< ကမ္ဘာ​ဦး 2 >

1 ထိုသို့ ကောင်းကင်မြေကြီးနှင့်တကွ ခပ်သိမ်းသော တန်ဆာတို့သည် ပြီးစီးလျက်ရှိကြ၏။
Kisha mbingu na nchi zilimalizika, na viumbe hai vyote vilivyo jaza mbingu na nchi.
2 သတ္တမနေ့ရက်ရောက်လျှင်၊ ဘုရားသခင်သည် ဖန်ဆင်းသောအမှုကို လက်စသတ်တော်မူခဲ့ပြီးသည် ဖြစ်၍၊ ဖန်ဆင်းသမျှသော အမူအရာတို့သည် ပြီးစီးပြီးမှ၊ ထိုသတ္တမနေ့၌ ငြိမ်ဝပ်စွာနေတော်မူ၏။
Siku ya saba Mungu alifikia mwisho wa kazi yake ambayo aliifanya, na kwa hiyo alipumzika siku ya saba kutoka kwenye kazi yake yote.
3 ထိုသတ္တမနေ့ကို ဘုရားသခင်သည် ကောင်းကြီးပေး၍ သန့်ရှင်းစေတော်မူ၏။ အကြောင်းမူကား၊ ဖန်ဆင်းပြုပြင်တော်မူသော ထိုအမူအရာအလုံးစုံတို့သည် ပြီးစီးသောကြောင့် ထိုနေ့ရက်၌ ငြိမ်ဝပ်စွာနေ တော်မူ၏။
Mungu akaibarikia siku ya saba na akaitakasa, kwa sababu katika siku hiyo alipumzika kutoka kwenye kazi yake yote ambayo aliifanya katika uumbaji.
4 ဤအကြောင်းအရာကား၊ ထာဝရအရှင်ဘုရားသခင်သည် ကောင်းကင်နှင့်မြေကြီးကို ဖန်ဆင်းတော်မူ သောနေ့၊ ဖန်ဆင်းရာကာလ၌ကောင်းကင်နှင့်မြေကြီး၏ မူလအတ္ထုပတ္တိပေတည်း။
Haya yalikuwa ni matukio yahusuyo mbingu na nchi, wakati vilipoumbwa, katika siku ambayo Yahwe Mungu aliumba nchi na mbingu.
5 မြေ၌ လယ်ယာပျိုးပင်မပေါက်မှီ၊ လယ်ယာ၌ စပါးပင်မကြီးပွားမှီ၊ အပင်ရှိသမျှတို့ကိုဖန်ဆင်းတော်မူ၏။ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် မြေပေါ်၌ မိုဃ်းကိုရွာစေတော်မမူသေး။ မြေ၌လုပ်သော လူလည်း မရှိသေးသည်ဖြစ်၍၊
Hapakuwa na msitu wa shambani uliokuwa katika nchi, na hapakuwa na mmea wa shambani uliokuwa umechipuka, kwa kuwa Yahwe Mungu alikuwa hajasababisha mvua kunyesha juu ya nchi, na hapakuwa na mtu wa kulima ardhi.
6 မြေမှအခိုးအငွေ့ထွက်သဖြင့် မြေတပြင်လုံးကို စိုစေလေ၏။
Lakini ukungu uliinuka juu kutoka kwenye nchi na kuutia maji uso wote wa ardhi.
7 ထိုနောက်၊ ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကို ဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇိဝအသက်ကို မှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။
Yahwe Mungu aliumba mtu kutoka mavumbi ya ardhi, na akampulizia puani pumzi ya uhai, na mtu akawa kiumbe hai.
8 ထာဝရအရှင် ဘုရားသခင်သည်လည်း အရှေ့မျက်နှာ၊ ဧဒင်အရပ်၌ဥယျာဉ်ကို စိုက်ပျိုးပြီးလျှင်၊ ဖန်ဆင်းတော်မူသောလူကို ထိုဥယျာဉ်၌ နေရာချတော်မူ၏။
Yahwe Mungu aliotesha bustani upande wa mashariki, katika Edeni, na pale akamuweka mtu ambaye alimuumba.
9 ထိုမြေထဲက အဆင်းလှ၍၊ စားဘွယ်ကောင်းသော အပင်အမျိုးမျိုးကို ထာဝရအရှင်ဘုရားသခင် ပေါက်စေတော်မူ၏။ ထိုဥယျာဉ်အလယ်၌ အသက်ပင်လည်းရှိ၏။ ကောင်းမကောင်းကို သိကျွမ်းရာအပင် လည်းရှိ၏။
Kutoka ardhini Yahwe Mungu alifanya kila mti uote ambao unapendeza na ni mzuri kwa chakula. Hii ni pamoja na mti wa uzima ambao ulikuwa katikati ya bustani, na mti wa ujuzi wa mema na mabaya.
10 ၁၀ ထိုဥယျာဉ်ကို စိုစေလိုသောငှာ မြစ်တမြစ်သည် ဧဒင်အရပ်ထဲကစီးထွက်သဖြင့်၊ ဥယျာဉ်ပြင်မှာ လေးဖြာကွဲ၍ မြစ်မလေးသွယ်ဖြစ်လေ၏။
Mto ukatoka nje ya Edeni kuitia maji bustani. Na kutoka pale ukagawanyika na kuwa mito minne.
11 ၁၁ ပဌမမြစ်ကား ဖိရုန်အမည်ရှိ၏။ ထိုမြစ်သည် ရွှေရှိသော ဟာဝိလပြည်နား တရှောက်လုံးကို စီးသွား လေ၏။
Jina la ule wa kwanza ni Pishoni. Huu ni ule ambao unatiririka kupitia nchi yote ya Havila, ambapo kuna dhahabu.
12 ၁၂ ထိုပြည်မှဖြစ်သောရွှေသည် ကောင်းလှ၏။
Dhahabu ya inchi ile ni nzuri. pia kuna bedola na jiwe shohamu.
13 ၁၃ ဗဓေလသစ်စေးနှင့် ရှဟံကျောက်လည်းရှိ၏။ ဒုတိယမြစ်ကား ဂိဟုန်အမည်ရှိ၏။ ထိုမြင်သည် ကုရှပြည် နား တရှောက်လုံးကို စီးသွားလေ၏။
Jina la mto wa pili ni Gihoni. Huu unatiririka kupitia nchi yote ya kushi.
14 ၁၄ တတိယမြစ်ကား ဟိဒကေလအမည်ရှိ၏။ ထိုမြစ်သည် အာရှုရိတိုင်း အရှေ့သို့ စီးသွားလေ၏။ စတုတ္ထမြစ်ကား ဥဖရတ်အမည်ရှိ၏။
Jina la mto wa tatu ni Hidekeli, ambao unatiririka mashariki mwa Ashuru. Mto wa nne ni Frati.
15 ၁၅ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကိုယူ၍ ဧဒင်ဥယျာဉ်ကို ပြုစုစောင့်ရှောက်စေခြင်းငှါ ထားတော်မူ၏။
Yahwe Mungu alimtwaa mtu na kumweka ndani ya bustani ya Edeni kuilima na kuitunza.
16 ၁၆ ထာဝရအရှင်ဘုရားသခင်ကလည်း၊ ကောင်းမကောင်းကို သိကျွမ်းရာအပင်မှတပါး၊ ထိုဥယျာဉ်၌ ရှိသမျှသော အပင်တို့၏အသီးကို သင်သည် စားရသောအခွင့်ရှိ၏။
Yahwe Mungu alimuagiza mtu akisema, “kutoka kwenye kila mti bustanini waweza kula kwa uhuru.
17 ၁၇ ထိုအပင်၏ အသီးကိုကား မစားရ။ စားသောနေ့တွင် ဧကန်အမှန်သေရမည်ဟု လူကို ပညက် ထားတော်မူ၏။
Lakini kutoka kwenye mti wa ujuzi wa mema na mabaya usile, kwa kuwa siku utakayo kula kutoka katika mti huo, utakufa hakika.”
18 ၁၈ ထာဝရအရှင်ဘုရားသခင်ကလည်း၊ ယောက်ျားသည် တယောက်တည်းမနေကောင်း၊ သူနှင့်တော်သော အထောက်အမကို သူဘို့ငါလုပ်ဦးမည်ဟု အကြံရှိတော်မူ၏။
Kisha Yahwe Mungu akasema, “siyo jambo jema kwamba mtu huyu lazima awe pekeyake. Nitamfanyia msaidizi anaye mfaa.”
19 ၁၉ ထာဝရရှင်ဘုရားသခင်သည် မြေတိရစ္ဆာန်တို့နှင့်၊ မိုဃ်းကောင်းကင်ငှက်အပေါင်းတို့ကို မြေဖြင့်ဖန်ဆင်း တော်မူပြီးလျှင်၊ လူသည် အဘယ်သို့ခေါ်ဝေါ်သမုတ်မည်ကို သိခြင်းငှာ၊ လူရှိရာသို့ ဆောင်ခဲ့တော်မူ၏။ လူသည် လည်း အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ခေါ်ဝေါ် သမုတ်သည့်အတိုင်း၊ နာမည်အသီးအသီးရှိကြ၏။
Kutoka ardhini Yahwe Mungu akafanya kila mnyama wa kondeni na kila ndege wa angani. Kisha akawaleta kwa mtu huyu aone angewapatia majina gani. Jina ambalo mtu huyu alimwita kila kiumbe hai, hili ndilo lilikuwa jina lake.
20 ၂၀ ထိုသို့လူသည် သားယဉ်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက်အပေါင်းတို့ကို၎င်း၊ မိုဃ်းကောင်း ကင်ငှက်အပေါင်းတို့ကို၎င်း၊ သားရဲအပေါင်းတို့ကို၎င်း၊ အမည်ပေး၍မှည့်လေ၏။ သို့သော်လည်း လူနှင့်တော် သော အထောက်အမ မပေါ်မရှိသေး၊
Mtu huyu akawapatia majina wanyama wote, ndege wote wa angani, na kila mnyama wa mwitu. Lakini kwa mtu mwenyewe hapakuwa na msaidizi wa kumfaa yeye.
21 ၂၁ ထိုအခါ ထာဝရအရှင်ဘုရားသခင်သည် လူကို ကြီးသောအိပ်ခြင်းဖြင့် အိပ်စေတော်မူ၍၊ လူသည် အိပ်ပျော်စဉ်၊ နံရိုးတချောင်းကို ဘုရားသခင်ထုတ်ပြီးလျှင်၊ ထိုအရိုးအစားအသားကို စေ့စပ်စေတော်မူ၏။
Yahwe Mungu akaleta usingizi mzito kwa mtu huyu, kwa hiyo mtu huyu akalala. Yahwe Mungu akatwaa moja ya mbavu za mtu huyu na akapafunika pale alipo chukua ubavu.
22 ၂၂ ထာဝရအရှင်ဘုရားသခင်သည် လူထဲကထုတ်သော နံရိုးဖြင့် လူမိန်းမကိုဖန်ဆင်း၍လူရှိရာသို့ ဆောင်ခဲ့ တော်မူ၏။
Kwa ubavu ambao Yahwe Mungu alichukua toka kwa mtu huyu, akafanya mwanamke na akamleta kwa mtu huyu.
23 ၂၃ လူကလည်း၊ ယခု ဤသူသည်ငါ့အရိုးထဲကအရိုး၊ ငါ့အသားထဲက အသားဖြစ်၏။ လူထဲက ထုတ်သော ကြောင့် သူ့ကိုလူမိန်းမဟု ခေါ်ဝေါ်အပ်သည်ဟု ဆိုလေ၏။
Mwanaume akasema, “kwa sasa, huyu ni mfupa katika mifupa yangu, na nyama katika nyama yangu. ataitwa 'mwanamke,' kwa sababu ametwaliwa katika mwanaume.
24 ၂၄ ထိုအကြောင်းကြောင့် ယောက်ျားသည် ကိုယ်မိဘကို စွန့်၍၊ ကိုယ့်ခင်ပွန်း၌မှီဝဲသဖြင့်၊ ထိုသူတို့သည် တသားတကိုယ်တည်း ဖြစ်ရလိမ့်မည်။
Kwa hiyo mwanaume atawaacha baba yake na mama yake, ataungamanika na mke wake, na watakuwa mwili mmoja.
25 ၂၅ ထိုသူလင်မယားနှစ်ဦးတို့သည် အဝတ်မဝတ်ဘဲ နေ၍၊ ရှက်ကြောက်ခြင်းနှင့်ကင်းလွတ်ကြ၏။
Wote wawili walikuwa uchi, mwanaume na mke wake, lakini hawakuona aibu.

< ကမ္ဘာ​ဦး 2 >