< ဟေရှာယ 14 >

1 အကြောင်းမူကား၊ ထာဝရဘုရားသည် ယာကုပ်အမျိုးကို သနား၍ ဣသရေလအမျိုးကို တဖန်ရွေးကောက်သဖြင့်၊ သူတို့ကို နေရင်းပြည်၌နေရာ ချတော်မူလိမ့်မည်။ တကျွန်း တနိုင်ငံသားတို့သည် သူတို့နှင့် ပေါင်းဘော်၍ ယာကုပ်အမျိုး၌ ဆည်းကပ်ကြ လိမ့်မည်။
Yahwe atakuwa na huruma juu ya Yakobo; atamchagua tena Israeli na kumrudisha tena kwenye nchi yake. Wageni wataungana nao na wataambatana wenyewe na nyumba ya Yakobo.
2 တပါးအမျိုးသားတို့သည် သူတို့ကို နေရင်း အ ရပ်သို့ ပို့ဆောင်ကြလိမ့်မည်။ ဣသရေလအမျိုးသားတို့ သည် တပါးအမျိုးသားတို့ကို ထာဝရဘုရား၏ ပြည် တော်တွင်၊ကျွန်နှင့် ကျွန်မအရာ၌ ထား၍ စေစားကြလိမ့် မည်။ အထက်က သိမ်းသွားဘူးသော သူတို့ကို တဖန် သိမ်းယူခဲ့ကြလိမ့်မည်။ ညှဉ်းဆဲဘူးသော သူတို့ကိုလည်း အုပ်စိုးကြလိမ့်မည်။
Mataifa yataletwa katika maeneo yao wenyewe. Ndipo nyumba ya Israeli itawachukwa katika nchi ya Yahwe kwa watumishi wa kiume na wakike. Watachukuwa wafungwa wale waliokamatwa, na watawaongoza wale waliokuwa wanawanyanyasa.
3 ထိုအခါ ထာဝရဘုရားသည် သင့်ကို ငြိုငြင်ခြင်း၊ စိုးရိမ်ခြင်း၊ သူတပါး စေစား၍ ဆင်းရဲစွာ အစေ ကျွန် ခံရခြင်းထဲက နှုတ်၍၊ ချမ်းသာ ပေးတော် မူလျှင်၊
Siku hiyo Yahwe atatoa pumziko kutoka kwenye mateso na maumivu, na kutoka kwenye kazi ngumu ambayo waliitajika kuzifanya,
4 သင်သည် ဗာဗုလုန် ရှင်ဘုရင်ကို ရည်ဆောင်၍၊ ပုံစကားကို ဤသို့မြွက်ဆိုလိမ့်မည်။ အစိုးတရပြုသော သူသည် ဆုံးလေပြီတကား။ ရွှေမြို့တော်သည် ဆုံးလေ ပြီကား။
mtaimba hii kauli wimbo juu ya mfalme wa Babeli, ''Ni kwa jinsi gani wayanyasaji wamefika mwisho, kiburi cha hasira kimekwisha!
5 လူသတ္တဝါတို့ကို အမျက်ထွက်၍၊ အစဉ်မပြတ် ရိုက်ခြင်း၊အတိုင်းတိုင်း အပြည်ပြည်တို့ကို မာနစိတ်နှင့် အုပ်စိုး၍၊အစဉ်မပြတ် ညှဉ်းဆဲခြင်းကို ပြုသော အဓမ္မ လူတို့၏တောင်ဝေးကို၎င်း၊
Yahwe amevunja wafanyakazi waovu, fimbo ya hao viongozi,
6 ထိုသို့အစိုးရသော သူတို့၏ ရာဇလှံတံကို၎င်း၊ထာဝရဘုရား ချိုးတော်မူပြီ။
inayowapeleka watu kwenye laana na mapigo yasiyopimika, wanoongoza taifa kwa hasira,
7 မြေတပြင်လုံးသည် ငြိမ်ဝပ်ချမ်းသာခြင်းရှိ၏။ ရွှင်လန်းစွာ သီချင်းဆိုသံနှင့် ကြွေးကြော်ကြ၏။
yote iko katika punziko na utulivu; wmeanza kusherekea kwa kiimba.
8 ထင်းရှုးပင်နှင့် လေဗနုန် အာရဇ်ပင်တို့က၊ သင်တို့သည် လဲပြီးသည်နောက်၊ ငါတို့ကို ခုတ်လှဲသော သူသည် မတက်မလာရဟု သင့်ကို ရည်ဆောင်၍ ဝမ်းမြောက်ကြ၏။
Hata mti wa mseprasi inafuhaia pamoja mierezi ya Lebanoni; inasema, Tangu ulipoweka chini, hakuna mkata kuni aliyekuja kutungusha sisi,
9 သင်သည် ရောက်လာသောအခါ၊ အောက်အ ရပ် မရဏာနိုင်ငံသည် ကြိုဆိုအံ့သောငှါ လှုပ်လေ၏။ သင်္ချိုင်းသားများနှင့် လောကီမင်းများအပေါင်းတို့ကို သင့်အတွက်ကြောင့် နှိုးဆော်လေ၏။ အတိုင်းတိုင်း အပြည်ပြည်သော ရှင်ဘုရင် အပေါင်းတို့ကို ရာဇပလ္လင် တို့မှ ထစေ၏။ (Sheol h7585)
Kuzimu haina hamu kwa ajili yako unaye enda pale. Watafufuka waliokufa kwa ajili yako, wafalme wote wa dunia, wafanje watoke katika viti vyao vya enzi, wafalme wote wa mataifa. (Sheol h7585)
10 ၁၀ ထိုသူအပေါင်းတို့က၊ သင်သည်လည်း ငါတို့ကဲ့သို့ အားနည်းပါသည်တကား။ ငါနှင့် တူပါသည် တကား။
Watazungumza na kukuambia wewe, 'umekuwa dhaifu kama sisi.
11 ၁၁ သင်၏ ဘုန်းအသရေနှင့် သင်၏ တုရိယာမျိုး အသံဗလံတို့ကို မရဏနိုင်ငံတွင် ရှုတ်ချလေပြီတကား။ သင့်အောက်၌ ပိုးကောင်များကို ခင်းလျက်၊ သင့်အပေါ်၌ တီကောင်များကို ခြုံလျက်ရှိပါသည်တကားဟု သင့်ကို နှုတ်ဆက်၍ ပြောဆိုကြလိမ့်မည်။ (Sheol h7585)
Kiburi chako kimeshushwa kuzimu na sauti kifaa cha kamba yako. Buu wameongezeka chini yako na vijidudu vinakufunika wewe.' (Sheol h7585)
12 ၁၂ အိုနံနက်သား၊ မိုဃ်းသောက်ကြယ်၊ သင်သည် ကောင်းကင်က ကျလေပြီတကား။ အပြည်ပြည် တို့ကို နှိပ်စက်သောသင်သည်၊ မြေတိုင်အောင် ခုတ်လှဲခြင်းကို ခံရလေပြီတကား။
Kwa jinsi gani ulivyoanguka kutoka mbinguni, nyota ya siku, jua la asubuhi! ni kwa jinsi gani mlivyoshushwa chini, umeyashinda mataifa!
13 ၁၃ သင်ကလည်း၊ ကောင်းကင်ပေါ်သို့ငါ တက် မည်။ ဘုရားသခင်၏ ကြယ်တို့အပေါ်မှာ ငါ့ပလ္လင်ကို ငါချီးမြှောက်မည်။ မြောက်မျက်နှာဘက်၊ ဗျာဒိတ်တော် တောင်ပေါ်မှာ ငါထိုင်မည်။
Unasema katika moyo wako, ' Nitapaa kutoka juu mbinguni, nitanyanyua enzi yangu juu ya nyota za Mungu, na nitakaa kwenye mlima wa kukusanyikia, kwa mbali kufika kaskazini.
14 ၁၄ မိုဃ်းတိမ်ထိပ်ပေါ်သို့ ငါတက်မည်။ အမြင့်ဆုံး သောဘုရားကဲ့သို့ ငါနေမည်ဟု စိတ်အကြံရှိ လေပြီ။
Nitapaa juu umbali wa mawingu; Nitalifanya mimi mwenyewe kama Mungu aliye juu zaidi.'
15 ၁၅ သို့သော်လည်း၊ သင်သည်မရဏနိုင်ငံ၊ သင်္ချိုင်း တွင်းထဲသို့ နှိမ့်ချခြင်းကို ခံရလေပြီ။ (Sheol h7585)
Lakini kwa sasa umeshushwa chini kuzimu, kwenye kina cha shimo. (Sheol h7585)
16 ၁၆ သင့်ကိုမြင်သောသူတို့သည် စေ့စေ့ကြည့်ရှု၍ ဆင်ခြင်ပြီးလျှင်၊ မြေကြီးကို တုန်လှုပ်စေ၍၊ တိုင်းနိုင်ငံများ ကို လှုပ်ချောက်သောသူကား ဤသူလော။
Wale wanaokuona watakuangalia wewe, watakuangalia sana. Watasema, Je ni huyu mtu aliyefanya dunia itetemeke, nani aliyetingisha falme,
17 ၁၇ လောကီနိုင်ငံကို တောကဲ့သို့ဖြစ်စေ၍၊ မြို့များကို ဖျက်ဆီးသောသူ၊ အချုပ်ခံရသောသူတို့ကို မိမိနေရာသို့ တဖန်မလွှတ်သောသူကား ဤသူလော။
ni nani aliyefanya dunia kama jangwa, ni nani aliyeharibu miji yake, na hataki kuwachia wafungwa waende nyumbani?'
18 ၁၈ အပြည်ပြည်သောရှင်ဘုရင်အပေါင်းတို့သည် အသီးအသီး မိမိတို့စေတီ၌ ဘုန်းအသရေနှင့် အိပ်ကြ၏။
Wafalme wote wamataifa, wote kwa pamoja wamelala chini kwa heshima, kila mtu kwa kaburi lake.
19 ၁၉ သင့်ကိုမူကား၊ရွံရှာဘွယ်သော သစ်ခက်ကဲ့သို့ သင်္ချိုင်းထဲကထုတ်ပစ်ရ၏။ ကွပ်မျက်သောသူ၊ ထားဖြင့်ထိုးသောသူ၊ သင်္ချိုင်းတွင်း၌ ကျောက်စုထဲသို့ ချသောသူများနှင့် ဖုံးအုပ်လျက်၊ ခြေဖြင့်ကျော်နင်း သောအသေကောင်ဖြစ်လေ၏။
Lakini umetupwa nje ya kaburi lako kama tawi lilivyotupwa mbali. Maiti imekufunika kama vazi, na wale wanaochomwa kwa upanga, nani wale washukao mpaka misingi ya shimo.
20 ၂၀ သူတပါးတို့နှင့်ရောနှော၍ သင်္ဂြိုလ်ခြင်းကိုမခံရ။ အကြောင်းမူကား၊ မိမိပြည်ကို ဖျက်ဆီးပြီ။ မိမိအမျိုး သား ချင်းတို့ကို သတ်လေပြီ။ အဓမ္မပြုသော သူတို့၏အနွယ် သည် ဂုဏ်အသရေအလျှင်းမရှိရဟု ပြောဆိုကြလိမ့်မည်။
Hautaunganishwa pamoja katika mazishi, kwa sababu umeiharibu nchi yako na kuuwa watu wako. Watoto wa watenda maovu hawatatajwa tena.''
21 ၂၁ သူ၏ သားမြေးတို့သည်မထ၊ မြေကြီးကိုမပိုင်၊ မြေတပြင်လုံးတွင် ရန်သူများကို မနှိုးဆော်နိုင် မည်အ ကြောင်း၊ သူတို့အဘို့ ဘိုးဘေးတို့၏ အပြစ်ကြောင့်ကွပ် မျက်ခြင်းကို ပြင်ကြလော့။
Anda machinjio kwa ajili ya watoto wake, kwa sababu ya uovu wa mababu zao, hivyo basi hawatanyanyuka juu na na kuimiliki aridhi ya nchi iliyojaa miji ya dunia yote.''
22 ၂၂ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ငါသည်သူတို့တဘက်၌ ထ၍ ဗာဗုလုန် မြို့၏နာမနှင့် အကြွင်းအကျန်ကို၎င်း၊ သားမြေးတို့ကို၎င်း ပယ်ဖြတ်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
Nitapanda juu yao''- hili ni tamko la Yahwe wa majeshi. Nitang'oa jina katika Babeli, uzao, na ukoo''- hili ndilo tamko la Yahwe.
23 ၂၃ ငါသည် ထိုမြို့ကို ဖြူကောင်များနေရာ၊ ရေလွှမ်း မိုးရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်း၏ တန်မြက်စည်း ဖြင့်လှည်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရ ဘုရားမိန့်တော်မူ၏။
Tena nitaifanya nchi hiyo kuwa makao ya bundi, dimbwi la maji, nanitawafagia kwa mfagio wa uharibifu''- hili ni tamko la Yahwe wa majeshi.
24 ၂၄ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ကျိန်ဆို၍ မိန့်တော်မူသည်ကား၊
Yahwe wa majeshi ameapa, ''Hakika, kama nilivyodhamiria, itakuwa kama ilivyo; na kama nilivyo kusudia itakuwa:
25 ၂၅ ငါ၏မြေပေါ်မှာ အာရှုရိမင်းကို ငါနှိပ်စက်မည်။ ငါ၏ တောင်ရိုးပေါ်မှာ ခြေဖြင့် ကျော်နင်းမည်ဟု ငါကြံ စည်သည် အတိုင်းဖြစ်၍၊ ငါစီရင်ချက်လည်း တည်ရ လိမ့် မည်။ ထိုအခါ သူ၏ ထမ်းဘိုးကို သူတပါးအပေါ်က ရွှေ့ ၍၊သူတို့ပခုံးပေါ်မှာ တင်သောဝန်ကိုချရသော အခွင့်ရှိ လိမ့်မည်။
Nitawavunja Waasiria kwa mikono yangu, na kukanyaga milima kwa miguu yangu mwenyewe. Hivyo nira yake itanyanyuliwa juu yao na mzigo juu ya mabega yao.''
26 ၂၆ မြေတပြင်လုံးတွင် ထိုသို့ကြံစည်တော်မူ၏။ ခပ်သိမ်းသော ပြည်တို့အပေါ်မှာ ထိုသို့လက်တော်ကို ဆန့်လျက်ရှိ၏။
Huu ni mpango uliokusudiwa katika nchi yote, na huu ndio mkono ulionyanyuliwa juu ya mataifa.
27 ၂၇ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏ အကြံတော်ကို အဘယ်သူဖျက်လိမ့်မည်နည်း။ ဆန့်တော် မူသောလက်တော်ကို အဘယ်သူလှန်လိမ့်မည်နည်း။
Kwa maana Yahwe wa majeshi amepanga hivi; ni nani atakayemzia yeye? Mkono wake umenyanyuliwa juu, ni nani atakajemrudisha nyuma?
28 ၂၈ အာခတ်မင်းကြီး အနိစ္စရောက်သောနှစ်တွင် ခံရသော ဗျာဒိတ်တော် ဟူမူကား၊
Katika miaka ambayo mfalme Ahazi alipokufa, hili ndio tamko lilokuja:
29 ၂၉ အိုဖိလိတ္တိပြည်လုံး၊ သင့်ကိုရိုက်သောကြိမ်လုံးကျိုး သည်ကိုထောက်၍၊ဝမ်းမမြောက်နှင့်။ ထိုမြွေအမျိုးထဲက မြွေဆိုးပေါက်လိမ့်မည်။ သူ၏အနွှယ်သည်လည်း ပျံတတ် သော မီးမြွေဖြစ်လိမ့်မည်။
Msishangilie, enyi wafilisti wote, kwamba fimbo ya kukupigia wewe imevunjika. Maana katika njia ya nyoka atatoka fira, na watoto wake watakuwa moto nyoka wanaopaa.
30 ၃၀ အတိုင်းထက်အလွန် ဆင်းရဲသောသူတို့သည် စားရကြလိမ့်မည်။ ဆင်းရဲ ငြိုငြင်သောသူတို့သည် ဘေး လွတ်လျက် အိပ်ရကြလိမ့်မည်။ ငါသည်သင်၏အမြစ်ကို သွေ့ခြောက်ခြင်းအားဖြင့် သတ်၍၊သင်၏ အကြွင်းကို လည်း မြွေဆိုးသည်ကွပ်မျက်လိမ့်မည်။
Na mtoto wa kwanza wa maskini watachunga kondoo wao kwenye malisho yangu, na wahitaji watalala chini salama. Nitaiuwa mizizi yenu kwa njaa ambayo atawauwa wakazi wenu wote.
31 ၃၁ အိုတံခါး၊ညည်းတွားလော့။ အိုမြို့၊ ငိုကြွေးမြည် တမ်းလော့။ အိုဖိလိတ္တိပြည်လုံး၊ သင်သည်မှိုင် တွေလျက်ရှိ ၏။ မြောက်မျက်နှာမှ မီးခိုးထွက်လာ၏။ ထိုအလုံးအရင်း ၌ တယောက်တခြားစီနေသော သူမရှိ။
Omboleza, ewe lang, lia, ewe mji; ninyi nyote mtayeyukia mbali, Ufilisti. Maana kutoka kaskazini limetoka wingu la moshi, na hakuna hata mmoja atakaye odoka kwenye nafasi yake.
32 ၃၂ တပြည်တနိုင်မှ ရောက်လာသော သံတမန်တို့ အား အဘယ်သို့ ပြန်ပြောရမည်နည်း ဟူမူကား၊ ထာဝရဘုရားသည် ဇိအုန်မြို့ကို တည်ထောင်တော်မူ သည်ဖြစ်၍၊ ကိုယ်တော်၏ ဆင်းရဲသားတို့သည် ထိုမြို့၌ ကိုးစားကြ၏။
Ni kivipi mtu mmoja atamjibu mjumbe wa taifa? Kwamba Yahwe ameipata Sayuni, na ndani yake walionewa watatafuta kimbilio.

< ဟေရှာယ 14 >