< ယေဇကျေလ 48 >

1 ဣသရေလအမျိုးခရိုင်စုအမည်ကား၊ မြောက် ဘက်၌ဟေသလုန်လမ်းနှင့် ဟာမတ်လမ်းနား၊ ဟာဇ ရေနန်မြို့ပါလျက် ဒမာသက်မြို့နယ် မြောက် ဟာမတ် မြို့နယ်တိုင်အောင်၎င်း၊ အရှေ့ဘက်မှသည် ပင်လယ် တိုင်အောင်၎င်း ဒန်ခရိုင်ရှိရမည်။
Voici les noms des tribus. Depuis l’extrémité septentrionale, le long du chemin de Hethlon à Hamath, Hatsar-Énon, la frontière de Damas au nord vers Hamath, de l’orient à l’occident: Dan, une tribu.
2 ဒန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် အာရှာခရိုင်ရှိရမည်။
Sur la limite de Dan, de l’orient à l’occident: Aser, une tribu.
3 အာရှာခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် နဿလိခရိုင်ရှိရမည်။
Sur la limite d’Aser, de l’orient à l’occident: Nephthali, une tribu.
4 နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှည်ခရိုင်ရှိရမည်။
Sur la limite de Nephthali, de l’orient à l’occident: Manassé, une tribu.
5 မနာရှေခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဧဖရိမ်ခရိုင်ရှိရမည်။
Sur la limite de Manassé, de l’orient à l’occident: Éphraïm, une tribu.
6 ဧဖရိမ်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ရုဗင်ခရိုင်ရှိရမည်။
Sur la limite d’Éphraïm, de l’orient à l’occident: Ruben, une tribu.
7 ရုဗင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် ယုဒခရိုင်ရှိရမည်။
Sur la limite de Ruben, de l’orient à l’occident: Juda, une tribu.
8 ယုဒခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက် ဘက်တိုင်အောင် သင်တို့ပူဇော်ရသော မြေကွက်ရှိရမည်။ ထိုမြေအနံကား၊ ကျူလုံးအပြန်နှစ်သောင်းငါးထောင်၊ အလျားကား အရှေ့ဘက်မှသည် အနောက်ဘက်တိုင် အောင် ခရိုင်အလျားနှင့်ညီရမည်။ ထိုမြေအတွင်း၌ သန့်ရှင်းရာဌာန ရှိရမည်။
Sur la frontière de Juda, de l’orient à l’occident, sera la portion que vous prélèverez, large de vingt-cinq mille cannes et longue comme l’une des parts de l’orient à l’occident; et le sanctuaire sera au milieu.
9 ထာဝရဘုရားအား ပူဇော်ရသော မြေကွက် မူကား၊ အလျားနှစ်သောင်းငါးထောင်၊ အနံတသောင်း ရှိရမည်။
La portion que vous prélèverez pour l’Éternel aura vingt-cinq mille cannes de longueur et dix mille de largeur.
10 ၁၀ ထိုသန့်ရှင်းသော ပူဇော်သက္ကာသည် ယဇ်ပရော ဟိတ်ဘို့ ဖြစ်၍ မြောက်ဘက်၌နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌အနံတသောင်း၊ အရှေ့ဘက်၌ အနံ တသောင်း၊ တောင်ဘက်၌ အလျားနှစ်သောင်းငါးထောင် ကျယ်၍၊ ထာဝရဘုရား၏သန့်ရှင်းရာဌာနသည် ထိုအကွက်အလယ်၌ ရှိရမည်။
C’est aux sacrificateurs qu’appartiendra cette portion sainte: vingt-cinq mille cannes au septentrion, dix mille en largeur à l’occident, dix mille en largeur à l’orient, et vingt-cinq mille en longueur au midi; et le sanctuaire de l’Éternel sera au milieu.
11 ၁၁ ဣသရေလအမျိုးသားတို့သည် လမ်းလွှဲသော အခါ လေဝိလူကဲ့သို့ လမ်းမလွှဲ။ ငါ့အမှုကို အစဉ်ဆောင် ၍ သန့်ရှင်းသော ဇာဒုတ်သားယဇ် ပုရောဟိတ်တို့အဘို့ ဖြစ်ရမည်။
Elle appartiendra aux sacrificateurs consacrés, aux fils de Tsadok, qui ont fait le service de mon sanctuaire, qui ne se sont point égarés, lorsque les enfants d’Israël s’égaraient, comme s’égaraient les Lévites.
12 ၁၂ လေဝိလူနေရာ မြေအနားမှာ ထိုသို့ပူဇော်သော မြေသည် ယဇ်ပုရောဟိတ်တို့အဘို့ အလွန်သန့်ရှင်းသော မြေဖြစ်ရမည်။
Elle leur appartiendra comme portion très sainte, prélevée sur la portion du pays qui aura été prélevée, à côté de la limite des Lévites.
13 ၁၃ ယဇ်ပုရောဟိတ် မြေအနားမှာလေဝိ လူနေရာ မြေကွက်သည် အလျားနှစ်သောင်းငါးထောင်၊ အနံ တသောင်း ရှိရမည်။
Les Lévites auront, parallèlement à la limite des sacrificateurs, vingt-cinq mille cannes en longueur et dix mille en largeur, vingt-cinq mille pour toute la longueur et dix mille pour la largeur.
14 ၁၄ ထိုမြေသည် ထာဝရဘုရားအဘို့ သန့်ရှင်း သောကြောင့်၊ လေဝိလူတို့သည် မြေကို မရောင်းရ။ အဦးသီးသော အသီးကို အခြားသော ဥစ္စနှင့်မဖယ်လှယ် ရ။ အဘိုးနှင့်မရောင်းရ။
Ils n’en pourront rien vendre ni échanger; et les prémices du pays ne seront point aliénées, car elles sont consacrées à l’Éternel.
15 ၁၅ နှစ်သောင်းငါးထောင်အနားမှာ ကြွင်းသေး သော မြေငါးထောင်သည် လူနေရာမြို့နှင့် မြို့နယ်တည် စရာဘို့ဖြစ်၍၊ ထိုမြေအလယ်၌ မြို့တည်ရမည်။
Les cinq mille cannes qui resteront en largeur sur les vingt-cinq mille seront destinées à la ville, pour les habitations et la banlieue; et la ville sera au milieu.
16 ၁၆ မြို့အတိုင်းအရှည်ကား၊ မြောက်ဘက်၌ လေး ထောင်ငါးရာ၊ တောင်ဘက်၌လေးထောင်ငါးရာ၊ အရှေ့ ဘက်၌ လေးထောင်ငါးရာ၊ အနောက်ဘက်၌ လေး ထောင်ငါးရာရှိရမည်။
En voici les mesures: du côté septentrional quatre mille cinq cents, du côté méridional quatre mille cinq cents, du côté oriental quatre mille cinq cents, et du côté occidental quatre mille cinq cents.
17 ၁၇ မြို့နယ်ကား၊ မြောက်ဘက်၌နှစ်ရာငါးဆယ်၊ တောင်ဘက်၌ နှစ်ရာငါးဆယ်၊ အရှေ့ဘက်၌ နှစ်ရာ ငါးဆယ်၊ အနောက်ဘက်၌ နှစ်ရာငါးဆယ်ရှိရမည်။
La ville aura une banlieue de deux cent cinquante au nord, de deux cent cinquante au midi, de deux cent cinquante à l’orient, et de deux cent cinquante à l’occident.
18 ၁၈ သန့်ရှင်းသော မြေအနားမှာအလျား၌ ကြွင်း သေးသော အရှေ့ဘက်၌ တသောင်း၊ အနောက်ဘက်၌ တသောင်းကျယ်သော မြေ၌ဖြစ်သော အသီးအနှံသည်၊ မြို့အမှုကို စောင့်သောသူတို့ စားစရာဘို့ ဖြစ်ရမည်။
Le reste sur la longueur, parallèlement à la portion sainte, dix mille à l’orient et dix mille à l’occident, parallèlement à la portion sainte, formera les revenus destinés à l’entretien de ceux qui travailleront pour la ville.
19 ၁၉ မြို့အမှုစောင့်တို့ကို ဣသရေလအမျိုးအပေါင်း ထဲက ရွေးကောက်ရမည်။
Le sol en sera cultivé par ceux de toutes les tribus d’Israël qui travailleront pour la ville.
20 ၂၀ ပူဇော်သော မြေကွက်ပေါင်းကား၊ အလျား နှစ်သောင်းငါးထောင်၊ အနံနှစ်သောင်းငါးထောင်ကျယ်၍၊ မြို့နယ်ပါလျက် သန့်ရှင်းသော ထိုစတုရန်းမြေကို ပူဇော် ရမည်။
Toute la portion prélevée sera de vingt-cinq mille cannes en longueur sur vingt-cinq mille en largeur; vous en séparerez un carré pour la propriété de la ville.
21 ၂၁ ထိုသန့်ရှင်းသော ပူဇော်သက္ကာမြေနှင့်မြို့နယ် နှစ်ဘက်၌ ကြွင်း၍၊ အရှေ့ဘက်၌ နှစ်သောင်းငါးထောင်၊ အနောက်ဘက်၌ နှစ်သောင်းငါးထောင်ကျယ်သော မြေစွန်းနှစ်ကွက်တို့သည် မင်းသားအဘို့ ဖြစ်ရမည်။ သန့်ရှင်းသော ပူဇော်သက္ကာမြေနှင့် အိမ်တော်၏ သန့်ရှင်းရာဌာနသည် ထိုနှစ်ကွက်စပ်ကြားမှာ နေရာ ကျရမည်။
Ce qui restera sera pour le prince, aux deux côtés de la portion sainte et de la propriété de la ville, le long des vingt-cinq mille cannes de la portion sainte jusqu’à la limite de l’orient, et à l’occident le long des vingt-cinq mille cannes vers la limite de l’occident, parallèlement aux parts. C’est là ce qui appartiendra au prince; et la portion sainte et le sanctuaire de la maison seront au milieu.
22 ၂၂ ထိုသို့စပ်ကြားမှာကျသော လေဝိလူနေရာ အပိုင်းအခြား၊ မြို့နယ်အပိုင်းအခြား၊ ပြင်ဘက်နှစ်ဘက်၊ ယုဒခရိုင်၊ ဗင်္ယာမိန်ခရိုင်စပ်ကြားမှာ ကျသောမြေရှိသမျှ သည် မင်းသားအဘို့ဖြစ်ရမည်။
Ainsi ce qui appartiendra au prince sera l’espace compris depuis la propriété des Lévites et depuis la propriété de la ville; ce qui sera entre la limite de Juda et la limite de Benjamin appartiendra au prince.
23 ၂၃ ကြွင်းသော ဣသရေလခရိုင်ဟူမူကား၊ အရှေ့ ဘက်မှသည် အနောက်ဘက်တိုင်အောင် ဗင်္ယာမိန်ခရိုင် ရှိရမည်။
Voici les autres tribus. De l’orient à l’occident: Benjamin, une tribu.
24 ၂၄ ဗယာင်္မိန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင်ရှိမောင် ခရိုင်ရှိရမည်။
Sur la limite de Benjamin, de l’orient à l’occident: Siméon, une tribu.
25 ၂၅ ရှိမောင်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဣသခါခရိုင်ရှိရမည်။
Sur la limite de Siméon, de l’orient à l’occident: Issacar, une tribu.
26 ၂၆ ဣသခါခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဇာဗုလုန်ခရိုင်ရှိရမည်။
Sur la limite d’Issacar, de l’orient à l’occident: Zabulon, une tribu.
27 ၂၇ ဇာဗုလုန်ခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် ဂဒ်ခရိုင်ရှိရမည်။
Sur la limite de Zabulon, de l’orient à l’occident: Gad, une tribu.
28 ၂၈ ဂဒ်ခရိုင်တောင်ဘက် အပိုင်းအခြားသည် တာမာမြို့မှစ၍ ကာဒေရှမြို့၊ မေရိဘရေ တိုင်အောင်၎င်း၊ မဟာပင်လယ်ထဲသို့ဝင်သော မြစ်တိုင်အောင်၎င်း ရှောက်သွားရမည်။
Sur la limite de Gad, du côté méridional, au midi, la frontière ira depuis Thamar, jusqu’aux eaux de Meriba à Kadès, jusqu’au torrent vers la grande mer.
29 ၂၉ ဤရွေ့ကား၊ ဣသရေလအမျိုးအနွယ်တို့ အမွေ ခံစရာဘို့ စာရေးတံချ၍ ဝေရသောမြေ၊ ဤရွေ့ကား၊ သူတို့ ပိုင်းခြား၍ နေရသော ခရိုင်အသီးအသီး ဖြစ်သတည်းဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Tel est le pays que vous diviserez en héritage par le sort pour les tribus d’Israël et telles sont leurs parts, dit le Seigneur, l’Éternel.
30 ၃၀ မြို့မှထွက်ရာတံခါးများဟူမူကား၊ မြို့မြောက် ဘက်၌ လေးထောင်ငါးရာကျယ်၍၊
Voici les issues de la ville. Du côté septentrional quatre mille cinq cents cannes.
31 ၃၁ မြို့တံခါးတို့သည် ဣသရေလအမျိုးအနွယ်တို့ အမည်ကို ဆောင်လျက်၊ မြောက်ဘက်၌ ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးတည်းဟူသော တံခါးသုံးပေါက် ရှိရမည်။
et les portes de la ville d’après les noms des tribus d’Israël, trois portes au nord: la porte de Ruben, une, la porte de Juda, une, la porte de Lévi, une.
32 ၃၂ မြို့အရှေ့ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
Du côté oriental quatre mille cinq cents cannes, et trois portes: la porte de Joseph, une, la porte de Benjamin, une, la porte de Dan, une.
33 ၃၃ မြို့တောင်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးတည်း ဟူသော တံခါးသုံးပေါက်ရှိရမည်။
Du côté méridional quatre mille cinq cents cannes, et trois portes: la porte de Siméon, une, la porte d’Issacar, une, la porte de Zabulon, une.
34 ၃၄ မြို့အနောက်ဘက်၌ လေးထောင်ငါးရာကျယ်၍၊ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးတည်းဟူသော တံခါးသုံးပေါက်ရှိရမည်။
Du côté occidental quatre mille cinq cents cannes, et trois portes: la porte de Gad, une, la porte d’Aser, une, la porte de Nephthali, une.
35 ၃၅ ထိုသို့ မြို့ပတ်လည်အတိုင်းအရှည်ကား၊ တသောင်းရှစ်ထောင် ရှိရလိမ့်မည်။ တည်သောနေ့မှစ၍ ထိုမြို့ကို ယေဟောဝါရှမ္မအမည်ဖြင့် ခေါ်တွင်ရလိမ့် သတည်း။
Circuit: dix-huit mille cannes. Et, dès ce jour, le nom de la ville sera: l’Éternel est ici.

< ယေဇကျေလ 48 >