< ကမ္ဘာ​ဦး 36 >

1 ဧဒုံအမည်ရှိသော ဧသော အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိများဟူမူကား၊
Voici la postérité d’Ésaü, qui est Édom.
2 ဧသောသည် ဟိတ္တိအမျိုးဇိဘောင်သား အာန၏ သမီး အဟောလိဗာမတယောက်၊ ခါနာန်အမျိုးသမီး နှစ်ယောက်နှင့်၎င်း၊
Ésaü prit ses femmes parmi les filles de Canaan: Ada, fille d’Élon, le Héthien; Oholibama, fille d’Ana, fille de Tsibeon, le Hévien;
3 ဣရှမေလသမီးတည်းဟူသော နဗာယုတ်နှမ ဗာရှမတ်တယောက်နှင့်၎င်း အိမ်ထောင်လေ၏။
et Basmath, fille d’Ismaël, sœur de Nebajoth.
4 ဧသောမယား အာဒဘွားသော သားကား၊ ဧလိဖတ်၊ ဗာရှမတ် ဘွားသောသားရွေလတည်း။
Ada enfanta à Ésaü Éliphaz; Basmath enfanta Réuel;
5 အဟောလိဗာမဘွားသော သားကား၊ယုရှ၊ ယာလံ၊ ကောရတည်း။ဤသူတို့ကား၊ ခါနာန်ပြည်၌ ဧသောမြင်သောသားတည်း။
et Oholibama enfanta Jéusch, Jaelam et Koré. Ce sont là les fils d’Ésaü, qui lui naquirent dans le pays de Canaan.
6 ဧသောသည် မယားသားသမီးနှင့်တကွ၊ အိမ်သူအိမ်သားအပေါင်းတို့ကို၎င်း၊ သိုးနွား စသည်တို့နှင့် တိရစ္ဆာန် ရှိသမျှတို့ကို၎င်း၊ ခါနာန်ပြည်၌ ရတတ်သော ဥစ္စာရှိသမျှတို့ကို၎င်း ယူ၍၊ ညီယာကုပ်ထံမှ ပြောင်းသွား လေ၏။
Ésaü prit ses femmes, ses fils et ses filles, toutes les personnes de sa maison, ses troupeaux, tout son bétail, et tout le bien qu’il avait acquis au pays de Canaan, et il s’en alla dans un autre pays, loin de Jacob, son frère.
7 အကြောင်းမူကား၊ ထိုသူနှစ်ပါးတို့သည် ဥစ္စာ များလွန်းသောကြောင့် တရပ်တည်းမနေနိုင်ကြ။ သူတို့ နေရာမြေသည်၊ သူတို့တိရစ္ဆာန်များကြောင့် မဆံ့နိုင်ရာ။
Car leurs richesses étaient trop considérables pour qu’ils demeurassent ensemble, et la contrée où ils séjournaient ne pouvait plus leur suffire à cause de leurs troupeaux.
8 သို့ဖြစ်၍ ဧဒုံအမည်ရှိသော ဧသောသည် စိရတောင်ပေါ်မှာ နေလေ၏။
Ésaü s’établit dans la montagne de Séir. Ésaü, c’est Édom.
9 စိရတောင်ပေါ်မှာ ဧဒုံအမျိုးသားတို့၏ အဘ ဧသော၏ သားစဉ်မြေးဆက်တို့ကို ဆိုပေအံ့။
Voici la postérité d’Ésaü, père d’Édom, dans la montagne de Séir.
10 ၁၀ ဧသော၏ သားတို့အမည်ကား၊ မယားအာဒ ဘွားသောသား ဧလိဖတ်၊ မယားဗာရှမတ် ဘွားသော သားရွေလတည်း။
Voici les noms des fils d’Ésaü: Éliphaz, fils d’Ada, femme d’Ésaü; Réuel, fils de Basmath, femme d’Ésaü.
11 ၁၁ ဧလိဖတ် သားကား၊ တေမန်၊ ဩမရ၊ ဇေဖေါ၊ ဂါတံ၊ ကေနတ်တည်း။
Les fils d’Éliphaz furent: Théman, Omar, Tsepho, Gaetham et Kenaz.
12 ၁၂ ဧသောသား ဧလိဖတ်၏မယားငယ်၊ တိမန ဘွားသောသားကား၊ အာမလက်တည်း။ ဤသူတို့သည် ဧသောမယား အာဒ၏အနွှယ်ဖြစ်သတည်း။
Et Thimna était la concubine d’Éliphaz, fils d’Ésaü: elle enfanta à Éliphaz Amalek. Ce sont là les fils d’Ada, femme d’Ésaü.
13 ၁၃ ရွေလသားကား၊ နာဟတ်၊ ဇေရ၊ ရှမ္မ၊ မိဇ္ဇတည်း။ဤသူတို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်ဖြစ် သတည်း။
Voici les fils de Réuel: Nahath, Zérach, Schamma et Mizza. Ce sont là les fils de Basmath, femme d’Ésaü.
14 ၁၄ ဇိဘောင်သား အာန၏သမီး၊ ဧသောမယား အဟောလိဗာမ ဘွားသောသားကား၊ ယုရှ၊ ယာလံ၊ ကောရတည်း။
Voici les fils d’Oholibama, fille d’Ana, fille de Tsibeon, femme d’Ésaü: elle enfanta à Ésaü Jéusch, Jaelam et Koré.
15 ၁၅ ဧသောသားတို့တွင် ဗိုလ်လုပ်သောသူဟူမူ ကား၊သားဦး ဧလိဖတ်၏သား ဗိုလ်တေမန်၊ ဗိုလ်ဩမရ၊ ဗိုလ်ဇေဖေါ၊ ဗိုလ်ကေနတ်၊
Voici les chefs de tribus issues des fils d’Ésaü. Voici les fils d’Éliphaz, premier-né d’Ésaü: le chef Théman, le chef Omar, le chef Tsepho, le chef Kenaz,
16 ၁၆ ဗိုလ်ဂါတံ၊ ဗိုလ်အာမလက်တည်း။ ဤဗိုလ်တို့ သည် အာဒ၏အနွှယ်၊ ဧဒုံပြည်၌ ဧလိဖတ်ရသော သားဖြစ်သတည်း။
le chef Koré, le chef Gaetham, le chef Amalek. Ce sont là les chefs issus d’Éliphaz, dans le pays d’Édom. Ce sont les fils d’Ada.
17 ၁၇ ဧသောသား ရွေလ၏ သားကား၊ ဗိုလ်နာဟတ်၊ ဗိုလ်ဇေရ၊ ဗိုလ်ရှမ္မ၊ ဗိုလ်မိဇ္ဇတည်း။ ဤဗိုလ်တို့သည် ဧသောမယား ဗာရှမတ်၏အနွှယ်၊ ဧဒုံပြည်၌ ရွေလ ရသောသားဖြစ်သတည်း။
Voici les fils de Réuel, fils d’Ésaü: le chef Nahath, le chef Zérach, le chef Schamma, le chef Mizza. Ce sont là les chefs issus de Réuel, dans le pays d’Édom. Ce sont là les fils de Basmath, femme d’Ésaü.
18 ၁၈ ဧသောမယား အဟောလိဗာမ၏ သားကား၊ ဗိုလ်ယုရှ၊ ဗိုလ်ယာလံ၊ ဗိုလ်ကောရတည်း။ ဤဗိုလ်တို့သည် အာန၏သမီး၊ ဧသောမယား အဟောလိဗာမသား ဖြစ်သတည်း။
Voici les fils d’Oholibama, femme d’Ésaü: le chef Jéusch, le chef Jaelam, le chef Koré. Ce sont là les chefs issus d’Oholibama, fille d’Ana, femme d’Ésaü.
19 ၁၉ ဧဒုံအမည်ရှိသော ဧသော၏ သားမြေးများ၊ သူတို့တွင် ဗိုလ်လုပ်သောသူများ၊ ဤသို့တည်း။
Ce sont là les fils d’Ésaü, et ce sont là leurs chefs de tribus. Ésaü, c’est Édom.
20 ၂၀ ထိုပြည်၌နေသော ဟောရိအမျိုး၊ စိရ၏သား ကား၊ လောတန်၊ ရှောဗလ၊ ဇိဘောင်၊ အာန၊
Voici les fils de Séir, le Horien, anciens habitants du pays: Lothan, Schobal, Tsibeon, Ana,
21 ၂၁ ဒိရှုန်၊ ဧဇာ၊ ဒိရှန်တည်း။ ဤသူတို့သည် ဧဒုံပြည် ၌ဟောရိအမျိုး၊ စိရ၏သားတို့တွင် ဗိုလ်လုပ်သောသူ ဖြစ်သတည်း။
Dischon, Étser, et Dischan. Ce sont là les chefs des Horiens, fils de Séir, dans le pays d’Édom.
22 ၂၂ လောတန်သားကား၊ ဟောရိနှင့် ဟေမံတည်း။
Les fils de Lothan furent: Hori et Hémam. La sœur de Lothan fut Thimna.
23 ၂၃ ရှောဗလ သားကား၊ အာလဝန်၊ မနာဟတ်၊ ဧဗလ၊ ရှေဖေါ၊ ဩနံတည်း။
Voici les fils de Schobal: Alvan, Manahath, Ébal, Schepho et Onam.
24 ၂၄ ဇိဘောင်သားကား၊ အာယနှင့်အာနတည်း။ ထိုအာနကား၊ အဘဇိဘောင်၏ မြည်းတို့ကို ထိန်းသော အခါ၊ တော၌နွေးသော စမ်းရေတွင်းတို့ကို တွေ့သော သူပေတည်း။
Voici les fils de Tsibeon: Ajja et Ana. C’est cet Ana qui trouva les sources chaudes dans le désert, quand il faisait paître les ânes de Tsibeon, son père.
25 ၂၅ အာနသားကား၊ ဒိရှုန်နှင့်သမီးအဟောလိဗာမ တည်း။
Voici les enfants d’Ana: Dischon, et Oholibama, fille d’Ana.
26 ၂၆ ဒိရှုန်သားကား၊ ဟင်္ဒန်၊ ဧရှဗန်၊ ဣသရန်၊ ခေရန်တည်း။
Voici les fils de Dischon: Hemdan, Eschban, Jithran et Karen.
27 ၂၇ ဧဇာသားကား၊ ဗိလဟန်၊ ဇာဝန်၊ အာကန် တည်း။
Voici les fils d’Étser: Bilhan, Zaavan et Akan.
28 ၂၈ ဒိရှန် သားကား၊ ဥဇနှင့်အာရန်တည်း။
Voici les fils de Dischan: Uts et Aran.
29 ၂၉ ဟောရိ အမျိုးဗိုလ်များကား၊ ဗိုလ်လောတန်၊ ဗိုလ်ရှောဗလ၊ ဗိုလ်ဇိဘောင်၊ ဗိုလ်အာန၊
Voici les chefs des Horiens: le chef Lothan, le chef Schobal, le chef Tsibeon, le chef Ana,
30 ၃၀ ဗိုလ်ဒိရှုန်၊ ဗိုလ်ဧဇာ၊ ဗိုလ်ဒိရှန်တည်း။ ဤသူတို့ သည် စိရပြည်၌ ဗိုလ်လုပ်သော သူတို့တွင်၊ ဟောရိအမျိုး ဗိုလ်ဖြစ်သတည်း။
le chef Dischon, le chef Étser, le chef Dischan. Ce sont là les chefs des Horiens, les chefs qu’ils eurent dans le pays de Séir.
31 ၃၁ ဣသရေလအမျိုး၌ အစိုးရသောမင်းကြီး မရှိမှီ၊ ဧဒုံပြည်၌ အစိုးရသော မင်းကြီးဟူမူကား၊
Voici les rois qui ont régné dans le pays d’Édom, avant qu’un roi régnât sur les enfants d’Israël.
32 ၃၂ ဗောရသား ဗေလာသည် ဧဒုံပြည်၌မင်းပြု၏။ မြို့တော်ကား၊ ဒိန္နာဗာမြို့တည်း။
Béla, fils de Béor, régna sur Édom; et le nom de sa ville était Dinhaba.
33 ၃၃ ဗေလာမင်းသေ၍ သူ၏အရာ၌ ဗောဇရအရပ် သား၊ ဇေရ၏သား ယောဗပ်သည် မင်းပြုလေ၏။
Béla mourut; et Jobab, fils de Zérach, de Botsra, régna à sa place.
34 ၃၄ ယောဗပ်မင်းသေ၍၊ သူ၏အရာ၌ တေမနိ အရပ်သား ဟုရှံသည် မင်းပြုလေ၏။
Jobab mourut; et Huscham, du pays des Thémanites, régna à sa place.
35 ၃၅ ဟုရှံမင်းသေ၍၊ မောဘ လွင်ပြင်၌ မိဒျန်လူ တို့ကို လုပ်ကြံသောသူ၊ ဗေဒဒ်သား ဟာဒဒ်သည်၊ ဟုရှံ အရာ၌ မင်းပြုလေ၏။ မြို့တော်ကား၊ အာဝိတ်မြို့တည်း။
Huscham mourut; et Hadad, fils de Bedad, régna à sa place. C’est lui qui frappa Madian dans les champs de Moab. Le nom de sa ville était Avith.
36 ၃၆ ဟာဒဒ်မင်းသေ၍၊ သူ၏အရာ၌ မာသရက် အရပ်သား စာမလသည် မင်းပြုလေ၏။
Hadad mourut; et Samla, de Masréka, régna à sa place.
37 ၃၇ စာမလမင်းသေ၍၊ သူ၏အရာ၌ မြစ်နားမှာ နေသော ရဟောဘုတ်အရပ်သား ရှောလသည် မင်းပြု လေ၏။
Samla mourut; et Saül, de Rehoboth sur le fleuve, régna à sa place.
38 ၃၈ ရှောလမင်းသေ၍ သူ၏အရာ၌၊ အာခဗော် သား ဗာလဟာနန်သည် မင်းပြုလေ၏။
Saül mourut; et Baal-Hanan, fils d’Acbor, régna à sa place.
39 ၃၉ အာခဗော်သား ဗာလဟာနန်မင်းသေ၍ သူ၏ အရာ၌ဟာဒါသည် မင်းပြုလေ၏။ မြို့တော်ကား၊ ပေါမြို့ တည်း။ မျောက်သားတော်ကား၊ မေဇဟပ်သမီး မာတရက်၏သမီး မဟေတဗေလတည်း။
Baal-Hanan, fils d’Acbor, mourut; et Hadar régna à sa place. Le nom de sa ville était Pau; et le nom de sa femme Mehéthabeel, fille de Mathred, fille de Mézahab.
40 ၄၀ ဧသောမှ ဆင်းသက်၍ မိမိအမျိုးအနွယ်၊ နေရာအရပ်၊ခံရသော ဘွဲ့နာမအလိုက်၊ ဗိုလ်လုပ်သောသူ ဟူမူကား၊ ဗိုလ်တိမနာ၊ ဗိုလ်အာလဝ၊ ဗိုလ်ယေသက်၊
Voici les noms des chefs issus d’Ésaü, selon leurs tribus, selon leurs territoires, et d’après leurs noms: le chef Thimna, le chef Alva, le chef Jetheth,
41 ၄၁ ဗိုလ်အဟောလိဗာမ၊ ဗိုလ်ဧလာ၊ ဗိုလ်ပိနုန်၊
le chef Oholibama, le chef Éla, le chef Pinon,
42 ၄၂ ဗိုလ်ကေနတ်၊ ဗိုလ်တေမန်၊ ဗိုလ်မိဗဇာ၊
le chef Kenaz, le chef Théman, le chef Mibtsar,
43 ၄၃ ဗိုလ်မာဂဒျေလ၊ ဗိုလ်ဣရံတည်း။ ဤသူတို့သည် မိမိနေရာအရပ်၊ မိမိပိုင်သော ပြည်၌၊ ဧဒုံဗိုလ်များ ဖြစ်သတည်း။ ဧသောသည် ဧဒုံအမျိုးသားတို့၏ အဘ ဖြစ်သတည်း။
le chef Magdiel, le chef Iram. Ce sont là les chefs d’Édom, selon leurs habitations dans le pays qu’ils possédaient. C’est là Ésaü, père d’Édom.

< ကမ္ဘာ​ဦး 36 >