< ကမ္ဘာ​ဦး 37 >

1 ယာကုပ်သည် မိမိအဘတည်းခိုရာ ခါနာန်ပြည် ၌နေ၏။
וישב יעקב בארץ מגורי אביו בארץ כנען׃
2 ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများ ဟူမူကား၊ ယောသပ်သည် အသက်တဆယ်ခုနစ်နှစ်ရှိ၍၊ အစ်ကိုတို့နှင့်အတူ သိုးဆိတ်များကို ထိန်းလေ၏။ အဘ ၏မယား ဗိလဟာနှင့် ဇိလပ၏သားတို့နှင့်အတူ နေ၍၊ သူတို့အပြစ်ကို အဘအား ကြားပြောတတ်၏။
אלה תלדות יעקב יוסף בן שבע עשרה שנה היה רעה את אחיו בצאן והוא נער את בני בלהה ואת בני זלפה נשי אביו ויבא יוסף את דבתם רעה אל אביהם׃
3 ဣသရေလသည် အသက်ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့်၊ အခြားသော သားအပေါင်း တို့ကို ချစ်သည်ထက် ယောသပ်ကို သာ၍ချစ်၏။ အဆင်းအရောင်ထူးခြားသော အင်္ကျီကို ချုပ်၍ ပေး၏။
וישראל אהב את יוסף מכל בניו כי בן זקנים הוא לו ועשה לו כתנת פסים׃
4 အဘသည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ်ကြောင်းကို၊ အစ်ကိုတို့သည် သိမြင်သော အခါ၊ သူ့ကိုမုန်း၍ မေတ္တာစကားကို သူ့အား မပြော နိုင်ကြ။
ויראו אחיו כי אתו אהב אביהם מכל אחיו וישנאו אתו ולא יכלו דברו לשלם׃
5 ယောသပ်သည် အိပ်မက်ကို မြင်၍၊ အစ်ကို တို့အား ပြန်ပြောသဖြင့်၊ သူတို့သည် သာ၍မုန်းကြ၏။
ויחלם יוסף חלום ויגד לאחיו ויוספו עוד שנא אתו׃
6 အိပ်မက်ကို အဘယ်သို့ ပြန်ပြောသနည်းဟူမူ ကား၊ ကျွန်ုပ်မြင်ရသော အိပ်မက်ကို နားထောင်ကြပါ လော့။
ויאמר אליהם שמעו נא החלום הזה אשר חלמתי׃
7 ကျွန်ုပ်တို့သည် လယ်၌ကောက်လှိုင်းကို စည်း၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်းသည် ထ၍ မတ်တတ်နေသဖြင့်၊ သင်တို့၏ ကောက်လှိုင်းတို့သည် ဝိုင်း၍ရပ်လျက်၊ ကျွန်ုပ်ကောက်လှိုင်းကို ရှိခိုးကြသည်ဟု ပြောဆိုလေ၏။
והנה אנחנו מאלמים אלמים בתוך השדה והנה קמה אלמתי וגם נצבה והנה תסבינה אלמתיכם ותשתחוין לאלמתי׃
8 အစ်ကိုတို့ကလည်း၊ သင်သည် ငါတို့၌ မင်းပြု ရလိမ့်မည်လော၊ ငါတို့ကို အစိုးရလိမ့်မည်လောဟု ပြန်ဆို ၍၊ သူ၏အိပ်မက်နှင့် သူ၏စကားအကြောင်းကြောင့် သာ၍မုန်းကြ၏။
ויאמרו לו אחיו המלך תמלך עלינו אם משול תמשל בנו ויוספו עוד שנא אתו על חלמתיו ועל דבריו׃
9 တဖန်အိပ်မက်ကိုမြင်ပြန်၍ အစ်ကိုတို့အား၊ အခြားသော အိပ်မက်ကို ကျွန်ုပ်မြင်ရပြီ။ နေ၊ လနှင့်တကွ၊ ကြယ်ဆယ်တလုံးတို့သည်၊ ကျွန်ုပ်ကိုရှိခိုးကြ၏ဟု ကြား ပြောလေ၏။
ויחלם עוד חלום אחר ויספר אתו לאחיו ויאמר הנה חלמתי חלום עוד והנה השמש והירח ואחד עשר כוכבים משתחוים לי׃
10 ၁၀ ထိုသို့အဘနှင့် အစ်ကိုတို့အား ကြားပြောသော အခါ၊ အဘက၊ သင်မြင်သောအိပ်မက်သည် အဘယ်သို့ နည်း။ ငါနှင့်သင်၏အမိ၊ သင်၏ အစ်ကိုတို့သည် သင့်ထံ သို့ စင်စစ်လာ၍ ဦးညွှတ်ချရမည်လောဟူ၍၊ သူ့ကို ဆုံးမ လေ၏။
ויספר אל אביו ואל אחיו ויגער בו אביו ויאמר לו מה החלום הזה אשר חלמת הבוא נבוא אני ואמך ואחיך להשתחות לך ארצה׃
11 ၁၁ အစ်ကိုတို့သည် သူ့ကိုငြူစူကြ၏။ အဘသည် ထိုအရာကို မှတ်လေ၏။
ויקנאו בו אחיו ואביו שמר את הדבר׃
12 ၁၂ အစ်ကိုတို့သည် အဘ၏သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်းခြင်းငှါ သွားကြ၏။
וילכו אחיו לרעות את צאן אביהם בשכם׃
13 ၁၃ ဣသရေလသည် ယောသပ်ကိုခေါ်၍၊ သင်၏ အစ်ကိုတို့သည် သိုးဆိတ်များကို ရှေခင်မြို့မှာ ထိန်းကြ သည် မဟုတ်လော။ လာပါ။ သင့်ကို သူတို့ရှိရာသို့ ငါ စေလွှတ်မည်ဟုခေါ်လျှင်၊ ကျွန်ုပ်ရှိပါသည်ဟုဆိုသော်၊
ויאמר ישראל אל יוסף הלוא אחיך רעים בשכם לכה ואשלחך אליהם ויאמר לו הנני׃
14 ၁၄ အဘကသွားပါ၊ အစ်ကိုတို့သည် ချမ်းသာ သလော၊ သိုးဆိတ်တို့လည်း ကောင်းမွန်စွာရှိသလော ဟူ၍ ကြည့်ရှုပြီးလျှင်၊ ငါ့အားသိတင်းကြားပြောပါဟု မှာလိုက်လျက်၊ ဟေဗြုန်ချိုင့်မှ စေလွှတ်သဖြင့်၊သူသည် ရှေခင်မြို့သို့ ရောက်လေ၏။
ויאמר לו לך נא ראה את שלום אחיך ואת שלום הצאן והשבני דבר וישלחהו מעמק חברון ויבא שכמה׃
15 ၁၅ တော၌လှည့်လည်စဉ်တွင်၊ တစုံတယောက် သောသူနှင့်တွေ့၍ ထိုသူက၊ သင်သည် ဘာကိုရှာသနည်း ဟု မေးလျှင်၊
וימצאהו איש והנה תעה בשדה וישאלהו האיש לאמר מה תבקש׃
16 ၁၆ အစ်ကိုများကို ရှာ၏။ အဘယ်မှာထိန်းကြသည် ကို ပြောပါဟုဆိုသော်၊
ויאמר את אחי אנכי מבקש הגידה נא לי איפה הם רעים׃
17 ၁၇ ထိုသူက၊ ဤအရပ်မှထွက်သွားပြီ။ ဒေါသန်မြို့သို့ သွားကြစို့ဟု သူတို့ပြောသံကို ကျွန်ုပ်ကြားခဲ့ပြီဟုဆို၏။ယောသပ်သည်လည်း၊ အစ်ကိုတို့ကို လိုက်ရှာ၍ ဒေါသန် မြို့မှာ တွေ့လေ၏။
ויאמר האיש נסעו מזה כי שמעתי אמרים נלכה דתינה וילך יוסף אחר אחיו וימצאם בדתן׃
18 ၁၈ အနီးသို့မရောက်မှီ အဝေး၌ရှိစဉ်ပင်၊ အစ်ကို တို့သည်မြင်လျှင်၊ သတ်ခြင်းငှါတိုင်ပင်လျက်၊
ויראו אתו מרחק ובטרם יקרב אליהם ויתנכלו אתו להמיתו׃
19 ၁၉ ကြည့်လော့။ အိပ်မက်ဆရာလာပြီ။
ויאמרו איש אל אחיו הנה בעל החלמות הלזה בא׃
20 ၂၀ ကိုင်ကြ။ သူ့ကိုသတ်၍ တစုံတခုသော တွင်းထဲ သို့ ချပစ်ကြစို့။ ဆိုးသောသားရဲတစုံတခုကိုက်စားပြီဟု ပြောကြစို့။ ထိုသို့ပြုလျှင်၊ သူ၏ အိပ်မက်တို့သည် အဘယ်သို့နေရာကျမည်ကို ကြည့်ကြစို့ဟု အချင်းချင်း ပြောဆိုကြ၏။
ועתה לכו ונהרגהו ונשלכהו באחד הברות ואמרנו חיה רעה אכלתהו ונראה מה יהיו חלמתיו׃
21 ၂၁ ထိုစကားကို ရုဗင်ကြားလျှင်၊ သူ့ကို မသတ်ဘဲ နေကြစို့ဟုဆိုလျက်၊ သူတို့လက်မှ ယောသပ်ကို နှုတ် လေ၏။
וישמע ראובן ויצלהו מידם ויאמר לא נכנו נפש׃
22 ၂၂ တဖတ် ရုဗင်က၊ သူ၏အသွေးကို မသွန်းကြနှင့်။ ကိုယ်လက်နှင့်မပြုဘဲ၊ တော၌ ဤမည်သောတွင်းထဲသို့ ချကြစို့ဟု သူတို့လက်မှ ယောသပ်ကို နှုတ်ယူ၍၊ အဘ၌ တဖန် အပ်မည်အကြံရှိသည်နှင့်ဆိုလေ၏။
ויאמר אלהם ראובן אל תשפכו דם השליכו אתו אל הבור הזה אשר במדבר ויד אל תשלחו בו למען הציל אתו מידם להשיבו אל אביו׃
23 ၂၃ ယောသပ်သည် အစ်ကိုတို့ထံသို့ ရောက်သော အခါ၊ သူဝတ်သောအင်္ကျီ၊ အဆင်း ထူးခြားသောအင်္ကျီကို ချွတ်ပြီးမှ၊
ויהי כאשר בא יוסף אל אחיו ויפשיטו את יוסף את כתנתו את כתנת הפסים אשר עליו׃
24 ၂၄ သူ့ကိုကိုင်ယူ၍ တွင်းထဲသို့ ချကြ၏။ထိုတွင်း၌ ရေမရှိ၊ သွေ့ခြောက်သောတွင်း ဖြစ်သတည်း။
ויקחהו וישלכו אתו הברה והבור רק אין בו מים׃
25 ၂၅ ထိုနောက် အစာစားခြင်းငှါ ထိုင်ကြစဉ် မြော်ကြည့်၍၊ ဣရှမေလအမျိုးသား အစုအဝေးသည် ဂိလဒ်ပြည်မှလာ၍ နံ့သာမျိုး၊ ဗာလစံစေး၊ မုရန်စေးများ ကို ကုလားအုပ်ပေါ်၌ တင်ဆောင်လျက်၊ အဲဂုတ္တုပြည်သို့ ခရီးသွားကြသည်ကိုမြင်လျှင်၊
וישבו לאכל לחם וישאו עיניהם ויראו והנה ארחת ישמעאלים באה מגלעד וגמליהם נשאים נכאת וצרי ולט הולכים להוריד מצרימה׃
26 ၂၆ ယုဒက၊ ငါတို့သည် ညီကိုသတ်၍သေကြောင်းကို ဖွက်ထားလျှင် အဘယ်ကျေးဇူးရှိသနည်း။
ויאמר יהודה אל אחיו מה בצע כי נהרג את אחינו וכסינו את דמו׃
27 ၂၇ ကိုင်ကြ။ ကိုယ်တိုင်မညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်းလိုက်ကြစို့။ သူသည် တို့ညီ၊ တို့အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ်ကိုတို့ သည် ဝန်ခံကြ၏။
לכו ונמכרנו לישמעאלים וידנו אל תהי בו כי אחינו בשרנו הוא וישמעו אחיו׃
28 ၂၈ ထိုအခါ၊ မိဒျန်အမျိုးသား ကုန်သည်တို့သည် ခရီးသွားကြစဉ်တွင်၊ အစ်ကိုတို့သည် ယောသပ်ကို တွင်း ထဲက ဆွဲတင်ပြီးလျင်၊ ငွေအကျပ်နှစ် ဆယ်အဘိုးနှင့် ဣရှမေလလူတို့အား ရောင်း၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တုပြည်သို့ ဆောင်သွားကြ၏။
ויעברו אנשים מדינים סחרים וימשכו ויעלו את יוסף מן הבור וימכרו את יוסף לישמעאלים בעשרים כסף ויביאו את יוסף מצרימה׃
29 ၂၉ ရုဗင်သည်လည်း တွင်းသို့သွား၍၊ တွင်းထဲမှာ ယောသပ်မရှိသည်ကို မြင်လျင်၊ မိမိအဝတ်ကို ဆွဲဆုတ် လျက်၊
וישב ראובן אל הבור והנה אין יוסף בבור ויקרע את בגדיו׃
30 ၃၀ ညီတို့ရှိရာသို့ သွား၍၊ သူငယ်မရှိပါတကား။ ငါသည် အဘယ်သို့ သွားရပါ မည်နည်းဟု ဆိုလေ၏။
וישב אל אחיו ויאמר הילד איננו ואני אנה אני בא׃
31 ၃၁ သူတို့သည်လည်း၊ ယောသပ်အင်္ကျီကိုယူ၍၊ ဆိတ်သငယ်ကို သတ်ပြီးမှ၊ အင်္ကျီကိုအသွေး၌ နှစ်လေ၏။
ויקחו את כתנת יוסף וישחטו שעיר עזים ויטבלו את הכתנת בדם׃
32 ၃၂ ထိုနောက်မှ၊ အဆင်းထူးခြားသော ထိုအင်္ကျီကို ပေးလိုက်၍၊ အချို့တို့သည် အဘထံသို့ဆောင်ခဲ့လျက်၊ ဤအင်္ကျီကို အကျွန်ုပ်တို့ တွေ့ပါပြီ။ သား၏အင်္ကျီ ဟုတ်သည် မဟုတ်သည်ကို ကြည့်ပါဟုဆိုလျှင်၊
וישלחו את כתנת הפסים ויביאו אל אביהם ויאמרו זאת מצאנו הכר נא הכתנת בנך הוא אם לא׃
33 ၃၃ ထိုအင်္ကျီကို အဘမှတ်မိ၍၊ ငါ့သား၏ အင်္ကျီ မှန်၏။ သူ့ကိုဆိုးသော သားရဲကိုက်စားပြီ။ အကယ်၍ ယောသပ်ကိုအပိုင်းပိုင်းကိုက်ဖြတ်ပါပြီတကားဟုဆိုလျက်၊
ויכירה ויאמר כתנת בני חיה רעה אכלתהו טרף טרף יוסף׃
34 ၃၄ မိမိအဝတ်ကို ဆွဲဆုတ်၍၊ လျှော်တေအဝတ်ကို ပတ်စည်းသဖြင့်၊ အင်တန်ကာလပတ်လုံး၊ သားကြောင့် စိတ်မသာ ညည်းတွားလျက် နေလေ၏။
ויקרע יעקב שמלתיו וישם שק במתניו ויתאבל על בנו ימים רבים׃
35 ၃၅ သားသမီးအပေါင်းတို့သည်၊ အဘကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း၊ သူသည် နှစ်သိမ့်စေသော စကားကို နားမထောင်ဘဲ၊ ငါ့သားရှိရာ မရဏာနိုင်ငံသို့ စိတ်မသာညည်းတွားလျက် ဆင်းသက်တော့မည်ဟု ဆိုလေ၏။ ထိုသို့ယောသပ်အဘသည် သားကြောင့် ငိုကြွေးမြည်တမ်းလျက် နေလေ၏။ (Sheol h7585)
ויקמו כל בניו וכל בנתיו לנחמו וימאן להתנחם ויאמר כי ארד אל בני אבל שאלה ויבך אתו אביו׃ (Sheol h7585)
36 ၃၆ ယောသပ်ကိုကား၊ မိဒျန်လူတို့သည် အဲဂုတ္တုပြည် သို့ ဆောင်သွား၍၊ ဖါရောဘုရင်၏ အမတ်ဖြစ်သော ကိုယ်ရံတော်မှူး၊ ပေါတိဖါထံမှာ ရောင်းကြ၏။
והמדנים מכרו אתו אל מצרים לפוטיפר סריס פרעה שר הטבחים׃

< ကမ္ဘာ​ဦး 37 >