃ်းသက်မုန်တိုင်းဖြင့် ငါ့ကို ညှဉ်းဆဲ၍၊ အကြောင်းမရှိဘဲငါ၌ အနာတို့ကို များပြား စေတော်မူ၏။
kwa kuwa yeye anidhoofishaye kwa dhoruba na kuyaongeza majeraha yangu pasipo sababu.
18 ၁၈ ငါ့ကို အသက်ရူရသောအခွင့်မပေး။ ခါးစွာသော ဝေဒနာနှင့် ပြည့်စုံတော်မူ၏။
Yeye hataki hata kuniruhusu nipate kuvuta pumzi; badala yake, hunijaza uchungu.
19 ၁၉ တန်ခိုးကိုအမှီပြုမည်ဆိုသော်၊ ဘုရားသခင်သည် တန်ခိုးကြီးတော်မူ၏။ တရားကိုအမှီပြုမည်ဆိုပြန် သော်၊ အဘယ်သူသည် ငါ့ဘက်၌ သက်သေခံမည်နည်း။
Kama ni habari ya nguvu, tazama! yeye ni mwenye uwezo! Kama ni habari ya haki, ni nani atakaye mhukumu?
20 ၂၀ ကိုယ်အပြစ်ကို ပြေစေခြင်းငှါပြုလျှင်၊ ကိုယ်စကားအားဖြင့် တရားရှုံးလိမ့်မည်။ ငါသည် စုံလင်ပြီဟု ဆိုပြန်လျှင်၊ ငါ့သဘောကောက်ကြောင်း ထင်ရှားလိမ့် မည်။
Ingawa ni mwenye haki, kinywa changu mwenyewe kitanihukumu; na ingawa ni mtakatifu, maneno yangu yatashuhudia kuwa ni mwenye kosa.
21 ၂၁ တဖန်စုံလင်သော်လည်း၊ ကိုယ်စိတ်သဘောကို ကိုယ်မသိရ။ ကိုယ်အသက်ကို ပမာဏမပြုရ။
Mimi ni mtakatifu, lakini siijali zaidi nafsi yangu; Naudharau uhai wangu mwenyewe.
22 ၂၂ ငါပြောအံ့သောစကားတချက်ဟူမူကား၊ ဘုရားသခင်သည် စုံလင်သောသူတို့ကို၎င်း၊ ဆိုးညစ်သော သူတို့ကို၎င်း ဖျက်ဆီးတော်မူတတ်၏။
Haileti tofauti yoyote, kwa sababu hiyo nasema kwamba yeye huangamiza watu wasio na makosa na waovu pia.
23 ၂၃ ချက်ခြင်းဘေးတစုံတခု ရောက်သောအခါ၊ အပြစ်မရှိသောသူခံရသည်အကြောင်းကို ရယ်တော်မူ၏။
Kama hilo pigo likiua ghafla, yeye atafurahi mateso yake mtu asiye na kosa.
24 ၂၄ မြေကြီးကိုလူဆိုးတို့ လက်၌အပ်၍၊ တရားသူကြီးတို့၏ မျက်နှာကို ဖျက်တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ်သူနည်း။
Dunia imetiwa mkononi mwa watu waovu; Mungu hufunika nyuso za waamuzi wake. kama si yeye hufanya, ni nani basi?
25 ၂၅ တမြို့မှတမြို့သို့ စာပို့သောလုလင်ထက်၊ ငါ့နေ့ ရက်တို့သည် လျင်မြန်၍၊ ကောင်ကျိုးကိုမခံရဘဲ ပြေးတတ် ကြ၏။
Siku zangu zinapita haraka kuliko tarishi akimbiae; siku zangu zinakimbia mbali; wala hazioni mema mahali popote.
26 ၂၆ လျင်မြန်သော သင်္ဘောကဲ့သို့၎င်း၊ အကောင်ကို သုတ်လာသော ရွှေလင်းတကဲ့သို့၎င်း၊ လွန်သွားတတ်ကြ ၏။
Zinapita kama mashua zilizoundwa kwa mafunjo ziendazo kwa kasi, na zinakasi kama tai ashukaye upesi katika mawindo yake.
27 ၂၇ ငါသည်မြည်တမ်းသော စကားကိုဖြတ်၍၊ ရွှင်လန်းသောမျက်နှာကိုဆောင်လျက်၊ ရဲရင့်ခြင်းသို့ ရောက်မည်ဟု ငါဆိုသော်လည်း၊
Kama ni kisema kwamba mimi nitasahau kuhusu manung'uniko yangu, kwamba nitaacha kuonyesha sura ya huzuni na kuwa na furaha,
28 ၂၈ ငါခံရသော ဒုက္ခဝေဒနာများသောကြောင့်၊ ကြောက်သောသဘောရှိ၏။ အပြစ်လွှတ်စေဟု ငါ၌စီရင်တော် မမူကြောင်းကို ငါသိ၏။
Mimi nitaziogopa huzuni zangu zote kwa sababu nafahamu kuwa hutanihesabu kuwa sina hatia.
29 ၂၉ ငါသည် အပြစ်သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီးကြိုးစားရမည်နည်း။
Nitahukumiwa; kwa nini, basi, nitaabike bure?
30 ၃၀ ငါ့ကိုယ်ကို မိုဃ်းပွင့်ရေနှင့်ဆေး၍၊ ငါ့လက်ကို ရှင်းရှင်းစင်ကြယ်စေသော်လည်း၊
Kama najiosha mwenyewe kwa maji ya theluji na kuitakasa mikono yangu na kuwa safi zaidi,
31 ၃၁ ရွှံ့ထဲသို့ တွန်းချတော်မူ၍၊ ငါ့အဝတ်ပင် ငါ့ကိုယ် ကိုရွံလိမ့်မည်။
Mungu atanitumbukiza shimoni, na nguo zangu mwenyewe zitanichukia.
32 ၃၂ ငါသည် ဘုရားသခင်၏စကားကို တဦးနှင့်တဦး တရားတွေ့နိုင်မည်အကြောင်း၊ ဘုရားသခင်သည် ငါကဲ့သို့ လူဖြစ်တော်မူသည်မဟုတ်။
Kwa kuwa Mungu si mtu, kama mimi, kwamba naweza kumjibu, hata tukaribiane katika hukumu.
33 ၃၃ ငါတို့နှစ်ဦးကို ဆီးတားပိုင်သော စပ်ကြားနေ အမှုစောင့်မရှိ။
Hakuna hakimu baina yetu awezaye kuweka mkono wake juu yetu sote.
34 ၃၄ ငါ့ကိုဒဏ်ခတ်တော်မမူပါစေနှင့်။ ပြုတော်မူသော ဘေးကြောင့် ငါမကြောက်ပါစေနှင့်။
Hakuna hakimu mwingine ambaye anaweza kuniondolea fimbo ya Mungu, awezaye kuzuia kitisho chake kisinitie hofu. kisha ningesema na nisimuogope.
35 ၃၅ သို့ဖြစ်လျှင်၊ ငါသည်မကြောက်ဘဲပြောရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား၊ ပြောရသောအခွင့်ကိုမရ။
Lakini kama mambo yalivyo sasa, sitaweza kufanya hivyo.

< ယောဘ 9 >