< ဟေရှာယ 38 >

1 ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲ သဖြင့်၊ အာမုတ်သား ပရောဖက်ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင်၊ သေရမည်ဟု အမိန့် တော်ကို ပြန်လေ၏။
Siku zile Hezekia alikuwa anaumwa karibia na kufa. Hivyo Isaya mtoto wa Amozi, nabii alikuja kwake na kumwambia, ''Yahwe amesema, 'panga mambo yako maana utakufa, hautaishi.'
2 ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့် ၍၊ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာ စောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍၊ နှစ်သက် တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော် မူပါ။ အကျွန်ုပ်တောင်းပန်ပါ၏ဟု အလွန်ငိုကြွေးလျက်၊ ထာဝရဘုရားကို ဆုတောင်းလေ၏။
'Halafu Hezekia akaugeukia ukuta na akamuomba Yahwe.
3
Na akasema, ''samahani Yahwe, kumbuka jinsi nilivyoenenda kwa uaminifu mbele zako kwa moyo wangu wote, na jinsi nilivyofanya matendo mema katika macho yako.'' Na Hezekia akalia kwa sauti.
4 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဟေရှာယသို့ရောက်၍၊
Basi neno la Yawe likamjia Isaya, na kusema,
5 သင်သည် ဟေဇကိမင်းထံသို့ သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင်ထာဝရဘုရား မိန့်တော် မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အသက်၌ တဆယ် ငါးနှစ်ကို ငါဆက်၍ ပေးမည်။
''Nenda ukamwambie Hezekia, kiongozi wa watu wangu, ''Hivi ndivyo Yahwe, Mungu wa Daudi babu yenu, amesema: Nimeyasikiliza maombi yako, na nimeyaona machozi yako. Ona ninakaribia kuongeza miaka kumi na tano katika maisha yako.
6 သင်နှင့် ဤမြို့ကို အာရှုရိရှင်ဘုရင်လက်မှ ငါ ကယ်လွှတ်မည်။ ဤမြို့ကို ငါ ကွယ်ကာစောင့်မမည် အရာကို ပြောလော့ဟု မိန့်တော်မူ၏။
Na nitakukomboa wewe pamoja mji huu kutoka kwenye mkono wamfalme wa Asiria, na nitaulinda huu mji.
7 ဟေရှာယက၊ ထာဝရဘုရား အမိန့်တော်ရှိသည် အတိုင်း ပြုတော်မူမည်ဟု ထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာသက်သေဟူမူကား၊
Na hii itakuwa alama kwako kutoka kwangu, Yahwe, kwamba nitafanya nilichokisema:
8 ကြည့်ရှုလော့။ အာခတ်၏နေတိုင်းနာရီပေါ်မှာ ရွေ့သော အရိပ်ကို ဆယ်ချက်ပြန်စေမည်ဟု ဆို၏။ ဆိုသည်အတိုင်း ဆယ်ချက်ရွေ့ပြီးသော အရိပ်သော ဆယ်ချက်ပြန်လေ၏။
Angalia, nitasababisha kimvuli katika nyumba ya Ahazi kwenda nyuma hautua kumi.'' hivvyo basi kivuli kilirudi nyuma hatua kumi juu ya nyumba iliyopanda juu.
9 ယုဒမင်းကြီးဟေဇကိသည် အနာမှ ထမြောက် ၍ ရေးထားသော စာဟူမူကား၊
Haya ndiyo maandishi ya maombi ya Hezekia mfalme wa Yuda, alipokuwa anaumwa halafu akapona:
10 ၁၀ ငါသည် ငြိမ်သက်စွာ နေစဉ်အခါ၊ မရဏာနိုင်ငံ တံခါးသို့ ဝင်ရပါသည်တကား။ ငါ၌ ကြွင်းသော နှစ်များ ကို ငါ ရှုံးပြီဟု ငါဆိုသတည်း။ (Sheol h7585)
''Nimesema kwamba nusu ya maisha yangu nitapita katika mlango wa kuzimu; Nilitumwa pale miaka yangu yote. (Sheol h7585)
11 ၁၁ အသက်ရှင်သော သူတို့၏ နေရာ၌၊ ထာဝရ ဘုရားကို ငါမမြင်ရ။ ငြိမ်းရာအရပ်သားတို့နှင့် ပေါင်း ဘော်ရသဖြင့်၊ နောက်တဖန် လူတို့ကို မမြင်ရ။
Nikasema sitamuona tena Yahwe, Yahwe kaika nchi ninayoishi; sitaangalia watu tena au wenyeji wa dunia hii.
12 ၁၂ သိုးထိန်းတဲကဲ့သို့ ငါနေသော အိမ်ကို နှုတ်ပယ် ၍၊ အခြားတပါးသို့ ဆောင်သွားပြီ။ ရက်ကန်းသည် ပြုသကဲ့သို့ ငါ့အသက်သည် လိပ်လျက်ရှိ၍၊ ရက်ကန်းစင် မှ ငါ့ကို ပယ်ဖြတ်တော်မူလိမ့်မည်။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေ တော်မူလိမ့်မည်ဟု ငါဆိုသတည်း။
Maisha yangu yameondolea na kupelekwa mbali na mimi kama hema la mchungaji; Niliyakunja maisha yangu juu kama mfumaji; ameniondoa katika kifungo; kati ya mchana na usiku ameyakomesha maisha yangu.
13 ၁၃ ငါ့အရိုးရှိသမျှတို့ကို ချိုးတော်မူသည် ဖြစ်၍၊ ငါသည် ခြင်္သေ့ဟောက်သကဲ့သို့ နံနက်တိုင်အောင် မြည်ရ ၏။ တနေ့ခြင်းတွင် ငါ့ကို ဆုံးစေတော်မူလိမ့်မည်ဟု ငါဆိုသတည်း။
Nililia mpaka asubuhi; kama simba anaivunja mifupa yangu. Kati ya usiku na mchana ameyakomesha maisha yangu.
14 ၁၄ ငါသည် တီတီတွတ်နှင့် ဇရက်ကဲ့သို့ မြည်၍ ချိုးကဲ့ သို့ ညည်းတွန်ရ၏။ ငါ့မျက်စိတို့သည် မျှော်ကြည့်၍ အားလော့ကြပြီ။ အိုဘုရားရှင်၊ ညှဉ်းဆဲခြင်းကို ခံရသော အကျွန်ုပ်ဘက်၌ နေတော်မူပါ။
Kama mbayuwayu ndivyo nilivyolia; nililia kama njiwa; macho yangu yalichoka kuangalia juu. Bwana ninateseka; nisaidie mimi.
15 ၁၅ အဘယ်သို့ ငါပြောရမည်နည်း။ ငါ့အား ဂတိ ပေးတော်မူပြီ။ ဂတိတော်အတိုင်းလည်း ပြုတော်မူပြီ။ ငါ၌ ကျန်ကြွင်းသော နှစ်စဉ်ကာလပတ်လုံး၊ ငါသည် စိတ် ဆင်းရဲခြင်းကို အောက်မေ့၍၊ ဖြည်းဖြည်းသွားပါမည်။
Niseme nini? wote wameongea na mimi na amefanya hivyo; Nitatembea taratibu miaka yangu yote maana ninayashinda kwa huzuni.
16 ၁၆ အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် အသက်ရှင် ရပါ၏။ ထိုအရာရှိသမျှတို့၌ အကျွန်ုပ်ဝိညာဉ်၏ အသက် တည်ရပါ၏။ ကိုယ်တော်သည် အကျွန်ုပ် အနာရောဂါကို ငြိမ်းစေ၍၊ အကျွန်ုပ်အသက်ကို ရှင်စေတော်မူ၏။
Bwana, mateso uliyoyatuma ni mazuri kwangu; ikiwezekana nirudishiwe tena maisha yangu; umeyahifadhi maisha maisha yangu na afya yangu.
17 ၁၇ အကျွန်ုပ်ခံရသော ဝေဒနာသည် ငြိမ်းပါပြီ။ အကျွန်ုပ်၏ ဝိညာဉ်ကို သနား၍၊ ဖျက်ဆီးရာ တွင်းထဲက နှုတ်ယူတော်မူပြီ။ အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက် တော်သို့ ပစ်လိုက်တော်မူပြီ။
Ni kwa faida yangu kwamba nimwpitia huzuni kama hii. Umenikomboa kutoka kwenye shimo la uharibifu; maana umetupa dhambi zangu nyuma yako.
18 ၁၈ အကယ်စင်စစ် မရဏာနိုင်ငံသည် ဂုဏ်တော်ကို မချီးမွမ်းရပါ။ သေနေသော သူသည် ဂုဏ်တော်ကို ထောမနာသီချင်းမဆိုရပါ။ တွင်းထဲသို့ ဆင်းသော သူသည် သစ္စာတော်ကို မမြော်လင့်ရပါ။ (Sheol h7585)
Maana kuzimu hapata kushukuru wewe; kifo hakikusifu wewe; wale wote waendao ndani ya shimo hawana matumaini ya uaminifu wako. (Sheol h7585)
19 ၁၉ အသက်ရှင်သောသူ၊ အသက်ရှင်သော သူသာ လျှင်၊ ယနေ့ အကျွန်ုပ်ပြုသကဲ့သို့၊ ဂုဏ်တော်ကို ချီးမွမ်း ရပါလိမ့်မည်။ အဘသည် သားတို့အား သစ္စာတော်ကို ဘော်ပြရပါလိမ့်မည်။
Mtu anayeishi, mtu anayeishi, ndiye anayekushukuru wewe, kama ninavyofanya leo; baba atawjulisha watoto uaminifu wako.
20 ၂၀ ထာဝရဘုရားသည် ငါ့ကို ကယ်တင်တော်မူပြီ။ ထိုကြောင့်၊ ငါတို့သည် တသက်လုံး ဗိမာန်တော်၌ စောင်း တီး၍ သီချင်းဆိုကြလိမ့်သတည်း။
Yahwe anakarbia kunikomboa mimi, na tutasherekea kwa mziki siku zote za maisha yetu katika nyumba ya Yahwe.''
21 ၂၁ ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီးအလုံး အထွေးကိုယူ၍ နယ်ပြီးမှ၊ အနာကို အုံကြလော့။ ထိုသို့ ပြုလျှင် မင်းကြီးသည် သက်သာရလိမ့်မည်ဟု ဆိုလေ၏။
Sasa Isaya alisema, ''Waacheni wachukue donge mitini na kuliweka kweye jipu naye atapona.
22 ၂၂ ဟေဇကိမင်းကလည်း၊ ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်ဆိုသော်၊ အဘယ်လက္ခဏာ သက်သေရှိ သနည်းဟု မေး၏။
''Hezekia pia alisema, ''Je ni ishara gan ya kwamba nitaiende juu katika nyumba ya Yahwe?''

< ဟေရှာယ 38 >