< ယေဇကျေလ 40 >

1 ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ် နှစ်ဆယ်ငါးခု၊ ပဌမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ ၍၊ တဆယ်လေးနှစ်စေ့သောနေ့ တွင်၊ ထာဝရဘုရား၏ လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင် သွားတော်မူ၏။
La vingt-cinquième année de notre captivité, au commencement de l’année, le dixième jour du mois, quatorze ans après la ruine de la ville, en ce même jour, la main de l’Éternel fut sur moi, et il me transporta dans le pays d’Israël.
2 ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကို ဣသရေလပြည်သို့ ဆောင်သွား၍၊ အလွန်မြင့်သော တောင်ပေါ်မှာ တင်ထားတော်မူ၏။ ထိုတောင်အနားမှာ တောင်ဘက်၌မြို့ပုံသဏ္ဌာန်ရှိ၏။
Il m’y transporta, dans des visions divines, et me déposa sur une montagne très élevée, où se trouvait au midi comme une ville construite.
3 ထိုအရပ်သို့ ငါ့ကိုဆောင်သွားတော်မူသောအခါ၊ ကြေးဝါကဲ့သို့ အဆင်းအရောင်ရှိသော လူတဦးသည် တိုင်းစရာ ကျူလုံးနှင့်ချည်ကြိုးကို ကိုင်လျက်မြို့တံခါးဝမှာ ရပ်နေ၏။
Il me conduisit là; et voici, il y avait un homme dont l’aspect était comme l’aspect de l’airain; il avait dans la main un cordeau de lin et une canne pour mesurer, et il se tenait à la porte.
4 ထိုသူက၊ အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ စေ့စေ့နားထောင်လော့။ ငါပြလတံ့သမျှတို့ကို နှလုံးသွင်း လော့။ သင့်အား ငါပြအံ့သောငှါ သင့်ကိုဤအရပ်သို့ ဆောင်ခဲ့တော်မူပြီ၊ မြင်သမျှတို့ကိုလည်း ဣသရေလ အမျိုးအားပြရမည်ဟုဆို၏။
Cet homme me dit: Fils de l’homme, regarde de tes yeux, et écoute de tes oreilles! Applique ton attention à toutes les choses que je te montrerai, car tu as été amené ici afin que je te les montre. Fais connaître à la maison d’Israël tout ce que tu verras.
5 အိမ်တော်ပြင်ပတ်လည်၌ တန်တိုင်းရှိ၏။ ထိုသူသည် သံတောင်အားဖြင့် အရှည်ခြောက်တောင် ရှိသော ကျူလုံးကို ကိုင်လျက်၊ ထိုတန်တိုင်းကိုတိုင်း၍ အထုကျူတပြန်၊ အမြင့်လည်း ကျူတပြန်ရှိ၏။
Voici, un mur extérieur entourait la maison de tous côtés. Dans la main de l’homme était une canne de six coudées pour mesurer, chaque coudée ayant un palme de plus que la coudée ordinaire. Il mesura la largeur du mur, qui était d’une canne, et la hauteur, qui était d’une canne.
6 ထိုနောက်၊ အရှေ့တံခါးသို့သွား၍ လှေကားကို တက်ပြီးမှ၊ တံခါးထုပ်နှင့် တံခါးခုံကိုတိုင်း၍ အနံ ကျူတပြန်စီရှိ၏။
Il alla vers la porte orientale, et il en monta les degrés. Il mesura le seuil de la porte, qui avait une canne en largeur, et l’autre seuil, qui avait une canne en largeur.
7 အခန်းငယ်တို့သည် တခန်းနှင့်တခန်း ငါး တောင်ကွာလျက် အလျားကျူတပြန်၊ အနံလည်း ကျူတပြန်စီရှိကြ၏။
Chaque chambre était longue d’une canne, et large d’une canne. Il y avait entre les chambres un espace de cinq coudées. Le seuil de la porte, près du vestibule de la porte, à l’intérieur, avait une canne.
8 အတွင်းတံခါးခုံလည်း အနံကျူတပြန်ရှိ၏။
Il mesura le vestibule de la porte, à l’intérieur; il avait une canne.
9 တံခါးမုတ်ကိုလည်း တိုင်း၍အလျားရှစ်တောင် ရှိ၏။ မုတ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုတ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။
Il mesura le vestibule de la porte; il avait huit coudées, et ses poteaux en avaient deux; le vestibule de la porte était en dedans.
10 ၁၀ အရှေ့တံခါး တဘက်တချက်၌ အခန်းငယ် သုံးခန်းစီရှိ၍၊ အလျားအနံတညီတည်း၊ တဘက်တချက်၌ တိုင်အမြင့်လည်း တညီတည်းရှိကြ၏။
Les chambres de la porte orientale étaient au nombre de trois d’un côté et de trois de l’autre; toutes les trois avaient la même mesure, et les poteaux de chaque côté avaient aussi la même mesure.
11 ၁၁ တံခါးဝကိုလည်းတိုင်း၍ အနံဆယ်တောင်၊ အမြင့်တဆယ်သုံးတောင်ရှိ၏။
Il mesura la largeur de l’ouverture de la porte, qui était de dix coudées, et la hauteur de la porte, qui était de treize coudées.
12 ၁၂ အခန်းငယ်တို့ရှေ့မှာ တဘက်တချက်၌ ကြမ်း ပြင်အနံတတောင်ရှိ၏။ တဘက်တချက်၌ရှိသော အခန်းငယ်တို့သည် အလျားအနံခြောက်တောင်စီရှိ၏။
Il y avait devant les chambres un espace d’une coudée de chaque côté et d’autre; chaque chambre avait six coudées d’un côté, et six coudées de l’autre.
13 ၁၃ ထိုနောက်၊ အခန်းငယ်အမိုးစွန်းတခုမှသည် တခုတိုင်အောင် တိုင်း၍အကျယ်နှစ်ဆယ်ငါးတောင်ရှိ၏။ တံခါးတို့သည် မျက်နှာချင်းဆိုင်ကြ၏။
Il mesura la porte depuis le toit d’une chambre jusqu’au toit de l’autre; il y avait une largeur de vingt-cinq coudées entre les deux ouvertures opposées.
14 ၁၄ တံခါးပတ်လည် တန်တိုင်းအတွင်း၊ ထောင့်တိုင် အထိ၊ အတောင်ခြောက်ဆယ်ကျယ်အောင် တိုင်များကို ထားလေ၏။
Il compta soixante coudées pour les poteaux, près desquels était une cour, autour de la porte.
15 ၁၅ ပြင်တံခါးဝမှသည် အတွင်းတံခါးမုတ်ဝတိုင် အောင် အတောင်ငါးဆယ်ရှိ၏။
L’espace entre la porte d’entrée et le vestibule de la porte intérieure était de cinquante coudées.
16 ၁၆ အခန်းများ၊ တံခါးအတွင်းပတ်လည်တိုင်များ၊ တံခါးမုတ်များ အတွင်းဘက်၌ ကျဉ်းသောပြတင်းပေါက် များရှိ၏။ တိုင်များ၌စွနပလွပင်ပုံထုလျက်ရှိ၏။
Il y avait des fenêtres grillées aux chambres et à leurs poteaux à l’intérieur de la porte tout autour; il y avait aussi des fenêtres dans les vestibules tout autour intérieurement; des palmes étaient sculptées sur les poteaux.
17 ၁၇ ထိုနောက်၊ ငါ့ကိုပြင်တန်တိုင်းထဲသို့ သွင်း၍ အခန်းများကို ငါမြင်၏။ ကျောက်ခင်းလည်းရှိ၏။ ကျောက်ခင်းအပေါ်မှာ အခန်းသုံးဆယ် ရှိ၏။
Il me conduisit dans le parvis extérieur, où se trouvaient des chambres et un pavé tout autour; il y avait trente chambres sur ce pavé.
18 ၁၈ တံခါးများအစဉ်အတိုင်းလိုက်၍၊ တံခါးအနားမှာ ရှိသော ကျောက်ခင်းသည် အောက်ကျောက်ခင်းဖြစ်၏။
Le pavé était au côté des portes, et répondait à la longueur des portes; c’était le pavé inférieur.
19 ၁၉ ထိုနောက်၊ အောက်တံခါးဦးမှသည် အတွင်း တန်းတိုင်းပြင်ဘက် ဦးတိုင်အောင်တိုင်း၍၊ အရှေ့မျက်နှာ ၌ အတောင်တရာကွာ၏။
Il mesura la largeur depuis la porte d’en bas jusqu’au parvis intérieur en dehors; il y avait cent coudées, à l’orient et au septentrion.
20 ၂၀ တဖန်မြောက်မျက်နှာသို့ ခေါ်သွား၍၊ ပြင် တန်တိုင်းမြောက်ဘက်သို့ မျက်နှာပြုသောတံခါးအမြင့်နှင့် အနံကိုတိုင်းလေ၏။
Il mesura la longueur et la largeur de la porte septentrionale du parvis extérieur.
21 ၂၁ အခန်းတို့သည် တဘက်တချက်၌ သုံးခန်းစီ ရှိ၏။ တိုင်များ၊ မုတ်များတို့သည် အရင်တံခါးကဲ့သို့ဖြစ်၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
Ses chambres, au nombre de trois d’un côté et de trois de l’autre, ses poteaux et ses vestibules, avaient la même mesure que la première porte, cinquante coudées en longueur et vingt-cinq coudées en largeur.
22 ၂၂ ပြတင်းပေါက်၊ မုတ်၊ စွန်ပလွံပင်များတို့သည် အရှေ့တံခါးကဲ့သို့ ဖြစ်ကြ၏။ လှေကားခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်း တည်း ရှိကြ၏။
Ses fenêtres, son vestibule, ses palmes, avaient la même mesure que la porte orientale; on y montait par sept degrés, devant lesquels était son vestibule.
23 ၂၃ အရှေ့ဘက်၌ရှိသကဲ့သို့ မြောက်တံခါး မျက်နှာ ချင်းဆိုင်အတွင်း တန်တိုင်းတံခါးဝရှိ၏။ တံခါဝတခုနှင့် တခု အတောင်တရာကွာ၏။
Il y avait une porte au parvis intérieur, vis-à-vis de la porte septentrionale et vis-à-vis de la porte orientale; il mesura d’une porte à l’autre cent coudées.
24 ၂၄ ထိုနောက်၊ တောင်မျက်နှာသို့ခေါ်သွား၍ တောင်တံခါးကို ငါမြင်၏။ တိုင်များ၊ မုတ်များကိုတိုင်း၍ အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။
Il me conduisit du côté du midi, où se trouvait la porte méridionale. Il en mesura les poteaux et les vestibules, qui avaient la même mesure.
25 ၂၅ အရင်ပြတင်းပေါက်ကဲ့သို့ ပြတင်းပေါက်များ၊ မုတ်များရှိ၍၊ အလျားအတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါး တောင်ရှိ၏။
Cette porte et ses vestibules avaient des fenêtres tout autour, comme les autres fenêtres, cinquante coudées en longueur et vingt-cinq coudées en largeur.
26 ၂၆ လှေကား ခုနစ်ထစ်ဖြင့် တံခါးသို့တက်ရ၏။ မုတ်တို့သည် လှေကားနှင့် တတန်းတည်းရှိကြ၏။ တဘက်တချက်တိုင်များ၌ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။
On y montait par sept degrés, devant lesquels était son vestibule; il y avait de chaque côté des palmes sur ses poteaux.
27 ၂၇ တောင်မျက်နှာ၌ အတွင်းတန်တိုင်တံခါးဝရှိ၏။ ထိုမျက်နှာ၌ တံခါးဝတခုမှသည် တခုတိုင်အောင်တိုင်း၍ အတောင်တရာကွား၏။
Le parvis intérieur avait une porte du côté du midi; il mesura d’une porte à l’autre au midi cent coudées.
28 ၂၈ တဖန်အတွင်းတန်တိုင်းထဲသို့တောင် တံခါးဖြင့် သွင်း၍၊ အရင် ပမာဏနှင့်အညီ ထိုတံခါးကိုတိုင်းလေ၏။
Il me conduisit dans le parvis intérieur, par la porte du midi. Il mesura la porte du midi, qui avait la même mesure.
29 ၂၉ အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့်တညီတည်း ရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်းပြတင်းပေါက်ရှိ၍၊ အလျားအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
Ses chambres, ses poteaux et ses vestibules, avaient la même mesure. Cette porte et ses vestibules avaient des fenêtres tout autour, cinquante coudées en longueur et vingt-cinq coudées en largeur.
30 ၃၀ ပတ်လည်၌ရှိသော မုတ်တို့သည်လည်း အလျား အတောင်နှစ်ဆယ်ငါးတောင်၊ အနံငါးတောင်ရှိ၏။
Il y avait tout autour des vestibules de vingt-cinq coudées de longueur et de cinq de largeur.
31 ၃၁ မုတ်တို့သည် ပြင်တန်တိုင်သို့မျက်နှာပြု၍၊ တိုင် များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက်ရှိ၏။ လှေကား ရှစ်ထစ်ဖြင့်တက်ရ၏။
Les vestibules de la porte aboutissaient au parvis extérieur; il y avait des palmes sur ses poteaux, et huit degrés pour y monter.
32 ၃၂ အရှေ့ဘက်၌လည်း အတွင်းတန်တိုင်းထဲသို့ သွင်း၍၊ ထိုတံခါးကို အရင်ပမာဏနှင့်အညီ တိုင်းလေ၏။
Il me conduisit dans le parvis intérieur, par l’entrée orientale. Il mesura la porte, qui avait la même mesure.
33 ၃၃ အခန်းငယ်များ၊ တိုင်များ၊ မုတ်များတို့သည် အရင်ပမာဏနှင့် တညီတည်းရှိကြ၏။ တံခါးဝပတ်လည် ၌၎င်း၊ မုတ်များ၌၎င်း ပြတင်းပေါက်ရှိ၍၊ အလျား အတောင်ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
Ses chambres, ses poteaux et ses vestibules, avaient la même mesure. Cette porte et ses vestibules avaient des fenêtres tout autour, cinquante coudées en longueur et vingt-cinq coudées en largeur.
34 ၃၄ မုတ်တို့သည် ပြင်တန်တိုင်သို့ မျက်နှာပြု၍၊ တဘက်တချက်တိုင်များပေါ်မှာစွန်ပလွံပင် ပုံထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့် တက်ရ၏။
Ses vestibules aboutissaient au parvis extérieur; il y avait de chaque côté des palmes sur ses poteaux, et huit degrés pour y monter.
35 ၃၅ တဖန် မြောက်တံခါးသို့ ခေါ်သွား၍ အရင် ပမာဏနှင့်အညီ တိုင်းလေ၏။
Il me conduisit vers la porte septentrionale. Il la mesura, et trouva la même mesure,
36 ၃၆ အခန်းငယ်များတိုင်များ၊ မုတ်များ၊ ပတ်လည်၌ ပြတင်းပေါက်များတို့နှင့် ပြည့်စုံ၍၊ အလျာအတောင် ငါးဆယ်၊ အနံနှစ်ဆယ်ငါးတောင်ရှိ၏။
ainsi qu’à ses chambres, à ses poteaux et à ses vestibules; elle avait des fenêtres tout autour; cinquante coudées en longueur et vingt-cinq coudées en largeur.
37 ၃၇ မုတ်တို့သည် ပြင်တန်တိုင်းသို့မျက်နှာပြု၍၊ တဘက်တချက်တိုင်များအပေါ်မှာ စွန်ပလွံပင်ပုံ ထုလျက် ရှိ၏။ လှေကားရှစ်ထစ်ဖြင့်တက်ရ၏။
Ses vestibules aboutissaient au parvis extérieur; il y avait de chaque côté des palmes sur ses poteaux, et huit degrés pour y monter.
38 ၃၈ မီးရှို့သော ယဇ်ကောင်ကိုရေနှင့် ဆေးကြော စရာအခန်းများ၊ အခန်းဝင်ဝများတို့သည် ထိုတံခါးမုတ်၌ ရှိကြ၏။
Il y avait une chambre qui s’ouvrait vers les poteaux des portes, et où l’on devait laver les holocaustes.
39 ၃၉ မီးရှို့ရာယဇ်၊ အပြစ်ဖြေရာယဇ်၊ ဒုစရိုက်ဖြေရာ ယဇ်ကောင်ကို သတ်စရာဘို့၊ တံခါးမုတ်အတွင်း တဘက် တချက်၌ စာပွဲနှစ်ခုစီရှိကြ၏။
Dans le vestibule de la porte se trouvaient de chaque côté deux tables, sur lesquelles on devait égorger l’holocauste, le sacrifice d’expiation et le sacrifice de culpabilité.
40 ၄၀ မြောက်တံခါးဝသို့ တက်ရာတံခါးမုတ်၊ ပြင် အနားတဘက်တချက်၌လည်း စားပွဲနှစ်ခုစီရှိသည်ဖြစ်၍၊
A l’un des côtés extérieurs par où l’on montait, à l’entrée de la porte septentrionale, il y avait deux tables; et à l’autre côté, vers le vestibule de la porte, il y avait deux tables.
41 ၄၁ တံခါးဝတဘက်တချက်၌ ယဇ်ကောင်ကို သတ်စရာစားပွဲလေးခုစီ၊ ပေါင်းရှစ်ခုရှိကြ၏။
Il se trouvait ainsi, aux côtés de la porte, quatre tables d’une part et quatre tables de l’autre, en tout huit tables, sur lesquelles on devait égorger les victimes.
42 ၄၂ မီးရှို့ရာယဇ်ဘို့ စားပွဲလေးခုတို့သည် ဆစ်သော ကျောက်ဖြင့်ပြီး၍၊ အလျားတတောင်တထွာ၊ အနံ တတောင်တထွာ၊ အမြင့်တတောင်ရှိ၏။ ထို စားပွဲပေါ်မှာ မီးရှို့ရာယဇ်ကောင်ကို သတ်စရာတန်ဆာများကို တင်ထားရကြ၏။
Il y avait encore pour les holocaustes quatre tables en pierres de taille, longues d’une coudée et demie, larges d’une coudée et demie, et hautes d’une coudée; on devait mettre sur ces tables les instruments avec lesquels on égorgeait les victimes pour les holocaustes et pour les autres sacrifices.
43 ၄၃ စားပွဲအပေါ်ပတ်လည်၌ အကျယ်လက်တဝါး ရှိသော အနားပတ် တပ်လျက်ရှိ၍၊ ပူဇော်စရာယဇ်သား ကို တင်ထားရကြ၏။
Des rebords de quatre doigts étaient adaptés à la maison tout autour; et la chair des sacrifices devait être mise sur les tables.
44 ၄၄ အတွင်းတံခါးပြင်မှာ အတွင်းတန်တိုင်း၌ အခန်း နှစ်ခုကို ငါမြင်၏။ တခန်းကား၊ မြောက်တံခါးအနားမှာ ရှိ၍ တောင်ဘက်သို့ မျက်နှာပြု၏။ တခန်းကား၊ တောင် တံခါးအနားမှာရှိ၍ မြောက်ဘက်သို့ မျက်နှာပြု၏။
En dehors de la porte intérieure il y avait des chambres pour les chantres, dans le parvis intérieur: l’une était à côté de la porte septentrionale et avait la face au midi, l’autre était à côté de la porte orientale et avait la face au septentrion.
45 ၄၅ တောင်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ အိမ်တော် အမှုကိုဆောင်သော ယဇ်ပုရောဟိတ် နေစရာ ဘို့၊
Il me dit: Cette chambre, dont la face est au midi, est pour les sacrificateurs qui ont la garde de la maison;
46 ၄၆ မြောက်ဘက်သို့မျက်နှာပြုသော ဤအခန်းကား၊ ယဇ်ပုလ္လင်အမှုကို ဆောင်သောယဇ်ပုရောဟိတ် နေစရာ ဘို့ဖြစ်၏။ ထိုသူတို့ကား၊ ထာဝရဘုရားထံတော်သို့ ချဉ်းကပ်၍ အမှုတော်ကို ဆောင်စေခြင်းငှါ၊ လေဝိသား တို့တွင် ရွေးကောက်သောဇာဒုတ်သားပေတည်းဟု ငါ့အား ပြောဆို၏။
et la chambre dont la face est au septentrion est pour les sacrificateurs qui ont la garde de l’autel. Ce sont les fils de Tsadok, qui, parmi les fils de Lévi, s’approchent de l’Éternel pour le servir.
47 ၄၇ ထိုအခါ တန်တိုင်းကိုတိုင်း၍ အလျားအတောင် တရာ၊ အနံအတောင်တရာ စတုရန်းရှိ၏။ ယဇ်ပလ္လင် သည် အိမ်တော်ရှေ့မှာ တည်၏။
Il mesura le parvis, qui avait cent coudées de longueur et cent coudées de largeur, en carré. L’autel était devant la maison.
48 ၄၈ အိမ်တော်ဦးသို့ခေါ်၍ တံခါးဝနှစ်ဘက်ကို တိုင်းလျှင်၊ အကျယ်ငါးတောင်စီရှိ၏။ တံခါးရွက်နှစ်ဘက်၊ အနံသုံးတောင်စီရှိ၏။
Il me conduisit dans le vestibule de la maison. Il mesura les poteaux du vestibule, et trouva cinq coudées d’un côté et cinq coudées de l’autre. La largeur de la porte était de trois coudées d’un côté et de trois coudées de l’autre.
49 ၄၉ အိမ်တော်ဦးအလျားကား အတောင်နှစ်ဆယ်၊ အနံကားတဆယ်တတောင်ရှိ၏။ လှေကားဆယ်ထစ်ဖြင့် တက်ရ၏။ အိမ်တော်ဦအနား၊ တဘက်တချက်၌ တိုင်တလုံးစီတည်လျက်ရှိ၏။
Le vestibule avait une longueur de vingt coudées et une largeur de onze coudées; on y montait par des degrés. Il y avait des colonnes près des poteaux, l’une d’un côté, et l’autre de l’autre.

< ယေဇကျေလ 40 >