< ယောဘ 4 >

1 ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊
Kisha Elifazi Mtemani akajibu na kusema,
2 ငါတို့သည် သင်နှင့် နှုတ်ဆက်စမ်းလျှင်၊ သင်သည် စိတ်ပျက်ကောင်းပျက်လိမ့်မည်။ သို့သော်လည်း၊ အဘယ်သူသည် စကားမပြောဘဲ နေနိုင်မည်နည်း။
Kama mtu yeyote akijaribu kuzungumza na wewe, je utakosa ustahimilivu? Lakini ni nani anaweza kujizuia asizungumze?
3 သင်သည် လူအများတို့ကို ဆုံးမပြီ။ လက်မစွမ်းသောသူတို့ကို ခိုင်ခံ့စေပြီ။
Tazama, wewe umewafunza wengi; wewe imeipa nguvu mikono iliyokuwa dhaifu.
4 သင်၏စကားသည် လဲလုသောသူကို ထောက်မပြီ။ နုန့်နဲသောဒူးတို့ကိုလည်း တည့်စေပြီ။
Maneno yako yamemsaidia yeye mwanamme aliyekuwa anaanguka; wewe umeyaimarisha magoti dhaifu.
5 ယခုမူကား၊ ကိုယ်တိုင်အမှုတွေ့၍ စိတ်ပျက်၏။ အထိအခိုက်ခံရသော ကြောင့် မိန်းမောတွေဝေလျက် နေ၏။
Lakini sasa matatizo yamekuja kwako, na wewe umechoka; yanakugusa wewe, na wewe umetatizika.
6 သင်၏ရိုသေသောသဘော၊ ယုံကြည်ကိုးစားသောသဘော၊ မြော်လင့်သောသဘော၊ တည်ကြည်သော သဘော၊ တရားသဖြင့် ကျင့်တတ်သောသဘောသည် အဘယ်မှာရှိသနည်း။
Je si hofu yako imani yako, na ukamilifu wa njia zako tumaini lako?
7 အပြစ်နှင့်ကင်းလွတ်လျက်ပင် ပျက်စီးခြင်းသို့ အဘယ်သူရောက်သနည်း။ ဖြောင့်မတ်သောသူသည် အဘယ်အရပ်၌ ဆုံးသနည်းဟု ဆင်ခြင်ပါလော့။
Tafakari juu ya hili, tafadhari: ni nani aliyeangamia akiwa hana kosa? Au ni lini watu wakamilifu walikatiliwa mbali?
8 ငါသိမြင်သည်အတိုင်း၊ မတရားသော လယ်ထွန်ခြင်းကို ပြုသောသူနှင့် အဓမ္မမျိုးစေ့ကို ကြဲသောသူတို့ သည် ထိုသို့နှင့်အညီ စပါးရိတ်တတ်ကြ၏။
Kutokana na vile nilivyoona, wale walimao uovu na kupanda taabu huvuna hayo.
9 ဘုရားသခင်မှုတ်တော်မူသဖြင့်၊ ထိုသူတို့သည် ပျက်စီး၍၊ ရှုတော်မူသောအသက်ဖြင့်လည်း ဆုံးရှုံးရကြ ၏။
Kwa pumzi ya Mungu huangamia; kwa mlipuko wa hasira zake huteketea.
10 ၁၀ ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံမြည်ခြင်း၊ ခြင်္သေ့ကလေးကိုက်ဝါးခြင်း ငြိမ်းရ၏။
Kuunguruma kwa simba, sauti ya simba mkali, meno ya simba wadogo - yamevunjika.
11 ၁၁ ဘမ်း၍ စားစရာမရှိသောကြောင့်၊ ကြမ်းတမ်းသော ခြင်္သေ့သည်သေ၍၊ ခြင်္သေ့မ၏သားငယ်တို့သည် အရပ်ရပ် ကွဲပြားရကြ၏။
Simba mzee huangamia kwa kukosa wahanga; watoto wa simba jike wametawanyiko kila mahali.
12 ၁၂ တရံရောအခါ ငါသည် တိတ်ဆိတ်စွာ ဗျာဒိတ်တော်ကို ရ၍ တိုသောအသံကိုကြားရ၏။
Sasa nililetewa kwangu jambo fulani kisiri, na sikio langu likapokea uvumi kuhusu hilo.
13 ၁၃ လူတို့သည်ကြီးစွာသော အိပ်ပျော်ခြင်းသို့ရောက်၍၊ ထူးဆန်းသောရူပါရုံထင်ရှားရာ ကာလညဉ့်အချိန်၌ ငါအောက်မေ့စဉ်တွင်၊
Kisha yakaja mawazo kupitia ndoto wakati wa usiku, wakati uwaangukiwapo usingizi mzito watu.
14 ၁၄ ငါ့အရိုးများ တုန်လှုပ်သည်တိုင်အောင်၊ ငါ အလွန်ကြောက်အားကြီး၍ ထိတ်လန့်လျက်နေ၏။
Ilikuwa usiku wakati nilipopatwa hofu na kutetemeka, na mifupa yangu yote ikatikisika.
15 ၁၅ ဝိညာဉ်တပါးသည် ငါ့ရှေ့၌ ကန့်လန့်ရှောက် သွား၍၊ ငါသည် ကြက်သီးမွေးညှင်းထလေ၏။
Kisha nafsi ikapita mbele ya uso wangu, na nywele zangu za mwili zilisimama.
16 ၁၆ ထိုဝိညာဉ်သည်ရပ်နေ၍၊ ပုံသဏ္ဍာန်လည်း သေချာစွာ မထင်မရှားအရိပ်ကိုသာ ငါမြင်ရ၏။ ငြင်းသော အသံရှိ၍ ငါကြားသောစကားသံဟူမူကား၊
Nafsi ilisimama kimya, lakini sikuweza kupambanua sura yake. Umbo lilikuwa mbele ya macho yangu; kulikuwa kimya, nami nikasikia sauti ikisema,
17 ၁၇ သေတတ်သောလူသည် ဘုရားသခင့်ရှေ့မှာ ဖြောင့်မတ်ခြင်းရှိရသလော။ လူသတ္တဝါသည် ဖန်ဆင်း တော်မူသော အရှင်ရှေ့မှာ သန့်ရှင်းခြင်း ရှိရသလော။
“Je binadamu anaweza kuwa mwenye haki zaidi kuliko Mungu? Je mtu anaweza kuwa msafi zaidi kuliko muumba wake?
18 ၁၈ အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။
Tazama, kama Mungu hawaamini watumishi wake; kama hulaumu upumbavu wa malaika zake,
19 ၁၉ သို့ဖြစ်လျှင် မြေမှုန့်၌တည်၍ မြေထဲတွင် နေတတ်သောသူတို့ကို အဘယ်ဆိုဘွယ်ရှိအံ့နည်း။ ထိုသူတို့ကို ပိုးရွပင်နိုင်တတ်၏။
je si zaidi sana ukweli huu kwa wale waishio katika nyumba za udongo, ambao misingi yao ipo katika vumbi, wale waliopondwa mbele ya nondo?
20 ၂၀ တနေ့ခြင်းတွင် ပျက်စီးတတ်ကြ၏။ အဘယ်သူမျှပမာဏမပြုဘဲ အစဉ်ဆုံးရှုံးခြင်းသို့ ရောက်တတ်ကြ၏။
Kati ya asubuhi na jioni wameangamizwa; wameangamia milele wala bila yeyote kuwatambua.
21 ၂၁ သူတို့၏ဂုဏ်အသရေကွယ်ပျောက်၍ သူတို့သည် ပညာမရှိဘဲ သေသွားတတ်ကြ၏။
Je kamba za hema yao hazikung'olewa kati yao? Wanakufa; wanakufa bila hekima.

< ယောဘ 4 >