< ထွက်မြောက်ရာ 4 >

1 မောရှေကလည်း၊ ထိုသူတို့သည် အကျွန်ုပ်ကို မယုံ၊ အကျွန်ုပ်စကားကို နားမထောင်ဘဲနေ၍၊ ထာဝရ ဘုရားသည် သင့်အားထင်ရှားတော်မမူဟု ဆိုကြပါ လိမ့်မည်ဟု ပြန်လျှောက်လေ၏။
Musa akajibu, “Lakini itakuwaje wasiponiamini mimi au wasiponisikiliza na kusema, 'Yahwe hajakutokea wewe?”
2 ထာဝရဘုရားကလည်း၊ သင်၏လက်၌ အဘယ်အရာရှိသနည်းဟု မေးတော်မူလျှင်၊ လှံတံရှိပါ၏ဟု လျှောက်၏။
Yahwe akamwambia, “Hicho ni nini mkononi mwako?” Musa aksema, “Ni fimbo.”
3 မြေပေါ်မှာ ပစ်ချလော့ဟု မိန့်တော်မူသည်အတိုင်း ပစ်ချသဖြင့်၊ လှံတံသည် မြွေဖြစ်၍၊ မောရှေသည် သူ့ရှေ့မှ ပြေးလေ၏။
Yahwe akasema, “Itupe chini.” Musa akaitupa chini ile fimbo, nayo ikageuka na kuwa nyoka. Musa akarudi nyumba.
4 ထာဝရဘုရားကလည်း၊ သင့်လက်ကိုဆန့်၍ သူ့အမြီးကို ကိုင်ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ မောရှေသည် လက်ကိုဆန့်၍ ဘမ်းမိသဖြင့်၊ သူ၏လက်၌ လှံတံဖြစ်ပြန်လေ၏။
Yahwe akamwambia Musa, “Mchukue kwa kumshikia mkia wake.” Hivyo alimchukua yule nyoka. Mara ikaggeuka na kuwa fimbo mkononi mwake tena.
5 သို့ပြုလျှင် သူတို့ဘိုးဘေးများ၏ ဘုရားသခင်၊ အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရား တည်းဟူသော ထာဝရဘုရားသည် သင့်အား ထင်ရှားတော်မူကြောင်းကို ထိုသူတို့သည် ယုံကြလိမ့်မည်ဟု မိန့်တော်မူ၏။
“Hii ni ili wapate kuamini ya kuwa Yahwe, Mungu wa baba zao, Mungu wa wa Abrahamu, Mungu wa Isaka, na Mungu wa Yakobo amekutokea wewe.”
6 တဖန် ထာဝရဘုရားက၊ သင်၏လက်ကိုသင်၏ ရင်ခွင်သို့ သွင်းလော့ဟု မိန့်တော်မူသည်အတိုင်း၊ လက်ကို ရင်ခွင်သို့သွင်း၍ ထုတ်ပြန်သောအခါ၊ လက်သည် မိုဃ်းပွင့်အဆင်းကဲ့သို့ နူလေ၏။
Yahwe pia alimwambia, “Sasaingiza mkono wako ndani ya vazi lako.” Hivyo Musa akaingiza mkono wake ndani ya vazi lake. Na alipoutoa nje, tazama, mkono wake ulikuwa na ukoma, mweupe kama theluji.
7 တဖန်သင်၏လက်ကို သင့်ရင်ခွင်သို့ သွင်းဦးလော့ဟု မိန့်တော်မူသည်အတိုင်း၊ တဖန်လက်ကို ရင်ခွင် သို့သွင်း၍ ထုတ်ပြန်သောအခါ၊ ပကတိအသား ဖြစ်ပြန်လေ၏။
Yahwe akasema, “Ingiza mkono wako ndani ya vazi lako tena.” Hivyo akaingiza mkono wake ndani ya vazi lake, na alipoutoa nje aliona ukiwa mzima tena kama ulivyo mwili wake wote.
8 ထိုသူတို့သည် သင့်ကိုမယုံ၊ ပဌမနိမိတ်သက်သေကို နားမထောင်လျှင်၊ နောက်ဖြစ်သော နိမိတ်သက်သေကို ယုံကြလိမ့်မည်။
Yahwe akasema, “Kama hawatakuamini wewe - kama hawatazingatia ishara yanggu ya kwanza ya nguvu zangu au kuziamini, basi wataamini ishara ya pili.
9 သို့မဟုတ် ထိုနိမိတ်နှစ်ပါးကို မယုံ၊ သင်၏ စကားကို နားမထောင်လျှင်၊ သင်သည် မြစ်ရေအချို့ကို ယူ၍ ကုန်းပေါ်မှာသွန်းလော့။ ထိုသို့ မြစ်ထဲက ယူသော ရေသည် ကုန်းပေါ်မှာအသွေးဖြစ်လိမ့်မည်ဟု မိန့်တော် မူ၏။
Na ikiwa hawataamini hata ishara hizi zote mbili za nguvu zangu, au wasipokusikiliza wewe, basi chota maji kutoka katika mto na uyamwage katika nchi kavu. Maji utakayoyamwaga yatakuwa damu katika nchi kavu.”
10 ၁၀ မောရှေကလည်း၊ အိုဘုရားရှင်၊ အကျွန်ုပ်သည် နှုတ်သတ္တိမရှိပါ။ အထက်ကလည်း မရှိပါ။ ကိုယ်တော် ကျွန်အား မိန့်တော်မူသောအခါ၌ပင် မရှိပါ။ နှုတ်လေးသောသူ၊ စကားနှေးနှေးပြောတတ်သော သူဖြစ်ပါ၏ဟု ထာဝရဘုရားအားလျှောက်ဆို၏။
Ndipo Musa akamwambia Yahwe, “Bwana, mimi ni mzuri wa kuongea, si hapo kwanza au hata baada ya kuwa umeongea na mtumishi wako. Mimi ni mdhaifu wa kuongea na nina kigugumizi.”
11 ၁၁ ထာဝရဘုရားကလည်း၊ လူ၏နှုတ်ကို အဘယ်သူ ဖန်ဆင်းသနည်း။ စကားအသောသူ၊ နားပင်းသောသူ၊ မျက်စိမြင်သောသူ၊ မမြင်သောသူတို့ကို အဘယ်သူ ဖန်ဆင်းသနည်း။ ငါထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
Yahwe akamwambia, “Ni nani anayeumba mdomo wa mwanadamu? Ni nani amfanyaye mwanadamu kuwa bubu au aone au kipofu? Je si mimi Yahwe?
12 ၁၂ သို့ဖြစ်၍ယခုသွားလော့။ သင်၏ နှုတ်၌ ငါရှိ၍၊ သင်သည် အဘယ်သို့ပြောရမည်ကို သွန်သင်မည်ဟု မိန့်တော်မူ၏။
Sasa nenda, nami nitauongoza mdomo wako na nitakufundisha cha kusema.”
13 ၁၃ မောရှေကလည်း၊ အိုဘုရားရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေးလိုက်တော်မူပါဟု လျှောက် သော်၊
Lakini Musa akasema, “Bwana, tafadhali mtume mtu mwingine, yeyote unayependa kumtuma.”
14 ၁၄ ထာဝရဘုရားသည် မောရှေအား အမျက်တော်ထွက်၍၊ လေဝိလူ အာရုန်သည် သင်၏အစ်ကိုဖြစ်သည် မဟုတ်လော။ သူသည် ကောင်းမွန်စွာပြောတတ်သည်ကို ငါသိ၏။ သူသည်လည်း သင့်ကိုခရီးဦးကြိုပြုခြင်းငှါ ယခုလာ၏။ တွေ့မြင်သောအခါ ဝမ်းမြောက်လိမ့်မည်။
Kisha Yahwe akamkasirikia Musa. Akasema, “Vipi kuhusu Aroni kaka yako yule Mlawi? Najua ya kuwa anaweza kuongea vizuri. Hata hivyo, anakuja kukutana na wewe, na atakapokuona moyo wake utajawa na furaha.
15 ၁၅ သင်သည် သူနှင့်စကားပြော၍၊ သူပြောစရာစကားကို ပေးရမည်။ သင်၏နှုတ်၌၎င်း၊ သူ၏နှုတ်၌၎င်း ငါရှိ၍၊ သင်တို့သည် အဘယ်သို့ပြုရမည်ကို သွန်သင်မည်။
Wewe utaongea naye na utaweka maneno ya kusema kinywani mwake. Nami nitakiongoza kinywa chako na kinywa chake pia, nami nitaonesha ninyi nyote yawapasayo kutenda.
16 ၁၆ သူသည်လည်း လူတို့ရှေ့မှာ သင်၏စကားပြန်လုပ်၍၊ သင်၏ နှုတ်ကိုယ်စားဖြစ်လိမ့်မည်။ သင်သည် လည်း သူ၏ဘုရားသခင်ကိုယ်စား ဖြစ်လိမ့်မည်။
Yeye ataongea na watu kwa niaba yako. Yeye atakuwa msemaji wako, na wewe utakuwa kama Mungu kwake.
17 ၁၇ သင်သည် နိမိတ်သက်သေတို့ကို ပြလတံ့သော ဤလှံတံကိုလည်း၊ သင်၏လက်၌ကိုင်ရမည်ဟု မိန့်တော် မူ၏။
Utachukua hii fimbo pamoja nawe mkononi mwako. Kwa fimbo hii utafanya ishara.”
18 ၁၈ မောရှေသည်လည်း ယောက္ခမ ယေသရောထသို့ ပြန်သွား၍၊ အဲဂုတ္တုပြည်၌ရှိသော ကျွန်ုပ်အမျိုးသား ချင်းတို့သည် အသက်ရှင်သေးသလောဟု ကြည့်ရှုခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွားရသောအခွင့်ကို ပေးပါလော့ဟု ဆိုသော်၊ ယေသရောက၊ ငြိမ်ဝပ်စွာသွားလော့ဟု ပြန်ဆိုလေ၏။
Hivyo Musa alirudi kwa Yethro - baba mkwe wake na kumwambia, “Niruhusu nipate kurudi kwa ndugu zangu walioko Misri ili niweze kuona kama bado wako hai.” Yethro akwambia Musa, “Nenda kwa amani.”
19 ၁၉ ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်သို့ ပြန်သွားလော့။ သင်၏အသက်ကို ရှာသောသူအပေါင်း တို့သည် သေကြပြီဟု မိဒျန်ပြည်၌ မောရှေအား မိန့်တော်မူ၏။
Yahwe akamwambia Musa kule Midiani, “Nenda, rudi Misri, kwa kuwa watu wote waliotaka kukuua wameshakufa.”
20 ၂၀ ထိုအခါ၊ မောရှသည် မယားနှင့်သား နှစ်ယောက်တို့ကို ယူ၍ မြည်းကိုစီးစေသဖြင့်၊ ဘုရားသခင်၏ လှံတံတော်ကိုလက်စွဲလျက်၊ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
Musa akamchukua mke wake na watoto wake wa kiume na kuwapandisha kwenye punda. Akarudi mpaka nchi ya Misri, naye alichukua fimbo ya Mungu pamoja naye mkononi mwake.
21 ၂၁ ထာဝရဘုရားကလည်း၊ သင်သည် အဲဂုတ္တုပြည်သို့သွား၍ ရောက်လျှင်၊ သင်၌ ငါအပ်သော အံ့ဘွယ် သော အမှုအလုံးစုံတို့ကို ဖါရောဘုရင်ရှေ့မှာ ပြလော့။ ထိုသို့ပြသော်လည်း သူ၏နှလုံးကို ငါခိုင်မာစေ၍၊ သူသည် ဣသရေလလူတို့ကို မလွှတ်ဘဲ နေလိမ့်မည်။
Yahwe akamwambia Musa, “Utakaporudi Misri, jitahidi kufanya ishara zote nilizokupa kufanya mbele ya Farao. Lakini nitaufanya moyo wake kuwa mgumu, naye hawatawaacha watu waende.
22 ၂၂ ဖါရောဘုရင်ကိုလည်း ထာဝရဘုရားက ဣသရေလသည် ငါ့သားဖြစ်၏။ ငါ့သားဦးဖြစ်၏။
Lazima umwambie Farao, 'Hivi ndivyo asemavyo Yahwe: Israeli ni mtoto wangu, mzaliwa wa kwanza wangu,
23 ၂၃ ငါ့သားသည် ငါ့အားဝတ်ပြုသောအခွင့် ရှိစေခြင်းငှါ လွှတ်လော့။ မလွှတ်ဘူးဟု ငြင်းလျှင်၊ သင်၏သား၊ သင်၏သားဦးကိုပင် ငါကွပ်မျက်မည်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆိုလော့ဟု မောရှအား မှာထားတော်မူ၏။
nami nakuamuru, “Mwache mwanangu aende ili apate kuniabudu mimi.” Lakini kwa kuwa umekataa kumwachia, hakika nitamuua mtoto wako wa kiume, mzaliwa wa kwanza wako.”'
24 ၂၄ ခရီးသွားစဉ်တွင်၊ စားခန်းစရပ်၌ ထာဝရဘုရားသည် မောရှေကိုတွေ့၍ ကွပ်မျက်ခြင်းငှါ ရှာကြံတော် မူ၏။
Sasa wakiwa njiani, wakati wa usiku walipopumzika, Yahwe alikutana na Musa na kutaka kumuua.
25 ၂၅ ထိုအခါ၊ ဇိပေါရသည် ထားကိုယူ၍ သား၏ အရေဖျားကို လှီးဖြတ်ပြီးမှ၊ လင်၏ခြေရင်း၌ပြပ်ဝပ်လျက်၊ အကယ်စင်စစ်သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သော လင်ဖြစ်သည်ဟု ဆို၏။
Kisha Zipora akachukua kisu kikali na kukata govi la mtoto wake wa kiume na kuligusisha miguuni pake. Kisha akasema, “Hakika wewe ni bwana harusi wangu kwa njia ya damu.”
26 ၂၆ ထိုအခါ မောရှေကို လွှတ်တော်မူ၏။ မယားကလည်း၊ အရေဖျားလှီးမင်္ဂလာကြောင့်၊ သင်သည် အကျွန်ုပ်၌ အသွေးနှင့်ယှဉ်သောလင်ဖြစ်၏ဟု ဆိုသတည်း။
Hivyo Yahwe akamwachia. Akasema, “Wewe ni bwana harusi wa damu” kwa sababu ya kutahiriwa.
27 ၂၇ ထာဝရဘုရားကလည်း၊ မောရှေကို ခရီးဦးကြိုပြုခြင်းငှါ တောသို့သွားလော့ဟု အာရုန်အား မိန့်တော်မူ သည်အတိုင်း၊ အာရုန်သည်သွားလျှင်၊ ဘုရားသခင်၏ တောင်ပေါ်၌ မောရှေကို တွေ့၍နမ်းခြင်းကို ပြု၏။
Yahwe akamwambia Aroni, “Nenda nyikani ukutane na Musa.” Aroni akaenda na kukutana naye katika mlima wa Mungu, na kumbusu.
28 ၂၈ မောရှေသည်လည်း၊ မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကို၎င်း၊ မှာထားတော်မူသမျှသော နိမိတ်သက်သေတို့ကို၎င်း၊ အာရုန်အားကြားပြောလေ၏။
Musa akwambia Aroni maneno yote ya Yahwe ambayo alimtuma kusema na kwa habari za ishara zote za nguvu za Yahwe ambazo alimwagiza kutenda.
29 ၂၉ ထိုသူညီနောင်နှစ်ပါးတို့သည် သွား၍ ဣသရေလအမျိုးသား အသက်ကြီးသူတို့ကို စုဝေးစေပြီးလျင်၊
Kisha Musa na Aroni wakaenda na kuwakusanya wazee wote wa Israeli.
30 ၃၀ အာရုန်သည် မောရှေအား ထာဝရဘုရား မိန့်တော်မူသော စကားတော်အလုံးစုံတို့ကို ပြန်ပြော၍၊ လူတို့ရှေ့မှာ နိမိတ်သက်သေတို့ကိုပြလေ၏။
Aroni akawaambia maneno yote ambayo Yahwe alimwambia Musa. Pia alionesha ishara na miujiza ya nguvu za Yahwe mbele ya watu.
31 ၃၁ ထိုလူများတို့သည် ယုံကြ၏။ ထာဝရဘုရားသည် ဣသရေလအမျိုးသားတို့ကို အကြည့်အရှုကြွတော်မူ သည်ကို၎င်း၊ သူတို့ခံရသော ဆင်းရဲခြင်းကို မှတ်တော်မူသည်ကို၎င်း ကြားသောအခါ၊ ဦးညွှတ်ချ၍ ကိုးကွယ် ကြ၏။
Watu waliamini. Waliposikia ya kuwa Yahwe aliwaona Waisraeli na ya kwamba aliyaona mateso yao, waliinamisha vichwa vyao na kumwabudu.

< ထွက်မြောက်ရာ 4 >