< ယေဇကျေလ 9 >

1 ဖျက်ဆီးသော လက်နက်ကို အသီးအသီး ကိုင် လျက်၊ ဤမြို့ခံရသောဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြ လော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
他向我耳中大聲喊叫說:「要使那監管這城的人手中各拿滅命的兵器前來。」
2 ထိုအခါ လူမြောက်ယောက်တို့သည် အသီး အသီး ကွပ်မျက်စရာ လက်နက်ကို ကိုင်လျက်၊ တယောက် သည်လည်း၊ ပိတ်အဝတ်ကိုဝတ်၍ နံပါး၌ မှင်အိုးပါလျက်၊ မြောက်မျက်နှာဘက် အထက်တံခါးလမ်းဖြင့် ဝင်၍၊ ကြေးဝါပလ္လင်အနားမှာရပ်နေကြ၏။
忽然有六個人從朝北的上門而來,各人手拿殺人的兵器;內中有一人身穿細麻衣,腰間帶着墨盒子。他們進來,站在銅祭壇旁。
3 ဣသရေလအမျိုး၏ဘုရားသခင် ဘုန်းတော် သည် ကျိန်းဝပ်ရာ ခေရုဗိမ်မှအိမ်တော်တံခါးခုံသို့တက်၍၊ ပိတ်အဝတ်ကိုဝတ်လျက်၊ နံပါး၌ မှင်အိုးပါသော သူကို ခေါ်၍၊
以色列上帝的榮耀本在基路伯上,現今從那裏升到殿的門檻。上帝將那身穿細麻衣、腰間帶着墨盒子的人召來。
4 ထာဝရဘုရားက၊ ယေရုရှလင်မြို့အလယ်၌ ရှောက်သွားလော့။ မြို့ထဲ၌ ပြုသမျှသော စက်ဆုပ်ရွံ့ရှာ ဘွယ်အမှုတို့ကြောင့်၊ ညည်းတွားငိုကြွေးသောသူတို့၏ နဖူးကို ထိုးမှတ်လော့ဟူ၍၎င်း၊
耶和華對他說:「你去走遍耶路撒冷全城,那些因城中所行可憎之事歎息哀哭的人,畫記號在額上。」
5 အခြားသော သူတို့အားလည်း၊ ထိုသူနောက် မြို့ထဲ၌ ရှောက်သွား၍ ဒဏ်ခတ်ကြလော့။ နှမြောစုံမက် ခြင်းမရှိကြနှင့်။
我耳中聽見他對其餘的人說:「要跟隨他走遍全城,以行擊殺。你們的眼不要顧惜,也不要可憐他們。
6 အသက်ကြီးသောသူ၊ အသက်ငယ်သောသူ၊ အပျိုမ၊ သူငယ်၊ မိန်းမတို့ကို ရှင်းရှင်းသတ်ကြလော့။ သို့ရာတွင်၊ အမှတ်ပါသောသူကို မချဉ်းကပ်ကြနှင့်။ ငါ၏ သန့်ရှင်းရာဌာန၌ အဦးပြုကြလော့ဟု မိန့်တော်မူသည် ကို ငါကြား၏။ သူတို့သည်လည်း၊ အိမ်တော်ရှေ့မှာရှိသော အသက်ကြီးသူတို့ကို ရှေ့ဦးစွာ သတ်ကြ၏။
要將年老的、年少的,並處女、嬰孩,和婦女,從聖所起全都殺盡,只是凡有記號的人不要挨近他。」於是他們從殿前的長老殺起。
7 တဖန်တုံ၊ အိမ်တော်ကိုညစ်ညူးစေ၍၊ ကွပ်မျက် သော သူအသေကောင်တို့နှင့် တန်တိုင်းများကို ပြည့်စေပြီးမှ ထွက်သွားကြလော့ဟု မိန့်တော်မူသည် အတိုင်း၊ သူတို့သည်ထွက်၍ မြို့ထဲ၌ကွပ်မျက်ကြ၏။
他對他們說:「要污穢這殿,使院中充滿被殺的人。你們出去吧!」他們就出去,在城中擊殺。
8 ထိုသို့သူတို့သည် ကွပ်မျက်ကြသောအခါ၊ ငါ နေရစ်စဉ်တွင် ပြပ်ဝပ်၍၊ အိုအရှင်ထာဝရဘုရား၊ ယေရု ရှလင်မြို့အပေါ်သို့ အမျက်တော်ကို သွန်းလောင်း၍၊ ကျန်ကြွင်းသမျှသော ဣသရေလအမျိုးကို ဖျက်ဆီးတော် မူမည်လောဟု ကြွေးကြော်၍လျှောက်လေ၏။
他們擊殺的時候,我被留下,我就俯伏在地,說:「哎!主耶和華啊,你將忿怒傾在耶路撒冷,豈要將以色列所剩下的人都滅絕嗎?」
9 ထာဝရဘုရားကလည်း၊ ဣသရေလအမျိုးနှင့် ယုဒ အမျိုး၏အပြစ်သည် အလွန်တရာကြီး၏ တပြည်လုံးသည် လူအသက်ကိုသတ်ခြင်းအပြစ်နှင့်ပြည့်၏။ မြို့သည်လည်း ဖော်ပြန်ခြင်း အပြစ်နှင့်ပြည့်၏။ သူတို့က၊ ထာဝရဘုရား သည် မြေကြီးနှင့်စွန့်ပစ်လေပြီ။ ထာဝရဘုရားမမြင်ဟု ဆိုကြ၏။
他對我說:「以色列家和猶大家的罪孽極其重大。遍地有流血的事,滿城有冤屈,因為他們說:『耶和華已經離棄這地,他看不見我們。』
10 ၁၀ ထိုကြောင့်၊ ငါသည် နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အား မိန့်တော်မူ၏။
故此,我眼必不顧惜,也不可憐他們,要照他們所行的報應在他們頭上。」
11 ၁၁ ပိတ်အဝတ်ကို ဝတ်၍နံပါး၌ မှင်အိုးပါသော သူကလည်း၊ ကိုယ်တော်မှာထားတော်မူသည်အတိုင်း အကျွန်ုပ်ပြုပါပြီဟု ပြန်လျှောက်လေ၏။
那穿細麻衣、腰間帶着墨盒子的人將這事回覆說:「我已經照你所吩咐的行了。」

< ယေဇကျေလ 9 >