< ကမ္ဘာ​ဦး 35 >

1 ထိုနောက် ဘုရားသခင်က၊ သင်ထ၍ဗေသလ အရပ်သို့ သွားနေလော့။ သင်သည် အစ်ကိုဧသောထံမှ ပြေးသောအခါ၊ သင့်အား ထင်ရှားသော ဘုရားသခင် အဘို့၊ ထိုအရပ်၌ ယဇ်ပလ္လင်ကို တည်လော့ဟု၊ ယာကုပ် အား မိန့်တော်မူ၏။
God said to Jacob, “Arise, go up to Bethel, and live there. Make there an altar to God, who appeared to you when you fled from the face of Esau your brother.”
2 ထိုအခါယာကုပ်သည် အိမ်သူအိမ်သားများနှင့်၊ မိမိ၌ရှိသောသူအပေါင်းတို့ကို ခေါ်၍၊ သင်တို့တွင် ပါသော၊ တပါးအမျိုးသားတို့၏ ဘုရားတို့ကို ပယ်ပစ် ကြလော့။ အဝတ်ကို လဲ၍ သန့်ရှင်းခြင်း ရှိစေကြလော့။
Then Jacob said to his household, and to all who were with him, “Put away the foreign gods that are amongst you, purify yourselves, and change your garments.
3 ယခုထ၍ ဗေသလအရပ်သို့သွားကြစို့။ ငါသည် ဆင်းရဲခံရသောကာလ ငါ့ကိုထူး၍၊ ငါသွားသောလမ်း၌ ကြွတော်မူသော ဘုရားသခင်အဘို့ ထိုအရပ်၌ ယဇ်ပလ္လင် ကို ငါတည်မည်ဟု ဆိုလေ၏။
Let’s arise, and go up to Bethel. I will make there an altar to God, who answered me in the day of my distress, and was with me on the way which I went.”
4 သူတို့သည်လည်း၊ မိမိတို့၌ပါသော တပါး အမျိုးသားတို့၏ ဘုရားအပေါင်းတို့နှင့်၊ နား၌ပန်သော နားပန်တန်ဆာ ရှိသမျှတို့ကို၊ ယာကုပ်အားပေး၍၊ ယာကုပ်လည်း၊ ရှေခင်မြို့နားတွင် ရှိသော သပိတ်ပင် အောက်၌ မြှုပ်ထားလေ၏။
They gave to Jacob all the foreign gods which were in their hands, and the rings which were in their ears; and Jacob hid them under the oak which was by Shechem.
5 သူတို့ပြောင်းသွား ကြသောအခါ၊ပတ်ဝန်းကျင် မြို့သားတို့သည်၊ ဘုရားသခင်ကို ကြောက်ရွံ့၍၊ ယာကုပ် သားတို့ကို မလိုက်ဝံ့ဘဲနေကြ၏။
They travelled, and a terror of God was on the cities that were around them, and they didn’t pursue the sons of Jacob.
6 ယာကုပ်သည် မိမိ၌ပါသော သူအပေါင်းနှင့် တကွ၊ ခါနာန်ပြည် လုဇမြို့တည်းဟူသော၊ ဗေသလ အရပ်သို့ ရောက်ကြသော်၊
So Jacob came to Luz (that is, Bethel), which is in the land of Canaan, he and all the people who were with him.
7 ယဇ်ပလ္လင်ကိုတည်၍၊ ထိုအရပ်ကို ဗေသလ အမည်ဖြင့် တဖန် သမုတ်ပြန်လေ၏။ အကြောင်းမူကား၊ အစ်ကိုထံမှ ပြေးသောအခါ၊ ထိုအရပ်၌ ဘုရားသခင် ထင်ရှားတော်မူသတည်း။
He built an altar there, and called the place El Beth El; because there God was revealed to him, when he fled from the face of his brother.
8 ရေဗက္က၏အထိန်း ဒေဗောရသေ၍၊ ဗေသလ အရပ်၌ သပိတ်ပင်အောက်တွင် သင်္ဂြိုဟ်ခြင်းကို ခံရလေ ၏။ ထိုအပင်ကို အာလုမ္ဘာကုတ်ဟူ၍ တွင်သတည်း။
Deborah, Rebekah’s nurse, died, and she was buried below Bethel under the oak; and its name was called Allon Bacuth.
9 ယာကုပ်သည် ပါဒနာရံအရပ်မှ ပြန်လာသော နောက်၊ တဖန်ဘုရားသခင်ထင်ရှား၍ ကောင်းကြီးပေး တော်မူပြီးလျှင်၊
God appeared to Jacob again, when he came from Paddan Aram, and blessed him.
10 ၁၀ သင်သည် ယခုယာကုပ်အမည်ရှိ၏။ နောင်၌ သင်၏အမည်ကို ယာကုပ်ဟူ၍မခေါ်ရ။ ဣသရေလဟူ ၍ ခေါ်ရမည်ဟု မိန့်တော်မူလျက် ဣသရေလအမည်ဖြင့် သမုတ်တော်မူ၏။
God said to him, “Your name is Jacob. Your name shall not be Jacob any more, but your name will be Israel.” He named him Israel.
11 ၁၁ တဖန် ဘုရားသခင်က၊ငါသည် အနန္တတန်ခိုး ရှင် ဘုရားသခင် ဖြစ်၏။ တိုးပွါးများပြားလော့။ လူတမျိုး မက၊ အမျိုးမျိုးတို့သည် သင်၌ဖြစ်ကြလိမ့်မည်။ ရှင်ဘုရင်တို့သည် သင်၏ အမျိုးအနွယ်၌ ဖြစ်ကြလိမ့်မည်။
God said to him, “I am God Almighty. Be fruitful and multiply. A nation and a company of nations will be from you, and kings will come out of your body.
12 ၁၂ အာဗြဟံနှင့် ဣဇာက်အား ငါပေးသောမြေကို သင်နှင့်သင်၏ အမျိုးအနွယ်အား ငါပေးမည်ဟု မိန့်တော် မူ၏။
The land which I gave to Abraham and Isaac, I will give it to you, and to your offspring after you I will give the land.”
13 ၁၃ ထိုသို့ ယာကုပ်နှင့်နှုတ်ဆက်၍ မိန့်မြွက်တော်မူ ရာအရပ်မှ၊ ဘုရားသခင် တက်ကြွတော်မူ၏။
God went up from him in the place where he spoke with him.
14 ၁၄ ဘုရားသခင်နှုတ်ဆက်၍ မိန့်မြွက်တော်မူရာ အရပ်၌၊ ယာကုပ်သည် ကျောက်တိုင်ကို စိုက်၍၊ ကျောက် ဖျာပေါ်၌ သွန်းလောင်းရာ ပူဇော်သက္ကာကို၎င်း၊ ဆီကို ၎င်း လောင်းလေ၏။
Jacob set up a pillar in the place where he spoke with him, a pillar of stone. He poured out a drink offering on it, and poured oil on it.
15 ၁၅ ဗျာဒိတ်တော်ကို ခံရသောထိုအရပ်ကိုလည်း၊ ဗေသလဟူ၍ တဖန်သမုတ်ပြန်လေ၏။
Jacob called the name of the place where God spoke with him “Bethel”.
16 ၁၆ ထိုနောက်တဖန် ဗေသလအရပ်မှ ခရီးသွား ပြန်၍၊ ဧဖရတ်မြို့နှင့် နီးသောအခါ၊ ရာခေလသည် သား ဘွားအံ့သောအချိန် ရောက်၍၊ ပြင်းစွာသော ဝေဒနာကို ခံရ၏။
They travelled from Bethel. There was still some distance to come to Ephrath, and Rachel travailed. She had hard labour.
17 ၁၇ ထိုသို့ပြင်းစွာ ခံနေရစဉ်တွင်၊ ဝမ်းဆွဲက၊ မစိုးရိမ် နှင့်၊ သားယောက်ျားကို ရပြီဟုဆိုလေ၏။
When she was in hard labour, the midwife said to her, “Don’t be afraid, for now you will have another son.”
18 ၁၈ ရာခေလသည် သေအံ့ဆဲဆဲရှိ၍၊ နံဝိညာဉ် ထွက်စဉ်အခါ၊ ထိုသားကို ဗေနောနိအမည်ဖြင့် မှည့်လေ ၏။ အဘမူကား ဗင်္ယာမိန်အမည်ဖြင့် မှည့်သတည်း။
As her soul was departing (for she died), she named him Benoni, but his father named him Benjamin.
19 ၁၉ ရာခေလသေ၍၊ ဗက်လင်အမည်ရှိသော ဧဖရတ်မြို့သို့ သွားသော လမ်းခရီးတွင်၊ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။
Rachel died, and was buried on the way to Ephrath (also called Bethlehem).
20 ၂၀ ယာကုပ်လည်း သင်္ချိုင်းအပေါ်မှာ မှတ်တိုင်ကို စိုက်လေ၏။ ထိုမှတ်တိုင်ကား၊ ယနေ့တိုင်အောင် ရာခေလ၏ သင်္ချိုင်းမှတ်တိုင် ဖြစ်သတည်။
Jacob set up a pillar on her grave. The same is the Pillar of Rachel’s grave to this day.
21 ၂၁ ဣသရေလသည် တဖန်ခရီးသွားပြန်၍၊ ဧဒါလင့်စင်ကိုလွန်ပြီးမှ တဲကိုဆောက်လေ၏။
Israel travelled, and spread his tent beyond the tower of Eder.
22 ၂၂ ထိုအရပ်၌နေသောအခါ၊ ရုဗင်သည်သွား၍ အဘ၏မယားငယ်၊ ဗိလဟာနှင့် အိပ်လေ၏။ ထိုသတင်း ကို ဣသရေလကြား၏။
While Israel lived in that land, Reuben went and lay with Bilhah, his father’s concubine, and Israel heard of it. Now the sons of Jacob were twelve.
23 ၂၃ ယာကုပ်သား တကျိပ်နှစ်ပါးရှိ၏။ လေအာတွင် မြင်သော သားကား၊ ယာကုပ်၏သားဦး ရုဗင်၊ အစရှိသော ရှိမောင်၊ လေဝိ၊ယုဒ၊ ဣသခါ၊ ဇာဗုလုန်တည်း။
The sons of Leah: Reuben (Jacob’s firstborn), Simeon, Levi, Judah, Issachar, and Zebulun.
24 ၂၄ ရာခေလသားကား၊ ယောသပ်နှင့် ဗင်္ယာမိန် တည်း။
The sons of Rachel: Joseph and Benjamin.
25 ၂၅ ရာခေလ၏ ကျွန်မ ဗိလဟာ သားကား၊ ဒန်နှင့် နဿလိတည်း။
The sons of Bilhah (Rachel’s servant): Dan and Naphtali.
26 ၂၆ လေအာ၏ ကျွန်မ ဇိလပ သားကား၊ ဂဒ်နှင့် အာရှာတည်း။ ဤသူတို့ကား၊ ပါဒနာရံပြည်၌ ဘွားမြင် သော ယာကုပ်၏သားများတည်း။
The sons of Zilpah (Leah’s servant): Gad and Asher. These are the sons of Jacob, who were born to him in Paddan Aram.
27 ၂၇ ထိုနောက် ယာကုပ်သည် အာဗြဟံနှင့်ဣဇာက် တည်းခိုရာ၊ မံရေအရပ်၊ ဟေဗြုန်မြို့တည်းဟူသော ကိရယသာဘမြို့၌နေသော၊ အဘဣဇာက်ထံသို့ ရောက် လေ၏။
Jacob came to Isaac his father, to Mamre, to Kiriath Arba (which is Hebron), where Abraham and Isaac lived as foreigners.
28 ၂၈ ဣဇာက် အသက်သည် အနှစ်တရာရှစ်ဆယ်နှင့် ပြည့်စုံသည်ရှိသော်၊
The days of Isaac were one hundred and eighty years.
29 ၂၉ အသက်ကြီးရင့်ရာ၊ ကာလပြည့်စုံရာ၌ အသက် ချုပ်၍ အနိစ္စဖြစ်သဖြင့်၊ မိမိလူမျိုး စည်းဝေးရာသို့ ရောက် လေ၏။ သားဧသောနှင့် ယာကုပ်တို့သည် သင်္ဂြိုဟ်ကြ၏။
Isaac gave up the spirit and died, and was gathered to his people, old and full of days. Esau and Jacob, his sons, buried him.

< ကမ္ဘာ​ဦး 35 >