< ဟောရှေ 8 >

1 တံပိုးမှုတ်လော့။ ရန်သူသည် ရွှေလင်းတကဲ့သို့ ထာဝရဘုရား၏အိမ်တော်သို့ လာလိမ့်မည်။ အကြောင်း မူကား၊ သူတို့သည် ငါ့ပဋိညာဉ်ကို ဖျက်၍ ငါ့တရားကို လွန်ကျူးကြပြီ။
“Weka tarumbeta katika midomo yako! Tai anakuja juu ya nyumba ya Bwana kwa sababu watu wamevunja agano langu na waliasi dhidi ya sheria yangu.
2 သို့ရာတွင် သူတို့က၊ အကျွန်ုပ်တို့၏ ဘုရားသခင်၊ အကျွန်ုပ်တို့သည် ဣသရေလအမျိုးဖြစ်၍ ကိုယ်တော်ကို သိကြပါ၏ဟု ငါ့အား ကြွေးကြော်ကြသည်တကား။
Wananililia,'Mungu wangu, sisi katika Israeli tunakujua.'
3 ဣသရေလအမျိုးသည် ကောင်းသောအရာကို စွန့်ပစ်သောကြောင့်၊ ရန်သူညှဉ်းဆဲခြင်းကို ခံရလိမ့်မည်။
Lakini Israeli amekataa mema, na adui atamfuata.
4 သူတို့သည် ငါ၏အခွင့်မရှိဘဲ ကိုယ်အလို အလျောက် ရှင်ဘုရင်တို့ကို ချီးမြှောက်ကြပြီ။ ငါမသိရဘဲ မင်းတို့ကို ခန့်ထားကြပြီ။ ကိုယ်အကျိုးနည်းစေခြင်းငှါ၊ ကိုယ်ရွှေငွေနှင့်ကိုယ်အဘို့ ရုပ်တုများကိုလုပ်ကြပြီ။
Wameweka wafalme, lakini sio kwa shauri langu. Wamewafanya wakuu, lakini sikuwa na habari. Kwa fedha zao na dhahabu wamejifanyia sanamu wenyewe, ili wakatiliwe mbali.”
5 အိုရှမာရိ၊ သင်၏ နွားသငယ်ကို စွန့်ပစ်လော့။ ကိုးကွယ်သော သူများကို ငါအမျက်ထွက်၏။ သူတို့သည် အဘယ်မျှကာလပတ်လုံး သန့်ရှင်းခြင်းတရားကို မမှီနိုင် ဘဲ နေရကြလိမ့်မည်နည်း။
“Ndama yako imekataliwa, Samaria. Hasira yangu inawaka juu ya watu hawa. Kwa muda gani watakuwa na hatia?
6 ထိုနွားသငယ်သည် ဣသရေလအမျိုး ကြံစည် ၍ ဖြစ်၏။ ဆရာသမားလုပ်သောကြောင့် ဘုရားမဟုတ်။ အကယ်စင်စစ် ရှမာရိနွားသငယ်သည် အပိုင်းပိုင်း ကျိုးပဲ့ ရလိမ့်မည်။
Kwa maana sanamu hii ilitoka Israeli; fundi aliifanya; si Mungu! Ndama ya Samaria itavunjwa vipande vipande.
7 လေမျိုးစေ့ကို ကြဲ၍ လေဘွေစပါးကို ရိတ်ရကြ လိမ့်မည်။ စပါးပင် မရှိရ။ အနှံထဲက မုန့်ညက်မထွက်ရ။ ထွက်သော်လည်း တကျွန်းတနိုင်ငံသားတို့သည် စားကြ လိမ့်မည်။
Kwa maana watu hupanda upepo na kuvuna kimbunga. Mbegu zilizosimama hazina vichwa; haitoi unga. Ikiwa itakomaa, wageni watakula.
8 ဣသရေလအမျိုးသည် တိမ်မြုပ်လေပြီ။အဘယ် သူမျှ မနှစ်သက်သော တန်ဆာကဲ့သို့ တပါးအမျိုးသားတို့ တွင် ရှိရလိမ့်မည်။
Israeli imemezwa; sasa wanalala kati ya mataifa kama kitu kisicho na maana.
9 အာရှုရိပြည်သို့ အလိုလိုသွားလေပြီတကား။ ဧဖရိမ်သည် ကိုယ်အဘို့တကောင်တည်းနေသော မြည်း ရိုင်းကဲ့သို့ဖြစ်၍၊ ရည်းစားတို့အား ဆုချလေပြီ။
Kwa maana walikwenda Ashuru kama punda wa mwitu pekee. Efraimu ameajiri wapenzi kwa ajili yake mwenyewe.
10 ၁၀ တပါးအမျိုးသားတို့အား ဆုချသော်လည်း၊ ချက် ခြင်းလူများကို ငါစုဝေးစေမည်။ မကြာမမြင့်မှီ ရှင်ဘုရင် နှင့် မင်းများတင်သော ဝန်ကို ပင်ပန်းစွာ ထမ်းရကြလိမ့် မည်။
Hata ingawa wameajiri wapenzi kati ya mataifa, sasa nitawakusanya pamoja. Wao wataanza kupotea kwa sababu ya unyanyasaji wa mfalme wa wakuu.
11 ၁၁ ဧဖရိမ်သည် များစွာသော ယဇ်ပလ္လင်တို့ကို အပြစ်အဘို့ လုပ်သောကြောင့်၊ ယဇ်ပလ္လင်တို့ကို သူ၏ အပြစ်ဟူ၍ မှတ်ရလိမ့်မည်။
Kwa maana Efraimu imeongeza madhabahu kwa sadaka za dhambi, lakini zimekuwa madhabahu kwa kufanya dhambi.
12 ၁၂ ငါ့တရား၏ ထူးဆန်းသောအရာတို့ကို သူ့အဘို့ ငါရေးထားပြီ။ သို့သော်လည်း၊ ရိုင်းသော အရာဟူ၍ သူသည် မှတ်လေပြီတကား။
Niliweza kuandika sheria yangu kwao mara elfu kumi, lakini wangeiona kama kitu cha ajabu kwao.
13 ၁၃ ငါနှင့်ဆိုင်သော ပူဇော်သက္ကာတို့ကို ယဇ်ပူဇော် သော သူတို့သည် ပူဇော်၍ ကိုယ်တိုင်စားကြ၏။ ထာဝရ ဘုရားသည် သူတို့ကို လက်ခံတော်မမူ။ သူတို့အပြစ်များ ကို ချက်ခြင်းအောက်မေ့၍ စစ်ကြောတော်မူသော အားဖြင့်၊ သူတို့သည် အဲဂုတ္တုပြည်သို့ ပြန်သွားရကြလိမ့် မည်။
Kwa ajili ya dhabihu za sadaka zangu, hutoa nyama na kuila, lakini mimi, Bwana, siwakubali. Sasa nitafikiri juu ya uovu wao na kuadhibu dhambi zao. Watarudi Misri.
14 ၁၄ ဣသရေလသည် သူ့ကို ဖန်ဆင်းတော်မူသော သခင်ကိုမေ့လျော့၍ ဘုံဗိမာန်များကို တည်ဆောက်တတ် ၏။ ယုဒသည်လည်း ခိုင်ခံ့သော မြို့တို့ကို များပြားစေ တတ်၏။ သို့ရာတွင်၊ ငါသည် ထိုမြို့များတို့ကို မီးရှို့၍ ဘုံဗိမာန်များတို့ကို မီးလောင်ရလိမ့်မည်။
Israeli amenisahau mimi, Muumba wake, na amejenga majumba. Yuda ameimarisha miji mingi, lakini nitatuma moto juu ya miji yake; itaharibu ngome zake.

< ဟောရှေ 8 >