< ထွက်မြောက်ရာ 38 >

1 တနည်းကား၊ အလျားငါးတောင်၊ အနံငါးတောင်ရှိ၍ စတုရန်းလေးထောင့်ဖြစ်သော မီးရှို့ရာ ယဇ်ပလ္လင်ကို အကာရှသားနှင့်လုပ်လေ၏။ အမြင့်လည်း သုံးတောင်ရှိ၏။
Besalel yakmalık sunu sunağını akasya ağacından kare biçiminde yaptı. Eni ve boyu beşer arşın, yüksekliği üç arşındı.
2 ယဇ်ပလ္လင်လေးထောင့်အပေါ်မှာ ဦးချိုလေးချောင်းကို အကာရှသားနှင့်လုပ်၍ ကြေးဝါနှင့် မွမ်းမံလေ၏။
Dört üst köşesine kendinden boynuzlar yaparak hepsini tunçla kapladı.
3 အိုးနှင့်တကွ တူးရွင်းပြား၊ အင်တုံ၊ အမဲသားချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင်နှင့် ဆိုင်သော တန်ဆာရှိသမျှတို့ကို ကြေးဝါနှင့်လုပ်လေ၏။
Sunağın bütün takımlarını –kovaları, kürekleri, çanakları, büyük çatalları, ateş kaplarını– tunçtan yaptı.
4 ကြေးဝါဆန်ခါကို လုပ်၍ ယဇ်ပလ္လင်ခါးပန်းအောက်အလယ်၌ထား၍၊
Kenarın altında aşağı doğru sunağın yarısına kadar ağ biçiminde tunç bir ızgara yaptı.
5 ထမ်းဘိုးထားရာ ဆန်ခါလေးထောင့်၌ တပ်ရသော ကြေးဝါလေးကွင်းကို သွန်းလေ၏။
Tunç ızgaranın dört köşesine taşıma sırıklarını geçirmek için birer halka döktü.
6 အကာရှသားထမ်းဘိုးတို့ကို လုပ်၍ ကြေးဝါနှင့် မွမ်းမံပြီးမှ၊
Sırıkları akasya ağacından yaparak tunçla kapladı.
7 ယဇ်ပလ္လင်ကို ထမ်းစရာဘို့ တဘက်တချက်ကွင်းများ၌ လျှိုထားလေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းငှာ၊ ပျဉ်ပြားနှင့် လုပ်လေ၏။
Sunağın taşınması için yan tarafındaki halkalara geçirdi. Sunağı tahtadan, içi boş yaptı.
8 ပရိသတ်စည်းဝေးရာ တဲတော်တံခါးရှေ့မှာ စည်းဝေးတတ်သော မိန်းမတို့၏ ကြေးဝါမှန်များကို ယူ၍ ကြေးဝါ အင်တုံနှင့် ကြေးဝါခြေထောက်ကို လုပ်လေ၏။
Buluşma Çadırı'nın giriş bölümünde hizmet eden kadınların aynalarından tunç ayaklıklı tunç bir kazan yaptı.
9 တဲတော်ဝင်းကာရန်မူကား၊ အလျားအတောင် တရာရှိသော ပိတ်ချောနှင့် တောင်ဘက်၌ ကုလားကာကို လုပ်လေ၏။
Konuta bir avlu yaptı. Avlunun güney tarafı için yüz arşın boyunda özenle dokunmuş ince keten perdeler yaptı.
10 ၁၀ ထိုကုလားကာဘို့ တိုင်နှစ်ဆယ်၊ တိုင်ခြေစွပ်နှစ်ဆယ်ကို ကြေးဝါနှင့်လုပ်၍ တိုင်တံစို့၊ တိုင်တန်းတို့ကို ငွေဖြင့်ပြီးစေ၏။
Perdeler için tabanları tunç, çengelleri ve çengel çemberleri gümüş yirmi direk yaptı.
11 ၁၁ ထိုနည်းတူ မြောက်ဘက်၌ ကာရန်အလျားအတောင် တရာရှိသော ကုလားကာနှင့်တကွ ငွေတံစို့၊ ငွေတန်းပါသော ကြေးဝါတိုင်နှစ်ဆယ်၊ ကြေးဝါခြေစွပ်နှစ်ဆယ်ရှိ၏။
Kuzey tarafı için yüz arşın boyunda perdeler, yirmi direk, direkler için yirmi tunç taban yapıldı. Direklerin çengelleriyle çemberleri gümüştü.
12 ၁၂ အနောက်ဘက်၌ ကာရန် အလျားအတောင် ငါးဆယ်ရှိသော ကုလားကာနှင့်တကွ တိုင်တဆယ်၊ ခြေစွပ် တဆယ်ရှိ၏။
Avlunun batı tarafı için elli arşın boyunda perde, on direk, on taban yapıldı. Direklerin çengelleriyle çemberleri gümüştü.
13 ၁၃ အရှေ့ဘက်၌လည်း အတောင်ငါးဆယ်ရှိ၏။
Doğuya bakan tarafta avlunun eni elli arşındı.
14 ၁၄ တံခါးဝ တဘက်တချက်၌ ကာရန် အလျားဆယ်ငါးတောင်ရှိသော ကုလားကာနှင့်တကွ တိုင်သုံးတိုင်၊ ခြေစွပ်သုံးခုရှိ၏။
Girişin bir tarafında on beş arşın boyunda perde, üç direk ve üç taban;
15 ၁၅
öbür tarafında da on beş arşın boyunda perde, üç direk ve üç taban vardı.
16 ၁၆ ဝင်းပတ်လည်၌ကာသော ကုလားကာရှိသမျှတို့သည် ပိတ်ချောဖြင့်ပြီး၏။
Avlunun çevresindeki bütün perdeler özenle dokunmuş ince ketendi.
17 ၁၇ တိုင်တို့သည် ကြေးဝါခြေစွပ်၊ ငွေတံစို့၊ ငွေတန်းနှင့်ပြည့်စုံ၍ တိုင်ထိပ်များကိုလည်း ငွေနှင့် မွမ်းမံလေ၏။ ဝင်းတိုင်တန်း ရှိသမျှတို့သည် ငွေတန်းဖြစ်၏။
Direklerin tabanları tunç, çengelleriyle çemberleri gümüştü. Başlıkları da gümüş kaplamaydı. Avlunun bütün direkleri gümüş çemberlerle donatılmıştı.
18 ၁၈ ဝင်းတံခါးဝ၌ ကာရန် ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍ ချယ်လှယ်သော ကုလားကာ၊ အလျားအတောင်နှစ်ဆယ်၊ အမြင့်ငါးတောင်ရှိ၍၊ ဝင်းကာသော ကုလားကာနှင့် တညီတည်းဖြစ်၏။
Avlunun girişindeki perde lacivert, mor, kırmızı iplikle, özenle dokunmuş nakışlı ince ketenden yapılmıştı. Boyu yirmi, yüksekliği avlunun perdeleri gibi beş arşındı.
19 ၁၉ ဝင်းတံခါးဝတိုင် လေးခုရှိ၍၊ ကြေးဝါခြေစွပ်လေးခု၊ ငွေတံစို့၊ ငွေတန်းများ၊ ငွေနှင့်မွမ်းမံသော ထိပ်များနှင့် ပြည့်စုံကြ၏။
Tunçtan dört direği ve dört tabanı vardı. Direklerin çengelleri, başlıklarının kaplaması ve çemberleri gümüştü.
20 ၂၀ တဲတော်တံသင်ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှတို့သည် ကြေးဝါတံသင်ဖြစ်ကြ၏။
Konutun ve konutu çevreleyen avlunun bütün kazıkları tunçtandı.
21 ၂၁ ဤရွေ့ကား၊ မောရှေစီရင်သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန်၏သား ဣသမာသည်၊ လေဝိလူများ အမှုတော်ဆောင်စရာ တဲတော်ကို ရေတွက်မှတ်သားသော သက်သေခံချက် တဲတော်စာရင်းပေတည်း။
Antlaşma Levhaları'nın bulunduğu konut için kullanılan malzeme miktarının tümü Musa'nın buyruğu uyarınca, Kâhin Harun oğlu İtamar'ın yönetimindeki Levililer tarafından kaydedildi.
22 ၂၂ မောရှေအား ထာဝရဘုရားမှာထားတော်မူသမျှတို့ကို၊ ယုဒအမျိုးသားဟုရ၏သား ဖြစ်သော၊ ဥရိ၏ သားဗေဇလေလသည် လုပ်လေ၏။
RAB'bin Musa'ya buyurduğu bütün işleri Yahuda oymağından Hur oğlu Uri oğlu Besalel yaptı.
23 ၂၃ ထိုမှတပါး၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသော လက်သမားအလုပ်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောကို ချယ်လှယ်တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန်အမျိုးသား အဟိသမက်၏သား အဟောလျဘလည်းရှိ၏။
Dan oymağından oymacı, yaratıcı, lacivert, mor, kırmızı iplik ve ince keten işlemede usta nakışçı Ahisamak oğlu Oholiav da ona yardım etti.
24 ၂၄ သန့်ရှင်းရာ ဌာနတော်ပြီးအောင်လှူ၍ လုပ်သော ရွှေချိန်ပေါင်းကား အကျပ်တော်အတိုင်း အခွက်နှစ်ရာကိုးဆယ်ခုနစ်ပိဿာသုံးဆယ် ဖြစ်သတည်း။
Kutsal yerdeki bütün işler için kullanılan adanmış altın miktarı kutsal yerin şekeliyle 29 talant 730 şekeldi.
25 ၂၅ စာရင်းဝင်သော ပရိသတ်များပေးသော ငွေချိန်ပေါင်းကား၊ အကျပ်တော်အတိုင်း အခွက်တထောင်နှင့် တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ် ဖြစ်သတည်း။
Topluluğun sayımından elde edilen gümüş, kutsal yerin şekeliyle 100 talant 1 775 şekeldi.
26 ၂၆ အသက်နှစ်ဆယ်မှစ၍ ပိုလွန်သမျှသောသူ စာရင်းဝင်သည်အတိုင်း၊ လူခြောက်သိန်းသုံးထောင် ငါးရာငါးဆယ်တို့သည်၊ အကျပ်တော်အလိုက် ငွေချိန်အကျပ်တဝက်စီ ပေးရကြ၏။
Sayımı yapılan yirmi ve daha yukarı yaştaki 603 550 kişiden adam başına bir beka, yani yarım kutsal yerin şekeli düşüyordu.
27 ၂၇ ခြေစွပ်တခု၌ ငွေအခွက်တဆယ်စီဝင်သည်ဖြစ်၍၊ ငွေအခွက်တထောင်နှင့် တဲတော် ခြေစွပ်၊ အတွင်းကုလားကာ ခြေစွပ်တည်းဟူသော ခြေစွပ် တရာကို သွန်းလေ၏။
Kutsal yer ve perde tabanlarının dökümü için 100 talant gümüş kullanıldı. Her tabana bir talant olmak üzere, 100 tabana 100 talant gümüş harcandı.
28 ၂၈ ကျန်သောငွေအခွက်တဆယ်ခုနစ်ပိဿာခုနစ်ဆယ်ငါးကျပ်နှင့် တိုင်တံစို့နှင့် တိုင်တန်းတို့ကို လုပ်၍ တိုင်ထိပ်များကို မွမ်းမံလေ၏။
Direklerin çengelleri, başlıkların kaplanması ve çemberleri için 1 775 şekel harcandı.
29 ၂၉ လှူသော ကြေးဝါပေါင်းကား အခွက်ခုနစ်ရာနှစ်ဆယ်နှင့် လေးပိဿာဖြစ်သတည်း။
Adanan tunç 70 talant 2 400 şekeldi.
30 ၃၀ ထိုကြေးဝါနှင့် ပရိသတ်စည်းဝေးရာ တဲတော်တံခါးဝခြေစွပ်၊ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ယဇ်ပလ္လင်တန်ဆာရှိသမျှကို၎င်း၊
Bununla Buluşma Çadırı'nın giriş bölümündeki tabanlar, sunakla ızgarası ve bütün takımları, avlu çevresindeki ve girişindeki tabanlar, bütün konut kazıklarıyla avlu çevresindeki kazıklar yapıldı.
31 ၃၁ ကာသောဝင်းခြေစွပ်၊ ဝင်းတံခါးဝခြေစွပ်၊ တဲတော်တံသင်၊ ဝင်းပတ်လည်၌ စိုက်သော တံသင်ရှိသမျှ ကို၎င်း လုပ်လေ၏။

< ထွက်မြောက်ရာ 38 >