< ဟေရှာယ 53 >

1 ငါတို့ ဟောပြောသော သိတင်းစကားကို အဘယ်သူ ယုံသနည်း။ ထာဝရဘုရား၏ လက်တော် သည် အဘယ်သူအား ထင်ရှားတော်မူသနည်း။
מִ֥י הֶאֱמִ֖ין לִשְׁמֻעָתֵ֑נוּ וּזְרֹ֥ועַ יְהוָ֖ה עַל־מִ֥י נִגְלָֽתָה׃
2 ထာဝရဘုရား၏ကျွန်သည် အညွန့်ကဲ့သို့၎င်း၊ သွေ့ခြောက်သောမြေ၌ ပေါက်သောအတက်ကဲ့သို့၎င်း၊ ရှေ့တော်၌ ကြီးပွား၏။ ပမာဏပြုစရာ အဆင်းတင့်တယ် ခြင်းမရှိ။ ချစ်လိုဘွယ်သော မျက်နှာလက္ခဏာနှင့် မပြည့်စုံ။
וַיַּ֨עַל כַּיֹּונֵ֜ק לְפָנָ֗יו וְכַשֹּׁ֙רֶשׁ֙ מֵאֶ֣רֶץ צִיָּ֔ה לֹא־תֹ֥אַר לֹ֖ו וְלֹ֣א הָדָ֑ר וְנִרְאֵ֥הוּ וְלֹֽא־מַרְאֶ֖ה וְנֶחְמְדֵֽהוּ׃
3 မထီမဲ့မြင်ပြုခြင်းကို ခံ၍၊ လူတို့တွင် အယုတ်ဆုံး သော သူဖြစ်၏ ငြိုငြင်သောသူ၊ နာကြဉ်းခြင်းဝေဒနာနှင့် ကျွမ်းဝင်သော သူဖြစ်၏။ သူတပါးမျက်နှာလွှဲခြင်းကို ခံရ သော သူကဲ့သို့ဖြစ်၏။ မထီမဲ့မြင်ပြုခြင်းကို ခံလျက်ရှိ၍၊ ငါတို့သည် မရိုသေကြ။
נִבְזֶה֙ וַחֲדַ֣ל אִישִׁ֔ים אִ֥ישׁ מַכְאֹבֹ֖ות וִיד֣וּעַ חֹ֑לִי וּכְמַסְתֵּ֤ר פָּנִים֙ מִמֶּ֔נּוּ נִבְזֶ֖ה וְלֹ֥א חֲשַׁבְנֻֽהוּ׃
4 သို့သော်လည်း၊ ထိုသူသည် ငါတို့အနာရောဂါ ဝေဒနာများကို ယူတင်ဆောင်ရွက်လေ၏။ ဒဏ်ခတ် တော်မူခြင်းကို၎င်း၊ ဘုရားသခင်ဆုံးမ၍ နှိမ့်ချတော်မူ ခြင်းကို၎င်း ခံရသောသူဖြစ်သည်ဟု ငါတို့သည် ထင်မှတ် ကြပြီ။
אָכֵ֤ן חֳלָיֵ֙נוּ֙ ה֣וּא נָשָׂ֔א וּמַכְאֹבֵ֖ינוּ סְבָלָ֑ם וַאֲנַ֣חְנוּ חֲשַׁבְנֻ֔הוּ נָג֛וּעַ מֻכֵּ֥ה אֱלֹהִ֖ים וּמְעֻנֶּֽה׃
5 ထိုသူသည် ငါတို့ လွန်ကျူးခြင်းအပြစ်များ ကြောင့်၊ နာကျင်စွာ ထိုးခြင်း၊ နှိပ်စက်ခြင်းကို ခံရလေ၏။ ငါတို့၏ ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေသော ဆုံးမခြင်း သည် သူ့အပေါ်သို့ ရောက်၍၊ သူခံရသော ဒဏ်ချက်အား ဖြင့် ငါတို့သည် အနာပျောက်လျက် ရှိကြ၏။
וְהוּא֙ מְחֹלָ֣ל מִפְּשָׁעֵ֔נוּ מְדֻכָּ֖א מֵעֲוֹנֹתֵ֑ינוּ מוּסַ֤ר שְׁלֹומֵ֙נוּ֙ עָלָ֔יו וּבַחֲבֻרָתֹ֖ו נִרְפָּא־לָֽנוּ׃
6 ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။
כֻּלָּ֙נוּ֙ כַּצֹּ֣אן תָּעִ֔ינוּ אִ֥ישׁ לְדַרְכֹּ֖ו פָּנִ֑ינוּ וַֽיהוָה֙ הִפְגִּ֣יעַ בֹּ֔ו אֵ֖ת עֲוֹ֥ן כֻּלָּֽנוּ׃
7 ထိုသူသည် ညှဉ်းဆဲခြင်းနှင့် နှိမ့်ချခြင်းကို ခံ၍ နှုတ်ကို မဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှါ ဆောင်သွား သော သိုးသငယ်ကဲ့သို့ သူ့ကို ဆောင်သွား၍၊ သိုးသည် အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည် နှုတ်ကို မဖွင့်ဘဲ နေ၏။
נִגַּ֨שׂ וְה֣וּא נַעֲנֶה֮ וְלֹ֣א יִפְתַּח־פִּיו֒ כַּשֶּׂה֙ לַטֶּ֣בַח יוּבָ֔ל וּכְרָחֵ֕ל לִפְנֵ֥י גֹזְזֶ֖יהָ נֶאֱלָ֑מָה וְלֹ֥א יִפְתַּ֖ח פִּֽיו׃
8 မတရားစွာ စီရင်ခြင်းအားဖြင့် သူ့ကို ထုတ်သွား ကြ၏။ အသက်ရှင်သော သူတို့၏ နေရာမှ သူ့ကို သုတ် သင်ပယ်ရှင်းသည်ဖြစ်၍၊ သူ၏အမျိုးအနွယ်ကို အဘယ် သူပြညွှန်မည်နည်း။ ငါ၏လူမျိုးအပြစ်ကြောင့် ဒဏ်ခတ် တော်မူခြင်းကို ခံလေ၏။
מֵעֹ֤צֶר וּמִמִּשְׁפָּט֙ לֻקָּ֔ח וְאֶת־דֹּורֹ֖ו מִ֣י יְשֹׂוחֵ֑חַ כִּ֤י נִגְזַר֙ מֵאֶ֣רֶץ חַיִּ֔ים מִפֶּ֥שַׁע עַמִּ֖י נֶ֥גַע לָֽמֹו׃
9 ပြစ်မှားခြင်းကို မပြု။ သူ၏နှုတ်၌ မုသာမရှိ သော်လည်း၊ လူဆိုးတို့နှင့်အတူ မြေမြှုပ်ခြင်းငှါ စီရင် ကြ၏။ သို့ရာတွင် သေပြီးမှ သူဌေး၌ ရှိ၏။
וַיִּתֵּ֤ן אֶת־רְשָׁעִים֙ קִבְרֹ֔ו וְאֶת־עָשִׁ֖יר בְּמֹתָ֑יו עַ֚ל לֹא־חָמָ֣ס עָשָׂ֔ה וְלֹ֥א מִרְמָ֖ה בְּפִֽיו׃
10 ၁၀ ထာဝရဘုရားသည် သူ့ကို နှိပ်စက်ခြင်းငှါ အလို တော်ရှိ၍ နာစေတော်မူ၏။ သူသည် အပြစ်ဖြေသော ယဇ်ကိုပူဇော်ပြီးမှ၊ အမျိုးအနွယ်တော်ကို မြင်ရလိမ့်မည်။ အသက်တော်လည်း ရှည်လိမ့်မည်။ ထာဝရဘုရား၏ အကြံတော်သည်လည်း သူ၏လက်၌ ပြည့်စုံခြင်းသို့ ရောက်လိမ့်မည်။
וַיהוָ֞ה חָפֵ֤ץ דַּכְּאֹו֙ הֶֽחֱלִ֔י אִם־תָּשִׂ֤ים אָשָׁם֙ נַפְשֹׁ֔ו יִרְאֶ֥ה זֶ֖רַע יַאֲרִ֣יךְ יָמִ֑ים וְחֵ֥פֶץ יְהוָ֖ה בְּיָדֹ֥ו יִצְלָֽח׃
11 ၁၁ မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန် ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။
מֵעֲמַ֤ל נַפְשֹׁו֙ יִרְאֶ֣ה יִשְׂבָּ֔ע בְּדַעְתֹּ֗ו יַצְדִּ֥יק צַדִּ֛יק עַבְדִּ֖י לָֽרַבִּ֑ים וַעֲוֹנֹתָ֖ם ה֥וּא יִסְבֹּֽל׃
12 ၁၂ ထိုသို့ မိမိအသက်ကို သေခြင်း၌ သွန်း၍၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သ ဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည်။
לָכֵ֞ן אֲחַלֶּק־לֹ֣ו בָרַבִּ֗ים וְאֶת־עֲצוּמִים֮ יְחַלֵּ֣ק שָׁלָל֒ תַּ֗חַת אֲשֶׁ֨ר הֶעֱרָ֤ה לַמָּ֙וֶת֙ נַפְשֹׁ֔ו וְאֶת־פֹּשְׁעִ֖ים נִמְנָ֑ה וְהוּא֙ חֵטְא־רַבִּ֣ים נָשָׂ֔א וְלַפֹּשְׁעִ֖ים יַפְגִּֽיעַ׃ ס

< ဟေရှာယ 53 >