< ယေဇကျေလ 22 >

1 တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
І було мені слово Господнє таке:
2 အချင်းလူသား၊ လူအသက်ကို သတ်တတ်သော မြို့ကို သင်သည် စစ်ကြောလော့။ စစ်ကြောလော့။ သူ၌ ပြုသမျှသော စက်ဆုပ်ရွံရှာဘွယ် အမှုတို့ကိုပြလော့။
„А ти, сину лю́дський, чи будеш судити, чи суди́тимеш ти місто крови? І завідо́м його про всі гидо́ти його,
3 အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆို ရမည်မှာ၊ မိမိအချိန်ရောက်စေခြင်းငှါ၊ မိမိအလယ်၌ လူအသက်ကိုသတ်၍၊ မိမိကိုညစ်ညူးစေဘို့ မိမိတဘက်၌ ရုပ်တုတို့ကိုလုပ်တတ်သောမြို့၊
та й скажеш: Так говорить Господь Бог: Місто проливає кров у своїй сере́дині, щоб прийшов його час, і робить божкі́в собі, щоб занечи́щуватися!
4 သင်သည် လူအသက်ကို သတ်သောအားဖြင့် အပြစ်ရောက်၏။ လုပ်သောရုပ်တုအားဖြင့် ညစ်ညူးခြင်း ရှိ၏။ သင်၏နေ့ရက်ကာလအချိန်ကို ကိုယ်တိုင်ရောက်စေ ပြီ။ ထိုကြောင့်၊ ငါသည် သင့်ကို အတိုင်းတိုင်းအပြည်ပြည် တို့တွင် ကဲ့ရဲ့ရာ၊ ပျက်ချော်ရာဖြစ်စေမည်။
Кров'ю, що ти проливала, о дочко Єрусалиму, грішила ти, а божка́ми, яких ти робила, занечи́стилася, і набли́зила свої дні, і прийшла аж до своїх ро́ків. Тому дам тебе наро́дам на га́ньбу, і на посміхо́висько для всіх країв!
5 အိုအသရေပျက်၍ နှောင့်ရှက်ခြင်းကို ခံရသောသင်ကို၊ အဝေးအနီး၌နေသော သူတို့သည် ပျက်ချော်ကြလိမ့်မည်။
Близькі та далекі від тебе насміхаються з тебе, нечистойме́нна, багатозаколо́тна!
6 ဣသရေလမင်းသားတို့သည် အသီးအသီးအခွင့် တန်ခိုးရှိသည်အတိုင်း၊ သင့်အလယ်၌ လူအသက်ကို သတ်တတ်ကြ၏။
Ось Ізраїлеві князі, кожен за раме́ном своїм, були́ в тебе, щоб кров проливати.
7 သင့်အလယ်၌ မိဘတို့ကိုမထီမဲ့မြင်ပြုကြ၏။ တပါး အမျိုးသားတို့ကို အနိုင်အထက်ပြုကြ၏။ မိဘမရှိသောသူ နှင့် မုတ်ဆိုးမတို့ကို ညှဉ်းဆဲကြ၏။
Батька та матір у тебе легкова́жать, чужи́нцеві роблять у́тиск серед тебе, сироту та вдову пригнічують у тебе.
8 သင်သည် ငါ၏သန့်ရှင်းသောအရာတို့ကို မထီမဲ့ မြင်ပြုပြီ။ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချပြီ။
Моїми свя́тощами ти погорджуєш, а суботи Мої зневажаєш.
9 သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာစားသောသူ၊ အဓမ္မ အမှုကိုပြုသောသူရှိကြ၏။
У тебе є накле́пники, щоб кров проливати, і на па́гірках їдять у тебе, розпусту чинять серед тебе.
10 ၁၀ သင့်အလယ်၌ အဘ၏မယားကို ပြစ်မှားကြ၏။ ဥတုရောက်သော မိန်းမနှင့်မှားယွင်းကြ၏။
Наготу́ батька в тебе відкривають, жінку, у ча́сі її місячної нечистоти́, безчестять у тебе.
11 ၁၁ သင့်အလယ်၌ အချို့တို့သည် အိမ်နီးချင်းမယား ကို ပြစ်မှားကြ၏။ အချို့တို့သည် မိမိချွေးမနှင့် ဆိုးညစ် သောအဓမ္မအမှုကို ပြုကြ၏။ အချို့တို့သည် မိမိနှမ၊ မိမိအဘ၏သမီးကို ရှုတ်ချကြ၏။
І один робить гидо́ту з жінкою свого ближнього, а той занечищує розпустою невістку свою, а той безчестить у тебе сестру свою, дочку́ батька свого́.
12 ၁၂ သင့်အလယ်၌လည်း လူအသက်သတ်ခကို ခံကြ ၏။ အတိုးစား၍ ငွေကိုချေးကြ၏။ အိမ်နီးချင်း၏ ဥစ္စာကို လုယူကြ၏။ ငါ့ကိုလည်း မေ့လျော့ကြ၏။
Пі́дкуп беруть у тебе, щоб кров проливати, ли́хву та відсо́тка береш ти й ошу́куєш у́тиском ближніх своїх. А Мене ти забуваєш, говорить Господь Бог.
13 ၁၃ သို့ဖြစ်၍၊ သင်ဆည်းဖူးသောဥစ္စာ၊ သင့်အလယ် ၌သွန်းသော အသွေးကြောင့် ငါလက်ခုပ်တီး၏။
І ось сплесну́в Я руками Своїми за твою кривду, яку ти робила, та за кровопролиття́ твої, що були в тебе.
14 ၁၄ သင့်ကိုငါစီရင်သောအခါ၊ သင်၏နှလုံးသည် ခိုင်ခံ့နိုင်သလော။ သင်၏လက်သည်လည်း အားကြီးနိုင် သလော။ ငါထာဝရဘုရားသည် အမိန့်တော်ရှိသည် အတိုင်း ပြုမည်။
Чи всто́їть твоє серце, чи будуть міцні́ твої руки на ті дні, що Я буду з тобою чинити? Я, Господь, говорив це й зробив!
15 ၁၅ သင့်ကိုလည်း အတိုင်းတိုင်းအပြည်ပြည်တို့တွင်၊ အရပ်ရပ်သို့ ကွဲပြားစေမည်။ သင်၏အညစ်အကြေးကို လည်း ပယ်ရှင်းမည်။
І розпоро́шу тебе серед наро́дів, і розси́плю тебе по края́х, і викину твою нечистість із тебе.
16 ၁၆ လူအမျိုးမျိုးတို့ရှေ့မှာ၊ သင်သည် ကိုယ်တိုင် အသရေရှုတ်ချခြင်းကို ခံရ၍၊ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကိုသိရလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
І станеш ти збезче́щеною через себе на оча́х народів, і пізнаєш, що Я — Госпо́дь!“
17 ၁၇ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
І було мені слово Господнє таке:
18 ၁၈ အချင်းလူသား၊ ဣသရေလအမျိုးသည် ငါ့ရှေ့ မှာ ချော်ဖြစ်လေပြီ။ ထိုသူအပေါင်းတို့သည် မိုက်ထဲ၌ ထည့်သော ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲကဲ့သို့ငွေနှင့် ကွာသော ချော်ဖြစ်ကြ၏။
„Сину лю́дський, дім Ізраїлів став мені за жу́желицю; усі вони мідь, і ци́на, і залізо, і о́ливо в сере́дині го́рна, жу́желицею срі́бла сталися.
19 ၁၉ ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ သင်တို့အပေါင်းသည် ချော်ဖြစ်သောကြောင့်၊ ယေရုရှလင်မြို့ထဲ၌ ငါစုဝေးစေမည်။
Тому так говорить Господь Бог: За те, що всі ви стали жу́желицею, тому ось Я позбираю вас до сере́дини Єрусалиму.
20 ၂၀ ငွေ၊ ကြေးနီ၊ ကြေးဖြူ၊ သံ၊ ခဲတို့ကို မီးမှုတ်၍ အရည်ကျိုခြင်းငှါ မိုက်ထဲ၌စုထားသကဲ့သို့၊ ထိုအတူ ငါသည် ပြင်းစွာအမျက်ထွက်လျက်၊ သင်တို့ကို ထိုမြို့ထဲ၌ စုထား၍အရည်ကျိုမည်။
Як збирають срі́бло, і мідь, і залізо, і о́ливо, і цину до сере́дини го́рна, щоб дмухати на нього огнем, щоб розтопи́ти, — так зберу́ у Своїм гніві та в люті Своїй, і покладу́, і розтоплю́ вас!
21 ၂၁ အကယ်စင်စစ် စုထားပြီးမှ ငါ့အမျက်မီးကို မှုတ်၍၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကို ခံရကြ လိမ့်မည်။
І позбираю вас, і дмухну́ на вас огнем Свого гніву, і ви будете розто́плені в сере́дині його.
22 ၂၂ ငွေကိုမိုက်ထဲ၌ အရည်ကျိုသကဲ့သို့၊ သင်တို့သည် မြို့ထဲမှာ အရည်ကျိုခြင်းကိုခံရသဖြင့်၊ ငါထာဝရဘုရား သည် သင်တို့အပေါ်သို့၊ ငါ၏ဒေါသအရှိန်ကို သွန်း လောင်းသည်ကို သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
Як розто́плюється срібло в сере́дині го́рна, так бу́дете розто́плені ви в сере́дині його, і пізна́єте, що Я, Господь, вилив гнів Свій на вас!“
23 ၂၃ တဖန် အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော် သည် ငါ့ဆီသို့ ရောက်လာ၍၊
І було мені слово Господнє таке:
24 ၂၄ အချင်းလူသား၊ သင်ဆင့်ဆိုရမည်မှာ၊ အမျက် ထွက်သောနေ့၌ မိုဃ်းမရွာ၊ သင်သည် မိုဃ်းရေကို မခံရ သောပြည်ဖြစ်၏။
„Сину лю́дський, скажи до неї: Ти земля неочи́щена, у дні гніву доще́м не поли́тая!
25 ၂၅ ထိုပြည်အလယ်၌ ပရောဖက်တို့သည် သင်ဖွဲ့ ခြင်းကို ပြုကြပြီ။ ဟောက်၍အကောင်ကို ကိုက်ဖြတ် သော ခြင်္သေ့ကဲ့သို့ လူတို့ကို ကိုက်စားကြ၏။ ဘဏ္ဍများနှင့် အဘိုးထိုက်လော ဥစ္စာများကို လုယူကြ၏။ ပြည်အလယ် ၌ မုတ်ဆိုးမတို့ကို များပြားစေကြ၏။
Змо́ва її пророків серед нього, як реву́чий лев, що здо́бич шматує: жеру́ть душу, маєток та багатство забирають, прибі́льшують уді́в її в сере́дині її.
26 ၂၆ ယဇ်ပုရောဟိတ်တို့သည်လည်း ငါ၏တရားကို ဖျက်၍၊ ငါ၏သန့်ရှင်းရာဌာနကိုလည်း ညစ်ညူးစေကြ ၏။ သန့်ရှင်းသောအရာ၊ မသန့်ရှင်းသောအရာတို့ကို မပိုင်းခြား၊ စင်ကြယ်သောအရာ၊ မစင်ကြယ်သောအရာ တို့ကို ရောနှောကြ၏။ ငါ၏ဥပုသ်နေ့တို့မှလည်း မျက်နှာ လွှဲကြ၏။ သူတို့ အလယ်၌ ငါသည်ရှုတ်ချခြင်းကို ခံရ၏။
Священики її ламають Зако́на Мого, і зневажаю́ть Мої святощі, не розрізняють між святим та несвятим, і не оголошують різни́ці між нечистим та чистим, і від субіт Моїх закривають свої очі. І був Я знева́жений серед них.
27 ၂၇ မင်းတို့သည်လည်း အကောင်ကို ကိုက်ဖြတ် သော တောခွေးကဲ့သို့ ပြည်အလယ်၌ဖြစ်၍၊ မတရားသော စီးပွားကို ရှာလိုသောငှါ လူအသက်ကို သတ်၍၊ သူတပါး တို့ကို သုတ်သင်ပယ်ရှင်းတတ်ကြ၏။
Князі́ її в сере́дині її, немов ті вовки́, що здо́бич шмату́ють, щоб розливати кров, щоб губити ду́ші ради ко́ристи.
28 ၂၈ ပရောဖက်တို့ကလည်း၊ အရှင်ထာဝရဘုရား မိန့်တော်မူသည်ဟု ထာဝရဘုရားမိန့်တော်မမူဘဲ၊ အချည်းနှီးသောအရာကို မြင်၍၊ မုသားစကားကို ဟောပြောလျက်၊ သူတို့ကို အင်္ဂတေနှင့် မွမ်းမံကြ၏။
А пророки її все замазують болотом, бачать марно́ту, і чару́ють собі неправдою, вони кажуть: „Так говорить Господь Бог“, а Господь не говорив.
29 ၂၉ ပြည်သူပြည်သားတို့သည်လည်း ညှဉ်းဆဲခြင်း၊ ထားပြတိုက်ခြင်း၊ ဆင်းရဲငတ်မွတ်သောသူတို့ကို နှိပ်စက် ခြင်း၊ တပါးအမျိုးသားတို့အား မတရားသဖြင့် ညှဉ်းဆဲ ခြင်းကို ပြုကြ၏။
Наро́ди Кра́ю тиснуть у́тиском та грабують грабунком, а вбогого та бідака́ гно́блять, а чужи́нця тиснуть у безправ'ї.
30 ၃၀ ထိုပြည်ကို ငါမဖျက်ဆီးစေခြင်းငှါ ကွယ်ကာ သောသူ၊ မြို့ရိုးပျက် ပေါ်မှာရပ်၍ ဆီးတားသောသူ တယောက်ကိုမျှ ငါရှာ၍မတွေ့။
І шукав Я між ними чоловіка, що поставив би загоро́ду, і став би в ви́ломі перед Моїм обличчям за цей Край, щоб Я не знищив його, — та Я не знайшов!
31 ၃၁ ထိုကြောင့်၊ ငါအမျက်ကို ငါသွန်းလောင်းလျက်၊ ငါ့ဒေါသမီးဖြင့် သူတို့ကိုရှို့၍၊ သူတို့အပြစ်ကို သူတို့ ခေါင်းပေါ်သို့ ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
І Я вилив на них Свій гнів, огнем пересе́рдя Свого повигу́блював їх, їхню дорогу Я дав на їхню го́лову, каже Господь Бог“.

< ယေဇကျေလ 22 >