< ယေဇကျေလ 16 >

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
Kisha neno la Yahwe likanijia, kusema,
2 အချင်းလူသား၊ ယေရုရှလင်မြို့သည် မိမိ၌ စက်ဆုပ်ရွံရှာဘွယ်သောအမှုအရာတို့ကိုသိမည်အကြောင်း ပြုလော့။
“Mwanadamu, mwambie Yerusalemu kuhusu machukizo yake,
3 ထာဝရဘုရားသည် ယေရုရှလင်မြို့အား မိန့် တော်မူသောစကား ကိုသင်ဆင့်ဆိုရမည်မှာ၊ သင်၏မူလ၊ သင်၏မွေးဘွားရာဌာနသည် ခါနာန်ပြည်၌ရှိ၏။ သင်၏ အဘသည် အာမောရိလူ၊သင်၏အမိသည် ဟိတ္တိအမျိုး ဖြစ်၏။
na useme, 'Bwana Yahwe asema hivi kwa Yerusalemu: Mwanzo wako na kuzaliwa kwako kulichukua nafasi katika nchi ya Kanaani; baba yako alikuwa Mwamori, na mama yako alikuwa Mhiti.
4 သင့်ကို ဘွားခြင်းအကြောင်းအရာဟူမူကား၊ ဘွားသောနေ့၌ ချက်ကြိုးကိုမဖြတ်၊သန့်ရှင်းစေခြင်းငှါ ရေမချိုး၊ ဆားနှင့်မလူး၊ အဝတ်နှင့် မပတ်ရစ်၊
Katika siku ya kuzaliwa kwako, mama yako hakukata kitovu chako, wala hakukuosha kwenye maji usafishwe au kukuchua kwa chumvi, wala kukusitiri nguo.
5 ကရုဏာစိတ်နှင့်ထိုသို့ပြုစုခြင်းငှါ သင့်ကိုမြင်၍ အဘယ်သူမျှ မသနား၊ ဘွားသောနေ့၌သင်သည်ကိုယ်ကို ရွံရှာရသည်တိုင်အောင် လယ်ပြင်၌ ပစ်ထားခြင်းကို ခံရ၏။
Hakuna jicho lililokuhurumia kufanya haya mambo kwa ajili yako, kukuhurumia wewe. Katika siku uliyozaliwa, kwa kuchukiwa uhai wako, ulitupwa nje uwandani.
6 ငါသည် ရှောက်သွား၍ အသွေးနှင့်လူးလျက်ရှိ သော သင်ကို မြင်သောအခါ အသက်ရှင်လော့ဟု သင်သည် အသွေး၌ရှိစဉ် ငါဆို၏။
Lakini nilipita karibu nawe, nalikuona ukijinyonga kwa damu yako mwenyewe, “kubaki hai!”
7 မြက်ပင်ကဲ့သို့ ငါကြီးပွါးစေသဖြင့်၊သင်သည် အစဉ်အတိုင်း ကြီး၍ လှသော အဆင်းနှင့်ပြည့်စုံ၏။ ရင်သားထ၍ ကိုယ်၌လည်းအမွေးပေါက်၏။ အရင်က အဝတ်မရှိ၊ အချည်းစည်းနေရ၏။
Nimekufanya ukue kama mmea katika shamba. Umeongezeka na kuwa mkubwa, na umekuwa mzuri wa wazuri. Maziwa yako yakawa thabiti, na nywele zako zikawa nyingi, ingawa ulikuwa uchi huna nguo.
8 တဖန်ငါသည်ရှောက်သွား၍ သင့်ကိုမြင်သော အခါ၊ သင်၌ချစ်လိုဘွယ်သော အချိန်အရွယ်ရှိသော ကြောင့်၊ ငါသည်ကိုယ်အဝတ်စွန်းကို ဖြန့်၍၊ သင်၌ အချည်းစည်းရှိခြင်းကို ဖုံးအုပ်၏။ ကျိန်ဆိုခြင်းကိုလည်း ပြု၍၊ သင်နှင့်ပဋိညာဉ်ဖွဲ့သဖြင့်၊ သင်သည် ငါ၏ခင်ပွန်း ဖြစ်လေ၏။
Nilipita karibu nawe tena, na nalikuona. Tazama! wakati wa upendo umefika kwako, hivyo nikatandika joho langu juu yako na kufunika uchi wako. Kisha nikaapa kwako na kukuleta kwenye agano-hivi ndivyo Bwana Yahwe asemavyo-na ukawa wangu.
9 ထိုအခါ သင့်ကို ရေချိုး၍၊ သင်၌လူးသော အသွေးရှိသမျှကို ငါဆေးကြော၏။ ဆီနှင့်လိမ်း၏။
Basi nilikuosha kwa maji na kukufuta damu yako, na kukupaka mafuta.
10 ၁၀ ချယ်လှယ်သော အဝတ်ကိုဝတ်စေ၏။ တဟာရှ သားရေခြေနင်းကို စီးစေ၏။ ဖဲ၊ ပိတ်ချောနှင့်ခြုံစေ၏။
Nilikuvalisha nguo ya taraza na kukuwekea makuzi ya ngozi kwenye miguu yako. Nilikufungia kwa kitani kizuri na kukufunika kwa hariri.
11 ၁၁ လက်ကောက်နှင့်လည်ဆွဲအစရှိသော တန်ဆာ မျိုးကို ဆင်စေ၏။
Kisha nalikupamba kwa vito, na kukuvalisha vikuku kwenye mikono yako, na mkufu kwenye shingo yako.
12 ၁၂ နားထောင်း၊ နှာဆွဲ၊ လှသော ပေါင်းကိုလည်း ဆင်စေ၏။
Nalitia hazama katika pua yako na hereni katika masikio yako, na taji nzuri juu ya kichwa chako.
13 ၁၃ ထိုသို့ သင်သည် ရွှေငွေနှင့်တကွ၊ ဖဲ၊ ပိတ်ချော၊ ချယ်လှယ်သော အဝတ်တန်ဆာတို့ကိုဆင်လျက်၊ မုန့်ညက်၊ ပျားရည်၊ ဆီကိုစားလျက်၊ အလွန်တရာ လှသောအဆင်းနှင့်ပြည့်စုံ၍၊ မိဖုရားအရာကိုခံရ၏။
Hivyo ulipambwa kwa dhahabu na fedha, na ulivaa kitani safi, hariri, na ngu za taraza; ulikula unga mzuri, asali, na mafuta, na ulikuwa mzuri sana, na ukawa malkia.
14 ၁၄ ငါသည် ကိုယ်အသရေကို သင်၌ အပ်ပေးသော ကြောင့်၊ သင်သည် လှသောအဆင်းနှင့်စုံလင်၍၊ အတိုင်းတိုင်းအပြည်ပြည်၌ ကျော်စောလေ၏။
Umaarufu wako ukaenda miongoni mwa mataifa kwa sababu ya uzuri wako, kwa kuwa ulikuwa mkamili katika ukuu niliokuwa nimekupa-hivi ndivyo Bwana Yahwe asemavyo.
15 ၁၅ သို့ရာတွင်၊ သင်သည်ကိုယ်လှသော အဆင်းကို ကိုးစား၍၊ ဂုဏ်အသရေကျော်စောသောကြောင့်၊ ပြည်တန်ဆာလုပ်၍၊ ခရီးသွားသောသူအပေါင်းတို့နှင့် မတရားသောမေထုန်ကို အနှံ့အပြာပြုသဖြင့်၊ ယောက်ျား တိုင်းအခွင့်ရ၏။
Lakini ulitumaini uzuri wako, na ukafanya kama kahaba kwa sababu ya umaarufu wako; umeyamwaga matendo yako ya kikahaba kwa kila aliyepita karibu, ili kwamba uzuri wako uwe wake.
16 ၁၆ သင်၏အဝတ်ကိုလည်း ယူ၍၊ မြင့်သောအရပ် တို့ကိုထူးခြားသော အဆင်းအရောင်နှင့်ဆင်ပြင်၍၊ တခါမျှမမြင်စဖူး၊ နောက်၌လည်းမဖြစ် လတံ့သောအမှု၊ မတရားသောမေထုန်ကို ထိုအရပ်၌ ပြုလေပြီ။
Kisha ulichukua nguo zako na pamoja nao umepatengeneza mahali pa juu kwa ajili yako palipambwa kwa rangi tofauti tofauti, na hapo ulifanya kama kahaba. Hii haitatokea. Wala haitatokea.
17 ၁၇ ငါပေးသော ရွှေငွေတန်ဆာမြတ်တို့ကိုလည်း ယူ၍၊ ယောက်ျားရုပ်တုတို့ကို လုပ်ပြီးလျှင်၊ သူတို့နှင့် မှားယွင်းလေပြီတကား။
Umevichukua vito vizuri vya dhahabu na fedha nilizowapatia, na umejitengenezea sanamu za wanaume, na umefanya pamoja nao ukahaba afanyao.
18 ၁၈ ချယ်လှယ်သောအဝတ်ကိုလည်း ယူ၍၊ ထိုရုပ်တု တို့ကို ခြုံပြီးလျှင်၊ ငါ့ဆီနှင့်ငါ့နံ့သာပေါင်းကို သူတို့ရှေ့မှာ တင်ထားလေပြီ။
Ulichukua nguo zako za tarizi na kuwafunika, na kuwawekea mafuta yangu na manukato mbele yao.
19 ၁၉ ငါပေးသောဘောဇဉ်၊သင့်ကိုငါကျွေးသော မုန့်ညက်၊ ဆီ၊ ပျားရည်ကိုလည်း သူတို့ရှေ့မှာ မွှေးကြိုင် စရာဘို့ တင်ထားလေပြီတကား။
Mkate wangu niliokupatia-ulitengenezwa kwa unga mzuri, mafuta, na asali-umeviweka mbele yao kwa ajili ya kunukia harufu nzuri, kwa kuwa hivi ndivyo ilivyotokea-hivi ndivyo Bwana Yahwe asemavyo.
20 ၂၀ ထိုမှတပါး၊ သင်ဘွားသောငါ၏ သားသမီးတို့ကို ယူ၍၊ ထိုရုပ်တုတို့အား ကျွေးမွေးခြင်းငှါ ယဇ်ပူဇော်လေပြီ။
Kisha uliwachukua watoto wako ulionizalia, na kuwatoa sadaka kwa picha ili waliwe kama chakula. Je! matendo yako ya kikahaba ni kitu kidogo?
21 ၂၁ သင်သည် မတရားသော မေထုန်ကိုပြု၍ စိတ် မပြေသောကြောင့် ငါ၏သားသမီးတို့ကို သတ်၍ရုပ်တုတို့ အား မီးဖြင့်ပူဇော်ရမည်လော။
Umewachinja watoto wangu na kuwatupia kwenye moto.
22 ၂၂ သင်ပြုသော စက်ဆုပ်ရွံ့ရှာဘွယ်အမှု၊ မတရား သော မေထုန်အမှုအပေါင်းတို့ကိုပြုစဉ်တွင်၊ အရွယ်ငယ် သောအခါ အဝတ်မရှိ၊ အချည်းစည်းရှိကြောင်း၊ ကိုယ် အသွေး၌ လူးလဲလျက်နေကြောင်းကို မအောက်မေ့ပါ တကား။
Katika machukizo yako yote na matendo yako ya kikahaba hukutafakari kuhusu siku za ujana wako, wakati ulipokuwa uchi na bila nguo kama kama umepigwa katika damu.
23 ၂၃ သင်သည် အမင်္ဂလာရှိ၏။ အမင်္ဂလာရှိ၏။ ဒုစရိုက်အပေါင်းကို ပြုပြီးမှ၊
Ole! Ole wako! -hivi ndivyo Bwana Yahwe asemavyo-kwahiyo, zaidi ya hapo kwa haya maovu yote,
24 ၂၄ ကိုယ်နေဘို့ ကုဋီတိုက်ကိုတည်၍ လမ်းရှိ တိုင်းမြင့်သော အရပ်ကို လုပ်လေ၏။
umejijengea chumba cha chini kwa chini katika kila sehemu ya watu wengi.
25 ၂၅ သင်သည် မြင့်သောအရပ်ကို လမ်းဦးတိုင်း လုပ်၍၊ ကိုယ်လှသော အဆင်းကိုရွံ့ရှာဘွယ်ဖြစ်သည် တိုင်အောင် ပြုလျက်၊ ခရီးသွားသောသူအပေါင်းတို့အား ပေါင်တို့ကပို ခွါဖွင့်၍၊ မတရားသောမေထုန်အမှုတို့ကို များပြားစေ၏။
Umepajenga mahali pako palipoinuka kwenye kichwa cha kila njia na kuunajisi uzuri wako, kwa kuwa umeutoa mwili wako kwa kila mtu apitaye karibu na umefanya matendo mengi zaidi ya ukahaba.
26 ၂၆ ဆူဖြိုးသောသင်၏အိမ်နီးချင်း အဲဂုတ္တုလူတို့နှင့် မှားယွင်း၍၊ ငါ့အမျက်ကို နှိုးဆော်လျက်၊ မတရားသော မေထုန်အမှုတို့ကို များပြားစေ၏။
Umetenda kama kahaba pamoja na Wamisri, tamaa ya jirani zako, na umetenda matendo mengi zaidi ya kikahaba, ili kuchochea hasira yangu.
27 ၂၇ ထိုကြောင့်၊ ငါသည် လက်ကို ဆန့်ကျင် သင်၏ ရိက္ခာကို ဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။
Tazama! Nitakunyooshea mkono wangu na kupunguza chakula chako. Nitauchukua uhai wako juu ya adui zako, binti za Wafilisti, ambao walikuwa na haya ya tabia yako ya uchafu.
28 ၂၈ သင်သည်ကိလေသာ စိတ်မပြေသောကြောင့်၊ အာရှုရိလူတို့နှင့်လည်း မှားယွင်းလေ၏။ ထိုသို့မှားယွင်း သော်လည်း စိတ်မပြေနိုင်။
Umetenda kama kahaba pamoja na Waashuru kwa sababu hukuweza kuridhika. Umetenda kama kahaba na bado hukuridhika.
29 ၂၉ ထိုမှတပါး၊ ခါနာန်ပြည်မှသည် ခါလဒဲပြည် တိုင်အောင်၊ မတရားသောမေထုန်အမှုတို့ကို များပြား စေသော်လည်းစိတ်မပြေနိုင်။
Umefanya matendo mengi zaidi ya kikahaba katika nchi ya jamii ya wana maji wa Ukaldayo, na wala hukuridhika kwa hayo.
30 ၃၀ အစိုးတရပြု၍ သီလပျက်သော မိန်းမပြုတတ် သမျှသော ဤအမှုတို့ကို သင်သည်ပြုမိလျက်၊ သင့်စိတ် နှလုံးသည် အလွန်မိုက်ပါသည်တကား။
Jinsi moyo wako ulivyo dhaifu-hivi ndivyo Bwana Yahwe asemavyo-kwamba utaweza kuyafanya haya mambo yote, matendo ya aibu ya kikahaba?
31 ၃၁ သင်၏ကုဋီတိုက်ကို ခပ်သိမ်းသော လမ်း၌ တည်၍၊ လမ်းရှိတိုင်းမြင့်သော အရပ်ကိုလုပ်သဖြင့်၊ အခကိုငြင်းသောကြောင့် ပြည်တန်ဆာနှင့် မတူ။
Mmepajenga mahali penu pa juu kwenye kichwa cha kila mtaa na kufanya chumba cha chini kwa chini katika kila sehemu ya watu wengi. Bado hukuwa kama kahaba kwa sababu ulikataa kulipwa ujira.
32 ၃၂ ကိုယ်မဆိုင်သော ယောက်ျားကို ကိုယ်လင်၏ ကိုယ်စား လက်ခံ၍မျောက်မထားသော မိန်းမနှင့်တူ၏။
Wewe mwanamke mzinifu, wewe upokeaye wageni badala ya mume wako.
33 ၃၃ ပြည်တန်ဆာမိန်းမရှိသမျှတို့သည် လက်ဆောင် ကို ခံယူတတ်ကြ၏။ သင်မူကား၊ သင်၏ရည်းစားအပေါင်း တို့အား လက်ဆောင်ကို ပေးတတ်၏။ အရပ်ရပ်တို့က လာ၍မတရားသော မေထုန်ကိုပြုစေခြင်းငှါ၊ သူတပါး တို့ကို ငှါးတတ်၏။
Watu hulipa kwa kila kahaba, lakini wewe huwapa mshara wako wapenzi wako wote na kuwapa rushwa ili waje kwako pande zote kwa matendo yako ya kikahaba.
34 ၃၄ သို့ဖြစ်၍၊ သင်သည် အခြားသော ပြည်တန်ဆာ တို့နှင့် ခြားနားစွာ ပြုတတ်၏။ သင်ပြုသကဲ့သို့ အဘယ်သူ မျှမတရားသော မေထုန်ကို မပြုတတ်။ သင်သည် အခကို ခမခံ၊ သူတပါးတို့အားပေးသောကြောင့် အခြားသော မိန်းမတို့နှင့် ခြားနား၏။
Hivyo kuna tofauti kati yako na hao wanawake wengine, kwa kuwa hakuna hata mmoja ajaye kwako kukuuliza kulala pamoja nao. Badala yake, unawalipa. Hakuna akulipaye.
35 ၃၅ သို့ဖြစ်၍၊ အိုပြည်တန်ဆာမိန်းမ၊ ထာဝရဘုရား ၏အမိန့်တော်ကို နားထောင်လော့။
Kwa hiyo, wewe kahaba, lisikilize neno la Yahwe.
36 ၃၆ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင် ၏ရည်းစားများ စက်ဆုပ်ရွံ့ရှာဘွယ်သော ရုပ်တုအပေါင်း တို့နှင့် မှားယွင်းခြင်းအားဖြင့်၎င်း၊ သူတို့အားပေးသော သား သမီးတို့၏ အသွေးအားဖြင့်၎င်း သင်သည်ကိုယ် ရှက် ကြောက်ခြင်း၊ အဝတ်အချည်းစည်းရှိခြင်းကို ထင်ရှားစွာ ဘော်ပြသောကြောင့်၊
Bwana Yahwe asema hivi: Kwa sababu umemwaga tamaa yako na kuonyesha sehemu zako za siri kupitia matendo yako ya ukahaba pamoja na wapenzi wako wote pamoja na sanamu zako za chukizo, na kwa sababu ya damu ya watoto wako uliyowapatia sanamu zako,
37 ၃၇ သင့်ကိုချစ်သောရည်းစားရှိသမျှတို့နှင့် သင်ချစ် သောသူ၊ မုန်းသောသူ အပေါင်းတို့ကိုငါစုဝေးမည်။ သင့်တဘက်ပတ်လည်၌ စုဝေးစေ၍၊ သင်၌အဝတ် အချည်းစည်းရှိခြင်းကို ငါပြသဖြင့်၊ ထိုသူအပေါင်းတို့သည် သင်၌ အဝတ်အချည်းစည်းရှိသမျှကို မြင်ရကြလိမ့်မည်။
kwa hiyo, tazama! Nitawakusanya wapenzi wako wote uliokutana nao, wote ambao uliowapenda na wote uliowachukia, na nitawakusanya juu yako kila upande. Nitawaonyesha wazi sehemu zako za siri hivyo wanaweza kuona uchi wako wote.
38 ၃၈ မျောက်မထားသောမိန်းမနှင့်၊ လူအသက်ကို သတ်သော မိန်းမတို့ကို စီရင်သကဲ့သို့ သင့်ကိုငါစီရင်၍၊ ပြင်းစွာသော ဒေါသအမျက်အသွေးကို ငါတိုက်မည်။
Kwa kuwa nitakuadhibu kwa uasherati na kumwaga damu, na nitaleta juu yako damu ya hasira yangu na hasira kali.
39 ၃၉ သင့်ကို သူတို့လက်သို့ ငါအပ်သဖြင့်၊ သူတို့သည် သင်၏ ကုဋီတိုက်ကို ဖျက်၍၊ သင်၏မြင့်သော အရပ်တို့ ကို ဖြိုချကြလိမ့်မည်။ သင့်အဝတ်တို့ကိုချွတ်၍ လှသော တန်ဆာတို့ကို လုယူပြီးလျှင်၊ သင့်ကို အဝတ်မပေး၊ အချည်းစည်းရှိစေခြင်းငှါ ပစ်ထားကြလိမ့်မည်။
Nitakutia kwenye mikono yao hivyo watakutupa chini kwenye chumba cha chini kwa chini na kupavunja mahali pako pa juu na watakuvua nguo zako na kuchukua vito vyako vyote. watakuacha uchi bila nguo.
40 ၄၀ လူအလုံးအရင်းကိုလည်း ခေါ်သဖြင့်၊ သူတို့ သည် ခဲနှင့်ပစ်၍၊ ထားနှင့်ခုတ်ကြလိမ့်မည်။
Kisha wataleta kundi la watu juu yako na kukupiga kwa mawe, na kukukata kwa panga zao.
41 ၄၁ သင့်အိမ်တို့ကိုလည်း မီးရှို့၍များစွာသော မိန်းမ တို့ရှေ့မှာ သင့်ကိုအပြစ်ဒဏ်ပေးကြသဖြင့်၊ သင်သည် နောက်တဖန်ပြည်တန်ဆာ မလုပ်ဘဲနေစေခြင်းငှါ ငါပြု မည်။ နောက်တဖန် သင်သည်သူတပါးတို့ကို မငှါးရ။
Watachoma nyumba zako na kufanya matendo mengi ya adhabu juu yako kwenye uso wa wanawake wengi, kwa kuwa nitakusimamisha ukahaba wako, na hutawalipa tena wapenzi wako.
42 ၄၂ ထိုသို့ ငါ့ဒေါသစိတ်ကို ငါဖြေမည်။ သင့်ကိုမယုံ။ အလွန်ပူပန်သော စိတ်ငြိမ်း၍၊ ငါသည်အမျက်မထွက်ဘဲ ငြိမ်သက်စွာ နေမည်။
Kisha nitatuliza ghadhabu yangu juu yako; hasira yangu itakuacha, kwa kuwa nitaridhika, na sitakuwa na hasira tena.
43 ၄၃ သင်သည် အသက်ငယ်သော ကာလကို မအောက်မေ့၊ အရာရာ၌ ငါ့စိတ်ကို နှောင့်ရှက်သော ကြောင့်၊ သင့်အပြစ်ကို သင့်ခေါင်းပေါ်သို့ ငါသက်ရောက် စေမည်။ စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုရှိသမျှတို့အပေါ် မှာ ဆိုးညစ်သောအကြံကိုထပ်၍ ထိုအကြံအတိုင်းမပြုရ။
Kwa sababu hukuzikumbuka siku za ujana wako na kunifanya nitetemeke kwa hasira kwa sababu ya haya mambo yote, kwa hiyo, tazama! Mimi mwenyewe nitashusha kwa kichwa chako mwenyewe adhabu kwa kile ulichokifanya-hivi ndivyo Bwana Yahwe asemavyo. Hutaongeza ukahaba kwa matendo yako yote ya machukizo?
44 ၄၄ စကားပုံကိုသုံးတတ်သော သူအပေါင်းတို့က၊ အမိကဲ့သို့ သမီးဖြစ်၏ဟု သင့်ကိုရည်မှတ်၍ စကားပုံကို ပြောကြလိမ့်မည်။
Tazama! Kila mtu azungumzaye Mithali kuhusu wewe atasema, “Kama alivyo, hivyo pia ni binti yake.”
45 ၄၅ သင်သည်လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ သမီးဖြစ်၏။ လင်နှင့်သားသမီးကိုရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘ သည် အာမောရိလူဖြစ်၏။
Wewe ni binti wa mama yako, amchukiaye mume wake na mtoto wake, na wewe ni dada wa dada zako aliyewachukia waume zao na watoto wao. Mama yako alikuwa Mhiti, na baba yako alikuwa Mwamori.
46 ၄၆ သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့် လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ျာဘက်၌နေသော သောဒုံမြို့ ဖြစ်၏။
Dada yako mkubwa alikuwa Samaria na binti zake walikuwa wale waliokuwa wakiishi kaskazini, wakati dada yako mdogo alikuwa ni yule aliyekuwa akiishi kusini mwako, ambaye ni, Sodoma na binti zake.
47 ၄၇ သို့ရာတွင်၊ သင်သည် သူတို့ထုံးစုံကိုမလိုက်၊ သူတို့ပြုသောရွံရှာဘွယ်အမှုမျှသာပြုသည်မဟုတ်၊ ထိုအမှုကို သာမညအမှုဟူ၍ ထင်မှတ် သဖြင့်၊ သင်သည် အရာရာ၌သူတို့ထက်သာ၍ ဆိုးညစ်ပေ၏။
Hukuenenda katika njia zao na kuchukua tabia zao na matendo yao, lakini katika njia zako zote ulikuwa mbaya zaidi kuliko walivyokuwa wao.
48 ၄၈ ငါအသက်ရှင်သည်အတိုင်း၊ သင်သည် ကိုယ့် သမီးတို့နှင့်တကွ ပြုသကဲ့သို့၊ ညီမသောဒုံနှင့်သူ၏သမီးတို့ သည် မပြုကြ။
Kama niishivyo- hivi ndivyo Bwana Yahwe asemavyo-dada yako Sodoma na binti zake, hawajafanya uovu mwingi kama wewe ulivyofanya na binti zako walivyofanya.
49 ၄၉ သင့်ညီမသောဒုံ၏ အပြစ်ဟူမူကား၊ သူနှင့် သူ့သမီးတို့သည် မာနကြီးခြင်း၊ ဝစွာစားသောက်ခြင်း၊ ငြိမ်ဝပ်စွာကောင်းစားခြင်းရှိ၍၊ ဆင်းရဲငတ်မွတ်သော သူတို့ကို မထောက်ပံ့ဘဲ နေကြ၏။
Tazama! Hii ilikuwa dhambi ya dada yako Sodoma: Alikuwa na kiburi katika mafanikio yake, uzembe na kutojali kuhusu chochote. Hakuitia nguvu mikono ya maskini na watu wahitaji.
50 ၅၀ မာနထောင်လွှား၍ ငါ့ရှေ့မှာ စက်ဆုပ်ရွံ့ရှာ ဘွယ်သော အမှုတို့ကိုပြုကြ၏။ ထိုကြောင့်၊ သင်မြင်သည် အတိုင်းသူတို့ကို ငါပယ်ရှင်းပြီ။
Alikuwa na kiburi na kufanya machukizo mbele yangu, hivyo niliwatoa kama nilivyoona.
51 ၅၁ ရှမာရိသည်လည်း၊ သင်ပြုမိသော ဒုစရိုက် တဝက်ကိုမျှမပြုမိ။ သင်မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည်တိုင်အောင်၊ စက်ဆုပ်ရွံရှာဘွယ်သော အမှုတို့ကို သူတို့ထက်မက များပြားစွာပြုလေပြီတကား။
Samaria hakufanya hata nusu ya dhambi zako; badala yake, umefanya machukizo mengi kuliko walivyofanya, na umewonyesha hayo dada zako walikuwa bora kuliko wewe kwa sababu ya machukizo yako uyafanyayo!
52 ၅၂ သင်သည်ညီအစ်တို့ကို အပြစ်တင်၍ စီရင် လျက်ပင်၊ သူတို့ ပြုသည်ထက်စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့ကိုသာ၍ပြုသောကြောင့်၊ အရှက်ကွဲခြင်းကိုခံလော့။ သူတို့သည် သင့်ထက်သာ၍ အပြစ်နည်းကြ၏။ သင် မူကား၊ ညီအစ်မတို့၏အပြစ်ကို မထင်ရှားစေသည် တိုင်အောင်ပြုသောကြောင့် စိတ်ပျက်၍ အရှက်ကွဲခြင်းကို ခံရလော့။
Hasa wewe, umeonyesha aibu yako mwenyewe; kwa njia hii umewaonyesha dada zako walikuwa bora kuliko wewe, kwa sababu ya dhambi ulizozifanya katika hayo machukizo yako yote. Dada zako sasa wanaonekana bora kuliko wewe. Hasa wewe, umeonyesha aibu yako mwenyewe, kwa njia hii umewaonyesha kwamba dada zako walikuwa bora kuliko wewe.
53 ၅၃ သိမ်းသွားခြင်းကိုခံရသော သောဒုံနှင့်သူ၏ သမီးများ၊ ရှမာရိနှင့် သူ၏သမီးများကို တဖန်ငါဆောင်ခဲ့ သော အခါ၊သိမ်းသွားခြင်းကို ခံရသော သင်၏လူတို့ကို သူတို့နှင့်အတူ ငါဆောင်ခဲ့မည်။
Kwa kuwa nitarudisha masalia wao-masalia ya Sodoma na binti zake, na masalia ya Samaria na binti zake; lakini masalia yako yatakuwa miongoni mwao.
54 ၅၄ သို့ဖြစ်၍၊ သင်သည် သူတို့ကိုနှစ်သိမ့်စေ၍၊ ပြုလေသမျှတို့ကြောင့် စိတ်ပျက်လျက် အရှက်ကွဲခြင်းကို ခံရလိမ့်မည်။
Kwa kufikiria haya mambo utaonyesha aibu yako; utakuwa mnyenyekevu kwa sababu ya kila kitu ulichokifanya, na kwa njia hii utakuwa faraja kwao.
55 ၅၅ သင်၏ညီအစ်မသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့် သူ၏သမီးများတို့သည် အရင်နေရာသို့ ပြန်ရောက်သောအခါ၊ သင်သည်လည်း သင်၏ သမီးတို့ နှင့်တကွ အရင်နေရာသို့ပြန်ရောက်ရလိမ့်မည်။
Hivyo dada yako Sodoma na binti zake watarudishwa kwenye hali yao ya zamani, na Samaria na binti zake watarudishwa kwenye mashamba yao ya zamani. Kisha wewe na binti zako watarudishwa kwenye hali yako ya kawaida.
56 ၅၆ ရှုရိသမီးများနှင့် သူတို့ပတ်လည်၌နေသော သူအပေါင်းတို့သည် သင့်ကိုကဲ့ရဲ့၍၊ သင့်ပတ်လည်၌ နေသော ဖိလိတ္တိသမီးများတို့သည်မထီမဲ့မြင်ပြုကြသဖြင့်၊ သင်ပြုသောဒုစရိုက်အပြစ်မထင်ရှားမှီ သင်သည်မာန ထောင်လွှားစဉ်ကာလတွင်၊ သင့်ညီမသောဒုံ၏နာမကို အလျှင်းနှုတ်မမြွက်။
Sodoma dada yako hakutajwa hata kwa kinywa chako katika siku ulipojiinua,
57 ၅၇
kabla uovu wako haujafunuliwa. Lakini sasa wewe ni kitu cha dharau kwa binti za Edomu na binti wote wa Wafilisti waliomzunguka. Watu wote wanakudharau wewe.
58 ၅၈ ယခုမူကား၊ သင်သည် ကိုယ်ဆိုးညစ်သောအမှု နှင့် စက်ဆုပ်ရွံ့ရှာဘွယ်သော အမှုတို့၏ အပြစ်ကို ခံရမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။
Utaonyesha aibu yako na matendo yako ya machukizo! -hivi ndivyo Yahwe asemavyo!
59 ၅၉ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို ဖျက်လိုသောငှါ၊ သစ္စာ ဂတိကို မရိုမသေပြုသည်နှင့်အညီ သင်၌ငါပြုမည်။
Bwana Yahwe asema hivi: Nitashughulika na wewe kama unavyostahili, wewe uliyedharau kiapo chako kwa kulivunja agano.
60 ၆၀ သို့သော်လည်း၊ ငါသည်သင့်အသက်ငယ်စဉ်၊ ဖွဲ့သောပဋိညာဉ်ကို အောက်မေ့၍၊ တဖန်ထာဝရ ပဋိညာဉ် သင်နှင့်ဖွဲ့ဦးမည်။
Lakini mimi mwenyewe nitalikumbuka agano langu nililolifanya pamoja nawe katika siku za ujana wako, nitaliimarisha agano la milele pamoja na wewe.
61 ၆၁ သင်သည် ဝန်ခံခြင်းပဋိညာဉ်ကို မစောင့်ရ သော်လည်း၊ ပဋိညာဉ်အားဖြင့် သင်၏ညီအစ်မတို့ကို သင်၏သမီးဖြစ်ဘို့ရာငါပေး၍၊ သင်သည် ထိုသူတို့ကို လက်ခံသောအခါ၊ သင်ပြုမိသောအမှုများကို အောက်မေ့ ၍ ရှက်ကြောက်ရလိမ့်မည်။
Kisha utazikumbuka njia zako na kuona aibu utakapo wapokea dada zako wakubwa na dada zako wadogo. Nitakupatia wao kama binti zako, lakini kwa sababu ya agano lako.
62 ၆၂ ထိုအခါငါ၏ ပဋိညာဉ်ကိုသင်နှင့်ငါဖွဲ့မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်သိရလိမ့်မည်။
Mimi nitaweka imara agano lango pamoja nawe, nawe utajua yakwamba mimi ni Yahwe.
63 ၆၃ သင်ပြုဘူးသမျှသော အမှုတို့ကို ငါမမှတ်။ စိတ်ပြေသောအခါ သင်သည် အောက်မေ့၍ ရှက် ကြောက်ခြင်းနှင့် မျက်နှာပျက်ခြင်းကြောင့်၊ နှုတ်ကို မဖွင့်ဘဲရေလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော် မူ၏။
Kwa sababu ya haya mambo, utakumbuka kila kitu na kuona aibu, hutafungua mdomo wako tena kuongea kwa sababu ya aibu yako, wakati nitakapokusamehe kwa yale yote uliyoyafanya-hivi ndivyo Bwana Yahwe asemavyo.”'

< ယေဇကျေလ 16 >