< ကမ္ဘာ​ဦး 29 >

1 တဖန်ယာကုပ်သည် ခရီးသွား၍၊ အရှေ့ ပြည်သားတို့နေရာအရပ်သို့ ရောက်ပြီးလျှင်၊
Yakup yoluna devam ederek doğu halklarının ülkesine vardı.
2 မြော်ကြည့်၍ တောစ၌ ရေတွင်းတခုကို မြင်၏။ ထိုတွင်းရေဖြင့် သိုးစုများကို တိုက်တတ်သည်ဖြစ်၍၊ တွင်းနားမှာ သိုးစုသုံးစု အိပ်လျက်ရှိ၏။ ရေတွင်းဝပေါ် မှာ ကြီးစွာသော ကျောက်ရှိ၏။
Kırda bir kuyu gördü. Kuyunun yanıbaşında üç davar sürüsü yatıyordu. Sürülere o kuyudan su verilirdi. Kuyunun ağzında büyük bir taş vardı.
3 သိုးထိန်းအပေါင်းတို့သည် ထိုအရပ်၌ စုဝေး သောအခါ၊ ရေတွင်းဝ၌ ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်၍၊ သိုးများကို ရေတိုက်ပြီးလျှင်၊ ထိုကျောက်ကို မိမိနေရာရေတွင်းဝပေါ်မှာ တဖန်တင်ထားလေ့ရှိ၏။
Bütün sürüler oraya toplanınca, çobanlar kuyunun ağzındaki taşı yuvarlar, davarlarını suvardıktan sonra taşı yine yerine, kuyunun ağzına koyarlardı.
4 ယာကုပ်ကလည်း၊ ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အဘယ်အရပ်က လာကြသနည်းဟု မေးလျှင်၊ငါတို့သည် ခါရန်မြို့က လာကြသည်ဟုပြောဆိုလေ၏။
Yakup çobanlara, “Kardeşler, nerelisiniz?” diye sordu. Çobanlar, “Harranlı'yız” diye yanıtladılar.
5 တဖန်ယာကုပ်က၊ နာခေါ်သားလာဗန်ကို သိသလောဟု မေးလျှင်၊ သိ၏ဟု ပြန်ဆိုသော်၊
Yakup, “Nahor'un torunu Lavan'ı tanıyor musunuz?” diye sordu. “Tanıyoruz” dediler.
6 သူသည်မာပါ၏လောဟု တဖန်မေးပြန်လျှင်၊ မာပါ၏။ သူ၏သမီးရာခေလသည် သိုးများနှင့်တကွ လာလိမ့်မည်ဟု ဆိုကြလေ၏။
Yakup, “İyi midir?” diye sordu. “İyidir. İşte kızı Rahel davarlarla birlikte geliyor.”
7 ယာကုပ်ကလည်း၊ နေ့အချိန် အလွန်များစွာ ရှိသေး၏။ သိုးတို့ကို စုဝေးရာအချိန်မဟုတ်သေး။ ရေတိုက်ပြီးလျှင်၊ သွား၍ထိန်းကြဦးလော့ဟု ဆိုလေ၏။
Yakup, “Akşama daha çok var” dedi, “Sürülerin toplanma vakti değil. Davarlarınızı suvarın, götürüp otlatın.”
8 သူတို့ကလည်း၊ သိုးထိန်းအပေါင်းစုဝေး၍၊ ရေတွင်းဝ၌ ဖုံးအုပ် သော ကျောက်ကို လှိမ့်လှန်ပြီးမှသာ၊ သိုးတို့ကို ရေတိုက်ရ၏။ သို့မဟုတ်၊ မတိုက်ရဟု ပြန်ဆို ကြ၏။
Çobanlar, “Bütün sürüler toplanmadan, kuyunun ağzındaki taşı yuvarlamadan olmaz” dediler, “Ancak o zaman davarları suvarabiliriz.”
9 ထိုသို့တဦးနှင့်တဦး နှုတ်ဆက်ကြစဉ်တွင်၊ ရာခေလသည်၊ မိမိအဘ၏သိုးတို့ကို ထိန်းရသည် ဖြစ်၍၊ သိုးတို့ကို ဆောင်လျက်လာ၏။
Yakup onlarla konuşurken Rahel babasının davarlarını getirdi. Rahel çobanlık yapıyordu.
10 ၁၀ ယာကုပ်သည်၊ မိမိဦးရီးလာဗန်၏သမီး ရာခေလနှင့် ဦးရီးလာဗန်၏သိုးတို့ကို မြင်သောအခါ၊ အနီးသို့ချဉ်း၍၊ ရေတွင်း၌ဖုံးအုပ်သော ကျောက်ကို လှိမ့်လှန်ပြီးလျှင်၊ ဦးရီးလာဗန်၏ သိုးတို့ကို ရေတိုက် လေ၏။
Yakup dayısı Lavan'ın kızı Rahel'i ve davarları görünce, gidip kuyunun ağzındaki taşı yuvarladı, dayısının davarlarını suvardı.
11 ၁၁ ထိုနောက်၊ ယာကုပ်သည် ရာခေလကို နမ်း၍၊ ကျယ်သော အသံနှင့်ငိုလေ၏။
Rahel'i öperek hıçkıra hıçkıra ağladı.
12 ၁၂ မိမိသည် ရာခေလအဘ၏တူ၊ ရေဗက္က၏သား ဖြစ်ကြောင်းကို ကြားပြောလျှင်၊ ရာခေလသည်ပြေး၍ မိမိအဘအား ပြန်ကြားလေ၏။
Rahel'e baba tarafından akraba olduklarını, Rebeka'nın oğlu olduğunu anlattı. Rahel koşup babasına haber verdi.
13 ၁၃ လာဗန်သည် မိမိတူယာကုပ်၏ သိတင်းစကား ကို ကြားသောအခါ၊ ကြိုဆိုခြင်းငှါ အလျင်အမြန်သွား၍၊ ပိုက်ဘက်နမ်းရှုတ်လျက်၊ မိမိအိမ်သို့ ဆောင်သွားလေ၏။ ယာကုပ်သည်လည်း မိမိအမှုအရာရှိသမျှကို ကြားပြော လျှင်၊
Lavan, yeğeni Yakup'un geldiğini duyunca, onu karşılamaya koştu. Ona sarılıp öptü, evine getirdi. Yakup bütün olanları Lavan'a anlattı.
14 ၁၄ လာဗန်က၊ အကယ်စင်စစ် သင်သည် ငါ့အရိုး အသားပင်ဖြစ်၏ဟု ဆိုလေ၏။
Lavan, “Sen benim etim, kemiğimsin” dedi. Yakup Lavan'ın yanında bir ay kaldıktan sonra,
15 ၁၅ ယာကုပ်သည် တလခန့်မျှ နေပြီးမှ၊ လာဗန်က၊ သင်သည် ငါ့တူဖြစ်သောကြောင့်၊ အကျိုးမဲ့ ကျွန်ခံရပါ မည်လော။ ခံလိုသောအခကို ငါ့အား ပြောလော့ဟု ဆိုလေ၏။
Lavan, “Akrabamsın diye benim için bedava mı çalışacaksın?” dedi, “Söyle, ne kadar ücret istiyorsun?”
16 ၁၆ ထိုအခါ လာဗန်၌ သမီးနှစ်ယောက်ရှိ၏။ အကြီး ကား၊ လေအာအမည်ရှိ၏။ အငယ်ကား၊ ရာခေလအမည် ရှိ၏။
Lavan'ın iki kızı vardı. Büyüğünün adı Lea, küçüğünün adı Rahel'di.
17 ၁၇ လေအာကား၊ မျက်စိနုညံ့၏။ ရာခေလကား၊ ပုံပြင်ယဉ်ကျေး၍ အသွေးအဆင်းလည်းလှ၏။
Lea'nın gözleri alımlıydı, Rahel ise boyu bosu yerinde, güzel bir kızdı.
18 ၁၈ ယာကုပ်သည် ရာခေလကို ချစ်သောကြောင့်၊ လာဗန်အား၊ ဦးမင်းသမီးအငယ်ရာခေလကိုရခြင်းငှါ၊ ခုနစ်နှစ်အစေခံပါမည်ဟု ဆိုလျှင်၊
Yakup Rahel'e aşıktı. Lavan'a, “Küçük kızın Rahel için sana yedi yıl hizmet ederim” dedi.
19 ၁၉ လာဗန်က၊ အခြားသောသူအား ပေးစားသည် ထက်၊ သင့်အား ပေးစားသော် သာ၍ကောင်း၏။ ငါနှင့် အတူနေလော့ဟုဆို၏။
Lavan, “Onu sana vermek başkasına vermekten daha iyidir” dedi, “Yanımda kal.”
20 ၂၀ ယာကုပ်သည်လည်း၊ ရာခေလကို ရခြင်းငှါ ခုနစ်နှစ် အစေခံလေ၏။ ရာခေလကိုချစ်သောကြောင့်၊ ခုနစ်နှစ်ကို နည်းသောနေ့ရက်ကဲ့သို့ ထင်မှတ်သတည်း။
Yakup Rahel için yedi yıl çalıştı. Rahel'i sevdiği için, yedi yıl ona birkaç gün gibi geldi.
21 ၂၁ ယာကုပ်ကလည်း၊ ချိန်းချက်သော အချိန်စေ့ ပါပြီ။ ကျွန်ုပ်သည် မယားနှင့် ဆက်ဆံဘို့ရာ ပေးစားပါဟု လာဗန်အားဆိုလျှင်၊
Lavan'a, “Zaman doldu, kızını ver, evleneyim” dedi.
22 ၂၂ လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်း တို့ကို စည်းဝေးစေ၍ ပွဲလုပ်လေ၏။
Lavan bütün yöre halkını toplayıp bir şölen verdi.
23 ၂၃ ညဦးအချိန်ရောက်မှ၊ ဇိလပအမည်ရှိသော ကျွန်မကို သမီးလေအာ၌ လက်ဖွဲ့လျက်၊ ထိုသမီးကို ဆောင်သွင်း၍၊ ယာကုပ်သည် သူနှင့်ဆက်ဆံလေ၏။
Gece kızı Lea'yı Yakup'a götürdü. Yakup onunla yattı.
24 ၂၄
Lavan cariyesi Zilpa'yı kızı Lea'nın hizmetine verdi.
25 ၂၅ နံနက်အချိန်ရောက်မှ ယာကုပ်သည် ကြည့်ရှုသောအခါ၊ လေအာဖြစ်ကြောင်းကို သိမြင်လျှင်၊ လာဗန် ထံသို့သွား၍ ကျွန်ုပ်၌ပြုသောအမှုကား၊ အဘယ်သို့နည်း။ ကျွန်ုပ်သည် ရာခေလကိုရခြင်းငှါ အစေခံရပြီ မဟုတ်လော။ ကျွန်ုပ်ကို အဘယ်ကြောင့် လှည့်စားရသနည်းဟု ဆိုသော်၊
Sabah olunca Yakup bir de baktı ki, yanındaki Lea! Lavan'a, “Nedir bana bu yaptığın?” dedi, “Ben Rahel için yanında çalışmadım mı? Niçin beni aldattın?”
26 ၂၆ လာဗန်က၊ ငါတို့ပြည်၌ သမီးအကြီးကို မပေးစားမှီ၊ အငယ်ကို မပေးစားရ။
Lavan, “Bizim buralarda adettir. Büyük kız dururken küçük kız evlendirilmez” dedi,
27 ၂၇ ခုနစ်ရက်စေ့အောင် ငံ့ဦးလော့။ နောက်တဖန် ခုနစ်နှစ် အစေခံရသည်အတွက်၊ ရာခေလကိုလည်း သင့်အား ပေးစားဦးမည်ဟု ဆိုသည်အတိုင်း၊
“Bu bir haftayı tamamla, Rahel'i de sana veririz. Yalnız ona karşılık yedi yıl daha yanımda çalışacaksın.”
28 ၂၈ ယာကုပ်ဝန်ခံ၍ ခုနစ်ရက်စေ့ပြီးမှ၊ လာဗန်သည် ဗိလဟာအမည်ရှိသော ကျွန်မကို လက်ဖွဲ့လျက်၊ သမီးရာခေလကို ပေးစားလေ၏။
Yakup kabul etti. Lea'yla bir hafta geçirdi. Sonra Lavan kızı Rahel'i de ona verdi.
29 ၂၉
Cariyesi Bilha'yı Rahel'in hizmetine verdi.
30 ၃၀ ယာကုပ်သည် ရာခေလနှင့် ဆက်ဆံ၍၊ လေအာကို ချစ်သည်ထက်သာ၍ ချစ်၏။ လာဗန်ထံမှာ တဖန် ခုနစ်နှစ်အစေခံလေ၏။
Yakup Rahel'le de yattı. Onu Lea'dan çok sevdi. Lavan'a yedi yıl daha hizmet etti.
31 ၃၁ လေအာသည် အမုန်းခံရသည်ကို ထာဝရဘုရားသိမြင်၍၊ သားဘွားရသောအခွင့်ကို ပေးတော်မူ ၏။ ရာခေလမူကား မြုံ၏။
RAB Lea'nın sevilmediğini görünce, çocuk sahibi olmasını sağladı. Oysa Rahel kısırdı.
32 ၃၂ လေအာသည် ပဋိသန္ဓေယူသဖြင့်၊ သားကို ဘွားမြင်၍ ရုဗင်အမည်ဖြင့် မှည့်လေ၏။ အကြောင်း မူကား၊ ထာဝရဘုရားသည် ငါ၏ဆင်းရဲခံခြင်းကို အမှန် ကြည့်မြင်တော်မူပြီ။ သို့ဖြစ်၍ ယခုငါ့လင်သည် ငါ့ကိုချစ် လိမ့်မည်ဟု ဆိုသတည်း။
Lea hamile kalıp bir erkek çocuk doğurdu. Adını Ruben koydu. “Çünkü RAB mutsuzluğumu gördü” dedi, “Kuşkusuz artık kocam beni sever.”
33 ၃၃ တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါသည် အမုန်းခံရကြောင်းကို ထာဝရဘုရား ကြားသော ကြောင့်၊ ဤသားကိုလည်း ပေးသနားတော်မူပြီဟု ဆိုပြီး လျှင်၊ ထိုသားကို ရှိမောင်အမည်ဖြင့် မှည့်လေ၏။
Yine hamile kaldı ve bir erkek çocuk daha doğurdu. “RAB sevilmediğimi duyduğu için bana bu çocuğu verdi” diyerek adını Şimon koydu.
34 ၃၄ တဖန် ပဋိသန္ဓေယူပြန်၍ သားကိုဘွားမြင်သော်၊ ငါ့လင်အား သားသုံးယောက်ကို ငါဘွားမြင်သောကြောင့်၊ ယခုတခါသူသည် ငါနှင့်ပေါင်းဘော်လိမ့်မည်ဟု ဆို၍၊ ထိုသားကို လေဝိအမည်ဖြင့် မှည့်လေ၏။
Üçüncü kez hamile kalıp bir daha erkek çocuk doğurdu. “Artık kocam bana bağlanacak” dedi, “Çünkü ona üç erkek çocuk doğurdum.” Onun için çocuğa Levi adı verildi.
35 ၃၅ တဖန် ပဋိသန္ဓေယူပြန်၍ သားကို ဘွားမြင် သော်၊ ထာဝရဘုရားကို ယခုငါချီးမွမ်းမည်ဟု ဆိုသည် ဖြစ်၍၊ ထိုသားကို ယုဒအမည်ဖြင့် မှည့်လေ၏။ ထိုနောက်၊ သားပြတ်၍ မဘွားဘဲနေ၏။
Dördüncü kez hamile kaldı ve bir erkek çocuk daha doğurdu. “Bu kez RAB'be övgüler sunacağım” dedi. Onun için çocuğa Yahuda adını verdi. Bir süre doğum yapmadı.

< ကမ္ဘာ​ဦး 29 >