< ယေရမိ 46 >

1 တပါးအမျိုးကိုရည်မှတ်၍ ပရောဖက်ယေရမိသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော် တည်းဟူသော၊
The word of the Lord, that was maad to Jeremye, the profete, ayens hethene men;
2 ယုဒရှင်ဘုရင်ယောရှိသားယောယကိမ်မင်း နန်းစံ လေးနှစ်တွင်၊ ကာခေမိတ်အရပ်၊ ဥဖရတ်မြစ်နား၌ တပ်ချ၍၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာ လုပ်ကြံသော အဲဂုတ္တုရှင်ဘုရင် ဖာရော နေခေါ်၏ စစ်သူရဲ၊ အဲဂုတ္တုပြည်သားတို့ကို ရည်မှတ်သော နှုတ်ကပတ် တော်ဟူမူကား၊
to Egipt, ayens the oost of Farao Nechao, kyng of Egipt, that was bisidis the flood Eufrates, in Charchamys, whom Nabugodonosor, kyng of Babiloyne, smoot, in the fourthe yeer of Joachym, sone of Josie, kyng of Juda.
3 ဒိုင်းလွှားတို့ကို ပြင်ဆင်၍၊ စစ်တိုက်ခြင်းငှါ ချဉ်းကပ်ကြလော့။
Make ye redi scheeld and targat, and go ye forth to batel.
4 မြင်းစီးသူရဲများတို့၊ မြင်းကို ကကြိုးတန်ဆာ ဆင်၍စီးပြီးလျှင်၊ သံခမောက်လုံးကို ဆောင်းလျက် ထွက်ကြလော့။ လှံတို့ကိုပွတ်ကြလော့။ သံချပ်အင်္ကျီတို့ကို ဝတ်ကြလော့။
Ioyne ye horsis, and stie, ye knyytis; stonde ye in helmes, polische ye speris, clothe ye you in haburiowns.
5 သူတို့သည်ကြောက်ရွံ့၍ ဆုတ်သွားကြသည်ကို အဘယ်ကြောင့် ငါမြင်ရသနည်း။ အားကြီးသော သူတို့ သည် ရှုံးသဖြင့် ပြန်၍မကြည့်ဝံ့။ အလျင်အမြန်ပြေးကြ ၏။ ပတ်လည်အရပ်၌ ဘေးရှိသည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
What therfor? Y siy hem dredeful, and turnynge the backis, the stronge men of hem slayn; and thei fledden swiftli, and bihelden not; drede was on ech side, seith the Lord.
6 လျင်မြန်သောသူကို မပြေးစေနှင့်။ အားကြီး သော သူကိုမလွတ်စေနှင့်။ ဥဖရတ်မြစ်နား၊ မြောက် မျက်နှာ၌ ထိမိ၍လဲကြလိမ့်မည်။
A swift man schal not fle, and a strong man gesse not hym silf to be saued; at the north, bisidis the flood Eufrates, thei weren ouer comun, and fellen doun.
7 နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာသော ဤသူကား အဘယ်သူနည်း။
Who is this, that stieth as a flood, and hise swelewis wexen greet as of floodis?
8 အဲဂုတ္တုပြည်သည် နိလမြစ်ထသကဲ့သို့၎င်း၊ မြစ်ရေစီးသကဲ့သို့၎င်း တက်လာလျက်၊ ငါသည် ထ၍ မြေကြီးကို လွှမ်းမိုးမည်။ မြို့နှင့်တကွမြို့ သားတို့ကို ဖျက်ဆီးမည်ဟု ပြောဆို၏။
Egipte stiede at the licnesse of a flood, and hise wawis schulen be mouyd as floodis; and it schal seie, Y schal stie, and hile the erthe; Y schal leese the citee, and dwelleris therof.
9 မြင်းများတို့၊ တက်ကြလော့။ ရထားများတို့၊ ဟုန်းဟုန်းမြည်ကြလော့။ သူရဲများတည်းဟူသော၊ ဒိုင်းလွှားကို ကိုင်တတ်သော ကုရှအမျိုး၊ ဖုတအမျိုးသား၊ လေးကိုကိုင်၍ ပစ်တတ်သောလုဒိအမျိုးသားတို့သည် ထွက်သွားကြစေ။
Stie ye on horsis, and make ye ful out ioie in charis; and stronge men, come forth, Ethiopie and Libie, holdynge scheeld, and Lidii, takynge and schetynge arowis.
10 ၁၀ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ ရန်သူတို့ကို ဒဏ်ပေးရသောနေ့၊ အမျက်တော်ကို ဖြေရသောနေ့ရက်ဖြစ်သည်နှင့် အညီ၊ ထားတော်သည် ကိုက်စား၍ဝလိမ့်မည်။ သူတို့အသွေးနှင့် ယစ်မူးလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရားအဘို့၊ မြောက်မျက်နှာ၌ ဥဖရတ်မြစ်နားမှာ ယဇ်ပူဇော်စရာ အကြောင်ရှိ၏။
Forsothe that dai of the Lord God of oostis is a dai of veniaunce, that he take veniaunce of hise enemyes; the swerd schal deuoure, and schal be fillid, and schal greetli be fillid with the blood of hem; for whi the slayn sacrifice of the Lord of oostis is in the lond of the north, bisidis the flood Eufrates.
11 ၁၁ အိုအဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့ သွား၍ဗာလစံစေးကို ယူလော့။ သင်သည်များစွာသော ဆေးကိုအချည်းနှီးသုံးတတ်၏။ သင်၏အနာ မပျောက် နိုင်ရာ။
Thou virgyn, the douyter of Egipt, stie in to Galaad, and take medicyn. In veyn thou schalt multiplie medecyns; helthe schal not be to thee.
12 ၁၂ သင်သည် အရှက်ကွဲကြောင်းကို လူမျိုးတို့သည် ကြားကြပြီ။ သင် မြည်တမ်းသော အသံသည်းမြေတပြင် လုံး၌ နှံ့ပြားပြီး။ သူရချင်းတယောက်နှင့် တယောက် ထိခိုက်၍၊ နှစ်ယောက်တို့သည်လဲကြပြီဟု မိန့်တော်မူ၏။
Hethene men herden thi schenschipe, and thi yellyng fillide the erthe; for a strong man hurtlide ayens a strong man, and bothe fellen doun togidere.
13 ၁၃ အဲဂုတ္တုပြည်ကိုလုပ်ကြံခြင်းငှါ ဗာဗုလုန် ရှင်ဘုရင်နေဗုဒဒ်နေဇာလာမည်အကြောင်းကြောင့်၊ ထာဝရဘုရားသည် ပရောဖက်ယေရမိအား မိန့်တော်မူ သော စကားဟူမူကား၊
The word which the Lord spak to Jeremye, the profete, on that that Nabugodonosor, kyng of Babiloyne, was to comynge, and to smytynge the lond of Egipt.
14 ၁၄ သင့်ပတ်လည်၌နေသောသူတို့ကို ထားတော် သည် ကိုက်စားပြီ။ ကိုယ်ကိုပြင်ဆင်၍ မြဲမြံစွာ နေလော့ ဟု အဲဂုတ္တုပြည်၌ကြွေးကြော်ကြလော့။ မိဂဒေါလမြို့၌ သိတင်းကြားကြလော့။ နောဖမြို့၊ တာပနက်မြို့၌လည်း ကြားပြောကြလော့။
Telle ye to Egipt, and make ye herd in Magdalo, and sowne it in Memphis, and seie ye in Taphnys, Stonde thou, and make thee redi, for a swerd schal deuoure tho thingis that ben bi thi cumpas.
15 ၁၅ သင်၏သူရဲသည် အဘယ်ကြောင့် ရှုံးသနည်း။ ထာဝရဘုရားတွန်းချတော်မူသောကြောင့်၊ သူသည် မရပ် မနေနိုင်ရာ။
Whi hath thi strong man wexe rotun? He stood not, for the Lord vndurturnede hym.
16 ၁၆ လူများတို့သည် ထိမိ၍တယောက်အပေါ်မှာ တယောက်လဲစေခြင်းငှါ ပြုတော်မူသည်ဖြစ်၍၊ သူတို့က၊ ထကြကုန်အံ့။ ညှဉ်းဆဲတတ်သော ထားကြောင့် ကိုယ် အမျိုး၊ ကိုယ်နေရင်းပြည်သို့ပြန်ကြကုန်အံ့ဟု ပြောဆို ကြ၏။
He multipliede falleris, and a man felle doun to his neiybore; and thei schulen seie, Rise ye, and turne we ayen to oure puple, and to the lond of oure birthe, fro the face of swerd of the culuer.
17 ၁၇ ရောက်ပြီးမှ အဲဂုတ္တု ရှင်ဘုရင်ဖာရောမင်းသည် ဆုံးရှုံးပြီ။ စည်းဝေးရသောအချိန်ကို လွန်စေပြီဟု ဟစ်ကြ၏။
Clepe ye the name of Farao, kyng of Egipt; the tyme hath brouyt noise.
18 ၁၈ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟု ဘွဲ့နာမရှိသော ရှင်ဘုရင်မိန့်တော်မူသည်ကား၊ ငါသည် အသက်ရှင်သည်ဖြစ်၍၊ တောင်တို့တွင် တာဗော်တောင် ကဲ့သို့၎င်း၊ ပင်လယ်နားမှာကရမေလတောင်ကဲ့သို့ ၎င်း ထိုမင်းသည် လာလိမ့်မည်။
Y lyue, seith the kyng, the Lord of oostis is his name; for it schal come as Thabor in hillis, and as Carmele in the see.
19 ၁၉ နေရာကျသော အဲဂုတ္တုသတို့သမီး၊ နေရာ ပြောင်းစရာဘို့ ကိုယ်အသုံးအဆောင်များကို ပြင်လော့။ အကြောင်းမူကား၊ နေဖမြို့သည် နေသောသူမရှိအောင် သုတ်သင်ဖျက်ဆီးခြင်းကို ခံရမည်။
Thou dwelleresse, the douyter of Egipt, make to thee vessels of passyng ouer; for whi Memfis schal be in to wildirnesse, and schal be forsakun vnhabitable.
20 ၂၀ အဲဂုတ္တုပြည်သည်အဆင်းလှသော နွားမဖြစ်၏။ သို့ရာတွင်၊ မြောက်မျက်နှာဘက်က နှောင့်ရှက်ခြင်း အကြောင်းပေါ်လာ၏။
Egipt is a schapli cow calf, and fair; a prickere fro the north schal come to it.
21 ၂၁ သူငှါးတို့သည် သူ၏အလယ်၌ ဆူအောင် ကျွေးသောနွားကဲ့သို့ ဖြစ်သော်လည်း၊ ပျက်စီးခြင်းနေ့၊ ဆုံးမခြင်းကိုခံရသော အချိန်ရောက်သောကြောင့်၊ သူတို့ သည် မရပ်မနေ၊ ကျောကိုလှည့်၍ တညီတညွတ်တည်း ပြေးသွားကြ၏။
Also the hirid men therof, that liueden as caluys maad fatte in the myddis therof, ben turned, and fledden togidere, and miyten not stonde; for the dai of sleynge of hem schal come on hem, the tyme of the visityng of hem.
22 ၂၂ သစ်ခုတ်သောသူကဲ့သို့ ပုဆိန်ပါလျက်၊ လူအလုံး အရင်းနှင့်တကွ ချီလာကြသောအခါ၊ သူ၏စကားသံ သည် မြွေမြည်သံကဲ့သို့ ဖြစ်လိမ့်မည်။
The vois of hem schal sowne as of bras, for thei schulen haste with oost, and with axis thei schulen come to it. As men kittynge doun trees thei kittiden doun the forest therof,
23 ၂၃ ထိုတောသည် အလွန်ရှုပ်သော်လည်း၊ သူတို့ သည် ကျိုင်းကောင်ထက်မက မရေတွက်နိုင်အောင် များသောကြောင့် ခုတ်လှဲကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
seith the Lord, which mai not be noumbrid; thei ben multiplied ouer locustis, and no noumbre is in hem.
24 ၂၄ အဲဂုတ္တုသတို့သမီးသည် မိန်းမောတွေဝေလျက် ရှိ၏။ မြောက်မျက်နှာပြည်သားတို့ လက်သို့ရောက်လေပြီ။
The douytir of Egipt is schent, and bitakun in to the hond of the puple of the north,
25 ၂၅ ဣသရေလအမျိုး၏ဘုရားသခင်ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ နောမြို့၌ရှိသော အမ္မုန်ဘုရားနှင့် ဖာရောဘုရင်မှစ၍ အဲဂုတ္တုပြည်သားဘုရားများ၊ ရှင်ဘုရင်များတည်း ဟူသော၊ ဖာရောဘုရင်အစရှိသော၊ ထိုဘုရင်ကို ကိုးစား သော သူတို့ကို ငါဆုံးမမည်။
seide the Lord of oostis, God of Israel. Lo! Y schal visite on the noise of Alisaundre, and on Farao, and on Egipt, and on the goddis therof, and on the kyngis therof, and on hem that tristen in hym.
26 ၂၆ သူတို့အသက်ကို ရှာသောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းနှင့်သူ၏ ကျွန်တို့ လက်သို့ သူတို့ကို ငါအပ်မည်။ ထိုနောက်မှတဖန် အဲဂုတ္တု ပြည်သည်အရင်ကဲ့သို့ စည်ပင်လိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
And Y schal yyue hem in to the hondis of men that seken the lijf of hem, and in to the hondis of Nabugodonosor, kyng of Babiloyne, and in to the hondis of hise seruauntis; and aftir these thingis it schal be enhabitid, as in the formere daies, seith the Lord.
27 ၂၇ အိုငါ့ကျွန်ယာကုပ်၊ မကြောက်နှင့်။ အို ဣသရေလအမျိုး၊ စိတ်မပျက်နှင့်။ သင့်ကိုဝေးသောအရပ်မှ၎င်း၊ သင်၏အမျိုးသားတို့ကို သိမ်းသွားရာ ပြည်မှ၎င်း ငါနှုတ် ယူဆောင်ခဲ့သဖြင့်၊ ယာကုပ်အမျိုးသည်ပြန်လာ၍၊ ချောက်လှန့်သောသူမရှိ၊ ငြိမ်ဝပ်ချမ်းသာစွာ နေရ လိမ့်မည်။
And thou, Jacob, my seruaunt, drede thou not, and Israel, drede thou not; for lo! Y schal make thee saaf fro fer place, and thi seed fro the lond of his caitiftee; and Jacob schal turne ayen, and schal reste, and schal haue prosperite, and noon schal be, that schal make hym aferd.
28 ၂၈ ငါ့ကျွန်ယာကုပ်မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးမစေသော်လည်း၊ သင့်ကို မဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန် ဆုံးမမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
And Jacob, my seruaunt, nyle thou drede, seith the Lord, for Y am with thee; for Y schal waste alle folkis, to whiche Y castide thee out; but Y schal not waste thee, but Y schal chastise thee in doom, and Y schal not spare thee as innocent.

< ယေရမိ 46 >