< ယောဘ 29 >

1 ယောဘသည် လင်္ကာစကားကို ဆက်၍မြွက်ဆို သည်ကား၊
Ayubu akaendelea na kusema,
2 ငါသည် လွန်လေပြီသောနှစ်၊လ၊ ဘုရားသခင် စောင့်မတော်မူသော နေ့ရက်၌ဖြစ်သကဲ့သို့ တဖန်ဖြစ် ပါစေ။
Ee, ningekuwa kama nilivyokuwa miezi iliyopita wakati Mungu aliponiagalia,
3 ထိုအခါ ဘုရားသခင်၏မီးခွက်သည် ငါ့ခေါင်းပေါ်မှာ ထွန်းလင်းသည်ဖြစ်၍၊ ထိုအလင်းကို ငါအမှီပြု လျက်၊ မိုက်သောအရပ်၌ ရှောက်သွားနိုင်၏။
taa yake ilipowaka kichwani pangu, na pale nilipotembea gizani kwa nuru yake.
4 ငါ့အသက်ပျိုသောကာလ၊ ငါ့အိမ်၌ဘုရားသခင် နှင့် မိဿဟာယဖွဲ့ရသောအခွင့်ရှိသောကာလ၌၊ ငါဖြစ် သကဲ့သို့ တဖန်ဖြစ်ပါစေ။
Ee, kwamba ningekuwa kama nilivyokuwa katika siku za ujana wangu uhusiano wangu na Mungu ulivyokuwa mzuri,
5 ထိုအခါ အနန္တတန်ခိုးရှင်သည် ငါ့ဘက်၌ရှိတော်မူ၏။ ငါ့သားသမီးတို့သည်လည်း ငါ့ကိုဝိုင်းလျက် နေကြ၏။
wakati Mwenyezi alipokuwa pamoja nami, na wanangu walipokuwa karibu nami,
6 ထိုအခါငါသွားသောလမ်း၌ နို့ရည်စီးလေ၏။ ကျောက်ခဲသည်လည်း ငါ့အဘို့ဆီကိုသွန်းလောင်းလေ၏။
wakati maisha yangu yalipokuwa yamejawa na utele, na mwamba uliponichuruzishia chemichemi za mafuta.
7 ငါသည်မြို့အလယ်၌ ရှောက်၍၊ မြို့တံခါးသို့ သွားလျက်၊ လမ်း၌ ထိုင်ရာကို ပြင်ဆင်လျက်နေစဉ်တွင်၊
Nilipokwenda langoni mwa mji, nilipokaa katika eneo la mji,
8 လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။
vijana waliniona na walikaa mbali kwa kuniheshimu, na wazee waliinuka na kusimama kwa ajili yangu.
9 မင်းသားတို့သည် စကားမပြောဘဲနေ၍၊ မိမိတို့ နှုတ်ကို လက်နှင့် ပိတ်ကြ၏။
Wana wa mfalme waliacha kuongea nilipofika; wangeweka mkono wao katika vinywa vyao.
10 ၁၀ မှူးမတ်တို့သည်လည်း တိတ်ဆိတ်စွာနေ၍၊ သူတို့လျှာသည် အာခေါင်၌ကပ်လေ၏။
Sauti za waheshimiwa zililazimishwa, na ndimi zao hazikuweza kuongea vinywani mwao.
11 ၁၁ လူတို့သည် ငါ့စကားသံကိုကြားသောအခါ ကောင်းကြီးပေးကြ၏။ ငါ့ကိုမြင်သောအခါ ချီးမွမ်းကြ၏။
Kwani baada ya kunisikia, wangenibariki; waliponiona, wangeniona na kuniheshimu
12 ၁၂ အကြောင်းမူကား၊ ငါသည်ဆင်းရဲသောသူ၊ မိဘမရှိသောသူ၊ ကိုးကွယ်ရာမရသော သူအော်ဟစ်သော အခါ ကယ်တင်တတ်၏။
kwa maana nilikuwa nikiwasaidia masikini waliokuwa wakiteseka, na yatima, asiye na msaada.
13 ၁၃ ပျက်လုသောသူကောင်းကြီးပေးခြင်းကို ငါခံရ၏။ မုတ်ဆိုးမစိတ်နှလုံးကို ရွှင်လန်းစေ၏။
Baraka zao waliokuwa karibu kuangamia zilinipata; niliufanya moyo wa mjane kuimba kwa furaha.
14 ၁၄ ဖြောင့်မတ်ခြင်းပါရမီကို အဝတ်လုပ်၍ ငါဝတ် ဆင်၏။ တရားသည် ငါ့ဝတ်လုံငါ့ပေါင်းဖြစ်၏။
Nilijivika utakatifu, nao ulinifunika; haki yangu ilikuwa kama kanzu na kilemba.
15 ၁၅ မျက်စိကန်းသော သူတို့အားငါသည် မျက်စိ ဖြစ်၏။ ခြေဆွံ့သော သူတို့အားခြေဖြစ်၏။
Niliwasaidia vipofu; niliwasaidia walemavu.
16 ၁၆ ဆင်းရဲသောသူတို့၏ အဘဖြစ်၏။ အသိ အကျွမ်းမရှိသော သူတို့၏အမှုကို ငါနားထောင်၏။
Niliwasaidia wahitaji; niliwasaidia hata wasionijua.
17 ၁၇ မတရားသောသူ၏အစွယ်တို့ကို ငါချိုး၍၊ သူ လုယူကိုက်စားသော အရာကိုနှုတ်၏။
Nilimnyamazisha mwovu; nilimpokonya manusura kutoka katika meno yake.
18 ၁၈ ငါသည် ကိုယ်အသိုက်၌ သေရသောအခွင့် ရှိလိမ့်မည်။ ငါ့အသက်ရှင်သော နေ့ရက်တို့သည် သဲလုံး နှင့်အမျှ များပြားလိမ့်မည်ဟု အောက်မေ့၏။
Kisha nilisema nitakufa mahali salama; nitazizidisha siku zangu kama mchanga.
19 ၁၉ ငါ့အမြစ်သည် ရေနားမှာ ပြန့်ပွါး၏။ ဆီးနှင်း သည် တညဉ့်လုံး ငါ့အခက်အလက်၌ကျ၏။
Mizizi yangu imeenea majini, na umande kukaa usiku wote katika matawi yangu.
20 ၂၀ ငါ့ဘုန်းသည် အစဉ်ပွင့်လန်းလျက်၊ ငါလေးသည် လည်း ငါ့လက်၌ အားဖြည့်လျက်ရှိ၏။
Heshima yangu ni mpya daima, na nguvu za upinde wangu zipo katika mkono wangu kila wakati.
21 ၂၁ သူတပါးတို့သည် ငါ့စကားကို နားထောင်၍၊ ငါပေးသောအကြံကို ငံ့လင့်လျက် တိတ်ဆိတ်စွာနေကြ၏။
Watu walinisikiliza; walinisubiri; walisikiliza ushauri wangu.
22 ၂၂ ငါပြောပြီးသည် နောက်သူတို့သည် ပြန်၍ မပြော။ ငါ့စကားသည် သူတို့အပေါ်မှာ ရေစက်ကဲ့သို့ ကျ၏။
Nilipo maliza kuongea hawakunena tena, maneno yangu yaliwatia nguvu kama mvua.
23 ၂၃ မိုဃ်းရေကိုငံ့လင့်သကဲ့သို့ငါ့ကိုငံ့လင့်လျက်၊ ဗနာက်ကျသော မိုဃ်းရေကို ခံချင်သကဲ့သို့၊ သူတို့သည် ပစပ်ကို ကျယ်ကျယ်ဖွင့်လျက်နေကြ၏။
Waliningoja kama kungoja mvua; waliyathamini maneno yangu, kama walivyotamani mvua iliyokawia.
24 ၂၄ ငါသည် ပြုံးလျက်သူတို့ကို ကြည့်ရှုသောအခါ၊ သူတို့သည် မယုံနိုင်ကြ။ ငါ့မျက်နှာ၏အလင်းကိုလည်း မပျောက်စေကြ။
Niliwafurahia bila wao kutarajia; hawakukataa uzuri wa uso wangu.
25 ၂၅ ငါသည် သူတို့လမ်းကိုပဲ့ပြင်၍ အမြတ်ဆုံးသော နေရာ၌ ထိုင်၏။ ဗိုလ်မြေအလုံးအရင်းနှင့်တကွ ရှင်ဘုရင် ကဲ့သို့၎င်း၊ ညှိုးငယ်သော သူတို့ကို နှစ်သိမ့်စေသော သူကဲ့သို့၎င်း ငါဖြစ်၏။
Nilikuwa kama mfalme wao na kuwachagulia cha kufanya; nilikuwa kama mfalme katika jeshi lake, kama awafarijiye waombolezaji mazishini.

< ယောဘ 29 >