< ကမ္ဘာ​ဦး 48 >

1 နောက်တဖန်ယောသပ်သည် အဘနာကြောင်းကို ကြားသဖြင့်၊ သားနှစ်ယောက် မနာရှေနှင့်ဧဖရိမ်ကို ယူ၍သွား၏။
這事以後,有人告訴約瑟說:「你的父親病了。」他就帶着兩個兒子瑪拿西和以法蓮同去。
2 သားယောသပ်လာကြောင်းကို ယာကုပ်သည် ကြားလျှင်၊ အားထုတ်၍ ခုတင်ပေါ်မှာထိုင်၏။
有人告訴雅各說:「請看,你兒子約瑟到你這裏來了。」以色列就勉強在床上坐起來。
3 ထိုအခါ ယာကုပ်က၊ အနန္တတန်ခိုးရှင် ဘုရား သခင်သည်၊ ခါနာန်ပြည် လုဇမြို့၌ ငါ့အားထင်ရှား၍ ကောင်းကြီးပေးတော်မူလျက်၊
雅各對約瑟說:「全能的上帝曾在迦南地的路斯向我顯現,賜福與我,
4 ငါသည်သင့်ကို တိုးပွါးများပြားစေမည်။ သင့်ကို များစွာသော လူဖြစ်စေမည်။ သင်၏အမျိုးအနွယ်သည် သင့်နောက်မှ ဤပြည်ကို အစဉ်အမြဲပိုင်စေခြင်းငှါ ငါပေး မည်ဟု မိန့်တော်မူ၏။
對我說:『我必使你生養眾多,成為多民,又要把這地賜給你的後裔,永遠為業。』
5 သင်နေသော အဲဂုတ္တုပြည်သို့ ငါမရောက်မှီ၊ အဲဂုတ္တုပြည်၌ သင်ရနှင့်သော သားနှစ်ယောက်၊ ဧဖရိမ် နှင့် မနာရှေတို့သည် ငါ့သားဖြစ်ရမည်။ ရုဗင်နှင့်ရှိမောင် ကဲ့သို့ ငါ့သားဖြစ်ရမည်။
我未到埃及見你之先,你在埃及地所生的以法蓮和瑪拿西這兩個兒子是我的,正如呂便和西緬是我的一樣。
6 နောက်မှသင်ရသော သားတို့သည် သင်၏သား ဖြစ်၍ မိမိအမွေခံရာတွင် မိမိအစ်ကိုတို့အမည်ဖြင့် သမုတ် ရကြမည်။
你在他們以後所生的就是你的,他們可以歸於他們弟兄的名下得產業。
7 ငါသည်ပါဒနာရံအရပ်မှ လာသည်ကာလ၊ ခါနာန်ပြည်၌ ခရီးသွား၍၊ ဧဖရတ်မြို့နှင့်နီးသောအခါ၊ သင့်အမိရာခေလသည် ငါ့အနားမှာ သေရှာ၏။ သေ သောအရပ် ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွား သောလမ်း၌ သင်္ဂြိုဟ်လေသည်ဟု ယောသပ်အားဆို၏။
至於我,我從巴旦來的時候,拉結死在我眼前,在迦南地的路上,離以法他還有一段路程,我就把她葬在以法他的路上(以法他就是伯利恆)。」
8 တဖန်ဣသရေလသည် ယောသပ်၏သားတို့ကို ကြည့်ရှု၍၊ ဤသူတို့ကား အဘယ်သူနည်းမေးလျှင်၊
以色列看見約瑟的兩個兒子,就說:「這是誰?」
9 ယောသပ်က၊ဤပြည်၌ အကျွန်ုပ်အား ဘုရား သခင် ပေးသနားတော်မူသော အကျွန်ုပ်၏ သားဖြစ်ပါ သည်ဟု အဘအားဆိုသော်၊ အဘက၊ ငါ့ထံသို့ လာပါစေ လော့။ သူတို့ကို ငါကောင်းကြီးပေးမည်ဟု ဆို၏။
約瑟對他父親說:「這是上帝在這裏賜給我的兒子。」以色列說:「請你領他們到我跟前,我要給他們祝福。」
10 ၁၀ ဣသရေလသည် အသက်ကြီး၍ မျက်စိမှုန် သဖြင့်၊ မမြင်နိုင်သောကြောင့်၊ သားတို့ကို အနီးသို့ ချဉ်းကပ်စေ၍ ပိုက်ဘက်နမ်းရှုပ်လေ၏။
以色列年紀老邁,眼睛昏花,不能看見。約瑟領他們到他跟前,他就和他們親嘴,抱着他們。
11 ၁၁ ဣသရေလကလည်း၊ ငါသည် သင်၏မျက်နှာကို မြင်ရမည်ဟု ငါမထင်။ ယခုတွင်သင်၏သားတို့ကိုပင် ဘုရားသခင်ပြတော်မူပြီဟု ယောသပ်အား ဆို၏။
以色列對約瑟說:「我想不到得見你的面,不料,上帝又使我得見你的兒子。」
12 ၁၂ ယောသပ်သည်လည်း၊ သားတို့ကို အဘ၏ဒူး ကြားမှ ထုတ်၍ အဘရှေ့၌ဦးညွှတ်ချစေ၏။
約瑟把兩個兒子從以色列兩膝中領出來,自己就臉伏於地下拜。
13 ၁၃ တဖန်ယောသပ်သည် သားတို့ကိုယူ၍ ဧဖရိမ်ကို လက်ျာလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ဝဲလက်သို့၎င်း၊ မနာရှေကို လက်ဝဲလက်နှင့် ကိုင်လျက်၊ ဣသရေလ လက်ျာလက်သို့၎င်း ချဉ်းကပ်စေ၏။
隨後,約瑟又拉着他們兩個,以法蓮在他的右手裏,對着以色列的左手,瑪拿西在他的左手裏,對着以色列的右手,領他們到以色列的跟前。
14 ၁၄ မနာရှေသည်သားဦးဖြစ်သော်လည်း၊ ဣသ ရေလသည် မိမိလက်တို့ကို ဆန့်၍လိမ္မာစွာ ပဲ့ပြင်လျက်၊ အသက်ငယ်သောသူ ဧဖရိမ်၏ခေါင်းပေါ်မှာ လက်ျာ လက်ကို တင်ပြီးလျှင်၊ လက်ဝဲလက်ကို မနာရှေ၏ ခေါင်း ပေါ်မှာ တင်၏။
以色列伸出右手來,按在以法蓮的頭上(以法蓮乃是次子),又剪搭過左手來,按在瑪拿西的頭上(瑪拿西原是長子)。
15 ၁၅ ယောသပ်ကို ကောင်းကြီးပေးလျက်၊ ငါ့အဘ အာဗြဟံနှင့်ဣဇာက်ကိုးကွယ်သော ဘုရားသခင်၊ ငါ့ကို တသက်လုံး ယနေ့တိုင်အောင် ကျွေးမွေးတော်မူသော ဘုရားသခင်တည်းဟူသော၊
他就給約瑟祝福說:「願我祖亞伯拉罕和我父以撒所事奉的上帝,就是一生牧養我直到今日的上帝,
16 ၁၆ ငါ့ကိုခပ်သိမ်းသော ဘေးဒဏ်အထဲက ကယ် နှုတ်တော်မူသော ကောင်းကင်တမန်သည်၊ ဤသူငယ် တို့ကို ကောင်းကြီးပေးတော်မူပါစေသော။ သူတို့ကို ငါ့အမည်ဖြင့်၎င်း၊ ငါ့အဘအာဗြဟံနှင့် ဣဇာက်၏အမည် ဖြင့်၎င်း၊ ထပ်၍မှည့်ပါစေသော။ သူတို့သည် မြေကြီးပေါ် မှာ အလွန်တိုး ပွါးများပြားပါစေသောဟု မြွက်ဆို၏။
救贖我脫離一切患難的那使者,賜福與這兩個童子。願他們歸在我的名下和我祖亞伯拉罕、我父以撒的名下。又願他們在世界中生養眾多。」
17 ၁၇ အဘသည်လက်ျာလက်ကို ဧဖရိမ်၏ခေါင်းပေါ်မှာ တင်သည်ကို ယောသပ်မြင်လျှင်၊ အားမရ သည်ဖြစ်၍၊
約瑟見他父親把右手按在以法蓮的頭上,就不喜悅,便提起他父親的手,要從以法蓮頭上挪到瑪拿西的頭上。
18 ၁၈ မဟုတ်ပါအဘ။ ဤသူသည် သားဦးဖြစ်ပါ၏။ သူ၏ခေါင်းပေါ်မှာ လက်ျာလက်ကိုတင်ပါဟု ဆိုလျက် အဘ၏ လက်ကိုဧဖရိမ်ခေါင်းပေါ်က မနာရှေခေါင်းပေါ် သို့ ပြောင်းခြင်းငှါ ချီလေ၏။
約瑟對他父親說:「我父,不是這樣。這本是長子,求你把右手按在他的頭上。」
19 ၁၉ အဘသည်ငြင်း၍၊ ငါသိ၏ငါသား၊ ငါသိ၏။ သူသည် ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ ကြီးသဖြင့်၊ သူ၏ အမျိုး အနွှယ်သည် များစွာသော လူအစုစုဖြစ်လိမ့်မည်ဟု ဆို၏။
他父親不從,說:「我知道,我兒,我知道。他也必成為一族,也必昌大。只是他的兄弟將來比他還大;他兄弟的後裔要成為多族。」
20 ၂၀ တဖန်ဘုရားသခင်သည် သင့်ကို ဧဖရိမ်ကဲ့သို့ ၎င်း၊ မနာရှေကဲ့သို့၎င်း ဖြစ်စေတော်မူပါစေသောဟူ၍ ဣသရေလအမျိုးသားတို့ သည်သင်အားဖြင့် ကောင်းကြီးပေးကြလိမ့်မည်ဟု တိုနေ့၌သူတို့ကိုကောင်းကြီးပေးလေ၏။ ထိုသို့မနာရှေရှေ့မှာ ဧဖရိမ်ကိုနေရာချသတည်း။
當日就給他們祝福說:「以色列人要指着你們祝福說:『願上帝使你如以法蓮、瑪拿西一樣。』」於是立以法蓮在瑪拿西以上。
21 ၂၁ ဣသရေလကလည်း၊ ငါသေတော့မည်။ သို့သော်လည်း၊ ဘုရားသခင်သည် သင်တို့ဘက်၌ရှိ၍၊ သင်တို့ကို ဘိုးဘေးနေရာ ပြည်သို့ တဖန် ဆောင်တော်မူလိမ့်မည်။
以色列又對約瑟說:「我要死了,但上帝必與你們同在,領你們回到你們列祖之地。
22 ၂၂ ထိုမှတပါး သင်၏အစ်ကိုတို့အားပေးသည်ထက် သင့်အားသာ၍ ပေးသောအရာဟူမူကား၊ ငါ့ထား၊ ငါ့ လေးဖြင့် အာမောရိအမျိုးသားလက်မှ နှုတ်ယူသောအရာ ကို သင့်အား ငါပေးသည်ဟု ယောသပ်ကို ပြောဆို၏။
並且我從前用弓用刀從亞摩利人手下奪的那塊地,我都賜給你,使你比眾弟兄多得一分。」

< ကမ္ဘာ​ဦး 48 >