< ဟေဗြဲ 10 >

1 တနည်းကား၊ ပညတ်တရားသည် နောက်ဖြစ်လတံ့သော မင်္ဂလာအကျိုးတို့၏ သေချာသော ပုံသဏ္ဌာန် ကိုမပြ၊ အရိပ်ကိုသာပြသည်ဖြစ်၍၊ နှစ်စဉ်မပြတ်ပူဇော်သောယဇ်အားဖြင့် အထံတော်သို့ ချဉ်းကပ်သောသူတို့ကို စုံလင်ခြင်းအဖြစ်၌ မတည်စေနိုင်ရာ။
法律既然只有未來美的影子,沒有那些事物的真相,所以總不能因著每年常獻的同樣犧牲,使那些願意接近天主的人得到成全;
2 တည်စေနိုင်လျှင်၊ ဝတ်ပြုသောသူတို့သည် တခါတည်းနှင့် စင်ကြယ်ခြင်းသို့ ရောက်ပြီးမှ၊ နောက်တဖန် သံဝေဂတရားရစရာအကြောင်း အလျှင်းမရှိသည်ဖြစ်သောကြောင့်၊ ထိုယဇ်တို့ကို တခါတည်းသာပူဇော်၍၊ နောက်တဖန် မပူဇော်ဘဲနေရကြမည်မဟုတ်လော။
因為如果那些行敬禮的人,一次而為永遠潔淨了,良心不再覺得有罪了,祭祭獻豈不就要停止了嗎﹖
3 ယခုမူကား ယဇ်ပူဇော်သည်တွင် အပြစ်များကို နှစ်တိုင်းအောက်မေ့ခြင်းရှိ၏။
可是就是這祭獻才使人想起罪過來,
4 အကြောင်းမူကား၊ နွား၊ ဆိတ်၏အသွေးသည် အပြစ်ကို မပယ်နိုင်ရာ။
因為公牛和公山羊的血斷不能除免罪過。
5 ထိုကြောင့်၊ ခရစ်တော်သည် ဤလောကသို့ ကြွလာသောအခါ၊ အိုဘုရားသခင်၊ ကိုယ်တော်သည် ယဇ်နှင့်ပူဇော်သက္ကာကို အလိုတော်မရှိ သည်ဖြစ်၍၊ အကျွန်ုပ်အဘို့ကိုယ်ခန္ဓာကို ပြင်ဆင်တော်မူပြီ။
為此基督一進入世界就說:『犧牲與素祭,已非你所要,卻給我預備了一個身體;
6 မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာ ယဇ်များကို အားရနှစ်သက်တော် မမူသောအခါ၊ ကျမ်းစာလိပ်၌ အကျွန်ုပ်ကို အမှတ်ပြု၍ ရေးထားသည်နှင့် အညီ၊
全燔祭和贖罪祭,已非你所喜,
7 အကျွန်ုပ်သည် ကိုယ်တော်၏အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု အကျွန်ုပ်ဝန်ခံပါသည်ဟု လျှောက်ဆို၏။
於是我說:看,我已來到! 關於我,書卷上已有記載:天主,我來為承行你的旨意。』
8 ပညတ်တရားအတိုင်းပြုရသော ဝတ်ကိုရည်ဆောင်လျက် ခရစ်တော်က၊ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာ ယဇ်အစရှိသော ယဇ်များနှင့် ပူဇော်သက္ကာများတို့ကို ကိုယ်တော်သည် အလိုတော်မရှိ၊ အားရနှစ်သက်တော် မမူဟု အထက်ကဆိုနှင့်ပြီးမှ၊
前邊說:『祭物和素祭,已非你所要,已非你所喜;』這一切都是按照法律所奉獻的;
9 တဖန်တုံ၊ အိုဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်တော်၏ အလိုကို ဆောင်အံ့သောငှါ သွားပါမည်ဟု ဆိုသည်တွင်၊ ဒုတိယဝတ်ကို တည်စေခြင်းငှါ ပဌမဝတ်ကို ပယ်၏။
後邊他說:『看,我已來到,為承行你的旨意;』由此可見,衪廢除了那先前的,為要成立那以後的。
10 ၁၀ ထိုအလိုတော်နှင့်အညီ ယေရှုခရစ်၏ ကိုယ်တော်ကို တခါတည်း ပူဇော်သောအားဖြင့်၊ ငါတို့သည် စင်ကြယ်ခြင်းသို့ ရောက်ကြ၏။
我們就是因這旨意,藉耶穌基督的身體,一次而為永遠的祭獻,得到聖化。
11 ၁၁ ယဇ်ပုရောဟိတ်မည်သည်ကား၊ နေ့တိုင်းဝတ်ပြုလျက်၊ အပြစ်ကို မဖြေနိုင်သော ယဇ်ကို အထပ်ထပ် အဖန်ဖန် ပူဇော်လျက်ရပ်နေရ၏။
況且,每一位司祭,都是天待立著敬行敬禮,並屢次奉獻總不能除去罪惡的同樣犧牲;
12 ၁၂ ထိုသခင်မူကား၊ အပြစ်ကိုဖြေခြင်းငှါ ယဇ်တခုတည်းကို ပူဇော်ပြီးမှစ၍၊ ဘုရားသခင်၏ လက်ျာတော် ဘက်၌ အစဉ်အမြဲထိုင်၍၊
但是基督只奉獻了一次贖罪的犧牲,以後便永遠坐在天主右邊,
13 ၁၃ မိမိရန်သူတို့ကို မိမိခြေတင်ရာ မချမထားမှီတိုင်အောင် မြော်လင့်လျက် နေတော်မူ၏။
從今以後,只等待將衪的仇人變作衪腳下的踏板。
14 ၁၄ အကြောင်းမူကား၊ စင်ကြယ်သောသူတို့သည် ထာဝရစုံလင်ခြင်းငှါ၊ တခါတည်းပူဇော်ခြင်းအားဖြင့် ပြုတော်မူ၏။
因為衪只藉一次奉獻,就永遠使被聖化的人以成全。
15 ၁၅ ထိုသို့နှင့်အညီ၊ သန့်ရှင်းသောဝိညာဉ်တော်သည် ငါတို့အား သက်သေပေးတော်မူသည်မှာ၊
聖神也給我們作證,因為衪說過,
16 ၁၆ နောင်ကာလအခါသူတို့၌ ငါပေးသော ပဋိညာဉ်တရား ဟူမူကား၊ ငါထာဝဘုရားသည် ငါ့ပညာ တို့ကို သူတို့နှလုံးထဲမှာ ပေးသွင်းမည်။ သူတို့စိတ်ဝိညာဉ်၏အပေါ်မှာ ရေးထားမည်ဟု အထက်ကမိန့်တော်မူပြီးမှ၊
『這是我在那些時日後,與他們訂立的條約──上主說──我要將我的法律放在他們的心中,寫在他們的明悟中』這話以後,又說:
17 ၁၇ တဖန်တုံ၊ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်း အမျိုးမျိုးကို ငါမအောက်မေ့ဘဲ နေမည်ဟု လာသတည်း။
他們的罪過和他們的邪惡,我總不再追念。』
18 ၁၈ ထိုအပြစ်တို့ကို လွှတ်ပြီးလျှင် နောက်တဖန် အပြစ်ဖြေသော ပူဇော်သက္ကာကို ပြုစေရာအကြောင်းမရှိ။
若這些罪已經赦了,也用不著贖罪的祭獻了。
19 ၁၉ ထိုကြောင့် ညီအစ်ကိုတို့၊ ယေရှု၏ကိုယ်ခန္ဓာတော်တည်းဟူသော ကုလားကာအားဖြင့် ထိုသခင် ပြင်ဆင်တော်မူသော အသက်လမ်းသစ်တွင်၊
所以,弟兄們,我們既然懁著大膽的信心,靠著耶穌的寶血得以進入聖殿,
20 ၂၀ ငါတို့သည် သန့်ရှင်းရာဌာနထဲသို့၊ အသွေးတော်ကိုအမှီ ပြု၍အဆီးအတားမရှိ၊ ဝင်ရသောအခွင့်ရှိသဖြင့်၎င်း၊
進入由衪給我們開創的一條又新又活,通過帳幔,即衪肉身的道路;
21 ၂၁ ဘုရားသခင်၏အိမ်တော်ကို အုပ်စိုးသော ယဇ်ပုရောဟိတ်မင်းရှိသဖြင့်၎င်း၊
而且我們既然又有一位掌管天主家庭的偉大司祭,
22 ၂၂ ငါတို့သည် သစ္စာနှင့် ပြည့်စုံသော သဘောရှိ၍၊ ဝိစိကိစ္ဆာနှင့် ကင်းသောယုံကြည်ခြင်း၌ တည်လျက်၊ စိတ်နှလုံးကို သံဝေဂတရားနျင့်လွတ်အောင်ဖြန်းခြင်း၊ ကိုယ်ကာယကိုလည်း ကြည်သာရေဖြင့် ဆေးကြောခြင်း ရှိပြီးမှ၊ အထံတော်သို့ တိုးဝင်ချဉ်းကပ်ကြကုန်အံ့။
我們就應在洗淨心靈,脫離邪僻的良心,和用淨水洗滌身體以後,懷著真誠的心,以完傋的信德去接近天主;
23 ၂၃ မြော်လင့်ခြင်းအကြောင်းကို ဝန်ခံ၍ မတိမ်းယိမ်းမရွေ့လျော့ဘဲ တည်ကြည်ကြကုန်အံ့ အကြောင်း မူကား၊ ဂတိထားတော်မူသော သူသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။
也應該堅持所明證的望德,毫不搖動。因為應許的那位是忠信的;
24 ၂၄ ထိုမှတပါး မေတ္တာစိတ်ရှိစေခြင်းငှါ၎င်း၊ ကောင်းသောအကျင့်ကို ကျင့်စေခြင်းငှါ၎င်း၊ တိုက်တွန်း နှိုးဆော်ရသောအခွင့်ကိုရှာ၍၊ အချင်းချင်းတယောက်ကို တယောက် ထောက်စာကြည့်ရှုကြကုန်အံ့။
也應該彼此關懷,激發愛德,勉勵行善,決不離棄我們的集會,就像一些人所習慣行的;
25 ၂၅ လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်း ချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစား ကြလော့။
反而應彼此勸勉;你們見那日子越近,就越該如此。
26 ၂၆ အကြောင်းမူကား၊ သမ္မာတရားကို သိပြီးမှ ကိုယ်အလိုသို့လိုက်၍ပြစ်မှားပြန်လျှင်၊ နောက်တဖန် အပြစ်ဖြေသာယဇ်ကို ပူဇော်ရာအခွင့် မရှိဘဲ၊
因為如果我們認識真理之後,還故意犯背信的罪,就再沒有另一個贖罪祭了。
27 ၂၇ ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဘွယ်သော မြော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဘို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။
只有一種等待審判的怕情,和勢將吞滅叛逆者的烈火。
28 ၂၈ မောရှေ၏ တရားကိုပယ်သော သူမည်သည် ကား၊ သက်သေခံ နှစ်ဦးသုံးဦးလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။
誰若廢棄梅瑟法律,只要有兩三個證人,他就該死,必不得憐恤;
29 ၂၉ ထိုမျှမက၊ ဘုရားသခင်၏ သားတော်ကို ခြေဖြင့်ကျော်နင်းလျက်၊ မိမိကိုစင်ကြယ်စေသော ပဋိညာဉ် တရား၏ သွေးကိုအပြစ်တင်လျက်၊ ဆုကျေးဇူးကိုပေးသော ဝိညာဉ်တော်ကို မထီမဲ့မြင်ပြုလျက်ရှိသော သူသည်၊ အဘယ်မျှလောက် ကြီးစွာသောဒက်ဖြင့် ခံထိုက်သည်ကို သင်တို့ ထင်ကြသနည်း။
那麼,你們想一想:那踐踏了天主子,那自己藉以成聖的盟約的血當作了俗物,而又輕慢了賜恩寵的聖神的人,應當受怎樣更厲害的懲罰啊!
30 ၃၀ ငါသည်အပြစ်တရားကိုစီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟူ၍၎င်း၊ ထာဝရဘုရားသည် မိမိလူတို့အဘို့ တရားစီရင်မည်ဟူ၍၎င်း မိန့်တော်မူသောသူကို ငါတို့သည် အမှန်သိကြ၏။
因為我們知道誰曾說過:『復仇在於我,我必要報復;』又說:『上主必要審判自己的百姓。』
31 ၃၁ အသက်ရှင်တော်မူသော ဘုရားသခင်၏လက်တော်သို့ ကျရောက်ခြင်း အမှုသည် ကြောက်မက် ဘွယ်သောအမှုဖြစ်သတည်း။
落在永生的天主的手中,真是可怕!
32 ၃၂ သင်တို့သည် အလင်းသို့ရောက်ပြီးသည်နောက်၊ လူများရှေ့မှာ ကဲ့ရဲ့ညှဉ်းဆဲခြင်းကို ခံရသဖြင့်၎င်း၊ ထိုသို့ ခံရသောသူတို့နှင့် ဆက်ဆံသော အပေါင်းအဘော်ဖြစ်သဖြင့်၎င်း၊
請你們回想回想先前的時日,那時你們才蒙光照,就忍受了苦難的嚴厲打擊:
33 ၃၃ ကြီးစွာသော ဆင်းရဲဒုက္ခဝေဒနာ များကို ဆိုင်ပြိုင်တိုက်လှန်ခြင်းနှင့် တွေ့ကြုံသော အထက်ကာလအချိန်ကို အောက်မေ့ကြလော့။
一方面,你們當眾受嗤笑、淩辱和磨難,另一方面,你們與這樣受苦的人作了同伴。
34 ၃၄ ထိုအခါသင်တို့သည် အကျဉ်းခံရသော သူတို့အတွက်ကြောင့် ကြင်နာသော စိတ်ရှိရသည်သာမက၊ ကိုယ်ပစ္စည်းဥစ္စာများကို သူတပါးလုယူဖျက်ဆီးသော်လည်း၊ ကိုယ်သုံးစရာဘို့ ကောင်းကင်ဘုံ၌သာ၍ မြတ်သော အမြဲတည်သောဘဏ္ဍာရှိသည်ကိုသိ၍၊ လုယူဖျက်ဆီးခြင်းကို ဝမ်းမြောက်သောစိတ်နှင့် ဝန်ခံကြ၏။
的確,你們同情了監禁的人,又欣然忍受了的財物被搶掠,因為你們知道:你們已獲有更高貴且常存的產業,
35 ၃၅ ထိုကြောင့်၊ ကြီးစွာသောအကျိုးနှင့်ယှဉ်သော သင်တို့၏ ရဲရင့်ခြင်းစိတ်ကို မစွန့်ကြနှင့်။
所以千萬不要喪失那使你們可得大賞報的勇敢信心。
36 ၃၆ ဘုရားသခင်၏အလိုတော်ကိုဆောင်ပြီးမှ၊ ဂတိတော်အတိုင်း အကျိုးကိုရမည်အကြောင်း သည်းခံခြင်း စိတ်ရှိရမည်။
原來你們所需要的就是堅忍,為使你們承行天主的旨意,而獲得得那所應許的。
37 ၃၇ အဘယ်ကြောင့်နည်းဟူမူကား၊ ကြွလာလတံ့သောသူသည် မဆိုင်းမလင့်ဘဲ၊ မကြာမမြင့်မှီ ရောက် တော်မူလိမ့်မည်။
『因為還有很短的一會兒,要來的那一位,就要來到,決不遲緩。
38 ၃၈ ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကို အားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင် အမိန့်တော်ရှိ၏။
我的義人靠信德而生活,假使他退縮,他必不會中悅我心。』
39 ၃၉ ငါတို့မူကား၊ ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သော သူမဟုတ်။ စိတ်ဝိညာဉ်သည် ကယ်တင် ခြင်းသို့ရောက်အံ့သောငှါ ယုံကြည်သောသူ ဖြစ်ကြ၏။
我們並不是那般退縮以致喪亡的人,而是有信德而得以保全靈魂的人。

< ဟေဗြဲ 10 >