< ဟေရှာယ 54 >

1 သားမဘွားသော အမြုံမ၊ ဝမ်းမြောက်လော့။ သားဘွားခြင်းဝေဒနာကို မခံသေးသော မိန်းမ၊ ကြွေး ကြော်အော်ဟစ်လော့။ အကြောင်းမူကား၊ စွန့်ထားသော မိန်းမသည် လင်ရှိသော မိန်းမထက်သာ၍ များသော သားတို့ကို ဘွားမြင်ပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
רָנִּ֥י עֲקָרָ֖ה לֹ֣א יָלָ֑דָה פִּצְחִ֨י רִנָּ֤ה וְצַהֲלִי֙ לֹא־חָ֔לָה כִּֽי־רַבִּ֧ים בְּֽנֵי־שֹׁומֵמָ֛ה מִבְּנֵ֥י בְעוּלָ֖ה אָמַ֥ר יְהוָֽה׃
2 သင်၏တဲရာကို ကျယ်စေလော့။ သင်၏နေရာ မျက်နှာကြက်ကို ကြက်ဦးလော့။ နှမြောသော စိတ်မရှိ နှင့်။ ကြိုးတို့ကို ရှည်စေဦးလော့။ တိုင်တို့ကို မြဲစွာ စိုက် လော့။
הַרְחִ֣יבִי ׀ מְקֹ֣ום אָהֳלֵ֗ךְ וִירִיעֹ֧ות מִשְׁכְּנֹותַ֛יִךְ יַטּ֖וּ אַל־תַּחְשֹׂ֑כִי הַאֲרִ֙יכִי֙ מֵֽיתָרַ֔יִךְ וִיתֵדֹתַ֖יִךְ חַזֵּֽקִי׃
3 အကြောင်းမူကား၊ သင်သည် လက်ျာဘက်၊ လက်ဝဲဘက်၌ တိုးပွားလိမ့်မည်။ သင်၏အမျိုးအနွယ် သည် တပါးအမျိုးသားတို့ကို အမွေခံ၍၊ သူတို့၏ ဆိတ်ညံ သော မြို့တို့၌ နေကြလိမ့်မည်။
כִּי־יָמִ֥ין וּשְׂמֹ֖אול תִּפְרֹ֑צִי וְזַרְעֵךְ֙ גֹּויִ֣ם יִירָ֔שׁ וְעָרִ֥ים נְשַׁמֹּ֖ות יֹושִֽׁיבוּ׃
4 မစိုးရိမ်နှင့်။ ရှက်ကြောက်ခြင်းသို့မရောက်ရ။ မျက်နှာမပျက်နှင့်။ အရှက်ကွဲခြင်းကို မခံရ။ အသက် ငယ်စဉ်အခါ ခံရသော ရှက်ကြောက်ခြင်းကို မေ့လျော့ လိမ့်မည်။ မုတ်ဆိုးမဖြစ်၍ ခံရသော ကဲ့ရဲ့ခြင်းကို နောက် တဖန် မအောက်မေ့ရ။
אַל־תִּֽירְאִי֙ כִּי־לֹ֣א תֵבֹ֔ושִׁי וְאַל־תִּכָּלְמִ֖י כִּ֣י לֹ֣א תַחְפִּ֑ירִי כִּ֣י בֹ֤שֶׁת עֲלוּמַ֙יִךְ֙ תִּשְׁכָּ֔חִי וְחֶרְפַּ֥ת אַלְמְנוּתַ֖יִךְ לֹ֥א תִזְכְּרִי־עֹֽוד׃
5 အကြောင်းမူကား၊ သင့်ကို ဖန်ဆင်းသော သူ သည် သင်၏လင်ဖြစ်တော်မူ၏။ နာမတော်ကား၊ ကောင်း ကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်း။ သင့်ကို ရွေးနှုတ် သော သူသည် ဣသရေလအမျိုး၌ သန့်ရှင်းသော ဘုရား ဖြစ်တော်မူ၏။ မြေကြီးတပြင်လုံးကို အစိုးရသော ဘုရားဟူ၍ ခေါ်ရကြ၏။
כִּ֤י בֹעֲלַ֙יִךְ֙ עֹשַׂ֔יִךְ יְהוָ֥ה צְבָאֹ֖ות שְׁמֹ֑ו וְגֹֽאֲלֵךְ֙ קְדֹ֣ושׁ יִשְׂרָאֵ֔ל אֱלֹהֵ֥י כָל־הָאָ֖רֶץ יִקָּרֵֽא׃
6 စွန့်ပစ်၍ စိတ်ငြိုငြင်သော မိန်းမ၊ ငယ်စဉ်တွင် မယားဖြစ်၍၊ နောက်မှ ငြင်းပယ်သော မိန်းမကို တဖန် ခေါ်သကဲ့သို့ သင့်ကို ငါခေါ်မည်ဟု သင်၏ဘုရားသခင် မိန့်တော်မူ၏။
כִּֽי־כְאִשָּׁ֧ה עֲזוּבָ֛ה וַעֲצ֥וּבַת ר֖וּחַ קְרָאָ֣ךְ יְהוָ֑ה וְאֵ֧שֶׁת נְעוּרִ֛ים כִּ֥י תִמָּאֵ֖ס אָמַ֥ר אֱלֹהָֽיִךְ׃
7 သင့်ကို ခဏသာ ငါစွန့်သည် ဖြစ်၍၊ များစွာ သော ကရုဏာနှင့် တဖန်သိမ်းဆည်းဦးမည်။
בְּרֶ֥גַע קָטֹ֖ן עֲזַבְתִּ֑יךְ וּבְרַחֲמִ֥ים גְּדֹלִ֖ים אֲקַבְּצֵֽךְ׃
8 ပြင်းစွာသော အမျက်ထွက်၍ ခဏမျှ ငါမျက်နှာ လွှဲသော်လည်း၊ ထာဝရမေတ္တာနှင့် သင့်ကို ကယ်မသနား ဦးမည်ဟု သင့်ကို ရွေးနှုတ်သော ထာဝရဘုရား မိန့်တော် မူ၏။
בְּשֶׁ֣צֶף קֶ֗צֶף הִסְתַּ֨רְתִּי פָנַ֥י רֶ֙גַע֙ מִמֵּ֔ךְ וּבְחֶ֥סֶד עֹולָ֖ם רִֽחַמְתִּ֑יךְ אָמַ֥ר גֹּאֲלֵ֖ךְ יְהוָֽה׃ ס
9 နောဧလက်ထက်၌ လွှမ်းမိုးသောရေကို ငါသည် မှတ်၍၊ ထိုရေသည် မြေကြီးကို နောက်တဖန်မလွှမ်းမိုးရ ဟု ကျိန်ဆိုခြင်းကို ပြုသည်နည်းတူ၊ သင့်ကို အမျက် မထွက်၊ မဆုံးမဟု ကျိန်ဆိုခြင်းကို ပြုပြီ။
כִּי־מֵ֥י נֹ֙חַ֙ זֹ֣את לִ֔י אֲשֶׁ֣ר נִשְׁבַּ֗עְתִּי מֵעֲבֹ֥ר מֵי־נֹ֛חַ עֹ֖וד עַל־הָאָ֑רֶץ כֵּ֥ן נִשְׁבַּ֛עְתִּי מִקְּצֹ֥ף עָלַ֖יִךְ וּמִגְּעָר־בָּֽךְ׃
10 ၁၀ တောင်ကြီးတို့သည် ရွေ့၍၊ တောင်ငယ်တို့သည် လှုပ်ရှားသော်လည်း၊ ငါ၏မေတ္တာသည် သင်မှ မရွေ့ရ။ ငါ၏ငြိမ်သက်ခြင်း ပဋိညာဉ်လည်း မလှုပ်ရှားရဟု သင်၌ သနားခြင်းကရုဏာစိတ်ရှိတော်မူသော ထာဝရဘုရား မိန့်တော်မူ၏။
כִּ֤י הֶֽהָרִים֙ יָמ֔וּשׁוּ וְהַגְּבָעֹ֖ות תְּמוּטֶ֑נָה וְחַסְדִּ֞י מֵאִתֵּ֣ךְ לֹֽא־יָמ֗וּשׁ וּבְרִ֤ית שְׁלֹומִי֙ לֹ֣א תָמ֔וּט אָמַ֥ר מְרַחֲמֵ֖ךְ יְהוָֽה׃ ס
11 ၁၁ အို ညှဉ်းဆဲခြင်းနှင့် မိုဃ်းသက်မုန်တိုင်း တိုက် ခြင်းကို ခံရ၍၊ သက်သာမရနိုင်သောသူ၊ သင်၏ တိုက်ကို ဟင်းသပြတားသရွတ်နှင့် ငါစေ့စပ်မည်။ တိုက်မြစ်ကို နီလာဖြင့်၎င်း၊
עֲנִיָּ֥ה סֹעֲרָ֖ה לֹ֣א נֻחָ֑מָה הִנֵּ֨ה אָנֹכִ֜י מַרְבִּ֤יץ בַּפּוּךְ֙ אֲבָנַ֔יִךְ וִיסַדְתִּ֖יךְ בַּסַּפִּירִֽים׃
12 ၁၂ ပြအိုးတို့ကို ကျောက်နီဖြင့်၎င်း၊ တံခါးတို့ကို ပတ္တ မြားဖြင့်၎င်း၊ ပတ်ဝန်းကျင်တန်ဆာများကို ကျောက်မြတ် အမျိုးမျိုးဖြင့်၎င်း ငါပြီးစေမည်။
וְשַׂמְתִּ֤י כַּֽדְכֹד֙ שִׁמְשֹׁתַ֔יִךְ וּשְׁעָרַ֖יִךְ לְאַבְנֵ֣י אֶקְדָּ֑ח וְכָל־גְּבוּלֵ֖ךְ לְאַבְנֵי־חֵֽפֶץ׃
13 ၁၃ သင်၏သားသမီးအပေါင်းတို့သည် ထာဝရ ဘုရား ဆုံးမ သွန်သင်တော်မူသောသူဖြစ်၍၊ များစွာ သော စည်းစိမ်ချမ်းသာနှင့် ပြည့်စုံ ကြလိမ့်မည်။
וְכָל־בָּנַ֖יִךְ לִמּוּדֵ֣י יְהוָ֑ה וְרַ֖ב שְׁלֹ֥ום בָּנָֽיִךְ׃
14 ၁၄ သင်သည် ဖြောင့်မတ်ခြင်းတရားအားဖြင့် တည် လိမ့်မည်။ ညှဉ်းဆဲခြင်းနှင့် ဝေးသည်ဖြစ်၍ မကြောက်ရ။ ထိတ်လန့်ခြင်းသည်လည်း ဝေး၍၊ သင့်အနီးသို့မရောက် ရ။
בִּצְדָקָ֖ה תִּכֹּונָ֑נִי רַחֲקִ֤י מֵעֹ֙שֶׁק֙ כִּֽי־לֹ֣א תִירָ֔אִי וּמִ֨מְּחִתָּ֔ה כִּ֥י לֹֽא־תִקְרַ֖ב אֵלָֽיִךְ׃
15 ၁၅ ငါ၏အခွင့်မရှိဘဲ သင့်တဘက်၌ အဘယ်သူမျှ နေရာမကျရ။ နေရာကျဘူးသောသူတို့သည် သင့်ဘက်သို့ ဝင်စားကြလိမ့်မည်။
הֵ֣ן גֹּ֥ור יָג֛וּר אֶ֖פֶס מֵֽאֹותִ֑י מִי־גָ֥ר אִתָּ֖ךְ עָלַ֥יִךְ יִפֹּֽול׃
16 ၁၆ မီးကိုမှုတ်၍၊ မိမိအလုပ်တည်းဟူသောလက်နက် ကိုလုပ်တတ်သောပန်းပဲကို၎င်း၊ ဖျက်ဆီးစေခြင်းငှါ ဖျက်ဆီးသောသူကို၎င်း ငါဖန်ဆင်း၏။
הֵן (הִנֵּ֤ה) אָֽנֹכִי֙ בָּרָ֣אתִי חָרָ֔שׁ נֹפֵ֙חַ֙ בְּאֵ֣שׁ פֶּחָ֔ם וּמֹוצִ֥יא כְלִ֖י לְמַעֲשֵׂ֑הוּ וְאָנֹכִ֛י בָּרָ֥אתִי מַשְׁחִ֖ית לְחַבֵּֽל׃
17 ၁၇ သင့်တဘက်၌ လုပ်သောလက်နက် တစုံတခုမျှ အထမမြောက်ရ။ သင့်ကိုတရား တွေ့သောသူ မည်သည် ကား၊ အရှုံးခံရလိမ့်မည်။ ထာဝရဘုရား၏ ကျွန်တို့သည် ထိုသို့သော အမွေကို ခံရ၍၊ ငါ့ကြောင့် ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
כָּל־כְּלִ֞י יוּצַ֤ר עָלַ֙יִךְ֙ לֹ֣א יִצְלָ֔ח וְכָל־לָשֹׁ֛ון תָּֽקוּם־אִתָּ֥ךְ לַמִּשְׁפָּ֖ט תַּרְשִׁ֑יעִי זֹ֡את נַחֲלַת֩ עַבְדֵ֨י יְהוָ֧ה וְצִדְקָתָ֛ם מֵאִתִּ֖י נְאֻם־יְהוָֽה׃ ס

< ဟေရှာယ 54 >

A Dove is Sent Forth from the Ark
A Dove is Sent Forth from the Ark