< ယေရမိ 49 >

1 အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိ သလော။ အမွေခံမရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့် တို့သည် ဂဒ်မြို့တို့၌အဘယ်ကြောင့် နေကြသနည်း။
Juu ya watu wa Amoni, Yahwe asema hivi, “Je Israeli hana watoto? Je hakuna mtu wa kurithi chochote katika Israeli? Kwa nini Moleki aikalie Gadi, na watu wake kukaa katika miji yake?
2 ထိုကြောင့်၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့ နေရာရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံ ကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူသော သူတို့၏ နေရာကို၊ ဣသရေလသည် တဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Hivyo angalia, siku zinakuja - asema Yahwe - nitakapo sikizisha ishara ya vita juu ya Raba miongoni mwa watu wa Amoni, hivyo itakuwa rundo lililoachwa na binti zake watawasha moto. Maana Israeli atawamiliki wanaommiliki,” asema Yahwe.
3 အို ဟေရှဘုန်မြို့၊ ညည်းတွားမြည်တမ်းလော့။ အာဣမြို့ပျက်စီး ပြီ။ အိုရဗ္ဗာမြို့သမီးတို့၊ ငိုကြွေးကြလော့။ လျှော်တေအဝတ်ကိုဝတ်၍ မြည်တမ်းလျက်၊ ခြံနားမှာ တောင်မြောက်ပြေးကြလော့။ အကြောင်းမူကား၊ မိလကုံ ဘုရားသည်သူ၏ယဇ်ပုရောဟိတ်၊ သူ၏မင်းများနှင့်တကွ သိမ်းသွားခြင်းကိုခံရ၏။
Piga kelele kwa maombolezo, Heshboni, maana Ai utaangamizwa! Piga kelele, Binti za Raba! Vaeni nguo za magunia. Ombolezeni na kukimbia kwa kuchanganyikiwa, maana Moleki anakwenda matekani, pamoja na makuhani na viongozi wake.
4 ငါ့ထံသို့ အဘယ်ရန်သူရောက်လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိမိစည်းစိမ်၌ ကိုးစားလျက် ဖောက် ပြန်သောသတို့သမီး၊ သင်သည် ချိုင့်တို့၌ အဘယ်ကြောင့် ဝါကြွားသနည်း။ သင်၏ချိုင့်သည် အသွေးစီးရာ ဖြစ်လိမ့် မည်။
Kwa nini mnajivunia nguvu zenu? Nguvu zenu zitakwisha, binti wasioamini, ninyi mnaotumaini utajiri wenu. Mwasema, “Nani atakayekuja kinyume changu?'
5 ကောင်းကင်ဗိုလ်ခြေသခင်အရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်ပတ်လည်၌နေသော သူအပေါင်းတို့ကြောင့် ကြောက်လန့်သော အကြောင်းကို သင်၌ငါဖြစ်စေမည်။ သင်တို့အသီးအသီးရှိသမျှသည် နှင်ထုတ်ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေးစေသော သူလည်းမရှိရ။
Tazama, nitaleta kitisho juu yenu - hili ni tamko la Yahwe, Bwana wa majeshi - kitisho hiki kitatoka kwao wote wanaowazunguka. Kila mmoja wenu atatawanyika mbele yake. Hakutakuwa na wa kuwakusanya wanaotawanyika.
6 သို့သော်လည်း၊ သိမ်းသွားခြင်းကိုခံရသော အမ္မုန်အမျိုးသားတို့ကို နောက်တဖန်ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Lakini baada ya haya nitarejesha mema ya watu wa Amoni - hili ni tamko la Yahwe.”
7 ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဧဒုံပြည်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ တေမန် ပြည်၌ပညာကုန်သလော။ ပညာသတိရှိသောသူတို့သည် အကြံမပေးနိုင်သလော။ သူတို့ဥာဏ်သည် ဆုံးသလော။
Juu ya Edomu, Yahwe wa majeshi asema hivi, Je hakuna tena hekima katika Temani? Je ushauri mwema umepotea kutoka kwa wenye ufahamu? Je hekima yao imeharibika?
8 အိုဒေဒန်မြို့သူမြို့သားတို့၊ ဆုတ်၍ ပြေးသွားကြ လော့။ နက်နဲသောအရပ်၌ နေကြလော့။ ဧသောတွေ့ရ သောဘေး၊ ဆုံးမခြင်းကိုခံရသော အချိန်ကို ငါရောက် စေမည်။
Kimbieni! Rudini nyuma! Bakini katika mashimo katika ardhi, wenyeji wa Dedani. Maana naleta maafa ya Esau juu yake wakati ninaomwadhibu.
9 စပျစ်သီးကိုဆွတ်သော သူတို့သည်သင်ရှိရာသို့ လာလျှင်၊ သူတပါးလိုက်၍ ဆွတ်စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည် မဟုတ်လော။ ညဉ့်အခါသူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည် မဟုတ် လော။
Ikiwa wavunaji wa zabibu walikuja kwako, je wasinge acha kidogo? Ikiwa wezi walikuja usiku, je wasingeiba kiasi walichotaka?
10 ၁၀ ဧသော၏အဝတ်ကို ငါချွတ်မည်။ သူသည် ပုန်း၍မနေနိုင်အောင် သူကွယ်သောနေရာအရပ်တို့ကို ငါလှန်မည်။ သူ၏အမျိုးအနွယ်၊ ညီအစ်ကို၊ အိမ်နီး ချင်းတို့သည် ပျက်စီး၍၊ သူ့ကိုယ်တိုင်လည်း ပျောက်ရ လိမ့်မည်။
Lakini nimempiga Esau kwa ukiwa. Nimefunua maficho yao. Hivyo hataweza kujificha mwenyewe. Watoto wake, ndugu zake, na jirani zake wameharibiwa, wamepotea.
11 ၁၁ သင်၌မိဘမရှိသောသူငယ်တို့ကို ထားခဲ့လော့။ ငါစောင့်မမည်။သင်၏ မုတ်ဆိုးမတို့သည် ငါ့ကိုခိုလှုံကြစေ။
Acha nyuma yatima wako. Nitachukua uhai wao, na wajane wako wanaweza kuniamini.”
12 ၁၂ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ခွက်ဖလား ကို မသောက်ထိုက်သော သူတို့သည် အကယ်၍ သောက် ကြသည် မှန်လျှင်၊ သည်အပြစ်ကို မခံဘဲ ရှင်းရှင်း လွတ်ရမည်လော။ မလွတ်ဘဲမနေရ။ စင်စစ်သောက် ရမည်။
Maana Yahwe asema hivi, “Tazama, wasiostahili ni lazima wanywe sehemu ya kikombe. Je mnadhani mtaachwa bila kuhadhibiwa? Hapana, maana hakika mtakunywa.
13 ၁၃ ဗောဇရပြည်သည်အံ့ဩရာ၊ ကဲ့ရဲ့ရာ၊ လူစိတ် ညံရာ၊ ကျိန်ဆဲရာဖြစ်လိမ့်မည်။ သူတို့၏ မြို့အလုံးစုံ သည်လည်း၊ အစဉ်သုတ်သင်ပယ်ရှင်း ရာဖြစ်ရကြလိမ့် မည်ဟု၊ ငါသည်ကိုယ်တော်ကို တိုင်တည်ကျိန်ဆိုပြီးဟု၊ ထာဝရဘုရားမိန့်တော်မူ၏။
Maana nimekwisha apa kwangu mimi mwenyewe - asema Yahwe - Hiyo Bozra itakuwa hofu, aibu, magofu, na kitu cha laana. Miji yake yote itakuwa magofu daima.
14 ၁၄ ထာဝရဘုရား ကြွေးကြော်တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး၍၊ ဧဒုံပြည်ကို တိုက်ခြင်းငှါ စစ်ချီ၍လာကြလော့ဟု တပါးအမျိုး သားတို့ထံသို့ သံမန်ကို စေလွှတ်တော်မူပြီ။
Nimesikia habari kutoka kwa Yahwe, na mjumbe ametumwa katika mataifa, 'Kusanyikeni na kumpiga. Jiandaeni kwa vita.'
15 ၁၅ တပါးအမျိုးသားတို့တွင် သင်သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူတို့တွင် အသရေရှုတ်ချခြင်းကို ခံရမည်အကြောင်း ငါပြုမည်။
“Maana tazama, nimekufanya kuwa mdogo kulinganisha na mataifa mengine, yenye kudharauliwa na watu.
16 ၁၆ ကျောက်ကြားတို့၌ နေ၍တောင်ထိပ်ကို ခိုလှုံ သော သူဖြစ်သောကြောင့်၊ သင်၏ကျောက်မက်ဖွယ်သော အခြင်းအရာ၊ သင်၏မာနသည် သင့်ကိုလှည့်စားပြီ။ သင်သည် ရွှေလင်းတကဲ့သို့ မြင့်သောအရပ်၌ အသိုက်ကို လုပ်သော်လည်း၊ ထိုအရပ်မှ သင့်ကို ငါနှိမ့်ချမည်ဟု ထာဝရဘု ရားမိန့်တော်မူ၏။
Na kwa hofu yenu, kiburi cha moyo wako kimekudanganya, wakaaji wa maeneo ya mwinuko, ninyi mliomiliki vilele vya vilima ili mfanye viota vyenu kama tai. Nitawashusha kutoka huko - asema Yahwe.
17 ၁၇ ဧဒုံပြည်သည် အံ့ဩရာဖြစ်၍၊ ရှောက်သွား သော သူတိုင်းအံ့ဩကြလိမ့်မည်။ သူခံရသော ဘေးဥပဒ် အပေါင်းတို့ကြောင့် ကဲ့ရဲ့သံကို ပြုကြလိမ့်မည်။
Edomu atakuwa kitisho kwa kila aipitaye. Kila mtu atatetemeka na kutoa sauti kwa sababu ya maafa yake.
18 ၁၈ သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ နီးစပ်သောမြို့ တို့၏ ပျက်စီးခြင်းကဲ့သို့ဖြစ်၍၊ဧဒုံပြည်၌ အဘယ်သူမျှ မနေရ။ လူသားတစုံတယောက်မျှ နေရာမကျရဟု ထာဝရဘုရားမိန့်တော်မူ၏။
Kama maangamizi ya Sodoma na Gomora na jirani zake,” asema Yahwe, “hakuna atakayeishi pale; hakuna mtu atakayekaa huko.
19 ၁၉ ခြင်္သေ့သည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ တတ်သကဲ့သို့၊ ရန်သူသည် ကျောက်နှင့်ပြည့်စုံသော နေရာသို့တက်သောအခါ၊ နေသောသူသည် ချက်ခြင်း ပြေးမည်အကြောင်းကို ငါပြုမည်။ ရွေးချယ်သော သူကိုလည်း၊ ဧဒုံပြည်အပေါ်မှာ ငါခန့်ထားမည်။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ အဘယ်မည်သော သိုးထိန်းသည် ငါ့ရှေ့မှာ ရပ်နိုင်သနည်း။
Tazama, nitapanda kama simba kutoka katika misitu ya Yordani hata eneo la malisho mabichi. Maana nitaharakisha kumfanya Edomu kumkimbia, nami nitamweka mwingine atakayekuwa amechaguliwa kwa usimamizi huo. Maana ni nani aliyekama mimi, ni nani atakayeniagiza kuja? Mchungaji gani awezaye kunizuia?
20 ၂၀ သို့ဖြစ်၍၊ ထာဝရဘုရားသည် ဧဒုံပြည်တဘက် ၌ ကြံစည်တော်မူသောအကြံ၊ တေမန်ပြည်သားတို့ တဘက်၌ ကြံစည်တော်မူသော အကြံအစည်တို့ကို နားထောင်ကြလော့။ အကယ်စင်စစ်ရန်သူသည်၊ အားမရှိ သောထိုသိုးတို့ကို လုယက်လိမ့်မည်။ အကယ်စင်စစ် သူတို့ရှိရာသို့လာ၍၊ ကျက်စားရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
Hivyo sikiliza mipango ambayo Yahwe ameamua dhidi ya Edom, mipango aliyoifanya kinyume cha wakaao Temani. Bila shaka wataondolewa, hata kundi dogo kuliko yote. Nchi yao yenye malisho yao mabichi itageuzwa kuwa sehemu zenye magofu.
21 ၂၁ သူတို့ပြိုလဲသော အသံကြောင့် မြေကြီးလှုပ်ရှား ၏။ သူတို့အော်ဟစ်သော အသံကို ဧဒုံပင်လယ်တိုင် အောင် ကြားရ၏။
Kwa kishindo cha kuanguka kwao nchi hutikisika. Sauti ya milio ya kukata tamaa inasikika katika Bahari ya Shamu.
22 ၂၂ ရန်သူသည် တက်၍ ရွေလင်းတကဲ့သို့ပျံလျက်၊ ဗောဇရမြို့ကို အတောင်တို့နှင့် ဖြန့်မိုးလိမ့်မည်။ ထိုနေ့၌ ဧဒုံပြည်သားသူရဲတို့၏ စိတ်နှလုံးသည်၊ သားဘွားခြင်း ဝေဒနာကိုခံရသော မိန်းမ၏စိတ်နှလုံးကဲ့သို့ဖြစ်လိမ့်မည်။
Tazama, mtu fulani atapiga kama tai, na kushuka chini kwa kasi na kueneza mabawa yake juu ya Bozra. Kisha katika siku hiyo, mioyo ya askari wa Edomu itakuwa kama moyo wa mwanamke katika kuzaa.”
23 ၂၃ ဒမာသက်မြို့ကို ရည်မှတ်သော စကားဟူမူ ကား၊ ဟာမတ်မြို့နှင့် အာပဒ်မြို့တို့သည် မကောင်းသော သိတင်းကိုကြားသောကြောင့်၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ်တိုင်အောင် စိုးရိမ်စရာရှိသော ကြောင့်၊ ငြိမ်ဝပ်ခြင်းသို့မရောက်နိုင်။
Juu ya Dameski: “Hamathi na Arpadi zitaaibika, maana wamesikia habari ya madhara. Wanayeyuka! Wamesumbuka kama bahari, isiyotulia.
24 ၂၄ ဒမာသက်မြို့သည် အားလျော့ပြီ။ ပြေးအံ့သော ငှါ ကိုယ်ကိုလှည့်ပြီ။ တုန်လှုပ်လျက်နေ၏။ ဒုက္ခဆင်းရဲ ကို၎င်း၊ သားဘွားသောမိန်းမခံရသကဲ့သို့၊ ပြင်းစွာသော ဝေဒနာကို၎င်း ခံရ၏။
Dameski umekuwa dhaifu sana. Unageuka kukimbia; hofu imeushika, Maangaiko na maumivu yameupata, kama uchungu wa mwanamke ajifunguaye.
25 ၂၅ အသရေရှိသောမြို့၊ ငါဝမ်းမြောက်စရာမြို့သည် အဘယ်ကြောင့် မကျန်ကြွင်းရသနည်း။
Watu wake wanasema, “Umekuwaje mji maarufu, mji ambao nimeufurahia, kabla haujaachwa?
26 ၂၆ သို့ဖြစ်၍၊ ထိုမြို့သားလုလင်တို့သည် လမ်းမတို့၌ လဲ၍၊ ထိုနေ့တွင် စစ်သူရဲအပေါင်းတို့သည် ဆုံးရှုံးကြ လိမ့်မည်။
Kwa hiyo vijana wake wataanguka katika mitaa yake na askari wake wote watateketea siku hiyo - hili ni tamko la Yahwe wa majeshi.”
27 ၂၇ ငါသည်လည်း၊ ဒမာသက်မြို့ရိုးကို မီးရှို့၍၊ ဗင်္ဟာဒဒ်၏ နန်းတော်တို့ကို လောင်စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။
“Maana nitawasha moto katika kuta za Dameski, nami nitazivunja ngome za Beni Hadadi.”
28 ၂၈ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံသော ကေဒါပြည်နှင့် ဟာဇော်နိုင်ငံတို့ကို ရည်မှတ်၍ ထာဝရ ဘုရားမိန့်တော်မူသည်ကား၊ ထကြလော့။ ကေဒါပြည်သို့ သွား၍၊ အရှေ့မျက်နှာအရပ်သားတို့ကို လုယူကြလော့။
Juu ya Kedari na falme za Hazori, Yahwe amwambia hivi Nebukadneza (Basi Nebukadneza mfalme wa Babeli alikuwa akienda kuyashambulia maeneo haya): “Inuka na uipige Kedari na kuwaharibu wale watu wa mashariki.
29 ၂၉ သူတို့တဲများနှင့်သိုးစုများကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင်များ၊ ကုလားအုပ်များကို၎င်း သိမ်း၍ ယူသွားရကြမည်။ သူတို့ပတ်လည်၌ ကြောက်လန့်စရာ အကြောင်းကို ကြွေးကြော်ရကြမည်။
Jeshi lake litachukua hema zao na makundi yao, nguzo za hema yao, na vitu vyao vyote. Watachukua ngamia wao kutoka kwa watu wa Kedari na kuwambia, 'Hofu ipo pande zote!”
30 ၃၀ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဟာဇော် ပြည်သားတို့၊ ဝေးစွာ ပြေးသွားကြလော့။ နက်နဲသော အရပ်တို့၌ နေကြလော့။ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည် သင်တို့ကိုရည်ဆောင်၍ စီရင်မည်ဟု သင်တို့ တဘက်၌ ကြံစည်သောအကြံအစည်ရှိ၏။
Kimbia, Tangatanga mbali! Kaa katika maandaki ardhini, mkaao Hazori - asema Yahwe - maana Nebukadneza mfalme wa Babeli amepanga mpango kinyume chenu. Kimbieni! Geukeni!
31 ၃၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထကြ လော့။ ငြိမ်ဝပ်စွာနေ၍ စိုးရိမ်စရာမရှိသောလူမျိုး၊ မြို့တံခါးနှင့်ကန့်လန့်ကျင်ကို မသုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီနေတတ်သောလူမျိုးနေရာသို့ သွားကြလော့။
Simama! lishambulie taifa lililokatika amani, waishio salama,” asema Yahwe. Hawana malango wala nguzo ndani yao, na watu wake wanakaa wenyewe.
32 ၃၂ သူတို့ကုလားအုပ်အစရှိသော တိရစ္ဆာန်အပေါင်း တို့သည် လုယူရာဖြစ်ကြလိမ့်မည်။ ပါးမုန်းကိုရိတ်တတ် သော လူမျိုးကိုအရပ်ရပ်သို့ ငါကွဲပြားစေမည်။ အရပ်ရပ် တို့မှ သူတို့၌ ဘေးဥပဒ်ကိုငါရောက်စေမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
Maana farasi wao watakuwa mateka, na wingi wa mali zao utakuwa mateka wa vita. Kisha nitawatawanya katika kila upepo wanaonyoa pembe za nywele zao, nami nitaleta madhara juu yao kutoka kila upande - hili ni tamko ya Yahwe.
33 ၃၃ ဟာဖော်ပြည်သည် မြေခွေးနေရာ၊ လူဆိတ်ညံ ရာ အစဉ်ဖြစ်၍၊ အဘယ်သူမျှမနေရ။ လူသားတစုံ တယောက်မျှမနေရ။ လူသားတစုံ တယောက်မျှနေရာ မကျရ။
Hazori utakuwa makao ya mbwea, nchi isiyofaa daima. Hakuna atakayeishi huko; hakuna mwanadamu atakayekaa huko.”
34 ၃၄ ယုဒရှင်ဘုရင် ဇေဒကိမင်းနန်းစံစက၊ ဧလံပြည် ကို ရည်မှတ်သော ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ပရောဖက်ယေရမိသို့ ရောက်လာ၍၊
Hili ni neno la Yahwe lililomwijia Yeremia nabii kuhusu Elamu. Ilikuwa wakati wa mwanzo wa kutawala kwake Sedekia mfalme wa Yuda, naye akasema,
35 ၃၅ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧလံ၏လေးတည်းဟူသော သူ၏ အစွမ်းသတ္တိအထွဋ်အမြတ်ကို ငါချိုးမည်။
“Yahwe wa majeshi asema hivi: Tazama, ninakaribia kumvunja mpiga upinde wa Elamu, sehemu kuu ya nguvu zao.
36 ၃၆ အရပ်လေးမျက်နှာတို့က လေလေးမျိုးကို ဧလံပြည်သို့ငါဆောင်ခဲ့မည်။ ထိုလေတို့ရှေ့မှာ ပြည်သား များကို ငါလွှင့်မည်။ ထိုသို့နှင်ထုတ်သော ဧလံပြည်သား မရောက်သော တိုင်းနိုင်ငံတခုမျှမရှိရ။
Maana nitaleta pepo nne kutoka katika pande nne za mbingu, nami nitawatawanya watu wa Elamu katika pepo hizo zote. Hakuta kuwa na taifa ambalo kwalo waliotawanywa kutoka Elamu hawatakwenda.
37 ၃၇ ဧလံပြည်သားတို့ကို ရန်သူတို့ရှေ့မှာ၎င်း၊ သူတို့ အသက်ကိုရှာသော လူတို့ရှေ့မှာ၎င်း၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာသော ငါ၏အမျက်တည်းဟူသော ဘေးဥပဒ်ကိုသူတို့အပေါ်သို့ ရောက်စေမည်။ သူတို့ကို မဖျက်ဆီးမှီတိုင်အောင် သူတို့နောက်သို့ ထားကို လွှတ်လိုက်ရမည်ဟု ထာဝရ ဘုရားမိန့်တော်မူ၏။
Hivyo nitawavunjavunja Elamu mbele ya adui zao na mbele ya watafutao uhai wao. Maana nitaleta maangamizo dhidi yao, hasira ya gadhabu yangu - hili ni tamko la Yahwe - nami nitapeleka upanga nyuma yao hata nitakapowafuta wote.
38 ၃၈ ဧလံပြည်၌ ငါ၏ပလ္လင်ကို တည်ထား၍၊ ရှင်ဘုရင်နှင့် မင်းသားတို့ကို သုတ်သင်ပယ်ရှင်းမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Kisha nitaweka kiti changu cha enzi huko Elamu na kumwangamiza mfalme na viongozi wao kutoka huko - asema Yahwe -
39 ၃၉ သို့ရာတွင်၊သိမ်းသွားခြင်းကိုခံရသော ဧလံ အမျိုးသားတို့ကို နောင်လာကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
na itakuwa siku zijazo kwamba nitarejesha mema ya Elamu - asema Yahwe.”

< ယေရမိ 49 >