< ယောဘ 13 >

1 ထိုအမှုအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍နားလည်ပြီ။
“Wò ó, ojú mi ti rí gbogbo èyí rí, etí mí sì gbọ́, ó sì ti yé mi.
2 သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ် ညံ့သည်မဟုတ်။
Ohun tí ẹ̀yin mọ̀, èmi mọ̀ pẹ̀lú, èmi kò kéré sí i yin.
3 အနန္တတန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသောအခွင့်ရှိပါစေသော။
Nítòótọ́ èmi ó bá Olódùmarè sọ̀rọ̀, èmi sì ń fẹ́ bá Ọlọ́run sọ àsọyé.
4 သင်တို့သည် တယောက်မျှမကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသောဆေးသမား ဖြစ်ကြ၏။
Ẹ̀yin fi irọ́ bá mi sọ̀rọ̀, oníṣègùn lásán ni gbogbo yín.
5 သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲတိတ်ဆိတ်စွာနေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
Háà! ẹ̀yin kì bá kúkú dákẹ́! Èyí ni kì bá sì ṣe ọgbọ́n yín.
6 ငါပြောမည်အကျိုးအကြောင်းစကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွှေးနှီးနှောမည့် စကားကို နှလုံးသွင်းကြပါလော့။
Ẹ gbọ́ àwíyé mi nísinsin yìí; ẹ sì fetísílẹ̀ sí àròyé ẹnu mi.
7 သင်တို့သည် လျစ်လျူသောစိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌နေ၍ မုသာကိုသုံးချင်သလော။
Ẹ̀yin fẹ́ sọ ìsọkúsọ fún Ọlọ́run? Ki ẹ sì fi ẹ̀tàn sọ̀rọ̀ gbè é?
8 မျက်နှာတော်ကိုထောက်လျက်သာ၊ ဘုရားသခင့်တဘက်၌နေ၍ ငြင်းခုံစစ်တိုက်ချင်သလော။
Ẹ̀yin fẹ́ ṣe ojúsàájú rẹ̀? Ẹ̀yin fẹ́ gbèjà fún Ọlọ́run?
9 သင်တို့ကိုကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူးရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။
Ó ha dára to tí yóò hú àṣírí yín síta, tàbí kí ẹ̀yin tàn án bí ẹnìkan ti í tan ẹnìkejì?
10 ၁၀ သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။
Yóò máa bá yín wí nítòótọ́, bí ẹ̀yin bá ṣe ojúsàájú ènìyàn níkọ̀kọ̀.
11 ၁၁ သင်တို့သည် တန်ခိုးအာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ် တော်ကြောင့် မထိတ်လန့်ကြသလော။
Ìwà ọlá rẹ̀ kì yóò bà yín lẹ́rù bí? Ìpayà rẹ̀ kì yóò pá yín láyà?
12 ၁၂ သင်တို့၏နည်းဥပဒေသစကားသည် မြေမှုန့် ထက်သာ၍ပေါ့၏။ သင်တို့ ခိုလှုံသောမြို့ရိုးသည်လည်း သရွတ်မြို့ရိုးကဲ့သို့ ဖြစ်၏။
Àwọn òwe yín dàbí eérú, bẹ́ẹ̀ ni àwọn odi ìlú yin dàbí amọ̀.
13 ၁၃ တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
“Ẹ pa ẹnu yín mọ́ kúrò lára mi, kí èmi kí ó lè sọ̀rọ̀, ki ohun tí ń bọ̀ wá í bá mi, le è máa bọ̀.
14 ၁၄ သို့သော်လည်း ငါသည် ကိုယ်အသားကို ပစပ် နှင့်ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့်ကိုက် လျက် ဆောင်သွားမည်။
Ǹjẹ́ nítorí kí ni èmi ṣe ń fi eyín mi bu ẹran-ara mi jẹ, tí mo sì gbé ẹ̀mí mi lé ara mi lọ́wọ́?
15 ၁၅ ငါ့ကိုသတ်တော်မူ၍၊ ငါမြော်လင့်စရာမရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ်ဖြေရာစကားကို ငါလျှောက်ထားမည်။
Bí ó tilẹ̀ pa mí, síbẹ̀ èmi ó máa gbẹ́kẹ̀lé e, èmi ó máa tẹnumọ́ ọ̀nà mi níwájú rẹ̀.
16 ၁၆ ထိုသို့ပြုလျှင် ငါ၏ကယ်တင်ရာအကြောင်း ဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့မဝင်ရ။
Èyí ni yóò sì ṣe ìgbàlà mi, àgàbàgebè kì yóò wá síwájú rẹ̀.
17 ၁၇ ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါ့လျှောက် ထားချက်ကို နားထောင်ကြလော့။
Ẹ gbọ́ ọ̀rọ̀ ẹnu mi ní ìfarabalẹ̀, jẹ́ kí ọ̀rọ̀ mí dún ni etí yín.
18 ၁၈ ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။
Wò ó nísinsin yìí, èmi ti mura ọ̀ràn mi sílẹ̀; èmi mọ̀ pé a ó dá mi láre.
19 ၁၉ ငါ့အပြစ်ကို ဘော်ပြမည့်သူကား၊ အဘယ်သူနည်း။ ထိုသို့ဘော်ပြလျှင် ငါသည် တိတ်ဆိတ်စွာနေ၍ အသေခံပါမည်။
Ta ni òun ti yóò bá mi ṣàròyé? Ǹjẹ́ nísinsin yìí, èmi fẹ́ pa ẹnu mi mọ́, èmi ó sì jọ̀wọ́ ẹ̀mí mi lọ́wọ́.
20 ၂၀ ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။
“Ṣùgbọ́n, má ṣe ṣe ohun méjì yìí sí mi, nígbà náà ni èmi kì yóò sì fi ara mi pamọ́ kúrò fún ọ.
21 ၂၁ လက်တော်ကိုသိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက် တော်မမူပါနှင့်။
Fa ọwọ́ rẹ sẹ́yìn kúrò lára mi, má sì jẹ́ kí ẹ̀rù rẹ kí ó pá mi láyà.
22 ၂၂ ထိုအခါခေါ်တော်မူပါ။ အကျွန်ုပ်ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော်အမိန့်ရှိတော်မူပါ။
Nígbà náà ni kí ìwọ kí ó pè, èmi o sì dáhùn, tàbí jẹ́ kí ń máa sọ̀rọ̀, ki ìwọ kí ó sì dá mi lóhùn.
23 ၂၃ အကျွန်ုပ်ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှလောက်များပါသနည်း။ အကျွန်ုပ်ပြစ်မှား ကျူးလွန်ခြင်းအပြစ်တို့ကို အကျွန်ုပ်အား ပြတော်မူပါ။
Mélòó ní àìṣedéédéé àti ẹ̀ṣẹ̀ mi? Mú mi mọ̀ ìrékọjá àti ẹ̀ṣẹ̀ mi.
24 ၂၄ ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။
Nítorí kí ni ìwọ ṣe pa ojú rẹ mọ́, tí o sì yàn mí ní ọ̀tá rẹ?
25 ၂၅ လေတိုက်သော သစ်ရွက်ကို ချောက်လှန့်တော်မူ မည်လော။ မြက်ခြောက်ကို မှီအောင်လိုက်တော်မူမည် လော။
Ìwọ ó fa ewé ti afẹ́fẹ́ ń fẹ́ síyìn-ín sọ́hùn-ún ya bi? Ìwọ a sì máa lépa ìyàngbò?
26 ၂၆ အကျွန်ုပ်၌ ပြင်းစွာသောအပြစ်တင်သော စကားကိုမှတ်ထားတော်မူ၏။ အကျွန်ုပ်အသက်ငယ်စဉ် တွင် ပြုမိသောအပြစ်ကြောင့် ယခုခံစေတော်မူ၏။
Nítorí pé ìwọ kọ̀wé ohun kíkorò sí mi, o sì mú mi jogún àìṣedéédéé èwe mi.
27 ၂၇ အကျွန်ုပ်ကိုထိတ်ခတ်လျက်၊ အကျွန်ုပ်ထွက်ရာ လမ်းရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ်ပတ်လည်၌ စည်းလုပ်တော်မူ၏။
Ìwọ kàn àbà mọ́ mi lẹ́sẹ̀ pẹ̀lú, ìwọ sì ń wò ipa ọ̀nà ìrìn mi ní àwòfín; nípa fífi ìlà yí gígísẹ̀ mi ká.
28 ၂၈ ထိုသို့ခံရသောသူသည် ဆွေးမြေ့သောအရာကဲ့သို့၎င်း၊ ပိုးရွကိုက်စားသောအဝတ်ကဲ့သို့၎င်း အားလျော့ ပျက်ရပါ၏။
“Bẹ́ẹ̀ ni ènìyàn ń ṣègbé bí ohun ìdíbàjẹ́, bi aṣọ tí kòkòrò jẹ.

< ယောဘ 13 >