< ယေရမိ 10 >

1 အို ဣသရေလအမျိုးသားတို့၊ သင်တို့အား ထာဝရဘုရား မိန့်တော်မူသောစကားကို နားထောင် ကြလော့။
Rəbbin sizə söylədiyi sözü eşidin, ey İsrail nəsli!
2 ထာဝရဘုရား မိန့်တော်မူသည်ကား၊ သာသနာ ပလူတို့၏ ဘာသာဓလေ့၌ မကျင်လည်ကြနှင့်။ သာသနာ ပလူတို့ ထိတ်လန့်ကြောက်တတ်သော မိုဃ်းကောင်းကင် နိမိတ်တို့မှ မထိတ်လန့်မကြောက်ကြနှင့်။
Rəbb belə deyir: «Başqa millətlərin yolu ilə getməyin, Göy əlamətlərindən qorxmayın, Bunlardan başqa millətlər qorxur.
3 လူအမျိုးမျိုးကျင့်သော အကျင့်ဓလေ့တို့သည် အချည်းနှီးဖြစ်ကြ၏။ အဘယ်သို့နည်းဟူမူကား၊ သူတို့ သည် တော၌သစ်ပင်ကို ခုတ်လှဲ၍၊ ပုဆိန်နှင့်လုပ်တတ် သော လက်သမား၏ လက်လုပ်ရာဖြစ်သောအရာကို၊
Çünki xalqların adətləri boş şeydir. Meşədə ağac kəsirlər, Usta əli kəski ilə onu düzəldir.
4 ရွှေငွေနှင့် လှပစွာ ချယ်လှယ်ပြီးလျှင်၊ မလှုပ်ရှား စေခြင်းငှါ သံချွန်ကို တူနှင့်ရိုက်ထားကြ၏။
Sonra qızıl-gümüşlə bəzəyirlər, Çəkiclə, mıxla bərkidirlər ki, Yerindən tərpənməsin.
5 သူသည် စွန်ပလွံပင်ကဲ့သို့ ခိုင်မာ၍ စကား မပြောတတ်။ မိမိအလိုအလျောက် မသွားနိုင်သော ကြောင့်၊ ထမ်း၍သွားရ၏။ ထိုအရာတို့ကို မကြောက်ကြ နှင့်။ အန္တရာယ်ကိုမပြုနိုင်။ ကျေးဇူးကိုလည်း မပြုနိုင်။
Bütləri xiyar bostanındakı müqəvva kimi Danışa bilmir. Onları daşımaq lazımdır, Çünki gedə bilmirlər. Onlardan qorxmayın, Çünki nə pislik edə bilərlər, Nə də yaxşılıq».
6 အိုထာဝရဘုရား၊ ကိုယ်တော်နှင့် အဘယ်သူမျှ မတူပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော် သည်လည်း၊ တန်ခိုးတော်အားဖြင့် ကြီးမြတ်တော်မူ၏။
Sənin kimi Allah yoxdur, ya Rəbb. Sən böyüksən, əzəmətdə adın ucadır.
7 အိုလူအမျိုးမျိုးတို့၏ ဘုရင်၊ ကိုယ်တော်ကို ကြောက်သင့်သည် ဖြစ်၍၊ အဘယ်သူသည် မကြောက်ဘဲ နေရပါမည်နည်း။ အမျိုးမျိုးသော ပညာရှိအပေါင်းတို့၌၎င်း၊ ခပ်သိမ်းသော တိုင်းနိုင်ငံတို့၌၎င်း ကိုယ်တော်နှင့် တူသောသူတစုံတယောက်မျှ မရှိပါ။
Ey millətlərin Padşahı, Sənə kim hörmət etməz? Sənə hörmət yaraşır, Çünki millətlərin bütün müdrikləri arasında, Bütün ölkələrində Sənin kimisi yoxdur.
8 သူတို့သည် တလုံးတဝတည်း တိရစ္ဆာန်သဘော နှင့် မိုက်သော သဘောရှိကြ၏။ သစ်သားသော်လည်း မိုက်သောအယူကို ဆုံးမတတ်၏။
Bütlərə səcdə edənlərin hamısı Ağılsız və axmaqdır, Boş şeylərdən təlim alırlar. Büt bir ağacdır!
9 ထုလုပ်တတ်သောသူ၊ သွန်းတတ်သောသူ၏ လက်လုပ်ရာ ငွေပြားကို တာရှုမြို့မှ၎င်း၊ ရွှေကိုလည်း ဥဖတ်မြို့မှ၎င်း ဆောင်ခဲ့တတ်၏။ ပြာသောအထည်၊ မောင်းသောအထည်နှင့်ခြုံတတ်၏။ လိမ္မာသောသူ လုပ်ရာသက်သက်ဖြစ်သတည်း။
Tarşişdən döyülmüş gümüş, Ufazdan qızıl gətirilir. Ustanın və zərgərin əli ilə düzəldilən bütə Bənövşəyi və tunc qırmızı paltar geyindirilir. Hamısı bacarıqlı toxucu işidir.
10 ၁၀ ထာဝရဘုရားမူကား၊ မှန်သောဘုရား၊ အသက် ရှင်သောဘုရား၊ နိစ္စထာဝရဘုရင်ဖြစ်တော်မူ၏။ အမျက် တော်ထွက်လျှင် မြေကြီးတုန်လှုပ်ရ၏။ လူအမျိုးမျိုး တို့သည် အမျက်တော်ကို မခံနိုင်ကြ။
Ancaq Rəbb həqiqi Allahdır. Var olan Allahdır, Əbədi Padşah Odur. Qəzəbindən dünya titrəyər, Hiddətinin qarşısında Millətlər dura bilməz.
11 ၁၁ သာသနာပ လူတို့အား ပြောရသော စကားဟူမူကား၊ ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်း သော ဘုရားတို့သည် ဤကောင်းကင်အောက်၊ ဤမြေကြီး ပြင်မှ ကွယ်ပျောက်ကြလိမ့်မည်။
Allah mənə dedi ki, onlara belə söylə: «Yeri və göyü yaratmayan allahlar yer üzündən və göyün altından yox olacaq».
12 ၁၂ ထာဝရဘုရားသည် တန်ခိုးတော်အားဖြင့် မြေကြီးကို ဖန်ဆင်းတော်မူပြီ။ ပညာတော်အားဖြင့် လောကဓာတ်ကို တည်တော်မူပြီ။ ဥာဏ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို ကြက်တော်မူပြီ။
Rəbb qüdrəti ilə yer üzünü yaratdı, Hikməti ilə dünyanı qurdu, Dərrakəsi ilə göyləri yaydı.
13 ၁၃ အသံတော်ကို လွှတ်တော်မူသောအခါ၊ မိုဃ်းရေ အသံဗလံဖြစ်တတ်၏။ မြေကြီးစွန်းမှ မိုဃ်းတိမ်ကို တက် စေတော်မူ၏။ မိုဃ်းရွာသည်နှင့် လျှပ်စစ်ပြက်စေတော် မူ၏။ လေကိုလည်း၊ ဘဏ္ဍာတော်တိုက်ထဲက ထုတ်တော် မူ၏။
O gurlayanda göylərdəki sular çağlayır, Yerin ucqarlarından buludları yüksəldir, Yağış üçün şimşək çaxdırır, Anbarlarından külək çıxarır.
14 ၁၄ လူမည်သည်ကား၊ မိမိဥာဏ်အားဖြင့် တိရစ္ဆာန် ကဲ့သို့ဖြစ်၏။ ရုပ်တုကို သွန်းသောသူတိုင်း မိမိလုပ်သော ရုပ်တုအားဖြင့် မှောက်မှားလျက် ရှိ၏။ အကြောင်းမူကား၊ သွန်းသောရုပ်တုသည် မုသာဖြစ်၏။ သူ၌လည်း ထွက်သက်ဝင်သက်မရှိ။
Hər kəs ağılsız oldu, Bilikləri qalmadı. Hər zərgər düzəltdiyi bütdən utanacaq, Çünki onun tökdüyü büt puçdur, Onda nəfəs yoxdur.
15 ၁၅ ထိုသို့သောအရာတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ လှည့်စားသောအရာလည်းဖြစ်ကြ၏။ စစ်ကြောခြင်းကို ခံရသည်ကာလ၌ ကွယ်ပျောက်ကြ လိမ့်မည်။
Onlar boş şey, Masqaraçıların işidir. Cəza vaxtı məhv olacaqlar.
16 ၁၆ ယာကုပ်အမျိုး၏အဘို့သည် ထိုသို့သောအရာ နှင့် တူတော်မမူ။ ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်း သော ဘုရားဖြစ်တော်မူ၏။ ဣသရေလအမျိုးသည် အမွေခံတော်မူရာဖြစ်၏။ နာမတော်သည် ကောင်းကင် ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
Yaquba Nəsib Olan isə onlara bənzəməz, Çünki hər şeyi yaradan Odur. İsrail Onun irs qəbiləsidir, Onun adı Ordular Rəbbidir.
17 ၁၇ အိုရဲတိုက်၌နေသောသူ၊ မြေပေါ်မှာရှိသော သင်၏ဥစ္စာပရိကံများကို စုသိမ်းလော့။
Ey sən mühasirəyə alınan şəhərdə yaşayan, Şələ-küləni yerdən yığışdır.
18 ၁၈ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယခုပင် ငါသည်လောက် လွှဲစာကိုပစ်သကဲ့သို့၊ ပြည်သားများကို လောက်လွှဲထဲကပစ်၍၊ ရန်သူတို့ လက်သို့ရောက်စေခြင်း ငှါ ညှဉ်းဆဲမည်ဟု မိန့်တော်မူ၏။
Çünki Rəbb belə deyir: «Mən bu dəfə ölkənin sakinlərini Sapandla kənara atacağam. Onları dara salacağam ki, Düşmən əlinə keçsinlər».
19 ၁၉ ငါသည် ချိုးဖျက်ခြင်းကိုခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။
Əzabıma görə vay halıma! Yaram sağalmaz. Ancaq mən dedim: «Həqiqətən, bu mənim dərdimdir, Mən də ona dözməliyəm.
20 ၂၀ ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက် ကြ၏။ နောက်တဖန်ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူမရှိ။
Çadırım yıxıldı, Bütün iplərim qopdu. Uşaqlarım məni tərk etdi, Onlar artıq yoxdur. Çadırımı quran, pərdələrimi asan qalmadı.
21 ၂၁ အကြောင်းမူကား၊ သိုးထိန်းတို့သည် တိရစ္ဆာန် သဘောရှိ၍၊ ထာဝရဘုရားကို မရှာဖွေသောကြောင့် အကြံမမြောက်ရကြ။ သိုးစုအပေါင်းတို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။
Çünki xalqın çobanları ağılsız oldu, Rəbdən soruşmadılar. Buna görə də uğur qazanmadılar, Bütün sürüləri dağıldı.
22 ၂၂ အသံကိုကြားရ၏။ အနီးသို့လာ၏။ ယုဒမြို့တို့ကို ဖျက်ဆီး၍၊ မြေခွေးနေရာတွင် ဖြစ်စေခြင်းငှါ၊ ကြီးသော အသံဗလံသည် မြောက်မျက်နှာကလာ၏။
Dinləyin, bir xəbər yayılır: Şimal ölkəsindən böyük gurultu gəlir ki, Yəhuda şəhərlərini xarabalığa, Çaqqal yuvasına çevirsin.
23 ၂၃ အိုထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါမိမိခြေရာတို့ကို မစီရင်တတ်သည် ကို အကျွန်ုပ်သိပါ၏။
Ya Rəbb, bilirəm ki, İnsanın ömrü öz əlində deyil. Addımlarını düzəltmək Gedən adamın işi deyil.
24 ၂၄ အို ထာဝရဘုရား၊ အကျွန်ုပ်ကို ဆုံးမတော်မူ လျှင်၊ အကျိုးနည်းစေခြင်းငှါ အမျက်ထွက်တော်မမူပါနှင့်။ တရားတော်အတိုင်းသာ ဆုံးမတော်မူပါ။
Mənə cəza ver, ya Rəbb, Ancaq qəzəbinlə yox, ədalətinlə. Yoxsa məni heçə çıxardarsan.
25 ၂၅ ကိုယ်တော်ကိုမသိသော တပါးအမျိုးသားတို့ အပေါ်သို့၎င်း၊ နာမတော်ကို ပဌနာမပြုသော အမျိုး အနွယ်တို့အပေါ်သို့၎င်း အမျက်တော်ကို သွန်းလောင်း တော်မူပါ။ အကြောင်းမူကား၊ သူတို့သည် ယာကုပ်အမျိုး ကို အကုန်အစင်ကိုက်စား၍၊ သူ၏နေရာကို သုတ်သင် ပယ်ရှားကြပါပြီ။
Qəzəbini Səni tanımayan millətlərin, Adını çağırmayan tayfaların üzərinə tök. Çünki onlar Yaqub nəslini yedi, Onu yeyib-qurtardı, Yurdunu viran etdi».

< ယေရမိ 10 >