< ယေဇကျေလ 13 >

1 တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
Mənə Rəbbin bu sözü nazil oldu:
2 အချင်းလူသား၊ ကိုယ်အလိုအလျောက် ပရော ဖက် ပြု၍ ဟောပြောတတ်သော ဣသရေလအမျိုး ပရောဖက်တို့တဘက်၌ ဟောပြောလော့။ ထာဝရဘုရား ၏ အမိန့်တော်ကိုနားထောင်ကြဟု သူတို့အားပြောလော့။
«Ey bəşər oğlu, peyğəmbərlik edən İsrail peyğəmbərlərinə qarşı peyğəmbərlik et və öz-özlərindən peyğəmbərlik edən adamlara söylə ki, Rəbbin sözünü eşitsinlər.
3 အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ အဘယ်အရာကိုမျှ မမြင်ဘဲ၊ ကိုယ်စိတ်အလိုသို့ လိုက် တတ်သော ပရောဖက်မိုက်တို့သည် အမင်္ဂလာရှိကြ၏။
Xudavənd Rəbb belə deyir: “O axmaq peyğəmbərlərin vay halına! Onlar öz ruhları ilə ilhamlanır və heç bir vəhy almayıb.
4 အိုဣသရေလအမျိုး၊ သင်၏ပရောဖက်တို့သည် တော၌နေသော မြေခွေးနှင့် တူကြ၏။
Ey İsrail, sənin peyğəmbərlərin viranəliklərdə dolaşan tülkülərə bənzəyir.
5 ဣသရေလအမျိုးသည် ထာဝရဘုရား၏ နေ့ ရောက်မှစစ်တိုက်၍ ခံနိုင်မည်အကြောင်း၊ သူတို့သည် မြို့ရိုးပျက် အပေါ်သို့တက်၍၊ ပြုပြင်ခြင်းအမှုကို မပြုဘဲ နေကြ၏။
Ey peyğəmbərlər, siz divarın dəliklərinə çıxmadınız, Rəbbin günündə döyüşdə bərk dayanmaq üçün İsrail nəslinin ətrafında divar qurmadınız.
6 အချည်းနှီးသောအရာကို မြင်ကြပြီ။ ထာဝရ ဘုရားစေလွှတ်တော်မမူဘဲ၊ ထာဝရဘုရားမိန့်တော်မူသည် ဟုဆိုလျက်၊ လှည့်စား၍ပရောဖက်ပြုကြပြီ။ ကိုယ်စကား ပြည့်စုံ မည်ဟု သူတပါးယုံစေခြင်းငှါ ပြုကြပြီ။
Onlar boş şeylər görərək falçılıq edib yalan danışır. Söyləyirlər ki, bunu Rəbb bəyan edir, Rəbb isə onları göndərməyib. Yenə də ümid verirlər ki, sözləri yerinə yetəcək.
7 ငါမပြောဘဲ ထာဝရဘုရားမိန့်တော်မူသည်ဟု သင်တို့ဆိုလျက်၊ အချည်းနှီးသော အရာကိုမြင်ကြပြီ မဟုတ်လော။ လှည့်စား၍ ပရောဖက်ပြုကြပြီ မဟုတ် လော့။
Sizin gördüyünüz görüntü boş və etdiyiniz falçılıq yalan deyilmi? Siz bunlara ‹Rəbb bəyan edir› deyirsiniz, Mənsə belə söyləmədim”.
8 ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သင်တို့သည် အချည်းနှီးသော စကားကို ပြော၍ မုသာရူပါရုံကိုမြင်သောကြောင့် ငါသည် သင်တို့ တဘက်၌ နေ၏။
Buna görə də Xudavənd Rəbb belə deyir: “İndi ki boş sözlər söyləyib yalan şeylər gördünüz, Mən sizə qarşıyam” Xudavənd Rəbb belə bəyan edir.
9 အချည်းနှီးသော အရာကိုမြင်၍ မုသာစကားကို ဟောပြောတတ်သော ပရောဖက်တို့ကို ငါဆီးတားသဖြင့်၊ သူတို့သည် ငါ၏ပရိသတ်စည်းဝေးရာသို့ မဝင်ရကြ။ ဣသရေလ အမျိုး၏ စာရင်း၌ သူတို့အမည်ကို မသွင်းရ။ ဣသရေလပြည်၌နေရာမချရ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
“Mən boş şeylər görən və falçılıq edib yalan danışan peyğəmbərləri Öz əlimlə cəzalandıracağam. Onlar Mənim xalqımın məclisində olmayacaq, İsrail nəslinin siyahısına yazılmayacaq və İsrail torpağına girməyəcək. Onda biləcəksiniz ki, Xudavənd Rəbb Mənəm.
10 ၁၀ ငြိမ်သက်ခြင်းမရှိသော်လည်း၊ ငြိမ်သက်ခြင်း ရှိသည်ဟု သင်တို့ဆိုလျက်၊ ငါ၏လူတို့ကို လှည့်စားသော ကြောင့်၎င်း၊ တယောက်ကား အုတ်ရိုးကိုတည်လျက်၊ တယောက်ကားအင်္ဂတေနှင့်မွမ်းမံလျက်ပြုသောကြောင့် ၎င်း၊
Bunu ona görə edəcəyəm ki, onlar sülh olmadığı halda ‹sülh› deyib xalqımı azdırır. Biri bünövrəsiz divar tikəndə o biri ona suvaq vurur.
11 ၁၁ ထိုအုတ်ရိုးသည်ပြိုလဲမည်ဟု အင်္ဂတေနှင့်မွမ်းမံ သောသူတို့အား ပြောလော့။ မိုဃ်းရေလွှမ်းမိုးလိမ့်မည်။ ကြီးစွာသော မိုဃ်းသီးကျလိမ့်မည်။ မိုဃ်းသက်မုန်တိုင်း တိုက်ဖျက်လိမ့်မည်။
Sən suvaq vuranlara söylə ki, o divar uçacaq. Şiddətli yağış yağacaq və dolu dənələrini yerə salacağam. Tufan küləyi divara qarşı əsəcək.
12 ၁၂ ထိုအုတ်ရိုးသည်ပြိုလဲပြီးမှ၊ သင်တို့မွမ်းမံသော အင်္ဂတေသည် အဘယ်မှာရှိသနည်းဟု သင်တို့အား သူတပါးမေးလိမ့်မည်မဟုတ်လော။
Bəs divar uçanda sizə ‹vurduğunuz suvaq necə oldu› deməyəcəklərmi?”
13 ၁၃ ထိုကြောင့်၊ အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ ငါသည် အမျက်ထွက်၍၊ သင်တို့အုတ်ရိုးကို မိုဃ်းသက်မုန်တိုင်းအားဖြင့်တိုက်၍ ဖျက်မည်။ ငါ၏ ဒေါသအရှိန်ကြောင့် မိုဃ်းရေလွှမ်းမိုး၍၊ ကြီးစွာသော မိုဃ်းသီးနှင့်ဆုံးစေမည်။
Buna görə də Xudavənd Rəbb belə deyir: “Mən Öz qəzəbimlə tufan küləyi əsdirib, Öz hiddətimlə şiddətli yağış və dolu yağdıracağam ki, divar qızğınlığımla məhv olsun.
14 ၁၄ ထိုသို့သင်တို့သည် အင်္ဂတေနှင့် မွမ်းမံသော အုတ်ရိုးကို မြေတိုင်အောင် ငါဖြိုချ၍ အမြစ်ကိုလှန်သဖြင့်၊ အုတ်ရိုးသည်လဲ၍ ဖိမိလျက်၊ သင်တို့သည် အသက်ဆုံးကြ လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို ထိုအခါ သိရကြလိမ့်မည်။
Beləcə suvaq vurduğunuz divarı uçurub yerlə yeksan edəcəyəm və bünövrəsi görünəcək. Siz də yıxılan divarın altında həlak olacaqsınız. Onda biləcəksiniz ki, Rəbb Mənəm.
15 ၁၅ ထိုသို့အုတ်ရိုး၌၎င်း၊ အင်္ဂတေနှင့် မွမ်းမံသော သူတို့၌၎င်း၊ ငါသည်ကိုယ်အမျက်ကို ဖြေမည်။ အုတ်ရိုး မရှိဟူ၍၎င်း၊ အင်္ဂတေနှင့် မွမ်းမံသောသူတည်းဟူသော၊
Öz qızğınlığımı divarın və ona suvaq vuranların üzərində söndürəcəyəm. Sizə deyəcəyəm ki, divar da yoxdur, ona suvaq vuran İsrail peyğəmbərləri də.
16 ၁၆ ငြိမ်သက်ခြင်းမရှိသောအခါ ယေရုရှလင်မြို့ အဘို့ ငြိမ်သက်ခြင်း ရူပါရုံကို မြင်၍ ဟောပြောသော ဣသရေလပရောဖက်များမရှိကြဟူ၍၎င်း၊ သူတို့အား ငါပြောမည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
O peyğəmbərlər Yerusəlim üçün peyğəmbərlik edir və sülh olmadığı halda orada sülh olacağı barədə görüntülər görür” Xudavənd Rəbb belə bəyan edir.
17 ၁၇ ထိုမှတပါး၊ အချင်းလူသား၊ ကိုယ်အလို အလျောက် ပရောဖက်ပြုသောသင်၏ အမျိုးသမီးတို့ တဘက်၌ မျက်နှာပြု၍၊
Sən ey bəşər oğlu, öz-özlərindən peyğəmbərlik edən xalqının qadınlarına üzünü tut və onların əleyhinə peyğəmbərlik edib
18 ၁၈ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဟော ပြောဆင့်ဆိုရမည်မှာ၊ အသက်ဝိညာဉ်တို့ကို ဘမ်းခြင်းငှါ ခပ်သိမ်းသော သူတို့၏နံပါး၌ ခေါင်းအုံးကိုထည့်၍၊ လူအကြီးအငယ်တို့ခေါင်းပေါ်မှာ ဦးထုပ်တို့ကို တင်ထား သောမိန်းမတို့သည် အမင်္ဂလာရှိကြ၏။ ငါ့လူတို့၏ အသက်ဝိညာဉ်ကို ဘမ်း၍၊ ကိုယ်အသက်ဝိညာဉ်ကို သေခြင်းမှ ကယ်ချွတ်ကြလိမ့်မည်လော။
söylə ki, Xudavənd Rəbb belə deyir: “Canları ovlamaq üçün hər kəsin biləyinə yastıqçalar tikən və hər boyda olan adamın başına örtüklər düzəldən qadınların vay halına! Elə bilirsiniz ki, xalqımın canlarını ovlamaqla öz canınızı salamat saxlayacaqsınız?
19 ၁၉ မုယောဆန်တလက်ဆွန်းနှင့်မုန့်တဖဲ့ကို ရအံ့ သောငှါ၊ ငါ၏လူတို့တွင် ငါ့ကိုရှုတ်ချကြလိမ့်မည်လော။ မုသာစကားကို နားထောင်တတ်သော ငါ၏လူတို့အား မုသာစကားကို ပြောသောအားဖြင့်၊ မသေအပ်သော သူတို့၏ အသက်ကိုသတ်၍၊ မရှင်အပ်သောသူတို့ကို အသက်ချမ်းသာပေးကြလိမ့်မည်လော။
Xalqımın önündə bir neçə ovuc arpa və bir neçə parça çörək üçün Məni izzətdən saldınız. Yalana qulaq asan xalqıma yalan söyləyərək ölməyə layiq olmayanları öldürdünüz və yaşamağa layiq olmayanları yaşatdınız”.
20 ၂၀ ထိုကြောင့် အရှင်ထာဝရဘုရားမိန့်တော်မူ သည်ကား၊ သင်တို့သည် အသက်ဝိညာဉ်တို့ကို ရအောင် ဘမ်းလျက်၊ သုံးတတ်သောခေါင်းအုံးတို့ကို ငါသည် ရန်ဘက်ပြု၍ သင်တို့နံပါးမှဆွဲနှုတ်ပြီးလျှင်၊ သင်တို့ ရအောင် ဘမ်းသော အသက်ဝိညာဉ်တို့ကို ငါလွှတ်လိုက်မည်။
Buna görə də Xudavənd Rəbb belə deyir: “İndi Mən sizin ovsun yastıqçalarınıza qarşıyam. Həmin yastıqçalarla siz orada adamları quş kimi ovlayırsınız. Mən onları qollarınızdan qoparacağam. Quş kimi ovladığınız adamları azad edəcəyəm.
21 ၂၁ သင်တို့ဦးထုတ်တို့ကိုလည်း ငါဆုတ်၍၊ ငါ၏ လူတို့ကို သင်တို့လက်မှ ကယ်နှုတ်မည်။ နောက်တဖန် သူတို့သည် အဘမ်းခံ၍၊ သင်တို့လက်သို့ မရောက်ရကြ။ ငါသည် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။
Örtüklərinizi də yırtacaq və xalqımı əlinizdən qurtaracağam. Onlar daha bir ov kimi sizin əlinizdə əsir olmayacaq. Onda biləcəksiniz ki, Rəbb Mənəm.
22 ၂၂ ငါမညှိုးငယ်စေသော လူကောင်းတို့ကို သင်တို့ သည် မုသာစကားအားဖြင့် ညှိုးငယ်စေသောကြောင့်၎င်း၊ လူဆိုးတို့သည် ဆိုးသောလမ်းကို မရှောင်စေခြင်းငှါ အသက်ချမ်းသာပေး၍၊သူတို့ကိုခိုင်မာစေသောကြောင့် ၎င်း၊
Mənim kədərlənməsini istəmədiyim salehin ürəyini siz yalanlarla kədərləndirdiniz, pis adamın qoluna güc verdiniz ki, öz pis yolundan dönməsin və canını qurtarmasın.
23 ၂၃ နောက်တဖန်သင်တို့သည် အချည်းနှီးသော အရာကိုမမြင်ရကြ။ ပရောဖက်ပြု၍မဟောရကြ။ ငါ၏ လူတို့ကိုသင်တို့လက်မှငါကယ်နှုတ်မည်။ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်ဟု မိန့်တော် မူ၏။
Buna görə də artıq boş görüntülər görməyəcək və falçılıq etməyəcəksiniz. Mən Öz xalqımı sizin əlinizdən qurtaracağam. Onda biləcəksiniz ki, Rəbb Mənəm”».

< ယေဇကျေလ 13 >