< ယောဘ 5 >

1 ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။
קרא נא היש עונך ואל מי מקדשים תפנה׃
2 ဒေါသသည် လူမိုက်ကိုဖျက်ဆီးတတ်၏။ ပညာမရှိသော သူသည်လည်းငြူစူသောသဘောအားဖြင့် သေခြင်းသို့ ရောက်တတ်၏။
כי לאויל יהרג כעש ופתה תמית קנאה׃
3 မိုက်သောသူအမြစ်စွဲသည်ကို ငါမြင်သောအခါ၊ သူ၏နေရာကို ချက်ခြင်းကျိန်ဆဲ၏။
אני ראיתי אויל משריש ואקוב נוהו פתאם׃
4 သူ၏သားသမီးတို့သည် ဘေးလွတ်ရာအရပ်နှင့် ဝေးကြ၏။ ရုံးတော်ရှေ့၌ ညှဉ်းဆဲခြင်းကို ခံရသောအခါ ကယ်နှုတ်သောသူ တယောက်မျှမရှိ။
ירחקו בניו מישע וידכאו בשער ואין מציל׃
5 သူရိတ်သောစပါးကို မွတ်သိပ်သောသူသည်၊ ဆူးပင်ကာသောခြံ အထဲကယူသွား၍ စားတတ်၏။ သူ၏ ပစ္စည်းဥစ္စာကိုလည်း ရေငတ်သော သူသည် မျိုတတ်၏။
אשר קצירו רעב יאכל ואל מצנים יקחהו ושאף צמים חילם׃
6 မြေမှုန့်ထဲကအမှုရောက်သည်မဟုတ်။ ဒုက္ခသည် မြေပေါ်မှာ မပေါက်တတ်။
כי לא יצא מעפר און ומאדמה לא יצמח עמל׃
7 မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။
כי אדם לעמל יולד ובני רשף יגביהו עוף׃
8 ငါမူကား ဘုရားသခင်ကို မျှော်လင့်မည်။ ကိုယ်အမှုကို ဘုရားသခင်၌ အပ်မည်။
אולם אני אדרש אל אל ואל אלהים אשים דברתי׃
9 ဘုရားသခင်သည် ကြီးသောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ ရေတွက်၍မဆုံး၊ အံ့ဩဘွယ်သော အမှု တို့ကို ပြုတော်မူ၏။
עשה גדלות ואין חקר נפלאות עד אין מספר׃
10 ၁၀ မြေပေါ်မှာမိုဃ်းရွာစေသဖြင့် လယ်တို့၌ ရေကိုပေးတော်မူ၏။
הנתן מטר על פני ארץ ושלח מים על פני חוצות׃
11 ၁၁ ထိုသို့နှိမ့်ချလျက်ရှိသောသူတို့ကို ချီးမြှောက်တော်မူ၏။ ငြိုငြင်သောသူတို့ကိုလည်း ဝမ်းသာစေတော် မူ၏။
לשום שפלים למרום וקדרים שגבו ישע׃
12 ၁၂ ပရိယာယ်ပြုသောသူတို့၏ အမှုကိုမအောင်စေခြင်းငှါ သူတို့အကြံကို ဖျက်တော်မူ၏။
מפר מחשבות ערומים ולא תעשינה ידיהם תושיה׃
13 ၁၃ ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဘမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်း ကို အချည်းနှီးဖြစ်စေတော်မူ၏။
לכד חכמים בערמם ועצת נפתלים נמהרה׃
14 ၁၄ ထိုသူတို့သည် နေ့အချိန်၌ မှောင်မိုက်ကိုတွေ့၍၊ ညဉ့်အချိန်၌ကဲ့သို့ မွန်းတည့်အချိန်၌ စမ်းသပ်လျက် သွားလာကြ၏။
יומם יפגשו חשך וכלילה ימששו בצהרים׃
15 ၁၅ ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
וישע מחרב מפיהם ומיד חזק אביון׃
16 ၁၆ ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
ותהי לדל תקוה ועלתה קפצה פיה׃
17 ၁၇ အပြစ်နှင့်အလျောက် ဘုရားသခင် စစ်ဆေး တော်မူခြင်းကို ခံရသောသူသည် မင်္ဂလာရှိ၏။ ထိုကြောင့် အနန္တတန်ခိုးရှင် ဆုံးမတော်မူခြင်းကို မထီမဲ့မြင်မပြုပါနှင့်။
הנה אשרי אנוש יוכחנו אלוה ומוסר שדי אל תמאס׃
18 ၁၈ ထိုအရှင်သည် အနာကိုဖြစ်စေ၍၊ ထိုအနာကိုလည်း စည်းစေတော်မူ၏။ ဒဏ်ခတ်တော်မူ၍ လက်တော်နှင့် သက်သာစေတော်မူ၏။
כי הוא יכאיב ויחבש ימחץ וידו תרפינה׃
19 ၁၉ သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
בשש צרות יצילך ובשבע לא יגע בך רע׃
20 ၂၀ အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။
ברעב פדך ממות ובמלחמה מידי חרב׃
21 ၂၁ သင်သည်ကဲ့ရဲ့ခြင်းဘေးနှင့် ကင်းလွတ်၍ ပျက်စီးခြင်းဘေးရောက်သော်လည်း မကြောက်ရ။
בשוט לשון תחבא ולא תירא משד כי יבוא׃
22 ၂၂ ပျက်စီးခြင်းဘေးနှင့် အစာခေါင်းပါးခြင်းဘေးကို ရယ်မော၍ တောသားရဲတို့ကိုလည်း မကြောက်ရ။
לשד ולכפן תשחק ומחית הארץ אל תירא׃
23 ၂၃ အကြောင်းမူကား၊ လယ်၌ကျောက်ခဲတို့သည် သင်နှင့်ပဋိညာဉ်ပြု၍ တောသားရဲတို့သည် သင်နှင့် မိဿဟာယဖွဲ့ကြလိမ့်မည်။
כי עם אבני השדה בריתך וחית השדה השלמה לך׃
24 ၂၄ သင်သည်ကိုယ်အိမ်၌ ငြိမ်သက်ခြင်းရှိကြောင်းကို တွေ့၍ ကိုယ်နေရာအရပ်သို့ပြန်ရောက်သောအခါ စိတ်ပျက်စရာအကြောင်းမရှိရ။
וידעת כי שלום אהלך ופקדת נוך ולא תחטא׃
25 ၂၅ သင်၌သားသမီးများပြား၍၊ သင့်အမျိုးအနွယ်သည် မြေပေါ်မှာ မြက်ပင်နှင့်အမျှ ဖြစ်ကြောင်းကို တွေ့မြင်ရလိမ့်မည်။
וידעת כי רב זרעך וצאצאיך כעשב הארץ׃
26 ၂၆ အချိန်တန်လျှင် သိမ်းယူသောကောက်လှိုင်းကဲ့သို့၊ သင်သည် အသက်ကြီးရင့်၍ သင်္ချိုင်းသို့ ရောက်ရ လိမ့်မည်။
תבוא בכלח אלי קבר כעלות גדיש בעתו׃
27 ၂၇ ဤအမှုကို ငါတို့သည် စစ်ဆေး၍ ယခုပြောသည်အတိုင်း မှန်ပါ၏။ နားထောင်ပါ။ အသင့်နှလုံးသွင်း ထားပါဟု မြွက်ဆို၏။
הנה זאת חקרנוה כן היא שמענה ואתה דע לך׃

< ယောဘ 5 >