< ယေရမိ 31 >

1 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ ငါသည် ဣသရေလအဆွေအမျိုးအပေါင်းတို့၏ ဘုရားသခင်ဖြစ်၍၊ သူတို့သည် ငါ၏လူဖြစ်ကြလိမ့်မည်။
“Katika wakati huo—hili ni tangazo la Yahwe—Nitakuwa Mungu wa familia zote za Israel, na watakuwa watu wangu.”
2 တဖန် မိန့်တော်မူသည်ကား၊ ထားဘေးနှင့်လွတ် သော သူတို့သည် တော၌ကျေးဇူးကို ခံရကြပြီ။ ငါသည် ကြွသွား၍ ဣသရေလအမျိုးကို ချမ်းသာပေးမည်။
Yahwe anasema hivi, “Watu ambao wamenusurika na upanga wamepata kibali katika nyika; nitatoka nje kuwapa pumziko Israeli.”
3 ထာဝရဘုရားသည် အဝေးက ထင်ရှား၍ မိန့်တော်မူသည်ကား၊ အကယ်စင်စစ် ထာဝရမေတ္တာနှင့် သင့်ကိုငါချစ်၏။ ထိုကြောင့်၊ ကရုဏာကျေးဇူးကို သင်၌ကြာမြင့်စွာပြ၏။
Yahwe alionitokea zamani na kusema, “Nimekupenda wewe, Israeli, kwa upendo wa milele. Kwa hiyo nimekuvuta kwang kwa agano la uaminifu.
4 အို ဣသရေလ သတို့သမီးကညာ၊ သင့်ကိုတဖန် ငါတည်ဆောက်သောကြောင့်၊ သင်သည် တည်ဆောက်ခြင်းသို့ ရောက်လိမ်မည်။ သင်သည် တဖန် ပတ်သာ နှင့် တန်ဆာဆင်လျက်၊ ရွှင်မြူးခြင်းကို ပြုသောသူတို့နှင့် အတူကခုန်လျက်သွားလိမ့်မည်။
Nitakujenga tena kwa hiyo utakuwa umejengwa, bikra wa Israeli..... na kwenda nje michezo ya furaha.
5 ရှမာရိတောင်ပေါ်မှာ စပျစ်ဥယျာဉ်ကို တဖန် စိုက်လိမ့်မည်။ ဥယျာဉ်လုပ်သောသူတို့သည် စိုက်ပျိုး၍၊ အသီးကို ကိုယ်အလိုအလျောက် စားရကြလိမ့်မည်။
Utapanda mizabibu tena juu ya milima Samaria; wakulima watatapanda na kuweka matunda kwa ajili ya matumizi mazuri.
6 ဧဖရိမ်တောင်ပေါ်မှာ ကင်းစောင့်တို့က၊ ထကြ လော့။ ငါတို့ ဘုရားသခင် ထာဝရဘုရားရှိတော်မူရာ ဇိအုန်တောင်သို့သွားကြကုန်အံ့ဟု ကြွေးကြော်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
Kwa maana siku itakuja wakati walizi watakapotangaza katika milima ya Efraimu, 'Inuka, twndeni juu kwenye mlimaa wa Yahwe Mungu wetu.'
7 ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယာကုပ် အမျိုးအား၊ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ လူမျိုးတို့၏ အထွဋ်၌ ကြွေးကြော်ကြလော့။ အို ထာဝရဘုရား၊ ကိုယ်တော်၏ လူမျိုးတည်းဟူသော၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားကို ကယ်တင်တော်မူပြီဟု မြွက်ဆို လျက် သိတင်းကြားလိုက်၍ ချီးမွမ်းကြလော့။
Kwa maana Yahwe anasema hivi, Piga kelele za shangwe juu ya Yakobo! Pigeni za furaha kwa ajili ya watu wakuu wa mataifa! Sifa zisikike. Sema, ''Yahwe amewaokoa watu wake, masalia wa Israeli.'
8 သူတို့ကို မြောက်ပြည်မှ ငါဆောင်ခဲ့၍၊ မြေကြီး စွန်းမှ စုသိမ်းမည်။ မျက်စိကန်းသောသူ၊ ခြေဆွံ့သောသူ၊ ကိုယ်ဝန်ဆောင်သောမိန်းမ၊ သားဘွားခြင်းဝေဒနာကို ခံရသော မိန်းမများလည်းပါလျက်၊ ကြီးစွာသော အစည်း အဝေးတို့သည် ပြန်လာကြလိမ့်မည်။
Ona, niko karibu kuwaletaa kutoka nchi za kusini. Nitawakusanya kutoka sehemu zaa mbali za dunia. Vipofu na wenye ulemavu watakuwa kati kati yao; wanawake wajawazito na wale waliokaribu kujifungua wataakuwa pamoja nao. Kusanyiko kubwa litarudi hapa.
9 ငိုကြွေးလျက် လာကြလိမ့်မည်။ ဆုတောင်း ပဌနာပြုလျက်ရှိသော ထိုသူတို့ကို ငါပို့ဆောင်မည်။ မြစ်နားမှာ ရှောက်သောလမ်း၊ ထိမိ၍ မလဲရသော လမ်းဖြောင့်တို့၌ ငါသွေးဆောင်မည်။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုး၏ အဘဖြစ်၏။ ဧဖရိမ်အမျိုး သည် ငါ၏ သားဦးဖြစ်၏။
Watakuja kwa kuomboleza; nitawaongoza huku wakifanya maoambi yao. Nitawafanya wasafiri kataika mikondo ya maji katika bara bara ilinyoka. Hawatajikwaa juu yake, kwa maana nitakuwa baba kwa Israeli, na Afraimu atakuwa mzaliwa wanagau wwa kwanza
10 ၁၀ အိုလူမျိုးတို့၊ ထာဝရဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ ဝေးသောအရပ်ရပ်တို့၌ ကြွေးကြော် ၍၊ ဣသရေလ အမျိုးသားတို့ကို အရပ်ရပ်သို့ ကွဲပြား စေသောသူသည် တဖန်စုသိမ်းပြီးလျှင်၊ သိုးထိန်းသည် မိမိသိုးစုကိုစောင့်တတ်သကဲ့သို့ စောင့်တော်မူမည်ဟု ကြားပြောကြလော့။
Sikia neno la Yahwe, mataifa. Litangazeni pembezoni mwa visiwa mbali. Enyi mataifa lazima museme, 'Yule aliyemtawanya Israeli anamkusanya tena na kuwalinda kama mchungaji alindavyo kondoo.'
11 ၁၁ အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ် အမျိုးကို ရွေးနှုတ်တော်မူပြီ။ သူ့ထက်အားကြီးသော သူ၏လက်မှ ကယ်လွှတ်တော်မူပြီ။
Kwa maana Yahwe amemfidia Yakobo na kumkomboa kutoka mkono ambao ulikuwa na nguvu sana kwake.
12 ၁၂ ထိုကြောင့်အမျိုးသားတို့သည် လာ၍၊ ဇိအုန် တောင်ထိပ်၌ သီချင်းဆိုကြလိမ့်မည်။ ထာဝရဘုရား ပြုတော်မူခြင်း ကျေးဇူးတည်းဟူသော ဆန်စပါး၊ စပျစ် ရည်၊ ဆီ၊ သိုးသငယ်၊ နွားသငယ်တို့ကို ရအံ့သောငှါ စည်းဝေးကြလိမ့်မည်။ သူတို့စိတ်ဝိညာဉ်သည် ရေ လောင်းသော ဥယျာဉ်ကဲ့သို့ဖြစ်၍၊ နောက်တဖန် ညှိုးငယ် ခြင်းမရှိရ။
Kisha watakuja na kufurahia katika vilele vya Sayuni. Nyuso zao zitamelemeta kwa sababu ya wema wa Yahwe, juu ya nafaka na divai mpya, juu ya mafuta na malimbuko ya kwanza ya makundi na ng'ombe. Kwa maana maisha yao yatakuwa kama busitani iliyomwagiliwa, na hatatajisikia huzuni tena.
13 ၁၃ ထိုအခါသမီးကညာသည် ကခုန်လျက်၊ လူပျို၊ လူအိုတို့နှင့်တကွ ပျော်မွေ့လိမ့်မည်။ သူတို့ညည်းတွားခြင်း အရာ၌ ဝမ်းမြောက်ခြင်းကို ငါဖြစ်စေမည်။ သူတို့သည် ဝမ်းနည်းခြင်းကို ခံရသောနောက်၊ စိတ်သက်သာ၍ ရွှင်လန်းမည်အကြောင်းကို ငါပြုမည်။
Kisha wanawali watafurahia kwa kucheza, na vijana na wanaume wazee watakuwa pamaoja. Kwa maana nitayageuza maombolezo yao kuwa sherehe. Nitakuwa na huruma juu yao na kuwafanya kufurahi badala ya kuhuzunika.
14 ၁၄ ယဇ်ပုရောဟိတ်တို့ကိုလည်း ဆူဖြိုးသော အမဲသားနှင့်ဝစွာ ကျွေးမည်။ ငါ၏လူတို့သည်လည်း ငါ့ကျေးဇူးနှင့် ဝပြောကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Kisha nitayaloanaisha sana maisha ya makuhani. Watu wangu watajijaza wenyewe kwa wema—hili ni tangazo la Yahwe.”
15 ၁၅ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရာမအရပ် ၌ သည်းစွာသော ညည်းတွားငိုကြွေးခြင်းအသံကို ကြားရ ၍၊ ရာခေလသည် မိမိသားတို့မရှိသောကြောင့်၊ ငို၍ စိတ်မပြေနိုင်။
Yahwe anasema hivi: “Sauti imesikika katika Rama, kilio na maombolezo mengi. Ni Raheli akiomboleza kwa ajili watoto wake. Hataki kufarijiwa tena juu yao, kwa maana hawako hai tena.”
16 ၁၆ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငိုကြွေးသံကို ချုပ်လော့၊ မျက်ရည်မကျစေနှင့်။ သင်သည် ကိုယ်ကျင့်သော အကျင့်၏ အကျိုးကိုခံရလိမ့်မည်။ သင်၏ သားတို့သည် ရန်သူပြည်မှ ပြန်လာကြလိမ့်မည်။
Yahwe anasema hivi, Zuia sauti yako usilie na macho yako yasitoe machizi; kwa maana kuna fidia kwa ajili ya mateso yako—hili ni tangazo la Yahwe—watoto wako watarudi kutoka nchi ya adui.
17 ၁၇ သင်၏အဆုံး၌ မြော်လင့်စရာအကြောင်း ရှိ၏။ သင်၏ သားတို့သည် နေရင်းပြည်သို့ပြန်လာကြလိမ့်မည် ဟု ထာဝရဘုရား မိန့်တော်မူ၏။
Kuna matumaini kwa ajili ya siku zenu za baadaye—hili ni tangazo la Yahwe—uzao wako watarudi ndani ya mipaka yao.”
18 ၁၈ ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။
Kwa hakika nimemsikia Efraimu akilia, 'Uliniadhibu, nami nieadhibika kama ndama assiye na mafunzo. Nirudisha na nitarudishwa, kwa maana wewe ni Yahwe Mungu wangu.
19 ၁၉ ပြန်လာသောနောက်၊ အကျွန်ုပ်သည် အမှန် နောင်တရပါ၏။ ဆုံးမတော်မူခြင်းကို ခံရသောနောက်၊ အကျွန်ုပ်သည် ကိုယ်ပေါင်ကို ရိုက်ပါ၏။ အသက်ငယ်စဉ် ပြုမိသော အပြစ်ကြောင့် အသရေပျက်ခြင်းကို ခံရ သဖြင့်၊ ရှက်ကြောက်၍ မှိုင်တွေလျက်ရှိပါ၏ဟု ကိုယ်ကို အပြစ်တင်၍ မြည်တမ်းသောစကားကို ငါသည် ဆက် ဆက်ကြားရပြီ။
Kwa maana baada ya kurudi kwako, nilikuwa na huzuni; baada ya kufundiswa, nilijipiga kofi sshavu langu. Niliaibika ana dharirika, kwa maana nilizaliwa na hataia ya ujana wangu.'
20 ၂၀ ဧဖရိမ်သည် ငါ၏ချစ်သားဖြစ်သလော။ ချစ် ဘွယ်သော သူငယ်ဖြစ်သလော။ သူ၏အကြောင်းကို ငါပြောလေရာရာ၌ ငါသည် အလွန်တရာ အောက်မေ့ လျက်နေ၏။ ထိုကြောင့်၊ ငါသည် သူ့အတွက် စိတ်ကြင်နာ ခြင်းရှိ၏။ အကယ်စင်စစ် သူ့ကိုငါကယ်မသနားမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Efraimu siyo mtoto wangu wa thamani? Yeye si mpendwa wangu, mwanangu anipendezaye? Kwa maana kila ninaponena juu yake, bado nina mwita kipenzi cha akili yangu. Kwa namna hii moyo wangu unamtamani. Kwa hakika nitaakuwa na huruma ajuu yake—hili ni tangazo la Yahwe.”
21 ၂၁ လမ်း၌မှတ်တိုင်တို့ကိုစိုက်လော့။ အလံတိုင်တို့ကို ထူလော့။ လိုက်သွားသောလမ်းမကို စိတ်စွဲလမ်းလော့။ အိုဣသရေလသတို့သမီးကညာ၊ ပြန်လာလော့။ သင်၏ နေရာ ဤမြို့များသို့ ပြန်လာလော့။
Jiwekee alama za bara bara kwa ajili yako mwenyewe. Weka matangaazo ya maelekezo kwa ajili yako mwenyewe. Iweke akili yako juu ya njia sahihi, njia unayopaswa kufuata. Rudii, bikra Israeli! Rudi kwenye hii miji yako.
22 ၂၂ အိုဖောက်ပြန်သော သတို့သမီး၊ သင်သည် အဘယ်မျှကာလပတ်လုံးလှည့်လည်၍ နေလိမ့်မည်နည်း။ ထာဝရဘုရားသည် မြေကြီးပေါ်မှာ ထူးဆန်းသော အမှု ကို စီရင်တော်မူ၍၊ မိန်းမသည် ယောက်ျားကို ပတ်ဝိုင်း လိမ့်မည်။
Utatanga tanga hadi lini, binti usiye mwaminifu? Kwa maana Yahwe ameumba kitu fulani kipya juu ya dunia—mwanamke anamzunguka mwanaume.
23 ၂၃ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိမ်း သွားခြင်းကို ခံရသောသူတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊ ယုဒပြည်၏မြို့ရွာတို့၌ နေသောသူတို့က၊ အို ဖြောင့်မတ် ခြင်းနေရာအရပ်၊ အိုသန့်ရှင်းခြင်း နေရာတောင်၊ ထာဝရ ဘုရားသည် သင့်ကို ကောင်းကြီးပေးတော်မူစေသတည်း ဟူသော စကားကို တဖန်သုံးကြလိမ့်မည်။
Yahwe wa majeshi, Mungu wa Israeli, anasema hivi, '“Nitakapowarudisha watu katika nchi yao, watasema hivi katika anchi ya Yuda na miji yake, “Yahwe akubariki, wewe sehemu takatifu ambapo anaishi, ewe mlima mtakatifu.'
24 ၂၄ ထိုအရပ်၌ ယုဒပြည်သူ၊ ယုဒမြို့ရွာသား အပေါင်းတို့သည်၊ လယ်လုပ်သောသူနှင့် သိုးထိန်းသော သူများပါလျက်၊ အတူနေရကြလိမ့်မည်။
Kwa maana Yuda na miji yake yote wataishi pamoja humo, kama vile watakavyoishi wakulima na wachungaji pamaoja na makundi yao.
25 ၂၅ ငတ်မွတ်သော သူအပေါင်းတို့ကို ငါကျွေးမွေး မည်။ ညှိုးငယ်သော သူအပေါင်းတို့ကို ငါသက်သာစေမည် ဟု မိန့်တော်မူ၏။
Kwa maana nitawapa majai ya kunywa waliochoaka, na nitamjaza kila anayeteseka na kiu.”
26 ၂၆ ထိုနောက်၊ ငါသည် နိုး၍ကြည့်ရှုသောအခါ၊ အိပ်ပျော်ခြင်းအားဖြင့် အားရလျက်ရှိ၏။
Baada ya haya niliamka, na nikagundua kwamba usingizi wangu ulikuwa unaburudisha.
27 ၂၇ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် ဣသရေလပြည်၊ ယုဒပြည်၌ လူမျိုးစေ့နှင့် တိရစ္ဆာန် မျိုးစေ့ကို ကြဲရသော အချိန်ကာလ ရောက်လိမ့်မည်။
Angalia, siku zinakuja—hili ni tangazo la Yaahwe—nitakapoipanda nyumba ua Israeli na Yuda pamoja na wazawa wa wanadamaau na wanyama.
28 ၂၈ ငါသည် သူတို့ကို နှုတ်ပယ်ဖြိုချမှောက်လှန် ဖျက်ဆီးညှဉ်းဆဲခြင်းအမှုကို ပြုဘူးသည်နည်းတူ၊ တဖန် တည်ဆောက် စိုက်ပျိုးခြင်းအမှုကို ပြုဦးမည်ဟု မိန့်တော် မူ၏။
Zamani, niliwaweka katika uangalizi ili kuwang'oa na kuwabomoa, kuwaangusha, kuwaharibu, na kuwaletea madhara. Lakini katika siku zijazo, nitawaangalia, ili niwajenge na kuwapanda—hili ji tangazo la Yahwe.
29 ၂၉ ထိုကာလ၌ အဘသည် ချဉ်သောစပျစ်သီးကို စားသောကြောင့်၊ သားသည် သွားကျိန်းခြင်းကို ခံရ၏ ဟု မဆိုရကြ။
Katika siku hizo hakuna atakayesema tena, “Baba za watu wamekula zabibu kali, bali meno ya watoto ni butu.'
30 ၃၀ လူတိုင်း မိမိအပြစ်ကြောင့် မိမိသေရမည်။ ချဉ်သောစပျစ်သီးကို စားသောသူတိုင်း သွားကျိန်းခြင်းကို ခံရမည်။
Kwa maana kila mtu atakuwa katika uovu wake mwenyewe; kila alaye zabibu kalai, meno yake yataakuwa butu.
31 ၃၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည်
Angalia, siku zinakuja—hili ni tangazo la Yahwe—nitakapoanzisha aganao jipya pamaoja na nyumba aya Israeli na nyumba ya Yuda.
32 ၃၂ ဤလူမျိုး၏ ဘိုးဘေးတို့ကို လက်ဆွဲ၍ အဲဂုတ္တု ပြည်မှ ဆောင်သွားသောအခါ၊ သူတို့၌ ငါပေးသော ပဋိညာဉ်တရားနှင့် ခြားနားသော ပဋိညာဉ်တရားသစ်ကို ဣသရေလ အမျိုးသား၊ ယုဒအမျိုးသားတို့၌ ငါပေးသော အချိန်ကာလ ရောက်လိမ့်မည်။ အရင်ငါပေးဘူးသော ပဋိညာဉ်တရားကို သူတို့သည် ဖျက်၍၊ ငါသည်လည်း သူတို့ကို ရွံရှာ၏။
Halitakuwa kama agano ambalo nilianzisha na baba zao nilipowatoa kwa mkono wao nje ya nchi ya Missiri. Hizo zzilikuwa siku ambapo walilivunja aaganao lanaahu, ingawa nilikuwa mme kwao—hili ni tangazo la Yahwe.
33 ၃၃ နောက်ကာလအခါ ဣသရေလအမျိုးသားတို့၌ ငါပေးအံ့သော ပဋိညာဉ်တရားဟူမူကား၊ ငါထာဝရ ဘုရားသည် ငါ၏ပညတ်တရားကို သူတို့အတွင်းထဲသို့ သွင်းမည်။ သူတို့နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ ဘုရားဖြစ်သည်။ သူတို့သည်လည်း ငါ၏လူ ဖြစ်ကြလိမ့်မည်။
Lakaini hili ni agano nitakaloanzisha na nyumba ya Israeli baada ya siku hizi—hili ni tangazo la Yahwe: Nitaiweka sheria yangu ndani yao na nitaiandika juu ya mioyo yao, kwa maana nitakuwa Mungu wao, nao watakuwa watau wangu.
34 ၃၄ ထိုသူတို့က၊ ထာဝရဘုရားကို သိလော့ဟု၊ အမျိုးသားချင်း၊ ညီအစ်ကိုအချင်းချင်း တယောက်ကို တယောက်ဆုံးမဩဝါဒမပေးရကြ။ အကြောင်းမူကား၊ အငယ်ဆုံးသော သူမှစ၍ အကြီးဆုံးသောသူတိုင်အောင်၊ ထိုသူအပေါင်းတို့သည် ငါ့ကိုသိကြလိမ့်မည်။ ထိုအခါ ငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြုသော ဒုစရိုက်များကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Kisha kila mtu hatamfundisha jiranai yake, wala mtu hatamfundisha ngugu yake akisema, 'Mjue Yahwe!' Kwa maana wao wote, kuanzia mdogo wao hata mkubwa, watanijua—hili ni tangazo la Yahwe—kwa maana nitawasamehe uovu wao na sitazikumbuka tena dhambi zao.”'
35 ၃၅ နေ့အချိန်၌ လင်းစရာဘို့နေကိုခန့်ထား၍၊ ညဉ့် အချိန်၌ လင်းစရာဘို့ လနှင့်ကြယ်တို့ကို စီရင်တော်မူ ထသော၊ သမုဒ္ဒရာကိုဆုံးမ၍ လှိုင်းတံပိုးကို ဟုန်းစေတော် မူထသော၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ဘွဲ့နာမရှိတော်မူသော ထာဝရဘုရား မိန့်တော် မူသည်ကား၊
Yahwe anasema hivi—Yahwe, yeye afanyaye jua kuangaza mchana na kuzipanga mwezi na nyota kuangaza usiku. Yeye ndiye aiwekaye bahari katika mwendo ili mawimbi yake yaungurume. Yahwe wa majeshi katika ajina lake.
36 ၃၆ ထိုတရားတို့သည် ငါ့ရှေ့မှာ ကွယ်ပျောက်လျှင်၊ ဣသရေလ အမျိုးသည် ငါ့ရှေ့မှာ အမျိုးတိမ်မြုပ်၍ အစဉ်ကွယ်ပျောက်လိမ့်မည်ဟု မိန့်တော်မူ၏။
Anasema hivi, ikiwa tu mambo haya ya akudumu yakitoweka machoni panaagu—hili ni agizo la Yahwe—uzao wa Israeli hawatasimama mbaalai nami wasiwe taiafa.”
37 ၃၇ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အထက်မိုဃ်းကောင်းကင်ကို တိုင်းထွာနိုင်လျှင်၎င်း၊ မြေကြီးအောက်ဆုံးအမြစ်တို့ကိုလိုက်၍ စစ်နိုင်လျှင်၎င်း၊ ဣသရေလ အမျိုးသားအပေါင်းတို့ကို သူတို့ပြုမိသမျှသော အပြစ်တို့ကြောင့် ငါစွန့်ပစ်မည်ဟု မိန့်တော်မူ၏။
Yahwe anasema hivi, “Kama tu urefu wa mbingu unaweza kupimwa, na kama tu misingi ya dunia chini inaweza kugunduliwa, nitawakataa uzao wote wa Israeli kwa sababu ya yote waliyofanya—hili ni tangazo la Yahwe.”
38 ၃၈ တဖန်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဟာနနေလရဲတိုက်မှ စ၍ မြို့ထောင့်တံခါးတိုင်အောင်၊ မြို့တော်ကို ထာဝရဘုရားအဘို့ တည်ထောင်ရသော အချိန်ကာလသည် ရောက်လိမ့်မည်။
“Angalia, siku zinakuja—hili ni tanagazo la Yahwe—ambapo mji utajengwa tena kwa ajili yanagu, kutoka Mnara wa Hananeli hadi kwenye Lango la Pembeni.
39 ၃၉ ဂါရက်တောင်ကို လွန်၍ မျဉ်းကြိုးနှင့်တန်းချ လိမ့်မည်။ ဂေါသတောင်ကိုလည်း ဝိုင်းမိလိမ့်မည်။
Kisha mistari ya kupimia itaenda nje hadi mbali, hadi kwenye kilima cha Garebu na kuzunguka Goa.
40 ၄၀ အရှေ့ဘက်မြင်းတံခါးရှိသော မြို့ထောင့်တိုင် အောင်၊ အသေကောင်များ၊ ပြာများစွန့်ပစ်ရာ ချိုင့် တရှောက်လုံးနှင့်၊ ကေဒြုန်ချောင်းအတွင်းတွင်၊ လယ်ပြင် ရှိသမျှတို့သည် ထာဝရဘုရားအဘို့ သန့်ရှင်းကြလိမ့် မည်။ နောက်တဖန် နှုတ်ပယ်ဖြိုချခြင်း အလျှင်းမရှိရဟု မိန့်တော်မူ၏။
Bonde lote la miili iliyokufa na majivu, na shamaba lenye matuta linalofika hadi Bonde la Kidroni mbali hadi kwenye kona ya Lango la Farasi upande wa mashariki, litateuliwa kwa ajili ya Yahwe. Mji hautang'olewa wala kupinduliwa tena, milele.”

< ယေရမိ 31 >