< ယေရမိ 39 >

1 ယုဒရှင်ဘုရင် ဇေဒကိမင်းကြီးနန်းစံကိုးနှစ် ဒသမလတွင်၊ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ဗိုလ်ခြေအပေါင်းတို့နှင့်တကွ လာ၍ ယေရုရှလင်မြို့ကို ဝိုင်းထားကြ၏။
猶大王西底家第九年十月,巴比倫王尼布甲尼撒率領全軍來圍困耶路撒冷。
2 ဇေဒကိမင်းကြီးနန်းစံဆယ်တနှစ်၊ စတုတ္ထလ ကိုးရက်နေ့၌ မြို့ကို ဖြိုဖေါက်၍၊
西底家十一年四月初九日,城被攻破。
3 ရွှေထားဝန်နေရဂါလရှရေဇာ၊ မိန်းမစိုးအုပ်စာ သခိမ်၊ မာဂုပညာ ရှိအုပ်နေရဂါလရှရေဇာတည်းဟူသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အစရှိသော မှူးတော် မတ်တော်အပေါင်းတို့သည် မြို့ထဲသို့ဝင်၍၊ အလယ်ချက် တံခါးဝ၌ထိုင်ကြ၏။
耶路撒冷被攻取的時候,巴比倫王的首領尼甲‧沙利薛、三甲‧尼波、撒西金-拉撒力、尼甲‧沙利薛-拉墨,並巴比倫王其餘的一切首領都來坐在中門。
4 ယုဒရှင်ဘုရင်ဇေဒကိမင်းနှင့် စစ်သူရဲအပေါင်း တို့သည် ထိုလူများကို မြင်လျှင်၊ ညဉ့်အခါပြေး၍ ဥယျာဉ် တော်လမ်းကို လိုက်လျက်၊ မြို့ရိုးနှစ်ထပ်စပ်ကြား တံခါးဖြင့် ထွက်ပြီးမှ လွင်ပြင်သို့ သွားကြ၏။
猶大王西底家和一切兵丁看見他們,就在夜間從靠近王園兩城中間的門出城逃跑,往亞拉巴逃去。
5 ခါလဒဲစစ်သူရဲတို့သည် လိုက်လျက်၊ ယေရိခေါ လွင်ပြင်၌ဇေဒကိ မင်းကိုမှီ၍ ဘမ်းဆီးပြီးမှ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာရှိရာ ဟာမတ်ပြည်ရိဗလမြို့သို့ ဆောင်သွားကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှုကို စစ်ကြောစီရင်၍၊
迦勒底的軍隊追趕他們,在耶利哥的平原追上西底家,將他拿住,帶到哈馬地的利比拉、巴比倫王尼布甲尼撒那裏;尼布甲尼撒就審判他。
6 ရိဗလမြို့မှာ ဇေဒကိသားတို့ကို အဘ မျက် မှောက်၌ သတ်လေ၏။ ယုဒမှူးမတ်အပေါင်းကိုလည်း သတ်လေ၏။
巴比倫王在利比拉、西底家眼前殺了他的眾子,又殺了猶大的一切貴冑,
7 ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကိုကြေးဝါ ကြိုးနှင့် ချည်နှောင်လေ၏။
並且剜西底家的眼睛,用銅鍊鎖着他,要帶到巴比倫去。
8 ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲ သားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။
迦勒底人用火焚燒王宮和百姓的房屋,又拆毀耶路撒冷的城牆。
9 ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ ကူးသွား နှင့်သောသူ၊ ကျန်ကြွင်းသမျှသော သူတို့ကိုဗာဗုလုန်မြို့သို့ သိမ်းသွားလေ၏။
那時,護衛長尼布撒拉旦將城裏所剩下的百姓和投降他的逃民,以及其餘的民都擄到巴比倫去了。
10 ၁၀ သို့ရာတွင်၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒပြည်၌ထားခဲ့၍၊ စပျစ်ဥယျာဉ်နှင့် လယ်ယာတို့ကို ပေးလေ၏။
護衛長尼布撒拉旦卻將民中毫無所有的窮人留在猶大地,當時給他們葡萄園和田地。
11 ၁၁ ဗာဗုလုန်ရှင်ဘုရင်နေဗုခဒ်နေဇာသည် ယေရမိ အမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့် သည်ကား၊
巴比倫王尼布甲尼撒提到耶利米,囑咐護衛長尼布撒拉旦說:
12 ၁၂ ယေရမိကိုယူ၍ ကောင်းမွန်စွာ ကြည့်ရှုလော့။ မညှဉ်းဆဲနှင့်။ သူပြောသည်အတိုင်း သူ့ကိုပြုလော့ဟု မှာထားတော်မူသည်နှင့်အညီ၊
「你領他去,好好地看待他,切不可害他;他對你怎麼說,你就向他怎麼行。」
13 ၁၃ ကိုယ်ရံတော်မှူးနေဗုဇာရဒန်၊ မိန်းမစိုးအုပ် နေဗုရှာဇဗန်၊ မာဂုပညာရှိအုပ်နေရဂါလရှဓရဇာအစ ရှိသော ဗာဗုလုန်ရှင်ဘုရင်၏မှူးမတ်အပေါင်းတို့သည် လူကိုစေလွှတ်၍၊
護衛長尼布撒拉旦和尼布沙斯班-拉撒力、尼甲‧沙利薛-拉墨,並巴比倫王的一切官長,
14 ၁၄ ယေရမိကိုထောင်ဝင်းထဲက နှုတ်ယူပြီးလျှင်၊ သူ၏နေရာသို့ ပို့ဆောင်စေခြင်းငှါ၊ ရှာဖန်သားဖြစ်သော အဟိကံ၏သားဂေဒလိ၌ အပ်ကြ၏။ သို့ဖြစ်၍၊ ယေရမိ သည် ပြည်သားများနှင့်အတူ နေရလေ၏။
打發人去,將耶利米從護衛兵院中提出來,交與沙番的孫子亞希甘的兒子基大利,帶回家去。於是耶利米住在民中。
15 ၁၅ ယေရမိသည်ထောင်ဝင်းထဲမှာ အချုပ်ခံရသော အခါ၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ရောက်၍၊
耶利米還囚在護衛兵院中的時候,耶和華的話臨到他說:
16 ၁၆ သင်သည် ကုရှအမျိုးသား ဧဗဒမေလက်ကို ဆင့်ဆိုရမည်မှာ၊ ဣသရေလအမျိုး၏ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ ဤမြို့၏အကျိုးကိုမပြုစု၊ ဖျက်ဆီးခြင်းငှါ ငါ့စကားကို ငါတည်စေမည်။ ကာလအချိန်ရောက်လျှင်၊ သင့်ရှေ့၌ ငါ့စကားပြည့်စုံလိမ့်မည်။
「你去告訴古實人以伯‧米勒說,萬軍之耶和華-以色列的上帝如此說:我說降禍不降福的話必臨到這城,到那時必在你面前成就了。
17 ၁၇ သို့သော်လည်း၊ ထိုကာလ၌သင့်ကို ငါကယ်နှုတ် မည်။ သင်ကြောက်သော သူတို့လက်သို့ သင်မရောက်ရ။
耶和華說:到那日我必拯救你,你必不致交在你所怕的人手中。
18 ၁၈ ငါသည် သင့်ကို စင်စစ်ကယ်နှုတ်မည်။ သင်သည် ထားဖြင့် မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ် အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသော ကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။
我定要搭救你,你不致倒在刀下,卻要以自己的命為掠物,因你倚靠我。這是耶和華說的。」

< ယေရမိ 39 >