< ယေဇကျေလ 29 >

1 သက္ကရာဇ်ဆယ်ခု၊ ဒသမလတဆယ်တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
בשנה העשרית בעשרי בשנים עשר לחדש היה דבר יהוה אלי לאמר׃
2 အချင်းလူသား၊ သင်သည် အဲဂုတ္တုရှင်ဘုရင် ဖါရောမင်းတဘက်၌မျက်နှာထား၍၊ သူနှင့် အဲဂုတ္တုပြည် တပြည်လုံး တဘက်၌ပရောဖက်ပြုလျက်၊
בן אדם שים פניך על פרעה מלך מצרים והנבא עליו ועל מצרים כלה׃
3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ အိုအဲဂုတ္တုရှင်ဘုရင် ဖာရောမင်း၊ ကိုယ်မြစ်များ အလယ်၌နေလျက်၊ ငါ့မြစ်ကို ငါပိုင်၏။ ငါ့အဘို့ ငါ ဖန်ဆင်းပြီဟု ဆိုတတ်သောမိကျောင်းကြီး၊ သင့်တဘက် ၌ ငါနေ၏။
דבר ואמרת כה אמר אדני יהוה הנני עליך פרעה מלך מצרים התנים הגדול הרבץ בתוך יאריו אשר אמר לי יארי ואני עשיתני׃
4 သင့်ပါးရိုးကို သံချိတ်နှင့်ချိတ်၍၊ သင့်မြတ်၌နေ သော ငါတို့ကို သင့်အကြေးတို့၌ ငါကပ်စေမည်။ သင့်မြစ် များ အလယ်ထဲကသင့်ကို ငါနှုတ်၍ မြစ်ရှိသမျှသော ငါးတို့သည် သင့်အကြေးတို့၌ ကပ်ကြလိမ့်မည်။
ונתתי חחיים בלחייך והדבקתי דגת יאריך בקשקשתיך והעליתיך מתוך יאריך ואת כל דגת יאריך בקשקשתיך תדבק׃
5 သင်နှင့် သင့်မြစ်၌ရှိသမျှသော ငါတို့ကိုတော၌ ငါပစ်ထားမည်။ လွင်ပြင်၌ကျ၍ နောက်တဖန်စုဝေးခြင်း ကို မပြုရ။ တောသားရဲများ၊ မိုဃ်းကောင်းကင်ငှက်များ စားစရာဘို့ သင့်ကိုငါအပ်၏။
ונטשתיך המדברה אותך ואת כל דגת יאריך על פני השדה תפול לא תאסף ולא תקבץ לחית הארץ ולעוף השמים נתתיך לאכלה׃
6 ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို အဲဂုတ္တု ပြည်သားအပေါင်းတို့သည် သိရကြလိမ့်မည်။ အကြောင်း မူကား၊ သင်သည် ဣသရေလအမျိုး၌ ကျူတောင်ဝေး ဖြစ်လေပြီ။
וידעו כל ישבי מצרים כי אני יהוה יען היותם משענת קנה לבית ישראל׃
7 သင့်ကိုလက်နှင့် ကိုင်သောအခါ သင်သည် အကိုင်မခံ။ သူတို့ ပခုံးဆစ်ကို ဖြုတ်လေ၏။ သင်နှင့် ကိုယ်ကိုထောက်သောအခါ သင်သည် ကျိုး၍ သူတို့ခါးကို နာစေ၏။
בתפשם בך בכפך תרוץ ובקעת להם כל כתף ובהשענם עליך תשבר והעמדת להם כל מתנים׃
8 သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ ငါသည် သင့်အပေါ်သို့ထားကိုဆောင်ခဲ့၍ လူနှင့် တိရစ္ဆာန်တို့ကို ပယ်ဖြတ်သဖြင့်၊
לכן כה אמר אדני יהוה הנני מביא עליך חרב והכרתי ממך אדם ובהמה׃
9 အဲဂုတ္တုပြည်သည် လူဆိတ်ညံလျက်၊ ပျက်စီး လျက်ရှိသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သိရလိမ်မည်။ သင်က၊ ငါ့မြစ်ကိုငါ ပိုင်၏။ ငါဖန်ဆင်းပြီ ဟု ဆိုမိသောကြောင့်၊
והיתה ארץ מצרים לשממה וחרבה וידעו כי אני יהוה יען אמר יאר לי ואני עשיתי׃
10 ၁၀ သင်နှင့်သင့်မြစ်တဘက်၌ ငါနေ၏။ အဲဂုတ္တု ပြည်ကို မိဂဒေါလမှ စ၍ သုဏေမြို့တိုင်အောင်၎င်း၊ အဲသယောပိပြည်စွန်းတိုင်အောင်၎င်း၊ ထားနှင့် ဖျက်ဆီး ၍ ဆိတ်ညံစေမည်။
לכן הנני אליך ואל יאריך ונתתי את ארץ מצרים לחרבות חרב שממה ממגדל סונה ועד גבול כוש׃
11 ၁၁ အနှစ်လေးဆယ်ပတ်လုံး လူရှောက်၍မသွားရ။ တိရစ္ဆာန်လည်း ရှောက်၍မသွားရ။ အဘယ်သူမျှမနေရ။
לא תעבר בה רגל אדם ורגל בהמה לא תעבר בה ולא תשב ארבעים שנה׃
12 ၁၂ ပျက်စီးသောပြည်တို့တွင် အဲဂုတ္တုပြည်ကို ငါဖျက် ဆီးမည်။ လူဆိတ်ညံသောမြို့တို့တွင် အနှစ်လေးဆယ် ပတ်လုံး အဲဂုတ္တုမြို့တို့သည် ပျက်စီးလျက်ရှိကြလိမ့်မည်။ အဲဂုတ္တုလူတို့ကို အတိုင်းတိုင်း အပြည်ပြည်တို့ကို ငါကွဲပြား ပြန်လွင့်စေမည်။
ונתתי את ארץ מצרים שממה בתוך ארצות נשמות ועריה בתוך ערים מחרבות תהיין שממה ארבעים שנה והפצתי את מצרים בגוים וזריתים בארצות׃
13 ၁၃ သို့ရာတွင်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ အနှစ်လေးဆယ်စေ့သောအခါ၊ ကွဲပြားလျက် နေရသော လူမျိုးတို့မှ အဲဂုတ္တုလူတို့ကို ငါခေါ်၍ စုဝေး စေမည်။
כי כה אמר אדני יהוה מקץ ארבעים שנה אקבץ את מצרים מן העמים אשר נפצו שמה׃
14 ၁၄ သိမ်းသွားခြင်းတို့မရသော အဲဂုတ္တုလူတို့ကို ငါတဖန်ဆောင်ခဲ့၍ သူတို့နေရင်းပြည်၊ ပါသရုပြည်သို့ ပြန်စေမည်။ ထိုပြည်၌ ယုတ်သောနိုင်ငံ ဖြစ်ရလိမ့်မည်။
ושבתי את שבות מצרים והשבתי אתם ארץ פתרוס על ארץ מכורתם והיו שם ממלכה שפלה׃
15 ၁၅ တပါးသော လူမျိုးတို့ကို နောက်တဖန်အစိုးမရ။ နိုင်ငံတကာတို့တွင် အယုတ်ဆုံးဖြစ်ရလိမ့်မည်။ တပါး သော လူမျိုးတို့ကို နောက်တဖန် အစိုးမရစေခြင်းငှါ ငါရှုတ်ချမည်။
מן הממלכות תהיה שפלה ולא תתנשא עוד על הגוים והמעטתים לבלתי רדות בגוים׃
16 ၁၆ ဣသရေလအမျိုးသားတို့သည် ထိုပြည်သား တို့ကို မြော်လင့်၊ မိမိအပြစ်ကို ငါအောက်မေ့စေသဖြင့်၊ နောက်တဖန် ထိုပြည်သည် သူတို့ ခိုလှုံရာမဖြစ်ရာ။ ငါသည် ထာဝရာဘုရားဖြစ်ကြောင်းကို သိရကြလိမ့် မည်ဟု မိန့်တော်မူ၏။
ולא יהיה עוד לבית ישראל למבטח מזכיר עון בפנותם אחריהם וידעו כי אני אדני יהוה׃
17 ၁၇ သက္ကရာဇ် နှစ်ဆယ်ခုနစ်ခု၊ ပဌမလ တရက်နေ့ တွင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
ויהי בעשרים ושבע שנה בראשון באחד לחדש היה דבר יהוה אלי לאמר׃
18 ၁၈ အချင်းလူသား၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာသည်၊ သူ၏စစ်သူရဲတို့ကို တုရုမြို့တဘက်၌ များစွာ သော အမှုကိုဆောင်ရွက်စေပြီ။ စစ်သူရဲတိုင်းခေါင်းတုံး ပြီ။ ပခုံးလည်းပွန်းပြီ။ သို့ရာတွင်၊ ရှင်ဘုရင်နှင့် စစ်သူရဲ တို့သည် တုရုမြို့တဘက်၌ အမှုဆောင်ရွက်ခကို ထိုမြို့တွင် မခံရကြ။
בן אדם נבוכדראצר מלך בבל העביד את חילו עבדה גדלה אל צר כל ראש מקרח וכל כתף מרוטה ושכר לא היה לו ולחילו מצר על העבדה אשר עבד עליה׃
19 ၁၉ သို့ဖြစ်၍၊ အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ အဲဂုတ္တုပြည်ကို ဗာဗုလုန် ရှင်ဘုရင်နေဗခဒ်နေဇာ အား ငါပေးမည်။ ထိုမင်သည် ပြည်သားအလုံးအရင်းကို၎င်း၊ လက်ရဥစ္စာအမျိုးမျိုးကို၎င်း၊ သိမ်းယူပြီးလျှင်၊ မိမစစ်သူရဲတို့ အခဘို့ ဝေငှလိမ့်မည်။
לכן כה אמר אדני יהוה הנני נתן לנבוכדראצר מלך בבל את ארץ מצרים ונשא המנה ושלל שללה ובזז בזה והיתה שכר לחילו׃
20 ၂၀ ငါ့အမှုကို ဆောင်ရွက်သောကြောင့်၊ တုရုမြို့ တဘက်၌ အမှုဆောင်ရွက်ခဘို့ အဲဂုတ္တုပြည်ကို ငါပေးပြီ။
פעלתו אשר עבד בה נתתי לו את ארץ מצרים אשר עשו לי נאם אדני יהוה׃
21 ၂၁ ထိုကာလ၌ ဣသရေလမျိုး၏ ချိုကိုအပေါက် စ၍၊ သူတို့အထဲက သင်ဟောပြောရသော အခွင့်ကို ငါပေးမည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သူတို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
ביום ההוא אצמיח קרן לבית ישראל ולך אתן פתחון פה בתוכם וידעו כי אני יהוה׃

< ယေဇကျေလ 29 >