< ကမ္ဘာ​ဦး 17 >

1 ထိုနောက်၊ အာဗြံသည် အသက်ကိုးဆယ်ကိုးနှစ်ရှိသောအခါ၊ ထာဝရဘုရားသည် အာဗြံအားထင်ရှား တော်မူ၍၊ ငါသည် အနန္တတန်ခိုးရှင် ဘုရားသခင်ဖြစ်၏။ ငါ့ရှေ့မှာ သွားလာ၍ စုံလင်ခြင်းရှိလော့။
Lorsque Abram fut arrivé à l'âge de quatre-vingt-dix-neuf ans, Yahweh lui apparut et lui dit: " Je suis le Dieu tout-puissant; marche devant ma face et sois irréprochable:
2 ငါ၏ ပဋိညာဉ်ကို သင်နှင့် ငါပြုမည်။ သင့်ကို ငါအလွန်များပြားစေမည်ဟု မိန့်တော်မူ၏။
j'établirai mon alliance entre moi et toi, et je te multiplierai à l'infini. "
3 အာဗြံသည်လည်း ပြပ်ဝပ်လျင်၊ ဘုရားသခင်က၊
Abram tomba la face contre terre, et Dieu lui parla ainsi:
4 ငါပြုသော ပဋိညာဉ်သည် သင်၌ရှိ၏။ သင်သည် လူမျိုးအများတို့၏ အဘဖြစ်လိမ့်မည်။
" Moi, voici mon alliance avec toi: tu deviendras père d'une multitude de nations.
5 နောက်တဖန်သင်၏ အမည်ကို အာဗြံဟုမခေါ်ရ။ သင်၏အမည်ကို အာဗြံဟံဟုခေါ်ရ၏။ အကြောင်းမူကား၊ ငါသည် သင့်ကို များစွာသော လူအမျိုးတို့၏ အဘအရာ၌ ခန့်ထားပြီ။
On ne te nommera plus Abram, mais ton nom sera Abraham, car je te fais père d'une multitude de nations.
6 ငါသည် သင့်ကို အလွန်ပွားများစေမည်။ သင်အားဖြင့် လူအမျိုးမျိုးတို့ကို ဖြစ်စေမည်။ သင်၏ အမျိုး အနွှယ်၌လည်း ရှင်ဘုရင်ဖြစ်ရကြလိမ့်မည်။
Je te ferai croître extraordinairement, je ferai de toi des nations, et des rois sortiront de toi.
7 ငါသည်သင်၏ဘုရား၊ သင့်နောက်၌ သင့်အမျိုးအနွယ်၏ ဘုရားဖြစ်မည်ဟု၊ သင်နှင့်သင်၏ အမျိုးအနွှယ် အစဉ်အဆက်တို့၌၊ ငါ့ပဋိညာဉ်ကို ထာဝရပဋိညာဉ် ဖြစ်စေမည်။
J'établis mon alliance, entre moi et toi et tes descendants après toi, d'âge en âge, en une alliance perpétuelle, pour être ton Dieu et le Dieu de tes descendants après toi.
8 သင်သည် ယခုဧည့်သည်ဖြစ်၍နေသော ပြည်တည်းဟူသော၊ ခါနာန်ပြည်တရှောက်လုံးကို၊ သင်အား၎င်း၊ သင့်နောက်၌သင်၏အမျိုးအနွယ်အား၎င်း၊ အစဉ်အမြဲ အပိုင်ပေးမည်။ သူတို့၏ ဘုရားလည်း ငါဖြစ်မည်ဟု မိန့်မြွက်တော်မူ၏။
Je te donnerai, à toi et à tes descendants après toi, le pays où tu séjournes comme étranger, tout le pays de Chanaan, en possession perpétuelle, et je serai leur Dieu ".
9 တဖန်ဘုရားသခင်က၊ သို့ဖြစ်၍ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ် အစဉ်အဆက်တို့သည်၊ ငါ၏ပဋိညာဉ် ကို စောင့်ရှောက် ရကြမည်။
Dieu dit à Abraham: " Et toi, tu garderas mon alliance, toi et tes descendants après toi, d'âge en âge.
10 ၁၀ သင်နှင့်တကွသင့်နောက်၌ သင်၏အမျိုးအနွယ်သည်၊ ငါ့ရှေ့မှာ စောင့်ရှောက်ရသော ငါ၏ ပဋိညာဉ်ဟူမူကား၊ သင်တို့တွင် သားယောက်ျားတိုင်း အရေဖျားလှီးမင်္ဂလာကို ခံရမည်။
Voici l'alliance que vous avez à garder, l'alliance entre moi et vous, et tes descendants après toi: tout mâle parmi vous sera circoncis.
11 ၁၁ အရေဖျားလှီးမင်္ဂလာသည်၊ ငါနှင့်သင်တို့ပြုသော ပဋိညာဉ်၏ လက္ခဏာသက်သေဖြစ်ရလိမ့်မည်။
Vous vous circoncirez dans votre chair, et ce sera le signe de l'alliance entre moi et vous.
12 ၁၂ သင်တို့ အမျိုးအစဉ်အဆက်တို့၌ သားယောက်ျားတိုင်း၊ ကိုယ်အိမ်၌ဘွားသောသူဖြစ်စေ၊ ကိုယ့် အမျိုးမဟုတ်။ တပါးအမျိုးသား၌ ငွေနှင့်ဝယ်သောသူ ဖြစ်စေ၊ အသက်ရှစ်ရက်မြောက်လျှင်၊ အရေဖျားလှီး မင်္ဂလာကို ခံရမည်။
Quand il aura huit jours, tout mâle parmi vous, d'âge en âge, sera circoncis, qu'il soit né dans la maison, ou qu'il ait été acquis à prix d'argent d'un étranger quelconque, qui n'est pas de ta race.
13 ၁၃ ကိုယ်အိမ်၌ ဘွားသောသူ၊ ကိုယ်ငွေနှင့်ဝယ် သောသူသည်၊ အရေဖျားလှီးမင်္ဂလာကို ခံရမည်။ ငါ့ ပဋိညာဉ်လည်း သင်တို့၏အသား၌ ထာဝရပဋိညာဉ် ဖြစ်လိမ့်မည်။
On devra circoncire le mâle né dans la maison ou acquis à prix d'argent, et mon alliance sera dans votre chair comme alliance perpétuelle.
14 ၁၄ အရေဖျားမလှီး၊ အရေဖျားလှီးမင်္ဂလာကို မခံသောသားယောက်ျားကို သူ၏ အမျိုးမှပယ်ရှင်းရ၏။ ထိုသူသည် ငါ့ပဋိညာဉ်ကို ဖျက်လေပြီဟု အာဗြံဟံအား မိန့်တော်မူ၏။
Un mâle incirconcis, qui n'aura pas été circoncis dans sa chair, sera retranché de son peuple: il aura violé mon alliance. "
15 ၁၅ တဖန်ဘုရားသခင်က၊ သင်၏မယားစာရဲကို မူကား၊ စာရဲဟူသော အမည်ဖြင့်မခေါ်ရ၊ စာရာဟူသော အမည်ဖြင့်ခေါ်ရ၏။
Dieu dit à Abraham: " Tu ne donneras plus à Saraï, ta femme, le nom de Saraï, car son nom est Sara.
16 ၁၆ သူ့ကိုငါကောင်းကြီးပေး၍၊ သူ့အားဖြင့်လည်း သင်အား သားကိုပေးမည်။ အကယ်စင်စစ်သူ့ကို ကောင်း ကြီးပေး၍၊ သူသည် လူအမျိုးမျိုးဖြစ်လိမ့်မည်။ သူ၏အမျိုးအနွယ်၌လည်း အပြည်ပြည်သော ရှင်ဘုရင်ဖြစ်ကြ လိမ့်မည်ဟု၊ အာဗြဟံအား မိန့်တော်မူ၏။
Je la bénirai, et je te donnerai aussi d'elle un fils; je la bénirai, et elle deviendra des nations; des rois de peuples sortiront d'elle. "
17 ၁၇ ထိုအခါအာဗြဟံသည် ပြပ်ဝပ်လျက် အသက် တရာရှိသော သူသည် သားကို ရလိမ့်မည်လော။ အသက် ကိုးဆယ်ရှိသော စာရာသည် သားကိုဘွားလိမ့်မည်လော ဟု ရယ်လျက်၊ စိတ်နှလုံးထဲမှာ အောက်မေ့ပြီးလျှင်၊
Abraham tomba la face contre terre, et il rit, disant dans son cœur: " Naîtra-t-il un fils à un homme de cent ans? Et Sara, une femme de quatre-vingt-dix ans, enfantera-t-elle? "
18 ၁၈ ဣရှမေလသည် ရှေ့တော်၌ အသက်ရှင်ပါစေ သောဟု၊ ဘုရားသခင်ကို လျှောက်သောအခါ၊
Et Abraham dit à Dieu: " Oh! qu' Ismaël vive devant votre face! "
19 ၁၉ ဘုရားသခင်က၊ သင်၏မယားစာရာသည် သင်အားသားကိုဘွားလိမ့်မည်။ ထိုသားကိုလည်း ဣဇာက်အမည်ဖြင့် မှည့်ရမည်။ သူ၌၎င်း သူ့နောက်မှ သူ၏ အမျိုးအနွယ်၌၎င်း ငါ၏ပဋိညာဉ်ကို ထာဝရ ပဋိညာဉ် ဖြစ်စေမည်။
Dieu dit: " Oui, Sara, ta femme, t'enfantera un fils; tu le nommeras Isaac, et j'établirai mon alliance avec lui comme une alliance perpétuelle pour ses descendants après lui.
20 ၂၀ ဣရှမေလအမှု၌ကား၊ သင်၏စကားကို ငါနားထောင်၏။ သူ့ကို ငါကောင်းကြီးပေး၏။ သူ့အနွှယ်ကို တိုးပွားစေ၍ သူ့ကို အလွှန်များပြားစေမည်။ သူသည် မင်းသားဆယ်နှစ်ပါးတို့၏အဘ ဖြစ်လိမ့်မည်။ ကြီးသော လူမျိုးဖြစ်စေခြင်းငှါလည်း ငါပြုမည်။
Quant à Ismaël, je t'ai entendu. Voici, je l'ai béni, je le rendrai fécond et je le multiplierai extrêmement; il engendrera douze princes, et je ferai de lui une grande nation.
21 ၂၁ သို့သော်လည်း၊ နောင်နှစ်၊ ချိန်းချက်သောအချိန်တွင်၊ စာရာသည် သင်အားဘွားလတံ့သော သားဣဇာက်၌၊ ငါ၏ပဋိညာဉ်ကို ငါတည်စေမည်ဟု မိန့်တော်မူပြီးလျှင်၊
Mais mon alliance, je l'établirai avec Isaac, que Sara t'enfantera l'année prochaine, à cette époque. "
22 ၂၂ မိန့်မြွက်တော်မူသံငြိမ်း၍ ဘုရားသခင်သည် အာဗြံဟံမှ တက်ကြွတော်မူ၏။
Et ayant achevé de parler avec lui, Dieu remonta d'auprès d'Abraham.
23 ၂၃ အာဗြဟံသည်လည်း၊ သားဣမေလမှစ၍၊ ကိုယ်အိမ်၌ ဘွားသော သူအပေါင်း၊ ကိုယ်ငွေနှင့် ဝယ်သော သူအပေါင်းတည်းဟူသော၊ အာဗြဟံအိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့ကို ယူ၍၊ ဘုရားသခင် မိန့်တော်မူ သည်အတိုင်း၊ တနေ့ခြင်းတွင် အရေဖျားလှီးမင်္ဂလာကို ပေးလေ၏။
Abraham prit Ismaël, son fils, ainsi que tous les serviteurs nés dans sa maison et tous ceux qu'il avait acquis à prix d'argent, tous les mâles parmi les gens de sa maison, et il les circoncit en ce jour même, comme Dieu le lui avait commandé.
24 ၂၄ အာဗြဟံသည် ကိုယ်တိုင်အရေဖျားလှီးမင်္ဂလာကို ခံသောအခါ၊ အသက်ကိုးဆယ်ကိုးနှစ်ရှိ၏။
Abraham était âgé de quatre-vingt-dix-neuf ans lorsqu'il fut circoncis;
25 ၂၅ သားဣရှမေလသည် အရေဖျားလှီး မင်္ဂလာကို ခံသောအခါ၊ အသက်တဆယ်သုံးနှစ်ရှိ၏။
et Ismaël, son fils, avait treize ans lorsqu'il fut circoncis.
26 ၂၆ တနေ့ခြင်းတွင် အာဗြဟံနှင့်သား ဣရှမေလ သည် အရေဖျားလှီးမင်္ဂလာကို ခံလေ၏။
Ce même jour, Abraham fut circoncis, ainsi qu'Ismaël, son fils;
27 ၂၇ သူ၏အိမ်၌ ဘွားသောသူ တပါးအမျိုးသား၌ သူ၏ငွေနှင့် ဝယ်သောသူ၊ သူ၏အိမ်နှင့်ဆိုင်သော ယောက်ျားအပေါင်းတို့သည်၊ သူနှင့်အတူ အရေဖျားလှီး မင်္ဂလာကို ခံကြလေ၏။
et tous les hommes de sa maison, ceux qui étaient nés chez lui et ceux qui avaient été acquis des étrangers à prix d'argent, furent circoncis avec lui.

< ကမ္ဘာ​ဦး 17 >