< ကမ္ဘာ​ဦး 46 >

1 ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိ အဘဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ၏။
Israeli akasafiri na yote aliyokuwa nayo na akaja Beersheba. Pale akatoa sadaka kwa Mungu wa Isaka baba yake.
2 ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။
Mungu akamwambia Israeli katika ndoto usiku, akisema, “Yakobo, Yakobo.”
3 ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင် ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။
Akasema, “Mimi hapa.” Akasema, “Mimi ni Mungu, Mungu wa baba yako. Usiogope kushuka Misri, kwa maana nitakufanya taifa kubwa huko.
4 အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦး မည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Nitakwenda pamoja nawe huko Misri, Nami nitakupandisha huku tena bila shaka. Na Yusufu akayafunika macho yako kwa mikono wake.”
5 တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊
Yakobo akainuka kutoka Beersheba. Wana wa Israeli wakamsafirisha Yakobo baba yao, watoto wao, na wake wao, katika mikokotene ambayo Farao alikuwa ameipeleka kuwachukua.
6 ခါနာန်ပြည်၌ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
Wakachukua mifugo yao na mali zao walizokuwa wamezipata katika nchi ya Kanaani. Wakaja Misri, Yakobo na uzao wake wote pamoja naye.
7 ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ၏။
Akaja Misri pamoja na wanawe na wana wa wanawe, binti zake na wana wa binti zake, na uzao wake wote.
8 အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
Haya ni majina ya watoto wa Israeli waliokuja Misri, Yakobo na wanawe: Rubeni, mzaliwa wa kwanza wa Yakobo;
9 ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။
wana wa Rubeni Hanoki na Palu na Hezroni na Karmi;
10 ၁၀ ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ။
wana wa Simoni, Yemueli, Yamini, Ohadi, Yakini, Zohari, na Shauli, wana wa mwanamke Mkanaani;
11 ၁၁ လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
wana wa Lawi Gershoni, Kohathi, na Merari.
12 ၁၂ ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
Wana wa Yuda: Eri, Shela, Peresi, na Zera, (Lakini Eri na Onani walikufa katika nchi ya Kanaani). Na wana wa Peresi walikuwa Hezroni na Hamuli.
13 ၁၃ ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
Wana wa Isakari walikuwa Tola, Puva, Lobu, na Shimroni;
14 ၁၄ ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
Wana wa Zabuloni walikuwa Seredi, Eloni, na Yahleeli
15 ၁၅ ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
Hawa walikuwa wana wa Lea aliomzalia Yakobo huko Padani Aramu, pamoja na na Dina binti yake. Wanawe na binti zake walikuwa thelathini na watatu.
16 ၁၆ ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇေုန်၊ ဧရီ၊ အရောဒိ၊ အရေလိ။
Wana wa Gadi walikuwa Zifioni, Hagi, Shuni, Ezboni, Eri, Arodi, na Areli.
17 ၁၇ အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
Wana wa Asheri walikuwa Imna, Ishva, Ishvi, na Beria; na Sera alikuwa dada yao. Wana wa Beria walikuwa Heberi na Malkieli.
18 ၁၈ ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။
Hawa walikuwa wana wa Zilpa, ambaye Labani alikuwa amempa Lea binti yake. Wana aliomzalia Yakobo wote walikuwa kumi na sita.
19 ၁၉ ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
Wana wa Raheli mkewe Yakobo walikuwa Yusufu na Benjamini.
20 ၂၀ အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။
Huko Misri Manase na Efraimu walizaliwa kwa Yusufu na Asenathi, binti Potifera kuhani wa Oni.
21 ၂၁ ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
Wana wa Benjamini walikuwa Bela, Bekeri, Ashbeli, Gera, Naamani, Ehi, Roshi, Mupimu, Hupimu, na Ardi.
22 ၂၂ ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။
Hawa walikuwa wana wa Raheli waliozaliwa kwa Yakobo - jumla yao kumi na wanne.
23 ၂၃ ဒန်သား။ ဟုရှိမ်။-
Mwana wa Dani alikuwa Hushimu.
24 ၂၄ နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
Wana wa Naftali walikuwa Yahzeeli, Guni, Yezeri, na Shilemi.
25 ၂၅ ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။
Hawa walikuwa wana Bilha aliomzalia Yakobo, ambaye Labani alimpa Raheli binti yake - wote walikuwa saba.
26 ၂၆ ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
Wate waliokwenda na Yakobo, waliokuwa uzao wake, bila kuhesabu wake wa wana wa Yakobo walikuwa sitini na sita.
27 ၂၇ အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
Pamoja na wana wawili wa Yusufu waliozaliwa kwake huko Misri, watu wa familia yake waliokwenda Misri walikuwa sabini jumla yao.
28 ၂၈ ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
Yakobo akamtuma Yuda kuwatangulia mbele kwa Yusufu kuonesha njia mbele yake kwenda Gosheni, nao wakaja katika eneo la Gosheni.
29 ၂၉ ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။
Yusufu akaandaa kibandawazi chake na akaenda kumlaki baba yake huko Gosheni. Akamwona, akaikumbatia shingo yake, na akalia shingoni mwake kwa kitambo.
30 ၃၀ ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။
Israeli akamwambia Yusufu, “Basi na nife sasa, kwa kuwa nimeuona uso wako, kwamba bado uko hai.”
31 ၃၁ ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။
Yusufu akawambia ndungu zake na nyumba ya baba yake, “Nitakwenda na kumwambia Farao, kusema, 'Ndugu zangu na nyumba ya baba yangu, waliokuwa katika nchi ya Kanaani, wamenijia.
32 ၃၂ ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။
Watu hawa ni wafugaji, kwani wamekuwa watunza wanyama. Wamekuja na makundi yao ya kondoo, na mbuzi, na vyote walivyonavyo.'
33 ၃၃ နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊
Itakuwa, Farao atakapowaita na kuwauliza, 'Kazi yenu ni ipi?'
34 ၃၄ ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။
mwambieni, 'Watumishi wako wamekuwa watunza wanyama tangu ujana wetu mpaka sasa, sisi, na baba zetu.' Fanyeni hivyo ili mweze kuishi katika nchi ya Gosheni, kwani kila mfugaji ni chukizo kwa Wamisri.”

< ကမ္ဘာ​ဦး 46 >