< ယေဇကျေလ 41 >

1 ထိုနောက်မှ ဗိမာန်တော်သို့ခေါ်၍ တံခါးတိုင် တို့ကို တိုင်းလျှင်၊ နှစ်ဘက်၌ တံခါးတိုင်ထုသည် ဗိမာန် တော်ထုနှင့်အမျှ ခြောက်တောင်ရှိ၏။
ויביאני אל ההיכל וימד את האילים שש אמות רחב מפו ושש אמות רחב מפו רחב האהל׃
2 ဗိမာန်တော်တံခါးဝအကျယ်ကား ဆယ်တောင် ရှိ၏။ တံခါးဝတဘက်နှင့်တဘက်လည်း ငါးတောင်စီ ကျယ်၏။ ဗိမာန်တော်ကိုတိုင်း၍၊ အလျားကား အတောင် လေးဆယ်၊ အနံကားအတောင်နှစ်ဆယ်ရှိ၏။
ורחב הפתח עשר אמות וכתפות הפתח חמש אמות מפו וחמש אמות מפו וימד ארכו ארבעים אמה ורחב עשרים אמה׃
3 ထိုနောက်၊ အထဲသို့ဝင်၍ အရာရာတို့ကို တိုင်း လျှင်၊ တံခါးတိုင် နှစ်တောင်၊ တံခါးဝခြောက်တောင်၊ တံခါးဝတဘက်တချက် ခုနစ်တောင်စီရှိ၏။
ובא לפנימה וימד איל הפתח שתים אמות והפתח שש אמות ורחב הפתח שבע אמות׃
4 ထိုအခန်းသည် ဗိမာန်တော်အနံနှင့် တညီ တည်းဖြစ်လျက်၊ အလျားအတောင်နှစ်ဆယ်၊ အနံလည်း အတောင်နှစ်ဆယ်ရှိသည်ကို တိုင်း၍၊ ဤအခန်းကား အလွန်သန့်ရှင်းရာဌာနဖြစ်သည်ဟု ငါ့အားပြောဆို၏။
וימד את ארכו עשרים אמה ורחב עשרים אמה אל פני ההיכל ויאמר אלי זה קדש הקדשים׃
5 ထိုနောက်၊ အိမ်တော်ထရံကိုတိုင်း၍ အထု ခြောက်တောင်ရှိ၏။ အိမ်တော်ပတ်လည် ထရံအခန်းတို့ သည် အနံလေးတောင်စီရှိ၏။
וימד קיר הבית שש אמות ורחב הצלע ארבע אמות סביב סביב לבית סביב׃
6 ထရံအခန်းတို့သည် အစဉ်အတိုင်းသုံးဆယ်၊ အဆင့်သုံးဆင့်ပေါင်းသုံးဆယ်သုံးလီ ရှိကြ၏။ ထိုအခန်း တို့သည် အိမ်တော်ထရံထဲသို့ မဝင်ဘဲထရံအောက်ပိုင်း ထွက်သောခြေအပေါ်မှာ မှီနေကြ၏။
והצלעות צלע אל צלע שלוש ושלשים פעמים ובאות בקיר אשר לבית לצלעות סביב סביב להיות אחוזים ולא יהיו אחוזים בקיר הבית׃
7 ထရံအခန်းအောက်ဆင့်မှသည် ဒုတိယအဆင့် သို့၎င်း၊ ဒုတိယအဆင့်မှသည် တတိယအဆင့်သို့၎င်း တက်သည်အတိုင်း၊ အိမ်တော်ထရံပတ်လည် တရှောက် လုံးဆက်ကာ ဆက်ကာဆုတ်၍၊ အခန်းနေရာသည် အစဉ် အတိုင်းကျယ်လျက် အဆင့်ဆင့်တက်၏။
ורחבה ונסבה למעלה למעלה לצלעות כי מוסב הבית למעלה למעלה סביב סביב לבית על כן רחב לבית למעלה וכן התחתונה יעלה על העליונה לתיכונה׃
8 အိမ်တော်အထက်ပိုင်း ပတ်လည်၌ အမြင့်ဆုံး သော ထရံအခန်းတို့သည် ခြောက်တောင်ရှည်သော ကျူတပြန်မျှ ကျယ်ကြ၏။
וראיתי לבית גבה סביב סביב מיסדות הצלעות מלו הקנה שש אמות אצילה׃
9 ထရံအခန်းပြင်ဘက်၌ကာသော ထရံသည် အထုငါးတောင်ရှိ၏။ ကျန်ကြွင်းသောအရပ်သည် ထရံအခန်းတို့နှင့် ဆိုင်၏။
רחב הקיר אשר לצלע אל החוץ חמש אמות ואשר מנח בית צלעות אשר לבית׃
10 ၁၀ အိမ်တော်ပတ်လည်၌ ထရံအခန်းတို့သည် အိမ်တော်တန်တိုင်းအခန်းတို့နှင့် အတောင်နှစ်ဆယ် ကွာလျက်ရှိကြ၏။
ובין הלשכות רחב עשרים אמה סביב לבית סביב סביב׃
11 ၁၁ ထရံအခန်းတို့သည် ကျန်ကြွင်းသောအရပ်သို့ ဖွင့်၍ မြောက်ဘက်သို့၎င်း၊ တောင်ဘက်သို့၎င်း မျက်နှာ ပြုကြ၏။ ကျန်ကြွင်းသော အရပ်သည် ပတ်လည်၌ အနံငါးတောင်ရှိ၏။
ופתח הצלע למנח פתח אחד דרך הצפון ופתח אחד לדרום ורחב מקום המנח חמש אמות סביב סביב׃
12 ၁၂ လွတ်လပ်သော အရပ်ကိုပိတ်၍ အနောက် ဘက်၌ရှိသော တန်တိုင်းသည် အလျားအတောင်ခုနစ် ဆယ်ရှိ၍၊ အိမ်တော်ပတ်လည် တန်တိုင်းသည်လည်း အထုငါးတောင်၊ အလျားအတောင်ကိုးဆယ်ရှိ၏။
והבנין אשר אל פני הגזרה פאת דרך הים רחב שבעים אמה וקיר הבנין חמש אמות רחב סביב סביב וארכו תשעים אמה׃
13 ၁၃ ထိုသို့အိမ်တော်ကိုတိုင်း၍ လွတ်လပ်သောအရပ်၊ အိမ်တော်ထရံ၊ တန်တိုင်းပါလျက်အလျား အတောင်တရာ ရှိ၏။
ומדד את הבית ארך מאה אמה והגזרה והבניה וקירותיה ארך מאה אמה׃
14 ၁၄ အရှေ့မျက်နှာ၌ လွတ်လပ်သောအရပ်ပါလျက်၊ အိမ်တော်ဦး အတိုင်းအရှည်လည်း အတောင်တရာရှိ၏။
ורחב פני הבית והגזרה לקדים מאה אמה׃
15 ၁၅ လွတ်လပ်သောအရပ်၌ ကာသောရှေ့တန်တိုင် နှင့် နောက်တန် တိုင်ကိုတိုင်း၍၊ တဘက်တချက်၌ရှိသော ထရံအခန်းပါလျက် အလျားအတောင်တရာရှိ၏။
ומדד ארך הבנין אל פני הגזרה אשר על אחריה ואתוקיהא מפו ומפו מאה אמה וההיכל הפנימי ואלמי החצר׃
16 ၁၆ အတွင်းဗိမာန်နှင့်တန်တိုင်မုတ်များ၊ တံခါးခုံ များ၊ ကျဉ်းသော ပြတင်းပေါက်များ၊ တံခါးခုံရှိသမျှ တဘက်တချက်သုံးဆင့်ရှိသော ထရံအခန်းနံရံများတို့ သည် မြေမှပြတင်းပေါက်တိုင်အောင် ပျဉ်ပြားနှင့်ဖုံး အုပ် လျက်ရှိ၏။ ပြတင်းပေါက်တို့သည်လည်း ကွယ်ကာလျက် ရှိကြ၏။
הספים והחלונים האטמות והאתיקים סביב לשלשתם נגד הסף שחיף עץ סביב סביב והארץ עד החלנות והחלנות מכסות׃
17 ၁၇ တံခါးပေါက်ရှိသမျှအထက်၊ အတွင်းဗိမာန်ပြင် ဘက်၊ အိမ်တော်အတွင်းပြင်ထရံပတ်လည်၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံထု၍၊
על מעל הפתח ועד הבית הפנימי ולחוץ ואל כל הקיר סביב סביב בפנימי ובחיצון מדות׃
18 ၁၈ ခေရုဗိမ်နှစ်ခုကြားမှာ စွန်ပလွံပင်တခုစီရှိ၏။ ခေရုဗိမ်တခု၌ မျက်နှာနှစ်ခုစီပါလျက်၊
ועשוי כרובים ותמרים ותמרה בין כרוב לכרוב ושנים פנים לכרוב׃
19 ၁၉ စွန်ပလွံပင်နှစ်ခုကြားမှာ တဘက်၌လူမျက်နှာ၊ တဘက်၌ ခြင်္သေ့မျက်နှာကို ပြကြ၏။
ופני אדם אל התמרה מפו ופני כפיר אל התמרה מפו עשוי אל כל הבית סביב סביב׃
20 ၂၀ ထိုသို့ အိမ်တော်ပတ်လည်၊ မြေမှသည်တံခါး ပေါက်အထက်တိုင်အောင် ဗိမာန်တော်ထရံ၌ ခေရုဗိမ် နှင့် စွန်ပလွံပင် အရုပ်ထုလျက်ရှိ၏။
מהארץ עד מעל הפתח הכרובים והתמרים עשוים וקיר ההיכל׃
21 ၂၁ ဗိမာန်တော်တိုင်တို့သည် လေးထောင့်ဖြစ်ကြ၏။ သန့်ရှင်းရာဌာနနှင့် မျက်နှာချင်းတူကြ၏။
ההיכל מזוזת רבעה ופני הקדש המראה כמראה׃
22 ၂၂ သစ်သားယဇ်ပလ္လင်သည် အမြင့်သုံးတောင်၊ အလျားနှစ်တောင်၊ အနံနှစ်တောင်ရှိ၏။ ပလ္လင်ထောင့်၊ ဘိနပ်၊ နံရံတို့သည်သစ်သားဖြင့်ပြီးကြ၏။ ဤစားပွဲကား၊ ထာဝရဘုရားရှေ့တော်မှာတင်သော စာပွဲပေတည်းဟု ငါ့အားပြောဆို၏။
המזבח עץ שלוש אמות גבה וארכו שתים אמות ומקצעותיו לו וארכו וקירתיו עץ וידבר אלי זה השלחן אשר לפני יהוה׃
23 ၂၃ ဗိမာန်တော်နှင့် သန့်ရှင်းရာဌာန၌ တံခါးပေါက် တပေါက်စီ ရှိ၍၊
ושתים דלתות להיכל ולקדש׃
24 ၂၄ တံခါးတို့သည်လည်း တပ်သော တံခါးရွက် နှစ်ရွက်စီရှိ၏။
ושתים דלתות לדלתות שתים מוסבות דלתות שתים לדלת אחת ושתי דלתות לאחרת׃
25 ၂၅ ဗိမာန်တော်ထရံ၌ထုသကဲ့သို့ တံခါးရွက်တို့၌ ခေရုဗိမ်နှင့် စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ မုတ်ဦးအထက်မှာ ထုပ်တင်လျက်ရှိ၏။
ועשויה אליהן אל דלתות ההיכל כרובים ותמרים כאשר עשוים לקירות ועב עץ אל פני האולם מהחוץ׃
26 ၂၆ မုတ်နံရံ၊ အိမ်တော်အခန်းထရံတို့သည် ထုပ်များ၊ ကျဉ်းသော ပြတ်တင်းပေါက်များ၊ စွန်ပလွံပင်များနှင့် ပြည့်စုံကြ၏။
וחלונים אטמות ותמרים מפו ומפו אל כתפות האולם וצלעות הבית והעבים׃

< ယေဇကျေလ 41 >