< ယေဇကျေလ 35 >

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
ויהי דבר יהוה אלי לאמר׃
2 အချင်းလူသား၊ သင်သည် စိရတောင်တဘက်၌ မျက်နှာထား၍ ပရောဖက်ပြုလျက်၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊
בן אדם שים פניך על הר שעיר והנבא עליו׃
3 အိုစိရတောင်၊ သင့်တဘက်၌ ငါနေ၏။ သင့်ကို ငါတိုက်၍ သုတ်သင်ပယ်ရှင်းမည်။
ואמרת לו כה אמר אדני יהוה הנני אליך הר שעיר ונטיתי ידי עליך ונתתיך שממה ומשמה׃
4 သင်၏မြို့တို့ကို ငါဖျက်ဆီးသဖြင့် သင်သည် လူဆိတ်ညံလျက်ရှိ၍၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သိရလိမ့်မည်။
עריך חרבה אשים ואתה שממה תהיה וידעת כי אני יהוה׃
5 သင်သည် အစဉ်ရန်ငြိုးဖွဲ့၍ ဣသရေလအမျိုး သားတို့၌ အမှုရောက်သောကာလ၊ အပြစ်ကြောင့် ခံရ သောကာလအဆုံး၌၊ သူတို့အသက်ကို ထားနှင့် သတ် သောကြောင့်၊
יען היות לך איבת עולם ותגר את בני ישראל על ידי חרב בעת אידם בעת עון קץ׃
6 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အသက်သတ်ခြင်းအမှုကို သင်၌ငါပြု၍၊ ထိုအမှုသည်သင့်ကို လိုက်မည်။ အသက် သတ်ခြင်းအမှုကို သင်မမုန်းသောကြောင့်၊ ထိုအမှုသည် သင့်ကိုလိုက်ရလိမ့်မည်။
לכן חי אני נאם אדני יהוה כי לדם אעשך ודם ירדפך אם לא דם שנאת ודם ירדפך׃
7 ထိုသို့စိရတောင်ကို ငါသုတ်သင်ပယ်ရှင်းသဖြင့် ထွက်သွားသောသူ၊ ပြန်လာသောသူတို့ကို ပယ်ဖြတ်မည်။
ונתתי את הר שעיר לשממה ושממה והכרתי ממנו עבר ושב׃
8 သင်၏တောင်တို့ကိုလည်း သင်၏သူရဲအသေ ကောင်တို့နှင့် ငါပြည့်စေမည်။ သင့်နေရာကုန်း၊ ချိုင့်၊ မြစ်နား၌ထားဖြင့် အသေခံရသော သူတို့သည် ရှိကြ လိမ့်မည်။
ומלאתי את הריו חלליו גבעותיך וגיאותיך וכל אפיקיך חללי חרב יפלו בהם׃
9 သင့်ကိုအစဉ်မပြတ် သုတ်သင်ပယ်ရှင်းသဖြင့်၊ သင်၏မြို့တို့၌ အဘယ်သူမျှမနေရ။ ငါသည်ထာဝရ ဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
שממות עולם אתנך ועריך לא תישבנה וידעתם כי אני יהוה׃
10 ၁၀ သင်က၊ ဤတိုင်းပြည်နှစ်ပြည်ကိုငါတို့သည် သိမ်း၍ပိုင်မည်ဟု ထိုပြည်၌ ထာဝရဘုရားရှိလျက်နှင့် ဆိုမိသောကြောင့်၊
יען אמרך את שני הגוים ואת שתי הארצות לי תהיינה וירשנוה ויהוה שם היה׃
11 ၁၁ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ သင်သည်သူတို့ကို ရန်ငြိုးဖွဲ့၍ ဒေါသစိတ်၊ ငြူစူသောစိတ် တိုက်တွန်းသည် နှင့်အညီ သင်၌ ငါပြုမည်။ သင့်ကို စီရင်သောအခါ သူတို့တွင် ငါထင်ရှားလိမ့်မည်။
לכן חי אני נאם אדני יהוה ועשיתי כאפך וכקנאתך אשר עשיתה משנאתיך בם ונודעתי בם כאשר אשפטך׃
12 ၁၂ သင်က၊ ဣသရေလတောင်တို့သည် ပျက်စီး၍ ငါတို့စားစရာရဘို့ဖြစ်ကြ၏ဟု ကဲ့ရဲ့၍ပြောဆိုသော စကားအလုံးစုံတို့ကို ငါထာဝရဘုရားကြားကြောင်းကို သင်သိရလိမ့်မည်။
וידעת כי אני יהוה שמעתי את כל נאצותיך אשר אמרת על הרי ישראל לאמר שממה לנו נתנו לאכלה׃
13 ၁၃ ထိုသို့သင်သည် ငါ့တဘက်၌ဝါကြွား၍ ပြောမိ သောစကား အလုံးစုံတို့ကို ငါကြားပြီဟု မိန့်တော်မူ၏။
ותגדילו עלי בפיכם והעתרתם עלי דבריכם אני שמעתי׃
14 ၁၄ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ တပြည်လုံးရွှင်လန်းသောအခါ သင့်ကိုငါဖျက်ဆီးမည်။
כה אמר אדני יהוה כשמח כל הארץ שממה אעשה לך׃
15 ၁၅ ဣသရေလအမျိုးသားတို့ အမွေမြေ ပျက်စီး သည်ကို သင်သည် ဝမ်းမြောက်သောကြောင့်၊ ထိုအတူ သင်၌ငါပြုမည်။ အိုစိရတောင်၊ သင်နှင့်တကွ ဧဒုံပြည် သည် အကုန်အစင်ပျက်စီး၍ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
כשמחתך לנחלת בית ישראל על אשר שממה כן אעשה לך שממה תהיה הר שעיר וכל אדום כלה וידעו כי אני יהוה׃

< ယေဇကျေလ 35 >