< ယေဇကျေလ 11 >

1 ထိုနောက် ဝိညာဉ်တော်သည် ငါ့ကိုချီ၍၊ အရှေ့ ဘက်သို့ မျက်နှာပြုသော ထာဝရဘုရား၏ အိမ်တော် အရှေ့တံခါးသို့ ဆောင်သွား၍၊ တံခါးဝ၌ လူနှစ်ကျိပ် ငါးယောက်ရှိ၏။ သူတို့တွင်မင်းပြုသောသူ၊ အဇုရသား ယာဇညာ၊ ဗေနာယသားပေလတိတို့ကို ငါမြင်၏။
Nonjone’ i Tiokey raho vaho nente’e niakatse mb’ an-dalambey atiñana’ i anjomba’ Iehovày miatreke maniñanañe; le ingo am-pimoahañe i lalambeiy t’indaty roapolo-lim’ amby; tama’e ao Iaazanià ana’ i Azore naho i Pelatià ana’ i Benaià, roandria’ ondatio.
2 ဗျာဒိတ်တော်အသံကား၊ အချင်းလူသား၊ ဤ သူတို့သည် မကောင်းသောအကြံကို ကြံစည်၍၊ ဤမြို့၌ မတရားသော တိုင်ပင်ခြင်းကို ပြုသောသူဖြစ်ကြ၏။
Le hoe re amako, O ana’ ondatio, iretoañe o mpikitro-draha raty naho mpanoro heve-kaloloañe ami’ty rova toio,
3 သူတို့က၊ အမှုမရောက်သေး။ အိမ်ဆောက်ကြ ကုန်အံ့။ ဤမြို့သည် အိုးကင်း၊ ငါတို့သည် အမဲသား ဖြစ်သည်ဟု ဆိုတတ်ကြ၏။
ie manao ty hoe: Tsy marine antika ze o fandranjiañe anjomba zao; etoañe i valàñey, itika ro hena’e.
4 သို့ဖြစ်၍ အိုလူသား၊ သူတို့တဘက်၌ ပရောဖက် ပြု၍ ဟောပြောလော့ဟု မိန့်တော်မူ၏။
Aa le itokio, mitokia ry ana’ondatio.
5 ထိုအခါ ထာဝရဘုရား၏ ဝိညာဉ်တော်သည် ငါ့အပေါ်သို့ သက်ရောက်၍၊ သင်သည် ဟောပြောလော့။ ထာဝရဘုရားမိန့်တော်မူသည်ကား၊ အိုဣသရေလ အမျိုး၊ သင်တို့သည် ဤသို့ပြောဆိုကြပြီ။ သင်တို့ကြံစည် သမျှတို့ကို ငါသိ၏။
Nivotrak’amako amy zao i Arofo’ Iehovày nanao ty hoe, Isaontsio ty hoe: Hoe t’Iehovà, Fa nanoa’ areo ty hoe ry anjomba’ Israele, amy te apotako o raha mizilik’ am-pitsakorea’ areoo.
6 သင်တို့သည် ဤမြို့၌သူရဲတို့ကို များပြားစေ၍၊ မြို့လမ်းတို့ကို သူရဲများနှင့်ပြည့်စေကြပြီ။
Fa nampitomboe’ areo ty zinamañe an-drova atoy, vaho nitsitsife’ areo lolo o lalañeo.
7 ထိုကြောင့် အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်တို့ထားသော သူရဲတို့သည် အမဲသား ဖြစ်၏။ ဤမြို့သည် အိုးကင်းဖြစ်၏။ သို့သော်လည်း၊ သင်တို့ကို မြို့ထဲက ငါထုတ်မည်။
Aa le hoe ty nafè’ Iehovà Talè; O zinamañe nirohote’ areo an-damoko, ie ty nofo’e, le i rovay ty valàñe fe hakareko boak’ao nahareo.
8 သင်တို့သည် ထားကို ကြောက်သည်ဖြစ်၍၊ ငါသည် ထိုထားကို သင်တို့အပေါ်သို့ရောက်စေမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
Irevendreveña’ areo i fibaray, aa le ty fibara ty hampombàko mb’ama’ areo, hoe t’Iehovà Talè.
9 ငါသည် သင်တို့ကိုမြို့ထဲက ထုတ်ပြီးလျှင်၊ တကျွန်းတနိုင်ငံသား တို့၏လက်သို့အပ်၍ အပြစ်ဒဏ်ကို စီရင်မည်။
Ie hakareko boak’ao le haseseko am-pitàn-ambahiny naho hampijadoñeko zaka.
10 ၁၀ သင်တို့သည် ထားဖြင့်ဆုံးရှုံးကြ၍၊ ဣသရေလ ပြည်စွန်းမှာ ငါ စစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
Hampikorovohe’ ty fibara, ho zakaeko añ’ olo’ Israele añe, hahafohina’ areo te Zaho Iehovà.
11 ၁၁ ဤမြို့သည် သင်တို့၏ အိုးကင်းမဖြစ်ရ၊ သင်တို့ သည်လည်း၊ အိုးကင်း၌ အမဲသားမဖြစ်ရကြ။ ဣသရေလ ပြည်စွန်းမှာ ငါစစ်ကြောစီရင်သဖြင့်၊ ငါသည် ထာဝရ ဘုရားဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။
Tsy ho valàñe’ areo ty rova toy, vaho tsy inahareo ty ho nofo’e am-po’e ao, fa tsy mete tsy zakaeko añ’ olon-tane’ Israele añe,
12 ၁၂ အကြောင်းမူကား၊ သင်တို့သည် ငါ၏ဘုရား လမ်းသို့မလိုက်၊ ငါ့စီရင်ချက်တို့ကို မစောင့်၊ သင်တို့ ပတ်လည်၌နေသော လူမျိုးတို့၏ ထုံးစံဓလေ့တို့ကို လိုက်ကြပြီဟု မိန့်တော်မူ၏။
vaho hapota’ areo te Zaho Iehovà; ie tsy nañavelo amo fañèkoo, naho tsy nañorike o zakakoo, fa o fepèm-pifeheañe mañohokeo ty orihe’ areo.
13 ၁၃ ထိုဗျာဒိတ်တော်စကားကို ငါသည်ဆင့်ဆို၍ ဟောပြောစဉ်တွင်၊ ဗေနာယသားပေလတိသည် သေ၏။ ငါသည်လည်း ပြပ်ဝပ်၍၊ အိုအရှင် ထာဝရဘုရား၊ ကျန်ကြွင်းသော ဣသရေလအမျိုးသားတို့ကို ဆုံးရှုံး စေတော်မူမည်လောဟု ကျယ်သောအသံနှင့် ကြွေးကြော် ၏။
Ie nitoky raho le nihomake t’i Pelatià ana’ i Benaià. Aa le nitoke an-tareheko, nipazake ty hoe: Hete! ry Iehovà Talè! hagadoñe hao ty sehanga’Israele?
14 ၁၄ တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
Le niheo amako ty tsara’ Iehovà nanao ty hoe,
15 ၁၅ အချင်းလူသား၊ ယေရုရှလင်မြို့သူမြို့သားတို့က၊ ထာဝရဘုရားထံတော်မှ ဝေးစွာထွက်သွားကြလော့။ ဤပြည်ကိုငါတို့အား အပိုင်ပေးတော်မူပြီဟု သင်၏ ညီအစ်ကို၊ သင်၏အမျိုးသားချင်း၊ ဣသရေလအမျိုး သားအပေါင်းတို့အား ဆိုတတ်ကြ၏။
O ana’ ondatio, toe o longo’oo, eka o roahalahi’oo, o lahilahim-pifokoa’oo, vaho ze hene anjomba’ Israele, ro nanoa’ o mpimone’ Ierosa­laimeo ty hoe, Ihankaño t’Iehovà; fa natolots’ anay ty tane toy ho fanaña’ay.
16 ၁၆ ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ သင်၏အမျိုးသားချင်းတို့ကို တပါးအမျိုးသား တို့ နေရာဝေးသောအရပ်သို့ ငါပြောင်းစေ၍၊ အတိုင်း တိုင်းအပြည်ပြည်တို့၌ ဖြန့်ကြဲသော်လည်း၊ သူတို့ ရောက် သောပြည်တို့၌ ငါသည်သူတို့အဘို့ သန့်ရှင်းရာဌာနကဲ့သို့ ခဏ ဖြစ်လိမ့်မည်။
Aa le ano ty hoe: Hoe ty nafè’ Iehovà Talè, Ndra te nahifiko tsietoitane añe iereo, añivo’ o kilakila ondatio ao, naho naparaitako amo fifeheañeo, mbe ho fitsoloha’ iareo kede an-tane homba’ iereo raho.
17 ၁၇ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ သူတို့ ကို ဖြန့်ကြဲသော လူအမျိုးမျိုး နေရာအတိုင်းတိုင်း အပြည်ပြည်တို့မှ ငါသိမ်းယူ၍၊ စုဝေးပြီးလျှင်၊ ဣသရေလ ပြည်ကိုပေးမည်။
Aa le ano ty hoe, Hoe t’Iehovà Talè, hatontoko am’ondatio nahareo, naho havoriko boak’ amo fifeheañe nampiparaitsahañe anahareoo, vaho hitolorako ty tane’ Israele.
18 ၁၈ သူတို့သည် ထိုပြည်သို့ရောက်၍၊ စက်ဆုပ်ရွံရှာ ဘွယ်သော အမှုအရာရှိသမျှတို့ကို ပယ်ရှားကြလိမ့်မည်။
Le homb’eo iereo, fonga hañondroke o haleora’eo naho o hativa’e ama’eo.
19 ၁၉ ငါသည်လည်း၊ ညီညွတ်သော စိတ်နှလုံးနှင့် အသစ်သောသဘောကို သွင်းပေးမည်။ သူတို့ကိုယ်ခန္ဓာ ထဲက ကျောက်နှလုံးကို နှုတ်၍၊ အသားနှလုံးကို ပေးသော ကြောင့်၊
Le ho tolorako arofo raike naho haziliko ama’ areo ty arofo vao; naho hakareko amo nofo’ iareoo ty troke gañe vaho ho tolo­rako arofo nofotse;
20 ၂၀ သူတို့သည် ငါစီရင်ထုံးဖွဲ့သော ပညတ်တရား လမ်းသို့လိုက်၍ စောင့်ရှောက်သဖြင့်၊ ငါ၏လူဖြစ်ကြ လိမ့်မည်။ ငါသည်လည်း သူတို့၏ ဘုရားသခင်ဖြစ်မည်။
hañaveloa’ iareo amo fañèkoo naho hambena’ iareo o fepèkoo, hañeneke irezay; le h’ondatiko iereo vaho ho Andrianañahare’ iareo raho.
21 ၂၁ သို့မဟုတ်လျှင်၊ စက်ဆုပ်ရွံ့ရှာဘွယ်သော အမူ အရာတို့၏ အလိုသို့ စိတ်နှလုံးအားဖြင့် လိုက်သော သူတို့၏ အပြစ်ကို၊ သူတို့၏ခေါင်းပေါ်သို့ ငါရောက်စေ မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
Fe ty amo mpañorike ty fisalalan’ arofo’e mpilelalela o haleora’eo naho o hativa’eoo, le hondroheko an-doha’ iareo ty sata’iareo, hoe t’Iehovà Talè.
22 ၂၂ ထိုအခါ ခေရုဗိမ်တို့သည် အတောင်တို့ကို ဖြန့်၍၊ ဘီးတို့သည်လည်း လိုက်ကြ၏။ ဣသရေလအမျိုး၏ ဘုရားသခင့်ဘုန်းတော်သည်လည်း သူတို့အပေါ်၌ ရှိတော်မူ၏။
Ie amy zao, nonjone’ i kerobe rey o ela’eo naho o larò mpirekets’ ama’eo; vaho ambone’ iareo eo ty engen’ Andrianañahare’ Israele,
23 ၂၃ ထာဝရဘုရား၏ ဘုန်းတော်သည် မြို့ထဲက တက်၍၊ မြို့အရှေ့မှာ ရှိသောတောင်ပေါ်၌ ရပ်တော်မူ၏။
le nionjoñe boak’ añivo’ i rovay ty enge’ Iehovà, nijohañe anka­boa’ i vohitse atiñana’ i rovay eñey.
24 ၂၄ ဝိညာဉ်တော်သည်လည်း၊ ဘုရားသခင်၏ ဗျာဒိတ်ရူပါရုံအားဖြင့် ငါ့ကိုချီ၍ သိမ်းသွားသော သူတို့ နေရာ၊ ခါလဒဲပြည်သို့ ဆောင်သွားတော်မူ၏။ ငါမြင်ခဲ့ပြီး သော ဗျာဒိတ်ရုံသည်လည်း ငါနှင့်ကွာ၍ တက်သွား၏။
Modo zay le nongahe’ i Tiokey raho vaho nendeseñ’ añ’ aroñaroñe amy Tion’ Añaharey mb’an-tane o nte-Kasdio mb’amo mpirohio mb’eo. Aa le niakatse amako nañambone mb’eo i aroñaroñe nitrea­koy.
25 ၂၅ ထာဝရဘုရားပြတော်မူခဲ့ပြီးသော အမှုအရာ ရှိသမျှတို့ကို ငါသည်သိမ်းသွားခြင်းကိုခံရသော သူတို့အား ကြားပြောလေ၏။
Ie amy zay nataliliko amo mpirohio iaby o tsara naboa’ Iehovà amakoo.

< ယေဇကျေလ 11 >