< ထွက်မြောက်ရာ 26 >

1 တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။
Lazima ufanye hiyo maskani iwe na mapazia kumi ifanye ya nguo ya kitani nzuri ya kusokota, pamoja na nyuzi za rangi ya buluu, zambarau na nyekundu, pamoja na makerubi. Kazi ya fundi stadi.
2 ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။
Urefu wa kila pazia utakuwa dhiraa ishirini na nane, na upana wa kila pazia utakuwa dhiraa nne. Mapazia yote yatakuwa ya kipimo kimoja.
3 ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။
Mapazia matano yataungwa pamoja, na mapazia matano mengine yataungwa pamoja.
4 ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။
Lazima ufanye tanzi za rangi ya samawati upande wa mwisho wa pazia moja katika ule upindo wa fungu lake. Vivyo hivyo utafanya upande wa mwisho wa ile pazia iliyo, katika fungu la pili.
5 ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။
Fanya matanzi hamsini katika pazia moja, na matanzi hamsini katika upande wa mwisho wa ile pazia iliyo katika kuungana kwa pili.
6 ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။
Fanya hivi ili hizo tanzi zielekeana. Kisha ufanye vifungo hamsini vya dhahabu, na kuunganisha hayo mapazia pamoja kwa vile vifungo na hiyo maskani itakuwa ni moja.
7 တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။
Lazima ufanye mapazia ya nywele za mbuzi yawe hema juu ya maskani. Lazima ufanye mapazia kumi na moja.
8 ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။
Urefu wa kila pazia utakuwa dhiraa thelathini, na upana wa kila pazia utakuwa dhiraa nne. Hayo mapazia kumi na moja yatakuwa ya kipimo kimoja.
9 ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။
Lazima utaunganisha mapazia matano mbali, na mapazia sita mbali, na lile pazia la sita utalikunja hapo upande wa mbele wa ile hema.
10 ၁၀ ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။
Ufanye tanzi hamsini upande wa mwisho wa pazia lile lililo la mwisho katika hayo yaliyounganywa pamoja, na tanzi hamsini upande wa mwisho wa lile pazia lililo nje katika hayo ya pili yaliyounganywa pamoja.
11 ၁၁ ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။
Kisha ufanye vifungo hamsini vya shaba, na kuvitia vile vifungo katika zile tanzi, na kuiunganya ile hema pamoja, ili iwe hema moja.
12 ၁၂ ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။
Kipande kile kilichosalia, kile kiangukacho, cha yale mapazia ya hema, itaanguka huko upande wa nyuma wa maskani.
13 ၁၃ အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။
Lazima kuwe na dhiraa moja upande mmoja, na ile dhiraa moja upande wa pili - ya urefu wa mapazia ya hema uliosalia, zitaanguka katika ubavu wa maskani upande huu na upande huu, ili kuifunika.
14 ၁၄ အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။
Nawe fanya kifuniko cha ile hema, cha ngozi za kondoo dume zilizotiwa rangi nyekundu, na juu yake kifuniko cha ngozi za pomboo.
15 ၁၅ တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။
Nawe lazima ufanye hizo fremu za maskani za mti wa mjohoro.
16 ၁၆ ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။
Kila fremu utakuwa na urefu wa dhiraa kumi, na upana wake kila ubao utakuwa dhiraa moja na nusu.
17 ၁၇ ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။
Kila fremu itakuwa na ndimi mbili, zenye kuunganishwa huu na huu. Ndivyo utakavyozifanya mbao zote za maskani.
18 ၁၈ တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။
Kisha ufanye zile mbao za maskani, mbao ishirini kwa upande wa kusini kuelekea kusini.
19 ၁၉ ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။
Lazima nawe ufanye vitako arubaini vya fedha chini ya zile fremu ishirini. Vitako viwili chini ya fremu moja, kupokea zile ndimi zake mbili, na vitako viwili chini ya fremu nyingine kupokea zile ndimi zake mbili.
20 ၂၀ ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။
Kwa upande wa pili wa maskani, upande wa kaskazini, mbao ishirini
21 ၂၁ ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။
na vitako vyake vya fedha arubaini. Lazima kuwe na vitako viwili chini ya fremu moja, na vitako viwili chini ya fremu nyingine.
22 ၂၂ တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
Ufanye fremu sita kwa ajili ya upande wa nyuma wa maskani kuelekea magharibi.
23 ၂၃ ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။
Tena ufanye fremu mbili kwa ajili ya hizo pembe za maskani zilizo upande wa nyuma.
24 ၂၄ အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။
Hizi fremu zitakuwa zimetengana upande wa chini, lakini zimeshinkana kwa juu ya duara moja.
25 ၂၅ ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။
Fremu zitakuwa ni nane, na vitako vyake vya fedha. Vitako kumi na sita, vitako viwili chini ya fremu moja, na vitako viwili chini ya ubao wa pili.
26 ၂၆ တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။
Lazima ufanye mataruma ya mti wa mshita- mataruma matano kwa ajili ya mbao za upande mmoja wa maskani,
27 ၂၇ တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။
na mataruma matano kwa ajili ya fremu za upande wa pili wa maskani, na mataruma matano kwa ajili ya fremu za upande wa maskani ulio nyuma kuelekea magharibi.
28 ၂၈ အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။
Na hilo taruma la katikati lililo katikati ya zile fremu, litapenya toka mwisho huu hata mwisho huu.
29 ၂၉ ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။
lazima uzifunuke hizo fremu kwa dhahabu. Nawe lazima ufanye maduara yake ya za dhahabu, kuwa kama vishikizo, na hayo mataruma utayafunika dhahabu.
30 ၃၀ တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
Nawe utaisimamisha hiyo maskani sawasawa na mfano wake uliooneshwa mlimani.
31 ၃၁ တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။
Nawe fanya pazia la nyuzi za rangi ya buluu, zambarau na nyekundu, na nguo za kitani nzuri zenye kusokotwa, litafumwa na kutiwa makerubi, kazi ya fundi stadi.
32 ၃၂ ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။
Kisha litungike katika nguzo nne za mti wa mshita zilizofunikwa dhahabu, vifungo vyake vitakuwa vya dhahabu, katika vitako vya fedha vinne.
33 ၃၃ သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။
Nawe tungika lile pazia chini ya vile vifungo, nawe lete lile sanduku la ushuhuda. Lile pazia litawagawanyia kati ya patakatifu, na mahali patakatifu sana.
34 ၃၄ ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။
Nawe lazima utaweka kiti cha rehema juu ya lile sanduku la ushuhuda ndani ya mahali pale patakatifu sana. Na ile meza utaiweka nje ya pazia.
35 ၃၅ ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။
Lazima uweke kinara cha taa kuikabili ile meza upande wa maskani wa kuelekea kusini. Lile meza utaiweka upande wa kaskazini.
36 ၃၆ တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။
Kisha utafanya kisitiri kwa mlango wa hema, cha nyuzi za rangi ya buluu, zambarau, na nyekundu, na kitani nzuri yenye kusokotwa, kazi ya mshonaji wa taraza.
37 ၃၇ ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။
Nawe fanya nguzo tano za mti wa mshita kwa kile kisitiri, na kuzifunika dhahabu; kulabu zake zitakuwa za dhahabu. Nawe utasubu vitako vya shaba vitano kwa ajili yake.

< ထွက်မြောက်ရာ 26 >