< ကမ္ဘာ​ဦး 19 >

1 ကောင်းကင်တမန်နှစ်ပါးတို့သည် ညဦးအချိန်၌ သောဒုံမြို့သို့ ရောက်လာ၏။ လောတသည် မြို့တံခါးဝ၌ ထိုင်လျက် သူတို့ကိုမြင်လျှင်၊ ခရီးဦးကြိုပြုခြင်းငှါ ထ၍ မြေ၌ ဦးညွှတ်ချလျက်၊
ויבאו שני המלאכים סדמה בערב ולוט ישב בשער סדם וירא לוט ויקם לקראתם וישתחו אפים ארצה׃
2 အကျွန်ုပ်သခင်တို့၊ ကိုယ်တော်တို့ ကျွန်၏အိမ်သို့ ဝင်၍ တညဉ့်လုံးနေကြပါ။ ခြေကိုဆေးကြပါ။ နံနက် စောစောထ၍ ကြွသွားကြပါလော့ဟု ဆိုလေ၏။ ကောင်းကင်တမန်တို့က၊ ငါတို့သည်မဝင်၊ တညဉ့်လုံးလမ်း၌ နေတော့မည်ဟု ဆိုသော်လည်း၊
ויאמר הנה נא אדני סורו נא אל בית עבדכם ולינו ורחצו רגליכם והשכמתם והלכתם לדרככם ויאמרו לא כי ברחוב נלין׃
3 ကျပ်ကျပ်သွေးဆောင်သောကြောင့် တဖန် လောတနောသို့ လှည့်၍ သူ၏အိမ်သို့ဝင်ကြ၏။ လောတ လည်း သူတို့အဘို့ ပွဲလုပ်၍ တဆေးမပါသော မုန့်ကို ပေါင်းပြီးမှ သူတို့သည်စားကြ၏။
ויפצר בם מאד ויסרו אליו ויבאו אל ביתו ויעש להם משתה ומצות אפה ויאכלו׃
4 ထိုသူတို့သည် မအိပ်မှီ သောဒုံမြို့သား ယောက်ျားအကြီးအငယ်၊ အရပ်ရပ်ကလာသော သူအပေါင်း တို့သည် အိမ်ကို ဝိုင်း၍၊
טרם ישכבו ואנשי העיר אנשי סדם נסבו על הבית מנער ועד זקן כל העם מקצה׃
5 လောတကို ဟစ်ခေါ်လျက် ယနေ့ညမှာ သင့် အိမ်သို့ ဝင်သော လူတို့သည် အဘယ်မှာရှိသနည်း။ ထိုသူတို့နှင့်ငါတို့သည် ဆက်ဆံလိုသည် ဖြစ်၍ ငါတို့ထံသို့ ထွက်စေလော့ဟု ဆိုကြ၏။
ויקראו אל לוט ויאמרו לו איה האנשים אשר באו אליך הלילה הוציאם אלינו ונדעה אתם׃
6 လောတသည်လည်း၊ တံခါးပြင်မှာ သူတို့ထံသို့ ထွက်၍၊ မိမိနောက်၌ တံခါးကို ပိတ်ပြီးလျှင်၊
ויצא אלהם לוט הפתחה והדלת סגר אחריו׃
7 ညီအစ်ကိုတို့၊ အဓမ္မအမှုကို ဤမျှလောက် မပြုကြပါနှင့်။
ויאמר אל נא אחי תרעו׃
8 အကျွန်ုပ်၌ ယောက်ျားနှင့် မဆက်ဆံသော သမီးနှစ်ယောက်ရှိပါ၏။ သူတို့ကို သင်တို့ထံသို့ထုတ်ရသော အခွင့်ကိုပေးကြပါလော့။ သူတို့၌ ပြုချင်သမျှပြုကြပါလော့။ ဤလူတို့၌ အလျှင်မပြုကြပါနှင့်။ အကြောင်းမူကား၊ သူတို့သည် အကျွန်ုပ်အိမ်မိုးအရိပ်ကို ခိုနေပါ၏ဟု တောင်းပန်သော်လည်း၊
הנה נא לי שתי בנות אשר לא ידעו איש אוציאה נא אתהן אליכם ועשו להן כטוב בעיניכם רק לאנשים האל אל תעשו דבר כי על כן באו בצל קרתי׃
9 သူတို့က ဆုတ်လော့ဟုဆိုကြ၏။ တဖန်ကား၊ သင်သည် တည်းခိုးခြင်းငှာ သာရော်ကလာသည်နှင့် တရားသူကြီးလုပ်ရမည်လော။ ယခုမှာ ထိုသူတို့၌ ပြုသည်ထက်၊ သင်၌သာ၍ဆိုးသောအမှုကိုပြုမည်ဟုဆိုလျက်၊ လောတကို ကျပ်ကျပ်ဖိ၍ တံခါးကိုလည်း ပေါက်ခွဲချိုးဖဲ့ ခြင်းငှါ ချဉ်းလာကြ၏။
ויאמרו גש הלאה ויאמרו האחד בא לגור וישפט שפוט עתה נרע לך מהם ויפצרו באיש בלוט מאד ויגשו לשבר הדלת׃
10 ၁၀ ထိုအခါ ကောင်းကင်တမန်တို့သည် လက်ကိုဆန့်၍ လောတကို မိမိတို့နေရာအိမ်အတွင်းသို့ ဆွဲသွင်း ပြီးလျှင် တံခါးကို ပိတ်ကြ၏။
וישלחו האנשים את ידם ויביאו את לוט אליהם הביתה ואת הדלת סגרו׃
11 ၁၁ အိမ်တံခါးနားမှာ ရှိသောသူအကြီးအငယ်တို့ကို မျက်စိကန်းစေခြင်းငှါ ဒဏ်ခတ်သဖြင့် သူတို့သည် တံခါး ကိုရှာ၍ ပင်ပန်းခြင်းသို့ ရောက်ကြ၏။
ואת האנשים אשר פתח הבית הכו בסנורים מקטן ועד גדול וילאו למצא הפתח׃
12 ၁၂ ကောင်းကင်တမန်တို့ကလည်း၊ ဤအရပ်၌ သင်နှင့်ဆိုင်သောသူ ရှိသေးသလော။ သားသမီး၊ သမက်၊ မြို့ထဲမှာ သင်၌ရှိသမျှကို ဤအရပ်က ထုတ်ဆောင် လော့။
ויאמרו האנשים אל לוט עד מי לך פה חתן ובניך ובנתיך וכל אשר לך בעיר הוצא מן המקום׃
13 ၁၃ ဤအရပ်ကို ငါတို့သည် ဖျက်ဆီးရမည်။ အကြောင်းမူကား၊ အရပ်သားတို့သည် ထာဝရဘုရား ရှေ့တော်မှာ အလွန်ကြွေးကြော်ခြင်းရှိသည်ဖြစ်၍၊ ဖျက်ဆီးစေခြင်းငှါ ထာဝရဘုရားသည် ငါတို့ကို စေလွှတ် တော်မူပြီဟု လောတအား ပြောဆိုကြ၏။
כי משחתים אנחנו את המקום הזה כי גדלה צעקתם את פני יהוה וישלחנו יהוה לשחתה׃
14 ၁၄ လောတထွက်၍ သမီးနှင့်စုံဘက်သောသူ၊ မိမိ သမက်တို့အား ထကြ၊ ဤအရပ်မှ ထွက်သွားကြ၊ ဤမြို့ကို ထာဝရဘုရား ဖျက်ဆီးတော်မူမည်ဟုဆိုသော်လည်း၊ ကျီးစားဟန်သည်ဟု သမက်တို့ ထင်ကြ၏။
ויצא לוט וידבר אל חתניו לקחי בנתיו ויאמר קומו צאו מן המקום הזה כי משחית יהוה את העיר ויהי כמצחק בעיני חתניו׃
15 ၁၅ မိုဃ်းသောက်သောအခါ၊ ကောင်းကင်တမန် တို့သည် လောတကို ဆော်လျက်၊ သင်သည်ထ၍ ဤအရပ်၌ရှိသော မယားနှင့်သမီး နှစ်ယောက်တို့ကို ယူသွားလော့။ သို့မဟုတ်၊ မြို့၏အပြစ်၌ဆုံးခြင်းသို့ ရောက်လိမ့်မည်ဟု ဆိုသော်လည်း၊
וכמו השחר עלה ויאיצו המלאכים בלוט לאמר קום קח את אשתך ואת שתי בנתיך הנמצאת פן תספה בעון העיר׃
16 ၁၆ သူသည်ဖင့်နွှဲသောခါ ထာဝရဘုရားသနား တော်မူသောကြောင့် ကောင်းတမန်တို့သည် သူနှင့်သူ၏ မယား၊ သူ၏သမီးနှစ်ယောက်တို့ကို လက်ဆွဲ၍ မြို့ပြင်သို့ ထုတ်ဆောင်ကြ၏။
ויתמהמה ויחזקו האנשים בידו וביד אשתו וביד שתי בנתיו בחמלת יהוה עליו ויצאהו וינחהו מחוץ לעיר׃
17 ၁၇ ပြင်သို့ရောက်သောအခါ၊ သင်သည် အသက် ချမ်းသာရခြင်းငှါ ပြေးလော့။ နောက်သို့လှည့်၍ မကြည့် နှင့် မြေညီသောအရပ်၌ အလျှင်းမနေနှင့်။ တောင်ပေါ်သို့ ပြေးလော့။ သို့မဟုတ်ဆုံးလိမ့်မည်ဟု ဆိုလေ၏။
ויהי כהוציאם אתם החוצה ויאמר המלט על נפשך אל תביט אחריך ואל תעמד בכל הככר ההרה המלט פן תספה׃
18 ၁၈ လောတ ကလည်း၊ အကျွန်ုပ်သခင် ထိုသို့မဆိုပါနှင့်။
ויאמר לוט אלהם אל נא אדני׃
19 ၁၉ ယခုမှာ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာရပါပြီ။ အကျွန်ုပ်အသက်ချမ်းသာစေသဖြင့်၊ အကျွန်ုပ်၌ ပြုတော်မူသောကရုဏာ ကျေးဇူးများပြားလှပါ၏။ ဘေးလွတ်၍ တောင်ပေါ်သို့ မပြေးနိုင်ပါ။ ဘေးတစုံ တခုတွေ့၍ သေမည်ကို စိုးရိမ်ပါ၏။
הנה נא מצא עבדך חן בעיניך ותגדל חסדך אשר עשית עמדי להחיות את נפשי ואנכי לא אוכל להמלט ההרה פן תדבקני הרעה ומתי׃
20 ၂၀ ကြည့်ပါ။ ထိုမြို့နီးပါ၏ ပြေးသာပါ၏။ ငယ် သောမြို့လည်း ဖြစ်ပါ၏။ ဘေးလွတ်၍ ထိုအရပ်သို့ ပြေးပါရစေ။ ထိုမြို့သည် ငယ်သောမြို့ မဟုတ်လော။ သို့ပြေးလျှင် အသက်ချမ်းသာရပါမည်ဟု လျှောက်ဆို၏။
הנה נא העיר הזאת קרבה לנוס שמה והיא מצער אמלטה נא שמה הלא מצער הוא ותחי נפשי׃
21 ၂၁ ထိုသူကလည်း၊ ကြည့်ပါ။ ဤအမူအရာ၌လည်း သင်၏ စကားကို ငါနားထောင်စေခြင်းငှါ ထိုမြို့အတွက် တောင်းပန်သောကြောင့် ငါမဖျက်ဆီး။
ויאמר אליו הנה נשאתי פניך גם לדבר הזה לבלתי הפכי את העיר אשר דברת׃
22 ၂၂ ဘေးလွတ်ခြင်းငှါ ထိုမြို့သို့ အလျင်အမြန်ပြေး လော့။ ထိုမြို့သို့ မရောက်မှီ ငါသည် အဘယ်အမှုကိုမျှ မပြုနိုင်ဟုဆိုလေ၏။ ထိုကြောင့် ထိုမြို့ကို ဇောရမြို့ဟု သမုတ်ကြ၏။
מהר המלט שמה כי לא אוכל לעשות דבר עד באך שמה על כן קרא שם העיר צוער׃
23 ၂၃ လောတသည် ဇောရမြို့သို့ ဝင်သောအခါ၊ မြေကြီးပေါ်မှာ နေထွက်ချိန်ဖြစ်သတည်း။
השמש יצא על הארץ ולוט בא צערה׃
24 ၂၄ ထိုအခါ ထာဝရဘုရားသည် ကောင်းကင်ထက်၊ အထံတော်မှ သောဒုံမြို့နှင့် ဂေါမောရမြို့အပေါ်သို့ ကန့်နှင့် မီးမိုဃ်းကို ရွာစေတော်မူ၏။
ויהוה המטיר על סדם ועל עמרה גפרית ואש מאת יהוה מן השמים׃
25 ၂၅ ထိုမြို့တို့ကို၎င်း၊ ချိုင့်အရပ် တရှောက်လုံးကို၎င်း၊ မြို့သားအပေါင်းတို့ကို၎င်း မြေ၌ ပေါက်သမျှကို၎င်း၊ မှောက်လဲတော်မူ၏။
ויהפך את הערים האל ואת כל הככר ואת כל ישבי הערים וצמח האדמה׃
26 ၂၆ လောတ၏ မယားမူကား နောက်သို့ လှည့်ကြည့် ၍ ဆားတိုင်ဖြစ်လေ၏။
ותבט אשתו מאחריו ותהי נציב מלח׃
27 ၂၇ နံနက်စောစော အာဗြဟံသည် ထ၍၊ ထာဝရ ဘုရားရှေ့တော်၌ ရပ်နေသော အရပ်သို့ သွားပြီးလျှင်၊
וישכם אברהם בבקר אל המקום אשר עמד שם את פני יהוה׃
28 ၂၈ သောဒုံမြို့နှင့် ဂေါမောရမြို့မှ စသောချိုင့် အရပ်တရှောက်လုံးကို ကြည့်ရှု၍၊ မီးဖို၌ အခိုးကဲ့သို့၊ တပြည်လုံးအခိုးတက်သည်ကို မြင်လေ၏။
וישקף על פני סדם ועמרה ועל כל פני ארץ הככר וירא והנה עלה קיטר הארץ כקיטר הכבשן׃
29 ၂၉ ထိုသို့ဘုရားသခင်သည် ချိုင့်ထဲမှာ ရှိသောမြို့ တို့ကို ဖျက်ဆီးသောအခါ အာဗြံဟံကို အောက်မေ့တော် မူ၏။ လောတနေသော မြို့တို့ကို မှောက်လှဲသောအခါ မောက်လှဲထဲကလောတကို လွှတ်လိုက်တော်မူ၏။
ויהי בשחת אלהים את ערי הככר ויזכר אלהים את אברהם וישלח את לוט מתוך ההפכה בהפך את הערים אשר ישב בהן לוט׃
30 ၃၀ လောတသည် ဇောရမြို့မှ ထွက်၍၊ သမီး နှစ်ယောက်နှင့်တကွ တောင်ပေါ်မှာနေ၏။ ဇောရမြို့၌ မနေဝံ့၍၊ သမီးနှစ်ယောက်နှင့်တကွ ဥမှင်၌ နေ၏။
ויעל לוט מצוער וישב בהר ושתי בנתיו עמו כי ירא לשבת בצוער וישב במערה הוא ושתי בנתיו׃
31 ၃၁ သမီးအကြီးက၊ ငါတို့အဘ အိုပြီး မြေကြီးသား အပေါင်းတို့၏ ဘာသာအတိုင်း ငါတို့ထံသို့ ဝင်ရသော ယောက်ျားတယောက်မျှ မြေပေါ်မှာ မရှိ။
ותאמר הבכירה אל הצעירה אבינו זקן ואיש אין בארץ לבוא עלינו כדרך כל הארץ׃
32 ၃၂ လာကြ။ ငါတို့အဘကိုစပျစ်ရည်တိုက်ကြစို့။ ငါတို့အဘ၏ အမျိုးအနွယ်ကို စောင့်မ၍ သူနှင့်အိပ်ကြ စို့ဟု ညီမကိုပြောဆို၏။
לכה נשקה את אבינו יין ונשכבה עמו ונחיה מאבינו זרע׃
33 ၃၃ ထိုနေ့ညမှာ သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ သမီးအကြီးသည် ဝင်၍ အဘနှင့် အိပ်လေ ၏။ သူအိပ်ကြောင်းကို၎င်း၊ ထကြောင်းကို၎င်း အဘ မသိ။
ותשקין את אביהן יין בלילה הוא ותבא הבכירה ותשכב את אביה ולא ידע בשכבה ובקומה׃
34 ၃၄ နက်ဖြန်နေ့တွင် အကြီးကလည်း မနေ့ညမှာ ငါသည် အဘနှင့် အိပ်လေပြီ။ ယနေ့ညတဖန်သူ့ကို စပျစ် ရည်တိုက်ကြစို့။ သင်သည်ဝင်၍ အဘ၏အမျိုးအနွယ်ကို စောင့်မခြင်းငှါ၊ သူနှင့်အိပ်လော့ဟု ညီမကို ပြောဆို၏။
ויהי ממחרת ותאמר הבכירה אל הצעירה הן שכבתי אמש את אבי נשקנו יין גם הלילה ובאי שכבי עמו ונחיה מאבינו זרע׃
35 ၃၅ ထိုနေ့ည၌လည်း သူတို့သည် အဘကို စပျစ်ရည် တိုက်ပြီးလျှင်၊ အငယ်သည်ဝင်၍အဘနှင့် အိပ်လေ၏။ အိပ်ကြောင်းကို၎င်း၊ တကြောင်းကို၎င်း အဘမသိ။
ותשקין גם בלילה ההוא את אביהן יין ותקם הצעירה ותשכב עמו ולא ידע בשכבה ובקמה׃
36 ၃၆ ထိုသို့လောတ၏ သမီးနှစ်ယောက်တို့သည်၊ မိမိအဘအားဖြင့် ပဋိသန္ဓေစွဲနေ၏။
ותהרין שתי בנות לוט מאביהן׃
37 ၃၇ သမီးအကြီးသည် သားကို ဘွား၍မောဘအမည် ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင်ရှိသော မောဘအမျိုးသားတို့၏ အဘဖြစ်သတည်း။
ותלד הבכירה בן ותקרא שמו מואב הוא אבי מואב עד היום׃
38 ၃၈ သမီးအငယ်သည်လည်း သားကိုဘွား၍ ဗေနမ္မိ အမည်ဖြင့် မှည့်လေ၏။ ထိုသူသည် ယနေ့တိုင်အောင် ရှိသော အမ္မုန်အမျိုးသားတို့၏ အဘဖြစ်သတည်း။
והצעירה גם הוא ילדה בן ותקרא שמו בן עמי הוא אבי בני עמון עד היום׃

< ကမ္ဘာ​ဦး 19 >