< ကမ္ဘာ​ဦး 46 >

1 ထိုအခါ ဣသရေလသည် မိမိဥစ္စာရှိသမျှနှင့်တကွ ခရီးသွား၍ ဗေရရှေဘအရပ်သို့ ရောက်လျှင်၊ မိမိ အဘဣဇာက်၏ ဘုရားသခင်အား ယဇ်ပူဇော်ခြင်းကို ပြုလေ၏။
Tedy bral se Izrael se vším, což měl; a přišed do Bersabé, obětoval oběti Bohu otce svého Izáka.
2 ညဉ့်အခါ ဗျာဒိတ်တော်အားဖြင့် ဘုရားသခင် က၊ ယာကုပ်၊ ယာကုပ် ဟုခေါ်တော်မူလျှင်၊ ယာကုပ်က အကျွန်ုပ်ရှိပါသည်ဟု လျှောက်လေ၏။
I mluvil Bůh Izraelovi u vidění nočním, řka: Jákobe, Jákobe! Kterýžto odpověděl: Aj, teď jsem.
3 ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင် ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့ သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။
I řekl: Já jsem ten Bůh silný, Bůh otce tvého. Neboj se sstoupiti do Egypta, nebo v národ veliký tam tebe učiním.
4 အဲဂုတ္တုပြည်သို့ သင်နှင့်အတူ ငါသွားမည်။ တဖန် ငါဆောင်ခဲ့ဦး မည်။ ယောသပ်သည် မိမိလက်ကို သင်၏မျက်စိပေါ်မှာ တင်ရလိမ့်မည်ဟု မိန့်တော်မူ၏။
Já sstoupím s tebou do Egypta, a já tě také i zase přivedu; a Jozef položí ruku svou na oči tvé.
5 တဖန်ယာကုပ်သည် ဗေရရှေဘအရပ်မှထွက်၍၊ သူစီးစရာဘို့ ဖါရောမင်းပေးလိုက်သော လှည်းတို့ဖြင့် ဣသရေလ၏သားတို့သည် အဘမှစ၍ မိန်းမများနှင့် သူငယ်များတို့ကို ဆောင်လျက်၊
Vstal tedy Jákob z Bersabé; a synové Izraelovi vzali Jákoba otce svého, a děti své s ženami svými na vozy, kteréž poslal pro něho Farao.
6 ခါနာန်ပြည်၌ရသော တိရစ္ဆာန်များနှင့် ဥစ္စာများကိုလည်း ယူ၍ အဲဂုတ္တုပြည်သို့ သွားကြ၏။
Pobrali také dobytek svůj, a zboží své, kteréhož nabyli v zemi Kananejské; a přišli do Egypta, Jákob i všecko símě jeho s ním.
7 ယာကုပ်သည် ကိုယ်တိုင်မှစ၍ သားသမီးမြေးတည်းဟူသော အမျိုးအနွယ်အပေါင်းတို့ကို အဲဂုတ္တုပြည် သို့ ဆောင်သွားလေ၏။
Syny i vnuky, dcery i vnučky své, a všecku rodinu svou uvedl s sebou do Egypta.
8 အဲဂုတ္တုပြည်သို့ရောက်သော ဣသရေလသားတို့၏အမည်ကား၊ ယာကုပ်နှင့် သူ၏သားများ။ သားဦးရုဗင်။
A tato jsou jména synů Izraelových, kteříž vešli do Egypta: Jákob a synové jeho. Prvorozený Jákobův Ruben.
9 ရုဗင်သား။ ဟာနုတ်၊ ဖါလု၊ ဟေဇရုံ၊ ကာမိ။
A synové Rubenovi: Enoch, Fallu, Ezron a Charmi.
10 ၁၀ ရှိမောင်သား။ ယေမွေလ၊ ယာမိန်၊ ဩဟဒ်၊ ယာခိန်၊ ဇောဟာ၊ ခါနာန်အမျိုး မိန်းမ၏သား ရှောလ။
Synové pak Simeonovi: Jamuel, Jamin, Ahod, Jachin, Sohar a Saul, syn jedné ženy Kananejské.
11 ၁၁ လေဝိသား။ ဂေရရှုံ၊ ကောဟတ်၊ မေရာရိ။
Synové Léví: Gerson, Kahat a Merari.
12 ၁၂ ယုဒသား။ ဧရ၊ ဩနန်၊ ရှေလ၊ ဖါရက်၊ ဇာရ။ ထိုသူတို့တွင် ဧရနှင့်ဩနန်သည် ခါနာန်ပြည်၌ သေ သတည်း။ ဖါရက်သား၊ ဟေဇရုံနှင့် ဟာမုလ။
Synové Judovi: Her, Onan, Séla, Fáres a Zára. (Ale umřel Her a Onan v zemi Kananejské.) Fáres pak měl syny: Ezrona a Hamule.
13 ၁၃ ဣသခါသား။ တောလ၊ ဖုဝါ၊ ယောဘ၊ ရှိမရုန်။
Synové Izacharovi: Tola, Fua, Job a Simron.
14 ၁၄ ဇာဗုလုန်သား။ သရက်၊ ဧလုန်၊ ယာလေလ။
A synové Zabulonovi: Sared, Elon a Jahelel.
15 ၁၅ ဤသူတို့ကား၊ ယာကုပ်မယားလေအာသည် ပါဒနာရံအရပ်၌ ဘွားသော သားတည်း။ သမီးဒိနနှင့် တကွ၊ သားသမီးပေါင်းသုံးဆယ်သုံး။
Tiť jsou synové Líe, kteréž porodila Jákobovi v Pádan Syrské, a Dínu, dceru jeho. Všech duší synů i dcer jeho bylo třidceti a tři.
16 ၁၆ ဂဒ်သား။ ဇိဖျန်၊ ဟဂ္ဂိ၊ ရှုနိ၊ ဧဇေုန်၊ ဧရီ၊ အရောဒိ၊ အရေလိ။
Synové Gád: Sefon, Aggi, Suni, Esebon, Heri, Arodi a Areli.
17 ၁၇ အာရှာသား။ ယိမန။ ဣရွာ၊ ဣရွှိ၊ ဗေရိယ၊ နှမစေရတည်း။ ဗေရိယသား၊ ဟေဗာနှင့် မာလချေလ။
Synové Asser: Jemna, Jesua, Jesui, Beria, a Serach sestra jejich. Synové pak Beriovi: Heber a Melchiel.
18 ၁၈ ဤသူတို့ကား၊ လာဗန်သည် သမီးလေးအာအား၊ လက်ဖွဲ့သော ယာကုပ်မယား ဇိလပဘွားသော သား တည်း။ ပေါင်းတဆယ်ခြောက်။
To jsou synové Zelfy, kterouž Lában dal Líe dceři své; a ty porodila Jákobovi, šestnácte duší.
19 ၁၉ ယာကုပ်မယား ရာခေလသား။ ယောသပ်နှင့် ဗင်္ယာမိန်။
Synové pak Ráchel, manželky Jákobovy: Jozef a Beniamin.
20 ၂၀ အဲဂုတ္တုပြည်၌ ဩနမြို့၏ ယဇ်ပုရောဟိတ် ပေါတိဖေရသမီးအာသနတ်တွင် ယောသပ်နှင့်ရသော သား၊ မနာရှေနှင့်ဧဖရိမ်။
A Jozefovi narodili se v zemi Egyptské z Asenat, dcery Putifera knížete On, Manasses a Efraim.
21 ၂၁ ဗင်္ယာမိန်သား။ ဗေလ၊ ဗေခါ၊ အာရှဗေလ၊ ဂေရ၊ နေမန်၊ ဧဟိ၊ ရောရှ၊ မုပိမ်၊ ဟုပိမ်၊ အာရဒ။
Ale synové Beniaminovi: Béla, Becher, Asbel, Gera, Náman, Echi, Roz, Mufim, Chuppim a Ared.
22 ၂၂ ဤသူတို့ကား၊ ယာကုပ်မယား ရာခေလဘွားသောသားတည်း။ ပေါင်းတဆယ်လေး။
Tiť jsou synové Ráchel, kteréž porodila Jákobovi; všech duší čtrnáct.
23 ၂၃ ဒန်သား။ ဟုရှိမ်။-
A syn Danův: Chusim.
24 ၂၄ နဿလိသား။ ယာဗေလ၊ ဂုနိ၊ ယေဇာ၊ ရှိလင်။
Synové pak Neftalím: Jaziel, Guni, Jezer a Sallem.
25 ၂၅ ဤသူတို့ကား၊ လာဗန်သည် သမီးရာခေလအား လက်ဖွဲ့သော ယာကုပ်မယား ဗိလဟာဘွားသော သားတည်း။ ပေါင်းခုနစ်။
Ti jsou synové Bály, kterouž Lában dal Ráchel dceři své, a ty porodila Jákobovi; všech duší sedm.
26 ၂၆ ယာကုပ်ချွေးမများကို မဆိုဘဲ၊ ယာကုပ်မှဆင်းသက်၍၊ သူနှင့်အတူ အဲဂုတ္တုပြည်သို့သွားသော လူပေါင်း ကား၊ ခြောက်ဆယ်ခြောက်ယောက်တည်း။
Všech duší, kteréž vešly s Jákobem do Egypta, což jich pošlo z bedr jeho, kromě žen synů Jákobových, všech duší bylo šedesáte a šest.
27 ၂၇ အဲဂုတ္တုပြည်၌ ယောသပ်ရနှင့်သော သားနှစ်ယောက်ရှိ၏။ သို့ဖြစ်၍ အဲဂုတ္တုပြည်သို့ရောက်သော ယာကုပ်၏အမျိုးသားအပေါင်းကား ခုနစ်ဆယ်တည်း။
K tomu synové Jozefovi, kteříž se jemu narodili v Egyptě, dva. A tak všech duší domu Jákobova, kteréž vešly do Egypta, bylo sedmdesáte.
28 ၂၈ ယောသပ်ထံသို့ ဂေါရှင်ပြည်ကိုသွားစေခြင်းငှါ ယုဒကို အရင်စေလွှတ်ပြီးမှ ဂေါရှင်ပြည်သို့ရောက်ကြ၏။
Poslal pak Judu napřed k Jozefovi, aby oznámil jemu prvé, než přišel do Gesen. A tak přišli do země Gesen.
29 ၂၉ ယောသပ်သည် ရထားကိုပြင်၍ အဘဣသရေလကို ခရီးဦးကြိုပြုခြင်းငှါ ဂေါရှင်ပြည်သို့ သွား၍ အဘရှေ့သို့ရောက်သော်၊ အဘ၏လည်ပင်းကို ဘက်လျက် ကြာကြာငိုလေ၏။
Jozef pak zapřáh do svého vozu, vyjel vstříc Izraelovi otci svému do Gesen; a jakž ho Jákob uzřel, padl na jeho šíji, a plakal dlouho na šíji jeho.
30 ၃၀ ဣသရေလကလည်း၊ ယခုငါသေပါစေသော။ သင်၏မျက်နှာကို ငါမြင်ရပြီ။ သင်သည် အသက်ရှင်သေး ၏ဟု ယောသပ်အား ဆိုလေ၏။
I řekl Izrael Jozefovi: Nechť již umru, když jsem viděl tvář tvou; nebo ty ještě jsi živ.
31 ၃၁ ယောသပ်ကလည်း၊ ဖါရောမင်းထံသို့ ကျွန်ုပ် သွားဦးမည်။ ခါနာန်ပြည်၌နေသော ကျွန်တော်အစ်ကို များ၊ ကျွန်တော်အဘ၏ အိမ်သားများတို့သည် ကျွန်တော် ထံသို့ ရောက်ကြပါပြီ။
Jozef pak řekl bratřím svým a domu otce svého: Pojedu a zvěstuji Faraonovi, a dím jemu: Bratří moji a dům otce mého, kteříž bydlili v zemi Kananejské, přišli ke mně.
32 ၃၂ ထိုသူတို့သည် သိုးထိန်းဖြစ်ပါ၏။ သိုးနွားတို့ကို မွေးသောသူဖြစ်ပါ၏။ သူတို့သိုးနွားမှစ၍ ရှိသမျှတို့ကို ဆောင်ခဲ့ကြပါပြီဟု လျှောက်မည်။
Ale jsou pastýři stáda, nebo s dobytkem se obírají; protož ovce své a voly, i cožkoli mají, přihnali.
33 ၃၃ နောက်တခါ သင်တို့ကို ဖါရောမင်းခေါ်၍ သင်တို့သည် အဘယ်သို့ လုပ်ဆောင်တတ်သနည်းဟု မေးတော်မူလျှင်၊
A když by povolal vás Farao, a řekl: Jaký jest obchod váš?
34 ၃၄ ကိုယ်တော်ကျွန်တော်တို့သည် ဘိုးဘေးနှင့်တကွ၊ ငယ်သော အရွယ်မှစ၍ ယခုတိုင်အောင် သိုးနွားတို့ကို မွေးသောသူဖြစ်ကြပါ၏ဟု လျှောက်ရမည်။ သို့ဖြစ်၍ ဂေါရှင်ပြည်မှာ နေသောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်းဖြစ်သောသူကို အဲဂုတ္တုလူတို့သည် ရွံရှာတတ်ကြ၏ ဟု အစ်ကိုများ အဘ၏အိမ်သားများတို့ကို ပြောဆို၏။
Odpovíte: Dobytkem se živili služebníci tvoji od mladosti své až do této chvíle, i my i otcové naši; abyste bydlili v zemi Gesen; nebo v mrzkosti mají Egyptští všecky pastýře stáda.

< ကမ္ဘာ​ဦး 46 >