< ယောဘ 12 >

1 ယောဘပြန်၍ မြွက်ဆိုသည်ကား၊
Ndipo Ayubu akajibu na kusema,
2 သင်တို့သာလျှင် လူဖြစ်၍၊ သင်တို့နှင့်အတူ ဥာဏ်ပညာသေလိမ့်မည်ဟု ယုံမှားစရာမရှိရ။
“Hakuna shaka ninyi wanadamu; Hekima mtakufa nayo.
3 သို့သော်လည်း ငါသည် သင်တို့ကဲ့သို့ဥာဏ်ရှိ၏။ သင်တို့ထက် ငါယုတ်ညံ့သည်မဟုတ်။ ဤကဲ့သို့သော အရာများကို အဘယ်သူသည် နားမလည်းဘဲနေသနည်း။
Lakini nina ufahamu kama vile ninyi; Mimi siyo duni kwenu. Ni dhhiri, ni nani asiyefahamu vitu hivyo kama hivi?
4 ငါသည် ဘုရားသခင်၏ကျေးဇူးတော်ကို ခံရအံ့သောငှါဆုတောင်းပဌနာပြုစဉ်တွင်၊ အိမ်နီးချင်း ပြက်ယယ်ပြုသည်ကို ခံရသောသူဖြစ်၏။ အပြစ်မရှိ ဖြောင့်မတ်သောသူသည် ပြက်ယယ်ပြုခြင်းကို ခံရပါသည် တကား။
Mimi ni kitu cha kuchekwa na jirani-Mimi, ni mmoja aliyemwita Mungu na ambaye alijibiwa na yeye! Mimi, ni mwenye haki na mtu asiyekuwa na hatia-Mimi sasa nimekuwa kitu cha kuchekwa.
5 ချော်လဲလုသောသူကို ပစ်လိုက်သောမီးခွက် ကဲ့သို့ ကောင်းစားသောသူသည် မှတ်တတ်၏။
Katika mawazo yake mtu fulani aliye katika kufurahi, kuna kudharau kwa mashaka; hufikiri katika njia ambayo huleta mambo mabaya zaidi kwa wale ambao miguu yao inateleza.
6 ထားပြလုပ်သောသူတို့၏နေရာသည် ကောင်း စားတတ်၏။ ဘုရားသခင်၏ အာဏာတော်ကိုဆန်သော သူတို့သည် လုံခြုံစွာနေ၍၊ ဘုရားသခင်ပေးတော်မူသော စည်းစိမ်ကို ခံစားတတ်ကြ၏။
Hema za wezi hufanikiwa, na wale ambao humkasirisha Mungu huhisi salama; mikono yao wenyewe ni miungu wao.
7 သားမျိုးနှင့်မိုဃ်းကောင်းကင်ငှက်တို့ကို မေးမြန်း လော့။ သူတို့သည် ဟောပြောသွန်သင်ကြလိမ့်မည်။
Lakini sasa waulize hao wanyama wa mwituni, na watakufundisha wewe; waulize ndege wa angani, na watakuambia wewe.
8 မြေကြီးနှင့် ပင်လယ်ငါးတို့ကို မေးမြန်းလော့။ သူတို့သည် ပြသ၍ ဥပဒေသပေးကြလိမ့်မည်။
Au iambie ardhi, na itakufundisha wewe; samaki wa baharini watakutangazia wewe.
9 ဤအမှုတို့ကို ထာဝရဘုရားစီရင်တော်မူ ကြောင်းကို၊ ထိုတိရစ္ဆာန်တကောင်မျှ မသိဘဲနေသလော။
Ni myama yupi miongoni mwa hawa asiyefahamu kuwa mkono wa Yahwe umetenda haya?
10 ၁၀ အသက်ရှင်သောသတ္တဝါအပေါင်းတို့၏ ဇိဝ အသက်နှင့် လူသတ္တဝါခပ်သိမ်းတို့၏ ထွက်သက်ဝင်သက် သည် ဘုရားသခင့်လက်တော်၌ ရှိ၏။
Katika mkono wake mna uzima wa kila kiumbe hai na pumzi ya wanadamu wote.
11 ၁၁ ခံတွင်းသည်အစာကိုမြည်းစမ်းသကဲ့သို့၊ နားသည် စကားကို စုံစမ်းသည် မဟုတ်လော။
Je, sikio haliyajaribu maneno kama vile kaakaa lionjavyo chakula chake?
12 ၁၂ အသက်အရွယ်ကြီးသော သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံကြ၏။
Kwa wazee mna hekima; katika wingi wa siku mna ufahamu.
13 ၁၃ ဘုရားသခင်မူကား၊ ဥာဏ်သတ္တိ၊ အစွမ်းသတ္တိနှင့် ပြည့်စုံတော်မူ၏။ ပညာသတ္တိကို ပေးနိုင်သော အခွင့်ရှိတော်မူ၏။
Pamoja na Mungu mna hekima na ukuu; yeye anayo mashauri na ufahamu.
14 ၁၄ ဖြိုဖျက်တော်မူလျှင် အဘယ်သူမျှ တည်ဆောက်ရသော အခွင့်မရှိ။ လူကို ချုပ်ထားသော်မူလျှင် အဘယ်သူမျှ လွှတ်ရသောအခွင့်မရှိ။
Tazama, yeye huangusha chini, na haiwezekani kujengwa tena; kama yeye akimtia gerezani mtu yeyote, hakutakuwa tena kufunguliwa.
15 ၁၅ ရေများကို ဆီးတားပိတ်ပင်တော်မူလျှင် ခန်းခြောက်ရ၏။ တဖန် လွှတ်တော်မူ၍ မြေကြီးကို လွှမ်းမိုး ကြ၏။
Tazama, kama yeye akiyazuia maji, yanakauka; na kama akiyaachilia nje yanaitaabisha ardhi.
16 ၁၆ တန်ခိုးတော်၊ ဥာဏ်တော်နှင့်ပြည့်စုံ၍၊ မှားသောသူနှင့် မှားစေသောသူတို့ကို ပိုင်တော်မူ၏။
Pamoja na yeye mna nguvu na hekima; watu ambao wamedanganywa na mdanganyi wote pamoja wako katika nguvu zake.
17 ၁၇ တိုင်ပင်မှူးမတ်တို့ကို ဘမ်းဆီးသိမ်းသွားတော်မူ၏။ တရားသူကြီးတို့ကို ရူးသွပ်စေတော်မူ၏။
Yeye huwaongoza washauri mbali bila kuvaa viatu katika huzuni; huwarudisha hakimu katika upumbavu.
18 ၁၈ ရှင်ဘုရင်တို့ကို အရာမှချ၍ ခါးကြိုးနှင့် ချည်တော်မူ၏။
Yeye Huondoa minyororo ya mamlaka kutoka kwa wafalme; yeye hufunika viuno vyao kwa nguo.
19 ၁၉ ယဇ်ပုရောဟိတ်တို့ကို ဘမ်းဆီးသိမ်းသွား၍၊ သူရဲတို့ကိုလည်း ရှုံးစေတော်မူ၏။
Yeye huwaongoza makuhani mbali bila kuvaa viatu na kuwapindua watu wakuu.
20 ၂၀ နှုတ်သတ္တိရှိသော သူတို့ကို စကားအစေ၍၊ အသက်ကြီးသော သူတို့မှပညာကို နှုတ်တော်မူ၏။
Yeye huondoa hotuba ya wale waliokuwa wameaminiwa na huondoa mbali ufahamu wa wazee.
21 ၂၁ မင်းသားတို့ကို အရှက်ခွဲ၍၊ အားကြီးသော သူတို့ကို ရှုတ်ချတော်မူ၏။
Yeye humwaga aibu juu ya binti za wafalme na hufungua mishipi ya watu wenye nguvu.
22 ၂၂ မှောင်မိုက်ထဲ၌ နက်နဲသောအရာတို့ကို ထင်ရှားစေ၍၊ သေခြင်းအရိပ်ကိုအလင်းထဲသို့ ထုတ်ဘော်တော် မူ၏။
Yeye huweka wazi vitu vya kina kutoka katika giza na kuvileta nje kumuika vivuli mahali ambapa watu waliokufa wapo.
23 ၂၃ တိုင်းနိုင်ငံတို့ကိုချီးမြှောက်၍ တဖန်ဖျက်ဆီးတော်မူ၏။ တိုင်းနိုင်ငံတို့ကို ကျယ်စေခြင်းငှါ၎င်း ကျဉ်းစေ ခြင်းငှါ၎င်း၊ ပြုတော်မူ၏။
Yeye huyafanya mataifa kuwa na nguvu, na pia huyaharibu; Yeye pia huyakuza mataifa, na pia yeye huyaongoza mbali kama wafungwa.
24 ၂၄ မြေသားတို့တွင် အကြီးလုပ်သောသူတို့မှ ဥာဏ်ကိုနှုတ်၍၊ လမ်းမရှိသော တော၌လှည့်လည်စေတော် မူ၏။
Yeye huondoa mbali ufahamu kutoka kwa viongozi wa watu wa nchi; huwafanya wao kutangatanga msituni mahali pasipo na njia.
25 ၂၅ သူတို့သည်အလင်းမရှိ။ မှောင်မိုက်၌ စမ်းသပ်လျက်သွားရကြ၏။ ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက် သွားစေတော်မူ၏။
Wao wanapapasa katika giza bila kuwa na mwanga; yeye huwafanya wao kuweweseka kama mtu mlevi.

< ယောဘ 12 >