< ဧ​ဇ​ရ 6 >

1 ထိုအခါ ဒါရိမင်းကြီးအမိန့်တော်နှင့် ဗာဗုလုန် မြို့ ဘဏ္ဍာတော်ထားရာစာတိုက်၌ ရှာဖွေကြ၏။
Kral Darius'un buyruğu uyarınca, Babil'de kayıtların saklandığı odada araştırma yapıldı.
2 မေဒိပြည်၊ အာခမေသမြို့၊ နန်းတော်၌စာလိပ် ကို တွေ့၍၊ စာလိပ်၌ပါသော စကားဟူမူကား၊
Medya İli'ndeki Ahmeta Kalesi'nde bir tomar bulundu. Tomarın içinde şunlar yazılıydı:
3 ယဇ်ပူဇော်ရာ အိမ်တော်ကိုတည်စေ။ တိုက်မြစ် ကို ခိုင်ခံ့စွာချထားစေ။ အမြင့်အတောင်ခြောက်ဆယ်၊ အနံအတောင်ခြောက်ဆယ်ရှိ၍၊
“Kral Koreş, krallığının birinci yılında, Tanrı'nın Yeruşalim'deki Tapınağı'na ilişkin şöyle buyruk verdi: ‘Kurban kesmek üzere bu tapınağın yeniden kurulması için temel atılsın. Üç sıra büyük taş, bir sıra kiriş döşensin. Yüksekliği ve genişliği altmışar arşın olsun. Giderler saraydan karşılansın.
4 ကြီးသောကျောက်တန်းသုံးဆင့်၊ အသစ်သော သစ်သားတန်းတဆင့်နှင့် အထပ်ထပ်တည်စေ။ စရိတ်များ ကိုလည်း ဘဏ္ဍာတော်ထဲက ထုတ်၍ပေးစေ။
5 ယေရုရှလင်မြို့၏ ဗိမာန်တော်ထဲကနေဗုခဒ် နေဇာထုတ်၍ ဘုရားသခင်၏အိမ်တော်နှင့် ဆိုင်သော် လည်း၊ ဗာဗုလုန်မြို့သို့ဆောင်ခဲ့သော ရွှေတန်ဆာ ငွေတန်ဆာတို့ကို ပြန်ပေးစေ။ ယေရုရှလင်မြို့၏ ဗိမာန် တော်သို့ ပို့၍ အလုံးစုံတို့ကို ဘုရားအိမ်တော်ထဲတွင် မိမိတို့နေရာ၌ ထားစေဟု ကုရုမင်းကြီးသည် နန်းစံ ပဌမနှစ်တွင်၊ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အမှု မှာ အမိန့်တော်ရှိ၏။
Nebukadnessar'ın Yeruşalim'deki Tanrı'nın Tapınağı'ndan çıkarıp Babil'e getirdiği altın ve gümüş kaplar da geri verilsin. Yeruşalim'deki tapınakta özel yerlerine götürülsün. Hepsi Tanrı'nın Tapınağı'na konsun.’”
6 သို့ဖြစ်၍၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာဗောဇနဲနှင့် သင်တို့အပေါင်းအဘော်တည်း ဟူသော မြစ်အနောက်ဘက်၌နေသော အဖာသသက် လူတို့၊ ထွက်သွားကြ။
“Onun için siz, Fırat'ın batı yakasındaki bölge valisi Tattenay, Şetar-Bozenay, çalışma arkadaşları ve oranın görevlileri, tapınaktan uzak durun!
7 ထိုဘုရား၏အိမ်တော်တည်ခြင်း အမှုကိုမဆီးမတားကြနှင့်။ ယုဒမြို့ဝန်နှင့် ယုဒအမျိုး အသက်ကြီး သူတို့ သည် ထိုအိမ်တော်ကို မိမိနေရာ၌ တည်ပါလေစေ၊
Tanrı'nın Tapınağı'nın yapım işlerine karışmayın. Bırakın, Yahudiler'in valisiyle ileri gelenleri Tanrı'nın Tapınağı'nı eski yerinde yeniden kursunlar.
8 ထိုမှတပါး၊ သင်တို့သည် ထိုဘုရား၏ အိမ်တော် တည်ခြင်းအမှုကို ယုဒအမျိုးအသက်ကြီးသူတို့နှင့် ကူညီ ရမည်အကြောင်း၊ သူတို့သည် အဆီးအတားမရှိစေခြင်းငှါ၊ မြစ်အနောက်ဘက်၌ ခံသောအခွန်တော်တည်း ဟူသော ဘဏ္ဍာတော်ထဲက အိမ်တော်တည်စရာစရိတ်ကို ချက် ခြင်းထုတ်ပေးရမည်အကြောင်း ငါအမိန့်တော်ရှိ၏။
Ayrıca Tanrı'nın Tapınağı'nın yeniden kurulması için Yahudi ileri gelenlerine neler yapmanız gerektiğini de size buyuruyorum: Bu adamların bütün giderleri kralın hazinesinden, Fırat'ın batı yakasındaki bölgeden toplanan vergilerden ödensin. Öyle ki, yapım işleri aksamasın.
9 ထိုမှတပါး၊ သူတို့သည် မွှေးကြိုင်သောယဇ်တို့ကို ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား ပူဇော်၍၊
Yeruşalim'deki kâhinlerin bütün gereksinimlerini hiç aksatmadan her gün vereceksiniz: Göklerin Tanrısı'na sunulacak yakmalık sunular için genç boğalar, koçlar, kuzular ve buğday, tuz, şarap, zeytinyağı.
10 ၁၀ ရှင်ဘုရင်အသက်၊ ဆွေတော်မျိုးတော်တို့၏ အသက်အဘို့ ဆုတောင်းစေခြင်းငှါ၊ သူတို့လိုချင်သမျှ ယေရုရှလင်မြို့ ယဇ်ပုရောဟိတ်တို့ စီရင်သည်အတိုင်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်အား မီးရှို့ရာယဇ် ပူဇော်စရာဘို့နွား၊ သိုးထီး၊ သိုးသငယ်၊ စပါး၊ ဆား၊ စပျစ် ရည်၊ ဆီတို့ကိုနေ့တိုင်း အစဉ်အပြတ်ပေးစေ။
Öyle ki, Göklerin Tanrısı'nı hoşnut eden sunular sunsunlar, ben ve oğullarım sağ kalalım diye dua etsinler.
11 ၁၁ ၎င်းနည်း အကြင်သူသည် ဤအမိန့်တော်ကို ငြင်းဆန်လျှင်၊ ထိုသူ၏အိမ်မှ သစ်တိုင်ကို နှုတ်ယူ၍ စိုက်ပြီးမှ သူ့ကိုလည်း ဆွဲချစေ။ သူ့အိမ်ကိုလည်း နောက် ချေးပုံဖြစ်စေဟု ငါအမိန့်တော်ရှိ၏။
Bundan başka buyuruyorum ki, bu kararı değiştirenin evinden bir kiriş çıkarılacak ve o kişi kirişin üzerine asılacak. Evi de bu suçtan ötürü çöplüğe çevrilecek.
12 ၁၂ ယေရုရှလင်မြို့၏ ဘုရားအိမ်တော်ကို ကျိုးပဲ့ ပျက်စီးစေခြင်းငှါ ပြုသောရှင်ဘုရင်နှင့် ဆင်းရဲသား အပေါင်းတို့ကို၊ ထိုအရပ်၌ နာမတော်တည်စေသော ဘုရားသခင်သည် ဖျက်ဆီးတော်မူပါစေသော။ ငါဒါရိ သည် အမိန့်တော်ကိုပေး၏။ အမိန့်တော်အတိုင်း အလျင် အမြန်ပြုစေဟု ပေးလိုက်သတည်း။
Yeruşalim'i adına konut seçen Tanrı, bu kararı değiştirmeye, oradaki Tanrı Tapınağı'nı yıkmaya kalkışan her kralı ve ulusu yok etsin. Ben Darius böyle buyurdum. Buyruğum özenle yerine getirilsin.”
13 ၁၃ ထိုအခါ ဒါရိမင်းကြီးပေးလိုက်သော အမိန့်တော် အတိုင်း၊ မြစ်အနောက်ဘက် မြို့ဝန်တာတနဲ၊ ရှေသာ ဗောဇနဲနှင့် သူတို့အပေါင်းအဘော်တို့သည် အလျင် အမြန်ပြုကြ၏။
Fırat'ın batı yakasındaki bölge valisi Tattenay, Şetar-Bozenay ve çalışma arkadaşları Kral Darius'un buyruğunu özenle yerine getirdiler.
14 ၁၄ ယုဒအမျိုးအသက်ကြီးသူတို့သည် တည်ဆောက် ၍၊ ပရောဖက်ဟဂ္ဂဲနှင့် ဣဒေါသားဇာခရိဟောသော အားဖြင့်၊ အကြံထမြောက်ကြ၏။ ဣသရေအမျိုး၏ ဘုရား သခင်အမိန့်တော်နှင့် ပေရသိရှင်ဘုရင်ကုရုမင်း၊ ဒါရိမင်း အမိန့်တော်အတိုင်း တည်ဆောက်၍ လက်စသတ်ကြ၏။
Peygamber Hagay ile İddo oğlu Zekeriya'nın yaptıkları peygamberlik sayesinde Yahudi ileri gelenleri yapım işlerini başarıyla ilerlettiler. İsrail Tanrısı'nın buyruğu ve Pers kralları Koreş'in, Darius'un, Artahşasta'nın buyrukları uyarınca tapınağın yapımını bitirdiler.
15 ၁၅ ဒါရိမင်းကြီးနန်းစံခြောက်နှစ်၊ အာဒါလသုံးရက် နေ့တွင် အိမ်တော်သည် ပြီးပြည့်စုံ၏။
Tapınak Kral Darius'un krallığının altıncı yılı, Adar ayının üçüncü günü tamamlandı.
16 ၁၆ ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော သိမ်းသွားခြင်းကို ခံဘူးသော အမျိုးသားချင်းရှိသမျှတို့သည် ဘုရားသခင်၏ အိမ်တော် ကိုဝမ်းမြောက်သောစိတ်နှင့် အနုမောဒနာပွဲခံကြ၏။
İsrail halkı –kâhinler, Levililer ve sürgünden dönenlerin tümü– Tanrı'nın Tapınağı'nın adanmasını sevinçle kutladılar.
17 ၁၇ ထိုအိမ်တော်၏ အနုမောဒနာပွဲတွင် နွားတရာ၊ သိုးထီးနှစ်ရာ၊ သိုးသငယ်လေးရာကို၎င်း၊ ဣသရေလအမျိုး တဆယ်နှစ်မျိုးအလိုက် အမျိုးသားအပေါင်းတို့၏ အပြစ် ဖြေရာ ယဇ်တည်းဟူသော ဆိတ်ထီးတဆယ် နှစ်ကောင် ကို၎င်း၊ ယဇ်ပူဇော်ကြ၏။
Tanrı'nın Tapınağı'nın adanması için yüz boğa, iki yüz koç, dört yüz kuzu kurban ettiler. Oymakların sayısına göre, bütün İsrailliler için günah sunusu olarak on iki teke sundular.
18 ၁၈ မောရှေကျမ်းစာ၌ ပါသည်အတိုင်း၊ ယေရု ရှလင်မြို့၌ ဘုရားဝတ်ကို ပြုစေခြင်းငှါ၊ ယဇ်ပုရောဟိတ် အသီးအသီးတို့ကို၎င်း၊ သင်းဖွဲ့သော လေဝိသားတို့ကို၎င်း ခန့်ထားကြ၏။
Musa'nın Kitabı'ndaki kural uyarınca Tanrı'nın Yeruşalim'deki hizmeti için kâhinlerle Levililer'i bağlı oldukları bölüklere göre görevlere atadılar.
19 ၁၉ သိမ်းသွားခြင်းကို ခံရသောအမျိုးသားတို့သည် ပဌမလတဆယ်လေးရက်နေ့တွင် ပသခါပွဲကိုလည်း ခံကြ ၏။
Sürgünden dönenler birinci ayın on dördüncü günü Fısıh Bayramı'nı kutladılar.
20 ၂၀ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် တညီ တညွတ်တည်း ကိုယ်ကိုသန့်ရှင်းစေ၍၊ အလုံးစုံတို့သည် သန့်ရှင်းသဖြင့်၊ မိမိတို့အဘို့မှစ၍ ပေါက်ဘော်ချင်း ယဇ်ပုရောဟိတ်တို့အဘို့နှင့် သိမ်းသွားခြင်းကိုခံရသော အမျိုးသားအပေါင်းတို့အဘို့ ပသခါသိုးသငယ်ကို သတ်ကြ ၏။
Kâhinlerle Levililer hep birlikte kendilerini arındırdılar; dinsel açıdan hepsi arındı. Levililer sürgünden dönenlerin tümü, kardeşleri olan kâhinler ve kendileri için Fısıh kurbanını kestiler.
21 ၂၁ သိမ်းသွားခြင်းကိုခံသော လူစုထဲက ထွက်လာ သော ဣသရေလအမျိုးသားများ၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို ရှာလိုသောငှါ၊ တပါး အမျိုးသား နေရာအရပ် အညစ်အကြေးကို ပယ်ရှားသော သူများအပေါင်းတို့သည် ပသခါပွဲကိုစား၍၊
Sürgünden dönen İsrailliler'le İsrail'in Tanrısı RAB'be yönelmek amacıyla kendilerini çevredeki halkların kötü alışkanlıklarından ayırıp onlara katılanların hepsi kurban etinden yedi.
22 ၂၂ ခုနစ်ရက်ပတ်လုံး ဝမ်းမြောက်သော စိတ်နှင့် အဇုမပွဲကိုလည်း ခံကြ၏အကြောင်းမူကား၊ ထာဝရ ဘုရားသည် ဝမ်းမြောက်သောအခွင့်ကို ပေးတော်မူ၏။ ဣသရေလအမျိုး၏ ဘုရားသခင်ဗိမာန်တော် တည် ဆောက်ခြင်းအမှုမှာ၊ အာရှုရိရှင်ဘုရင် မစမည် အကြောင်း၊ စိတ်နှလုံးတော်ကို သူတို့ဘက်သို့ ကူးစေ တော်မူ၏။
Mayasız Ekmek Bayramı'nı yedi gün sevinçle kutladılar. Çünkü RAB onları sevindirdi ve Asur Kralı'nın onlara iyi davranmasını, İsrail'in Tanrısı Tanrı'nın Tapınağı'nın yapım işlerinde onlara yardım etmesini sağladı.

< ဧ​ဇ​ရ 6 >