< ဟောရှေ 2 >

1 သင်တို့ ညီအစ်ကိုများကို ငါ၏လူဟူ၍၎င်း၊ သင်တို့နှမများကို သနားစုံမက်အပ်သောသမီးဟူ၍၎င်း တဖန်ခေါ်ကြလော့။
אִמְר֥וּ לַאֲחֵיכֶ֖ם עַמִּ֑י וְלַאֲחֹֽותֵיכֶ֖ם רֻחָֽמָה׃
2 သင်တို့အမိနှင့် ဆွေးနွှေးကြလော့။ သူသည် ငါ့မယားမဟုတ်၊ ငါသည်လည်း သူ့လင်မဟုတ်ကြောင်းကို ဆွေးနွှေးကြလော့။ ပြည်တန်ဆာမျက်နှာကို ပယ်၍ မှားယွင်းခြင်းအမှုကို ရှောင်စေ။
רִ֤יבוּ בְאִמְּכֶם֙ רִ֔יבוּ כִּֽי־הִיא֙ לֹ֣א אִשְׁתִּ֔י וְאָנֹכִ֖י לֹ֣א אִישָׁ֑הּ וְתָסֵ֤ר זְנוּנֶ֙יהָ֙ מִפָּנֶ֔יה וְנַאֲפוּפֶ֖יהָ מִבֵּ֥ין שָׁדֶֽיהָ׃
3 မရှောင်လျှင် သူ၏အဝတ်ရှိသမျှကို ငါချွတ်၍၊ သူဘွားသောနေ့၌ အဝတ်မရှိသကဲ့သို့ အဝတ်မပါ၊ ပြင်၌ ထုတ်ထားမည်။ လွင်ပြင်ကဲ့သို့ သုတ်သင်မည်။ သွေ့ ခြောက်သော မြေကဲ့သို့ ဖြစ်စေလျက် ရေအငတ်ထား၍ သေစေမည်။
פֶּן־אַפְשִׁיטֶ֣נָּה עֲרֻמָּ֔ה וְהִ֨צַּגְתִּ֔יהָ כְּיֹ֖ום הִוָּֽלְדָ֑הּ וְשַׂמְתִּ֣יהָ כַמִּדְבָּ֗ר וְשַׁתִּ֙הָ֙ כְּאֶ֣רֶץ צִיָּ֔ה וַהֲמִתִּ֖יהָ בַּצָּמָֽא׃
4 သူ၏သားသမီးတို့သည် သူမျောက်မထား၍ ရသော သားသမီးဖြစ်သောကြောင့် သူတို့ကို ငါမသနား မစုံမက်ဘဲ နေမည်။
וְאֶת־בָּנֶ֖יהָ לֹ֣א אֲרַחֵ֑ם כִּֽי־בְנֵ֥י זְנוּנִ֖ים הֵֽמָּה׃
5 သူတို့အမိသည် ပြည်တန်ဆာဖြစ်၏။ သူတို့ကို ပဋိသန္ဓေယူ သောသူသည် ရှက်ဘွယ်သောအမှုကိုပြုပြီ။ သူကလည်း၊ ငါ့မုန့်၊ ငါ့ရေ၊ ငါ့သိုးမွှေး၊ ငါ့ပိုက်ဆန်၊ ငါ့ဆီ၊ ငါသောက်သောအရည်တို့ကို ပေးတတ်သော ငါ့ရည်းစား များ နောက်သို့ ငါလိုက်မည်ဟုဆိုပြီ။
כִּ֤י זָֽנְתָה֙ אִמָּ֔ם הֹבִ֖ישָׁה הֹֽורָתָ֑ם כִּ֣י אָמְרָ֗ה אֵלְכָ֞ה אַחֲרֵ֤י מְאַהֲבַי֙ נֹתְנֵ֤י לַחְמִי֙ וּמֵימַ֔י צַמְרִ֣י וּפִשְׁתִּ֔י שַׁמְנִ֖י וְשִׁקּוּיָֽי׃
6 သို့ဖြစ်၍၊ သူ့ကိုဆူးစောင်ရန်းနှင့် ကာထားမည်။ ထွက်စရာမရှိစေခြင်းငှါ သူ့ပတ်လည်၌ ကျောက်ရိုးကို လည်း တည်မည်။
לָכֵ֛ן הִנְנִי־שָׂ֥ךְ אֶת־דַּרְכֵּ֖ךְ בַּסִּירִ֑ים וְגָֽדַרְתִּי֙ אֶת־גְּדֵרָ֔הּ וּנְתִיבֹותֶ֖יהָ לֹ֥א תִמְצָֽא׃
7 သူသည် ရည်းစားတို့ကို လိုက်သော်လည်း မမှီ၊ ရှာသော်လည်း မတွေ့ဘဲ နေရသောအခါ၊ လင်ဟောင်းထံ သို့ ငါပြန်သွားမည်။ ယခုနေရာထက် အရင်နေရာသာ၍ ကောင်းသည်ဟု ဆိုလိမ့်မည်။
וְרִדְּפָ֤ה אֶת־מְאַהֲבֶ֙יהָ֙ וְלֹֽא־תַשִּׂ֣יג אֹתָ֔ם וּבִקְשָׁ֖תַם וְלֹ֣א תִמְצָ֑א וְאָמְרָ֗ה אֵלְכָ֤ה וְאָשׁ֙וּבָה֙ אֶל־אִישִׁ֣י הָֽרִאשֹׁ֔ון כִּ֣י טֹ֥וב לִ֛י אָ֖ז מֵעָֽתָּה׃
8 ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ကို ငါပေးသနား သည်ဟူ၍၎င်း၊ ဗာလဘုရားအား ပူဇော်သောရွှေနှင့် ငွေကို သူ၌ ငါများပြားစေသည်ဟူ၍၎င်း သူသည် မအောက်မေ့ပါတကား။
וְהִיא֙ לֹ֣א יָֽדְעָ֔ה כִּ֤י אָֽנֹכִי֙ נָתַ֣תִּי לָ֔הּ הַדָּגָ֖ן וְהַתִּירֹ֣ושׁ וְהַיִּצְהָ֑ר וְכֶ֨סֶף הִרְבֵּ֥יתִי לָ֛הּ וְזָהָ֖ב עָשׂ֥וּ לַבָּֽעַל׃
9 သို့ဖြစ်၍၊ စပါးရိတ်ရာကာလ၌ ငါ့စပါးကို၎င်း၊ စပျစ်ရည်လုပ်ကာ ကာလ၌ ငါ့စပျစ်ရည်ကို၎င်း၊ သူ၏ ကိုယ် ကို ဖုံးလွှမ်းစေရာ ငါ့သိုးမွှေးနှင့် ပိုက်ဆန်ကို၎င်း ငါသိမ်း ယူမည်။
לָכֵ֣ן אָשׁ֔וּב וְלָקַחְתִּ֤י דְגָנִי֙ בְּעִתֹּ֔ו וְתִירֹושִׁ֖י בְּמֹֽועֲדֹ֑ו וְהִצַּלְתִּי֙ צַמְרִ֣י וּפִשְׁתִּ֔י לְכַסֹּ֖ות אֶת־עֶרְוָתָֽהּ׃
10 ၁၀ ယခုပင် သူ၏ ရည်းစားများရှေ့၌ သူ့အဝတ်ကို ငါလှစ်လှန်၍ အရှက်ခွဲမည်။ ငါ့လက်မှ အဘယ်သူမျှ သူ့ကိုမနှုတ်ရ။
וְעַתָּ֛ה אֲגַלֶּ֥ה אֶת־נַבְלֻתָ֖הּ לְעֵינֵ֣י מְאַהֲבֶ֑יהָ וְאִ֖ישׁ לֹֽא־יַצִּילֶ֥נָּה מִיָּדִֽי׃
11 ၁၁ သူရွှင်လန်းစရာအကြောင်းရှိသမျှနှင့် ပွဲခံခြင်း၊ လဆန်းနေ့၊ ဥပုသ်နေ့စောင့်ခြင်း၊ ပရိသတ်စည်းဝေးခြင်း အလုံးစုံတို့ကို ငါပြတ်စေမည်။
וְהִשְׁבַּתִּי֙ כָּל־מְשֹׂושָׂ֔הּ חַגָּ֖הּ חָדְשָׁ֣הּ וְשַׁבַּתָּ֑הּ וְכֹ֖ל מֹועֲדָֽהּ׃
12 ၁၂ ဤသည်ကား၊ ငါ့ရည်းစားပေးသော ဆုလက် ဆောင်ဖြစ်သည်ဟု သူဆိုရာ စပျစ်ဥယျာဉ်၊ သင်္ဘော သဖန်းဥယျာဉ်တို့ကို ငါသုတ်သင်ပယ်ရှင်း၍၊ လွင်ပြင် ဖြစ်စေသဖြင့် တောသားရဲတို့သည် ကိုက်စားကြလိမ့်မည်။
וַהֲשִׁמֹּתִ֗י גַּפְנָהּ֙ וּתְאֵ֣נָתָ֔הּ אֲשֶׁ֣ר אָמְרָ֗ה אֶתְנָ֥ה הֵ֙מָּה֙ לִ֔י אֲשֶׁ֥ר נָֽתְנוּ־לִ֖י מְאַֽהֲבָ֑י וְשַׂמְתִּ֣ים לְיַ֔עַר וַאֲכָלָ֖תַם חַיַּ֥ת הַשָּׂדֶֽה׃
13 ၁၃ ဗာလဘုရားတို့အားနံ့သားပေါင်းကို မီးရှို့၍ နှခေါင်းဆွဲနှင့် လည်ဆွဲတန်ဆာကို ဆင်လျက် ရည်စား များ နောက်သို့လိုက်သဖြင့် ငါ့ကို မေ့လျော့၍ ဗာလဘုရား တို့ လက်ထက်၌ ပြုမိသောအပြစ်နှင့်အလျောက် စီရင် မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
וּפָקַדְתִּ֣י עָלֶ֗יהָ אֶת־יְמֵ֤י הַבְּעָלִים֙ אֲשֶׁ֣ר תַּקְטִ֣יר לָהֶ֔ם וַתַּ֤עַד נִזְמָהּ֙ וְחֶלְיָתָ֔הּ וַתֵּ֖לֶךְ אַחֲרֵ֣י מְאַהֲבֶ֑יהָ וְאֹתִ֥י שָׁכְחָ֖ה נְאֻם־יְהוָֽה׃ פ
14 ၁၄ သို့ရာတွင်၊ သူ့ကို တဖန်ငါဖြားယောင်းမည်။ တောလမ်းဖြင့် ပို့ဆောင်သော်လည်း၊ နှစ်သိမ့်စေသော စကားကိုပြောမည်။
לָכֵ֗ן הִנֵּ֤ה אָֽנֹכִי֙ מְפַתֶּ֔יהָ וְהֹֽלַכְתִּ֖יהָ הַמִּדְבָּ֑ר וְדִבַּרְתִּ֖י עַל־לִבָּֽהּ׃
15 ၁၅ တောတဘက်၌ စပျစ်ဥယျာဉ်တို့ကို၎င်း၊ အာ ခေါ်ချိုင့်၌မြော်လင့်ရာတံခါးကို၎င်း၊ အာခေါ်ချိုင့်၌ မြော်လင့်ရာတံခါးကို၎င်း ငါပေးမည်။ သူသည် အသက် ငယ်စဉ်ကာလ၊ အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ သီချင်းဆိုသကဲ့သို့၊ တောတဘက်သို့ ရောက်သောအခါ သီချင်းဆိုရလိမ့်မည်။
וְנָתַ֨תִּי לָ֤הּ אֶת־כְּרָמֶ֙יהָ֙ מִשָּׁ֔ם וְאֶת־עֵ֥מֶק עָכֹ֖ור לְפֶ֣תַח תִּקְוָ֑ה וְעָ֤נְתָה שָּׁ֙מָּה֙ כִּימֵ֣י נְעוּרֶ֔יהָ וִּכְיֹ֖ום עֲלֹתָ֥הּ מֵאֶֽרֶץ־מִצְרָֽיִם׃ ס
16 ၁၆ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ သင်သည်ငါ့ကို သခင်ဟူ၍ မခေါ်ရ၊ ခင်ပွန်းဟူ၍ ခေါ် ရမည်။
וְהָיָ֤ה בַיֹּום־הַהוּא֙ נְאֻם־יְהוָ֔ה תִּקְרְאִ֖י אִישִׁ֑י וְלֹֽא־תִקְרְאִי־לִ֥י עֹ֖וד בַּעְלִֽי׃
17 ၁၇ အခြားတပါးသော သခင်တို့၏ ဘွဲ့နာမများကို သူ၏ နှုတ်မှ ငါပယ်၍၊ ထိုဘွဲ့နာမများကို နောက် တဖန် မမှတ်မိမမြွက်ဆိုရ။
וַהֲסִרֹתִ֛י אֶת־שְׁמֹ֥ות הַבְּעָלִ֖ים מִפִּ֑יהָ וְלֹֽא־יִזָּכְר֥וּ עֹ֖וד בִּשְׁמָֽם׃
18 ၁၈ ထိုကာလ၌ငါသည် သူတို့အတွက်၊ တောသားရဲ၊ မိုဃ်းကောင်းကင်ငှက်၊ မြေပေါ်မှာ တွားတတ်သော တိရစ္ဆာန်များနှင့် မိဿဟာယဖွဲ့၍၊ လေး၊ ထား၊ စစ်တိုက် လက်နက်တို့ကို မြေပေါ်က ပယ်ရှားသဖြင့် သူတို့သည် စိုးရိမ်ခြင်းမရှိဘဲ အိပ်ရကြလိမ့်မည်။
וְכָרַתִּ֨י לָהֶ֤ם בְּרִית֙ בַּיֹּ֣ום הַה֔וּא עִם־חַיַּ֤ת הַשָּׂדֶה֙ וְעִם־עֹ֣וף הַשָּׁמַ֔יִם וְרֶ֖מֶשׂ הָֽאֲדָמָ֑ה וְקֶ֨שֶׁת וְחֶ֤רֶב וּמִלְחָמָה֙ אֶשְׁבֹּ֣ור מִן־הָאָ֔רֶץ וְהִשְׁכַּבְתִּ֖ים לָבֶֽטַח׃
19 ၁၉ ငါသည် ကိုယ်အဘို့သင့်ကို အစဉ်အမြဲ သိမ်းယူ မည်။ ဖြောင့်မတ်ခြင်း၊ တရားသဖြင့် စီရင်ခြင်း၊ ချစ် သနားစုံမက်ခြင်းနှင့်အညီ ကိုယ်အဘို့သင့်ကို သိမ်းယူမည်။
וְאֵרַשְׂתִּ֥יךְ לִ֖י לְעֹולָ֑ם וְאֵרַשְׂתִּ֥יךְ לִי֙ בְּצֶ֣דֶק וּבְמִשְׁפָּ֔ט וּבְחֶ֖סֶד וּֽבְרַחֲמִֽים׃
20 ၂၀ သစ္စာစောင့်ခြင်းနှင့်အညီ သိမ်းယူ၍၊ သင်သည် ထာဝရဘုရားကို သိရလိမ့်မည်။
וְאֵרַשְׂתִּ֥יךְ לִ֖י בֶּאֱמוּנָ֑ה וְיָדַ֖עַתְּ אֶת־יְהוָֽה׃ ס
21 ၂၁ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလ၌ ငါသည် နားထောင်မည်။ မိုဃ်းကောင်းကင်စကားကို နားထောင်၍၊ သူသည် မြေကြီးစကားကို နားထောင်မည်။
וְהָיָ֣ה ׀ בַּיֹּ֣ום הַה֗וּא אֶֽעֱנֶה֙ נְאֻם־יְהוָ֔ה אֶעֱנֶ֖ה אֶת־הַשָּׁמָ֑יִם וְהֵ֖ם יַעֲנ֥וּ אֶת־הָאָֽרֶץ׃
22 ၂၂ မြေကြီးသည်လည်း ဆန်စပါး၊ စပျစ်ရည်၊ ဆီတို့ ၏ စကားကို နားထောင်၍၊ သူတို့သည်လည်း ယေဇရေလ စကားကို နားထောင်ကြလိမ့်မည်။
וְהָאָ֣רֶץ תַּעֲנֶ֔ה אֶת־הַדָּגָ֖ן וְאֶת־הַתִּירֹ֣ושׁ וְאֶת־הַיִּצְהָ֑ר וְהֵ֖ם יַעֲנ֥וּ אֶֽת־יִזְרְעֶֽאל׃
23 ၂၃ ထိုသတို့သမီးကိုမျိုးစေ့ကဲ့သို့ မြေ၌ ကိုယ်အဘို့ ငါကြဲမည်။ မသနားမစုံမက်အပ်သော သတို့သမီးကို ငါသနားစုံမက်မည်။ ငါ၏ လူမဟုတ်သော သူကိုလည်း သင်သည်ငါ၏လူဖြစ်သည်ဟု ငါဆိုမည်။ သူကလည်း ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော် မူသည်ဟု လျှောက်လိမ့်မည်ဟုမိန့်တော်မူ၏။
וּזְרַעְתִּ֤יהָ לִּי֙ בָּאָ֔רֶץ וְרִֽחַמְתִּ֖י אֶת־לֹ֣א רֻחָ֑מָה וְאָמַרְתִּ֤י לְלֹֽא־עַמִּי֙ עַמִּי־אַ֔תָּה וְה֖וּא יֹאמַ֥ר אֱלֹהָֽי׃ פ

< ဟောရှေ 2 >