< ယေဇကျေလ 36 >

1 တဖန်အချင်းလူသား၊ ဣသရေလတောင်တို့ အား ပရောဖက်ပြု၍ ဆင့်ဆိုရမည်မှာ၊ အိုဣသရေလ တောင်တို့၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင် ကြလော့။
“İnsanoğlu, İsrail dağlarına peygamberlik et ve de ki, ‘Ey İsrail dağları, RAB'bin sözünü dinleyin!
2 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရန်သူက၊ အေ့ဟေ၊ ထာဝရတောင်တို့သည် ငါတို့လက်သို့ ရောက်ကြပြီဟု သင်တို့တဘက်၌ ဆိုမိသောကြောင့်၊
Egemen RAB şöyle diyor: Düşman sizin hakkınızda, Hah, hah! Bu eski tepeler mülkümüz oldu! dediği için
3 ပရောဖက်ပြု၍ အရှင်ထာဝရဘုရား၏ အမိန့် တော်ကိုဆင့်ဆိုရမည်မှာ၊ သင်တို့သည်ကျန်ကြွင်းသော တပါးအမျိုးသားတို့ သိမ်းယူရာဖြစ်သည်တိုင်အောင်၊ သင်တို့ကိုသုတ်သင်ပယ်ရှင်း၍ ပတ်လည်ကိုက်စားသော ကြောင့်၎င်း၊ သင်တို့သည် လူများပြော ဆိုရာ၊ ကဲ့ရဲ့ရာ ဖြစ်သောကြောင့်၎င်း၊
peygamberlik et ve de ki, Egemen RAB şöyle diyor: Dağlarınızı viran ettiler, sizi her yandan sıkıştırıp çiğnediler; böylece ulusların mülkü oldunuz, dile düştünüz, alay konusu oldunuz,
4 အိုဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏ အမိန့်တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရားသည် တောင်ကြီး၊ တောင် ငယ်၊ မြစ်ရေစီးရာ၊ ချိုင့်ရာ၊ သုတ်သင်သောလွင်ပြင်မှစ၍၊ ပတ်လည်၌နေသော တပါးအမျိုးသား အကျန်အကြွင်း တို့သည် လုယူကဲ့ရဲ့၍၊ မြို့သားစွန့်သွားသော မြို့တို့အား မိန့်တော်မူသည်ကား၊
ey İsrail dağları, Egemen RAB'bin sözünü dinleyin! Egemen RAB dağlarla tepelere, vadilerle derelere, yıkıntılara, çevrenizdeki ulusların yağmasına, alayına uğramış, terk edilmiş kentlere şöyle diyor:
5 အကယ်စင်စစ် ငါ့ပြည်ကိုလုယူစရာဘို့ ပစ်ထား ခြင်းငှါ အလွန်ဝမ်းမြောက်သောစိတ်၊ အငြိုးထားသော စိတ်ရှိ၍၊ ကိုယ်တိုင်လုယူစရာဘို့ စီရင်သော ဧဒုံအမျိုး သားအပေါင်းတို့နှင့် ကျန်ကြွင်းသော တပါးအမျိုးသား တို့တဘက်၌ ငါသည် ဒေါသမီးထွက်၍ ပြောထားပြီ။
Egemen RAB şöyle diyor: Yürekleri sevinç dolu, aşağılayarak otlaklarınızı yağmalamak için ülkeme sahip çıkan öteki uluslara, özellikle Edom'a karşı büyük bir kıskançlıkla konuştum.’
6 သို့ဖြစ်၍၊ ဣသရေလပြည်ကို ရည်မှတ်၍ ပရောဖက်ပြုလျက်၊ တောင်ကြီး၊ တောင်ငယ်၊ မြစ်ရေ စီးရာ၊ ချိုင့်ရာတို့အား အရှင်ထာဝရဘုရား၏ အမိန့်တော် ကို ဆင့်ဆိုရမည်မှာ၊ သင်တို့သည်တပါးအမျိုးသားတို့ကဲ့ရဲ့ ခြင်းကိုခံရသောကြောင့်၊ ငါသည် ဒေါသအမျက်ထွက်၍ ပြောပြီ။
Bu nedenle İsrail ülkesi için peygamberlik et ve dağlara, tepelere, vadilere, derelere de ki, ‘Egemen RAB şöyle diyor: Ulusların aşağılamasına hedef olduğunuz için öfkeyle, kıskançlıkla konuştum.
7 အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အကယ်စင်စစ် သင်တို့ပတ်လည်၌နေသော တပါးအမျိုး သားတို့သည် ကိုယ်အရှက်ကွဲခြင်းကို ခံရကြလိမ့်မည်ဟု ငါကျိန်ဆိုပြီ။
Bu nedenle Egemen RAB şöyle diyor: Ant içiyorum ki, çevrenizdeki uluslar da aşağılanacaktır.
8 အိုဣသရေလတောင်တို့၊ သင်တို့မူကား၊ အပင် ပေါက်၍ ငါ၏လူဣသရေလအမျိုးသားတို့အဘို့ အသီးကိုသီး ရကြလိမ့်မည်။ သူတို့ ပြန်လာချိန်နီးပြီ။
“‘Ama siz, ey İsrail dağları, dal budak salacak ve halkım İsrail için ürün vereceksiniz. Çünkü halkım İsrail yakında yurduna dönecek.
9 ငါသည်သင်တို့ဘက်၌နေ၍ သင်တို့ရှိရာသို့ ပြန်လာသဖြင့်၊ သင်တို့အပေါ်မှာ လယ်လုပ်၍ မျိုးစေ့ ကြဲကြလိမ့်မည်။
Sizi kayıracak, size yöneleceğim. İşlenecek, ekileceksiniz.
10 ၁၀ သင်တို့အပေါ်မှာ လူများတည်းဟူသော ဣသရေလအမျိုးသား အပေါင်းတို့ကို ငါပြန့်ပွါးစေသဖြင့်၊ သူတို့သည် မြို့များ၌နေ၍ ပျက်စီးသော အရပ်များကို ပြုပြင်ကြလိမ့်မည်။
Ülkenizde yaşayanların sayısını, evet, bütün İsrail halkının sayısını çoğaltacağım. Kentlerde insanlar yaşayacak, yıkıntılar onarılacak.
11 ၁၁ သင်တို့အပေါ်မှာ လူနှင့်တိရစ္ဆာန်တို့ကို ငါ များပြားစေသဖြင့်၊ သူတို့သည်ပွားများ၍ သားမြေးအစဉ် အဆက်ရှိကြလိမ့်မည်။ နေရင်းအရပ်တို့၌ ငါနေရာချ၍၊ အရင်ပြုသကဲ့သို့ ငါကျေးဇူးပြုမည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
Ülkenizdeki insan ve hayvan sayısını çoğaltacağım. Verimli olacak, çoğalacaklar. Geçmişte olduğu gibi ülkeniz insanlarla dolup taşacak. Sizi eskisinden daha verimli kılacağım. O zaman benim RAB olduğumu anlayacaksınız.
12 ၁၂ သင်တို့အပေါ်မှာ လူများတည်းဟူသော ငါ၏ လူဣသရေလအမျိုးသားတို့သည် သွားလာမည် အကြောင်း ငါပြုမည်။ သူတို့သည် သင်တို့ကို သိမ်းယူ၍ အမွေခံရသဖြင့်၊ နောက်တဖန် သင်တို့ကြောင့် သားမဆုံး ရှုံးရကြ။
Ülkenize insanların, halkım İsrail'in girmesini sağlayacağım. Sizi sahiplenecekler. Siz de onların mirası olacaksınız. Onları bir daha çocuklarından yoksun bırakmayacaksınız.
13 ၁၃ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အချင်းပြည်၊ သင်သည် လူတို့ကို ကိုက်စားတတ်၏။ ကိုယ် အမျိုးသားတို့ကို လုယူဖျက်ဆီးတတ်၏ဟု သူတပါး ဆိုသောကြောင့်၊
“‘Egemen RAB şöyle diyor: Ey ülke, insanlar sana insan yiyen, ulusunu çocuksuz bırakan ülke diyorlar.
14 ၁၄ နောက်တဖန်သင်သည် လူတို့ကို မကိုက်စားရ။ ကိုယ်အမျိုးသားတို့၌ လုယူဖျက်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။
Bundan böyle artık sen insan yemeyecek, ulusunu çocuksuz bırakmayacaksın. Egemen RAB böyle diyor.
15 ၁၅ နောက်တဖန် အတိုင်းတိုင်းအပြည်ပြည် ကဲ့ရဲ့ အပြစ်တင်သော စကားကိုမကြားရ။ နောက်တဖန် ကိုယ် အမျိုးသားတို့၌ လုယူဖျပ်ဆီးခြင်းကို မပြုရဟု အရှင် ထာဝရဘုရားမိန့်တော်မူ၏။
Artık ulusların aşağılamalarını size işittirmeyeceğim. Ulusların aşağılamasına uğramayacaksınız. Halkınızın bir daha tökezlemesine izin vermeyeceksiniz.’ Egemen RAB böyle diyor.”
16 ၁၆ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
RAB bana şöyle seslendi:
17 ၁၇ အချင်းလူသား၊ ဣသရေလအမျိုးသားတို့သည် ကိုယ်ပြည်၌နေသောအခါ၊ အလိုအလျောက် ကျင့်ကြံပြုမူ သောအားဖြင့် ထိုပြည်ကို ညစ်ညူးစေကြ၏။ သူတို့ အကျင့်ဓလေ့သည် ငါ့ရှေမှာဥတုရောက်သော မိန်းမ၏ အညစ်အကြေးကဲ့သို့ ဖြစ်၏။
“İnsanoğlu, İsrail halkı kendi ülkesinde yaşarken tutumu ve davranışlarıyla ülkeyi kirletti. Onların davranışı benim gözümde âdet gören bir kadının kirliliği gibiydi.
18 ၁၈ ထိုပြည်၌ လူအသက်ကိုသတ်သောအပြစ်၊ ရုပ်တုတို့နှင့် ညစ်ညူးစေသော အပြစ်ကြောင့်၊ ငါသည် ဒေါသအမျက်ကို သွန်းလောင်းပြီ။
Bu yüzden öfkemi üzerlerine boşalttım. Çünkü ülkede kan döktüler, putlarıyla onu kirlettiler.
19 ၁၉ အတိုင်းတိုင်းအပြည်ပြည်သို့ ငါကွဲပြားပြန့်လွင့် စေပြီ။ သူတို့ကျင့် ကြံပြုမူသည်အတိုင်း ငါစီရင်ပြီ။
Onları uluslara dağıttım, ülkelere yayıldılar. Onları tutumlarına ve davranışlarına göre yargıladım.
20 ၂၀ သို့ရာတွင် တကျွန်းတနိုင်ငံသို့ရောက်သောအခါ ဤသူတို့သည် ထာဝရဘုရား၏ လူဖြစ်ကြ၏။ ကိုယ်ပြည် မှ ထွက်သွားရကြ၏ဟု သူတပါးပြောဆိုသဖြင့်၊ ငါ၏နာမ မြတ်ကို ရှုတ်ချသောကြောင့်၊
Ulusların arasında her gittikleri yerde kutsal adımı kirlettiler. Çünkü onlar için, ‘Bu RAB'bin halkı, öyleyken ülkesinden çıkmak zorunda kaldı’ dendi.
21 ၂၁ ဣသရေလအမျိုးသားရောက်ရာ တကျွန်း တနိုင်ငံအရပ်ရပ်တို့၌ ရှုတ်ချသော ငါ၏နာမမြတ်ကို ငါနှမြော၏။
İsrail halkının gittiği uluslar arasında kirlettiği kutsal adımın onuru için kaygılandım.
22 ၂၂ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်။ သင်တို့ရောက်သမျှသောအရပ်တို့၌ လူအမျိုးမျိုးတို့ ရှေ့မှာ ရှုတ်ချသော ငါ၏နာမမြတ်ကိုသာ ထောက်၍ ပြု၏။
“Bu nedenle İsrail halkına de ki, ‘Egemen RAB şöyle diyor: Ey İsrail halkı, sizin hatırınız için değil, gittiğiniz uluslar arasında kirlettiğiniz kutsal adımın hatırı için bunları yapacağım.
23 ၂၃ တပါးအမျိုးသားတို့ အလယ်၌သင်တို့ ရှုတ်ချ သော ငါ၏မဟာနာမတော်ကို ငါချီးမြှောက်မည်။ သူတို့ မျက်မှောက်၌ သင်တို့အားဖြင့် ငါသည် ချီးမြောက်ရာသို့ ရောက်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ ၏။
Uluslar arasında kirlenen, onlar arasında kirlettiğiniz büyük adımın kutsallığını göstereceğim. Onların gözü önünde kutsallığımı sizin aracılığınızla kanıtladığımda, uluslar benim RAB olduğumu anlayacaklar. Egemen RAB böyle diyor.
24 ၂၄ အကြောင်းမူကား၊ သင်တို့ကို အတိုင်းတိုင်း အပြည်ပြည်တို့က ငါခေါ်ခဲ့၍ စုဝေးစေပြီးလျှင်၊ သင်တို့ နေရင်းပြည်သို့ပို့ဆောင်မည်။
“‘Sizi uluslar arasından alacak, bütün ülkelerden toplayıp ülkenize geri getireceğim.
25 ၂၅ သင်တို့အပေါ်မှာ သန့်ရှင်းသော ရေကို ဖျန်း သဖြင့်၊ သင်တို့ကို ခပ်သိမ်းသော အညစ်အကြေးမှစ၍ ခပ်သိမ်းသော ရုပ်တုတို့နှင့် ကင်းစင်စေမည်။
Üzerinize temiz su dökeceğim, arınacaksınız. Sizi bütün kirliliklerinizden ve putlarınızdan arındıracağım.
26 ၂၆ စိတ်နှလုံးသစ်ကို ငါပေးမည်။ သဘောသစ်ကို သွင်းထားမည်း။ သင်တို့ကိုယ်ခန္ဓာထဲက ကျောက်နှလုံးကို နှုတ်၍ အသားနှလုံးကို ပေးမည်။
Size yeni bir yürek verecek, içinize yeni bir ruh koyacağım. İçinizdeki taştan yüreği çıkaracak, size etten bir yürek vereceğim.
27 ၂၇ ငါ့ဝိညာဉ်ကိုလည်း သင်တို့အထဲသို့ သွင်းပေး သဖြင့်၊ သင်တို့သည် ငါ၏တရားလမ်းသို့လိုက်၍၊ ငါစီရင် တော်မူချက်တို့ကို စောင့်ရှောက်ကြလိမ့်မည်။
Ruhumu içinize koyacağım; kurallarımı izlemenizi, buyruklarıma uyup onları uygulamanızı sağlayacağım.
28 ၂၈ ဘိုးဘေးတို့အား ငါပေးသောပြည်၌ သင်တို့ သည် နေရ၍ ငါ၏လူဖြစ်ကြလိမ့်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။
Atalarınıza verdiğim ülkede yaşayacak, benim halkım olacaksınız, ben de sizin Tanrınız olacağım.
29 ၂၉ သင်တို့ကို အညစ်အကြေးရှိသမျှတို့နှင့် ငါ ကင်းလွတ်စေမည်။ အစာခေါင်းပါးခြင်းဘေးကို ပယ်ရှား ခြင်းငှါ၊ ဆန်စပါးကို မှာလိုက်၍ များပြားစေမည်။
Sizi bütün kirliliklerinizden kurtaracağım. Buğdaya seslenecek ve onu çoğaltacağım. Artık size kıtlık göndermeyeceğim.
30 ၃၀ သင်တို့သည် မွတ်သိပ်၍ တပါးအမျိုးသားတို့ ကဲ့ရဲ့ခြင်းနှင့် လွတ်စေမည်အကြောင်း၊ သစ်ပင်အသီးနှင့် မြေအသီးအနှံကို ငါများပြားစေမည်။
Ulusların arasında bir daha kıtlık utancı çekmemeniz için ağaçların meyvesini, tarlaların ürününü çoğaltacağım.
31 ၃၁ ထိုအခါ သင်တို့သည် ကိုယ်ကျင့်ဘူးသော အကျင့်ဆိုးနှင့် မကောင်းသော အမှုတို့ကို အောက်မေ့၍၊ ကိုယ်ဒုစရိုက်အပြစ်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကြောင့် ကိုယ်ကိုကိုယ်ရွံရှာ ကြလိမ့်မည်။
O zaman kötü yollarınızı, kötü işlerinizi anımsayacaksınız. Günahlarınız, iğrenç uygulamalarınız yüzünden kendinizden tiksineceksiniz.
32 ၃၂ သင်တို့ကိုထောက်၍ ဤအမှုကို ငါပြုသည် မဟုတ်ဟု သိမှတ်ကြလော့။ အိုဣသရေလအမျိုး၊ ကိုယ်ပြု မိသောအမှုကြောင့် ရှက်ကြောက်လျက်၊ မိန်မောတွေဝေ လျက်နေကြလော့ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Bunu sizin hatırınız için yapmadığımı iyi bilin. Egemen RAB böyle diyor. Davranışlarınızdan utanın, yüzünüz kızarsın, ey İsrail halkı!
33 ၃၃ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့ဒုစရိုက် အပြစ်ရှိသမျှတို့ကို ငါရှင်းလင်းသောအခါ၊ မြို့များ၌လူနေစေ၍ ပျက်စီးသော အရပ်တို့သည် ပြုပြင် ခြင်းရှိကြလိမ့်မည်။
“‘Egemen RAB şöyle diyor: Sizi bütün günahlarınızdan arıttığım gün, kentlerinizde yaşamanızı sağlayacağım; yıkıntılar onarılacak.
34 ၃၄ ရှောက်သွားသော သူအပေါင်းတို့၏ မျက် မှောက်၌ စွန့်ပစ်ဘူးသော မြေတွင် တဖန် လယ်လုပ်ကြ လိမ့်မည်။
Gelip geçenlerin gözünde viran olan ülkenin toprakları işlenecek.
35 ၃၅ ထိုအခါ သူတပါးတို့က၊ အရင်စွန့်ပစ်သော ဤမြေသည် ဧဒင်ဥယျာဉ်ကဲ့သို့ ဖြစ်လေပြီ။ သုတ်သင် ပယ်ရှင်းပျက်စီးသော မြို့တို့သည်လည်း ခိုင်ခံ့၍ မြို့သား တို့နှင့် ပြည့်စုံကြပြီဟု ပြောကြလိမ့်မည်။
Şöyle diyecekler: Viran olan bu ülke Aden bahçesi gibi oldu; yıkılıp yerle bir olmuş, kimsesiz kalmış kentler yeniden güçlendiriliyor, içinde oturuluyor.
36 ၃၆ ထိုအခါ ပျက်စီးသော အရပ်တို့ကို ငါထာဝရ ဘုရားပြုပြင်ကြောင်းကို၎င်း၊ စွန့်ပစ်သောမြေတွင် လယ် လုပ်ကြောင်းကို၎င်း၊ သင်တို့ပတ်လည်၌နေရစ်သော တပါးအမျိုးသားတို့သည် သိရကြလိမ့်မည်။ ငါထာဝရ ဘုရားသည် မိန့်မြွက်သည်အတိုင်း ပြုမည်။
O zaman çevrenizde kalan uluslar yıkılanı yeniden yapanın, çıplak yerleri yeniden dikenin ben RAB olduğumu anlayacaklar. Bunu ben RAB söylüyorum ve dediğimi yapacağım.’
37 ၃၇ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလအမျိုးအဘို့ ဤအမှုကို ငါပြုရမည်အကြောင်း၊ သူတို့သည် ငါ့ကိုတောင်းပန်ရကြမည်။ သိုးများပြားသကဲ့သို့ ထိုအမျိုးသားအချင်းတို့ကို များပြားစေမည်။
“Egemen RAB şöyle diyor: İsrail halkının benden yine yardım dilemesini sağlayacak ve onlar için şunu yapacağım: Onları bir koyun sürüsü gibi çoğaltacağım.
38 ၃၈ ပျက်စီးသောမြို့တို့သည် သန့်ရှင်းသော သိုးစု တည်းဟူသော၊ ဓမ္မပွဲခံချိန်တွင် ယေရုရှလင်သိုးစုကဲ့သို့ သော လူစုတို့နှင့် ပြည့်စုံ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Bayramlarda Yeruşalim nasıl kurbanlık hayvanlarla doluyorsa, viran olmuş kentler de insan topluluklarıyla öyle dolup taşacak. O zaman benim RAB olduğumu anlayacaklar.”

< ယေဇကျေလ 36 >