< ထွက်မြောက်ရာ 18 >

1 ဘုရားသခင်သည် မောရှေမှစ၍ ကိုယ်တော်၏ လူဣသရေလအမျိုးအဘို့ ပြုတော်မူသမျှကို၎င်း၊ ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်တော်မူကြောင်းကို၎င်း၊ မိဒျန် ယဇ်ပုရောဟိတ်ဖြစ်သော မောရှေ၏ ယောက္ခမ ယေသရော ကြားသည်ရှိသော်၊
Yethro, kuhani wa Midiani, baba mkwe wake Musa, alisikia yote Mungu aliyo fanya kwa Musa na kwa Israeli watu wake. Alisikia Yahweh ametoa Israeli kutoka Misri.
2 မောရှေလွှတ်ခဲ့သော မယားနှင့်
Yethro, baba mkwe wake Musa, akamchukuwa Zipora, mke wa Musa, baada ya kumpeleka nyumbani,
3 သူ၏သားနှစ်ယောက်ကို ယူ၍ သွားလေ၏။ သားတယောက်ကား၊ ဂေရရှုံ အမည်ရှိ၏။ အကြောင်းမူကား၊ ငါသည် တကျွန်းတနိုင်ငံ၌ ဧည့်သည်အာဂန္တုဖြစ်ရပြီဟု အဘဆိုသတည်း။
na wana wake wawili; jina mmoja lilikuwa Gershomu, kwa kuwa Musa alisema, “Nimekuwa mgeni katika nchi ya kigeni.”
4 သားတယောက်ကား၊ ဧလျေဇာ အမည်ရှိ၏။ အကြောင်းမူကား၊ ငါ့ဘိုးဘေးတို့၏ ဘုရားသခင်သည် ငါ့ကို မစ၍ ဖာရောဘုရင်၏ ထားမှ ကယ်လွှတ်တော်မူပြီဟု ဆိုသတည်း။
Jina la mwingine lilikuwa Eliezeri, kwa kuwa Musa alisema, “Mungu wa babu yangu alikuwa msaada wangu. Aliniokoa na mkono wa Farao.”
5 မောရှေ၏ ယောက္ခမ ယေသရောသည် မောရှေမယားနှင့် သားတို့ကို ယူ၍၊ တော၌ ဘုရားသခင်၏ တောင်တော်နား၊ မောရှေတပ်ချရာအရပ်သို့ ရောက်လာလျှင်၊
Yethro, baba mkwe wake Musa, alikuja na watoto wake Musa na mke wake Musa nyikani alipo eka kambi katika mlima wa Mungu.
6 ကိုယ်တော်၏ယောက္ခမ ယေသရောနှင့် ကိုယ်တော်၏ မယား၊ သားနှစ်ယောက်တို့သည် ကိုယ်တော်ထံသို့ ရောက်လာပါပြီဟု မောရှေအား ကြားပြောသော်၊
Alimwambia Musa, “Mimi, baba mkwe wako Yethro, nina kuja kwako na mke wako na wanao wawili.”
7 မောရှေသည် ယောက္ခမကို ခရီးဦးကြိုပြုခြင်းငှာ ထွက်၍ ဦးချနမ်းရှုပ်လျက်၊ ကျန်းမာကြောင်းကို တယောက်နှင့်တယောက် မေးမြန်းလျက် တဲသို့ဝင်ကြ၏။
Musa alitoka kwenda kukutana na baba mkwe wake, akamwinamia, na kumbusu. Wakajuliana hali na wakaingia ndani ya hema.
8 ထာဝရဘုရားသည် ဣသရေလအမျိုးအတွက် ဖာရောဘုရင်နှင့် အဲဂုတ္တုလူတို့၌ ပြုတော်မူသမျှကို ၎င်း၊ လမ်းခရီးတွင် ခံရသော ဆင်းရဲဒုက္ခအလုံးစုံကို၎င်း၊ ထိုဆင်းရဲဒုက္ခမှ ထာဝရဘုရား ကယ်လွှတ်တော်မူ ကြောင်းကို၎င်း၊ မောရှေသည် ယောက္ခမအား ကြားပြောလေ၏။
Musa akamwambia baba mkwe wake yale yote Yahweh aliyo ya fanya kwa Farao na Wamisri kwa ajili ya Waisraeli, magumu yote yaliyo watoke njianim na jinsi Yahweh alivyo waokoa.
9 ထာဝရဘုရားသည် ဣသရေလအမျိုးကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်၍၊ ပြုတော်မူသော ကျေးဇူးကြောင့် ယေသရောသည် ဝမ်းမြောက်လျက်၊
Yethro akafurahia yale mema yote Yahweh aliyo watendea Israeli, kwa hilo amewaokoa na mkono wa Wamisri.
10 ၁၀ အဲဂုတ္တုလူတို့လက်မှ၎င်း၊ ဖာရောဘုရင်လက်မှ၎င်း၊ သင့်ကို ကယ်နှုတ်တော်မူထသော၊ လူများတို့ကို အဲဂုတ္တုလူတို့လက်မှ ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
Yethro akasema, “Yahweh atukuzwe, kwa kuwa amekuokoa na mkono wa Wamisri na mkono wa Faraom na kuwatoa watu kwenye mkono wa Wamisri.
11 ၁၁ ထာဝရဘုရားသည် အခြားသောဘုရား ရှိသမျှတို့ထက် သာ၍ ကြီးမြတ်တော်မူကြောင်းကို ယခု ငါသိ၏။ အကြောင်းမူကား၊ လူတို့သည် မာနထောင်လွှားသော အမှုအရာတွင်၊ ထာဝရဘုရားနိုင်တော်မူ၏ဟု ဆိုပြီးမှ၊
Sasa najua Yahweh ni mkuu kuliko miungu yote, kwasababu Wamisri walipo watenda Waisraeli kwa kiburi, Mungu aliwaokoa watu wake.”
12 ၁၂ မောရှေ၏ ယောက္ခမ ယေသရောသည်၊ မီးရှို့စရာယဇ်နှင့် ဘုရားသခင်အဘို့ ယဇ်များကို ဆောင်ခဲ့၍၊ အာရုန်နှင့် ဣသရေလအမျိုး အသက်ကြီးသူအပေါင်းတို့သည်၊ မောရှေ၏ ယောက္ခမနှင့်အတူ ဘုရားသခင့် ရှေ့တော်၌ အစာစားခြင်းငှာ လာကြ၏။
Yethro, baba mkwe wake Musa, akaleta sadaka ya kuteketeza na dhabihu kwa Mungu. Aruni na wazee wote wa Israeli wakaja kula chakula mbele za Yahweh na baba mkwe wake Musa.
13 ၁၃ နက်ဖြန်နေ့၌ မောရှေသည်၊ လူများကို တရားစီရင်ခြင်းငှာ ထိုင်လေ၏။ နံနက်မှစ၍ ညဦးတိုင်အောင်၊ လူများတို့သည် မောရှေရှေ့မှာ နေကြ၏။
Siku iliyofuata Musa aliketi kuwa hukumu watu. Watu walisimama kumzunguka Musa kwanzia asubui hadi jioni.
14 ၁၄ မောရှေသည် လူများတို့အား ပြုသမျှကို ယောက္ခမမြင်လျှင်၊ ဤလူများတို့အား ပြုသောအမှု အဘယ်သို့နည်း။ သင်သည် တယောက်တည်းထိုင်လျက်၊ လူအပေါင်းတို့သည် နံနက်မှစ၍ ညဦးတိုင်အောင် သင့်ရှေ့မှာ အဘယ်ကြောင့် နေရကြသနည်းဟု ဆို၏။
Baba mkwe wake Musa alipo ona yale yote aliyo yafanya kwa watu, alisema, “Ni nini unachofanya na watu? Kwanini unaketi peke yako na watu wote wamesimama kukuzunguka asubui hadi jioni?”
15 ၁၅ မောရှေကလည်း၊ ဤသူတို့သည် ဘုရားသခင်၏ အယူတော်ကို ခံလို၍ ကျွန်ုပ်ထံသို့ လာသောကြောင့် ဤသို့ဖြစ်၏။
Musa akamwambia baba mkwe wake, “Watu wanakuja kuniuliza muongozo wa Mungu.
16 ၁၆ သူတို့သည် အမှုရှိလျှင် အကျွန်ုပ်ထံသို့လာ၍ သူတို့၏အမှုကို ကျွန်ုပ်ဆုံးဖြတ်ရ၏။ ဘုရားသခင်၏ ပညတ်တရားများကို သင်ချရ၏ဟု ယောက္ခမအား ပြောလျှင်၊
Wanapo kuwa na malumbano, wanakuja kwangu. Ninaamua kati ya mtu mmoja na mwingine, na nina wafundisha maagizo na sheria.”
17 ၁၇ ယောက္ခမက၊ သင်ပြုသောအမှုသည် မတော်မသင့်ဖြစ်၏။
Baba mkwe wake Musa alimwambia, “Unachofanya sicho kizuri sana.
18 ၁၈ သင်မှစ၍ သင်၌ပါသော ဤလူများတို့သည် အမှန် အားလျော့ကြလိမ့်မည်။ ဤအမှုသည် သင်၌ အလွန်လေး၏။ တယောက်တည်း မတတ်နိုင်သောအမှုဖြစ်၏။
Hakika utajichosha, wewe na watu waliyopo na wewe. Huu mzigo ni mzito sana kwako. Hauwezi kufanya peke yako.
19 ၁၉ ငါ့စကားကို နားထောင်လော့။ ငါအကြံပေးမည်။ ဘုရားသခင်သည်လည်း သင့်ဘက်၌ ရှိတော်မူလိမ့် မည်။ သင်သည် ဘုရားသခင်နှင့်ဆိုင်သော အမှု၌ လူများတို့၏ အမှုကို စောင့်လျက် ဘုရားသခင်အထံတော်သို့ ဝင်၍ လျှောက်ရမည်။
Nisikilize. Nitakupa ushauri, na Mungu ata kuwa na wewe, kwasababu wewe nimwakilishi wa watu kwa Mungu, na una leta malumbano yao kwake.
20 ၂၀ သူတို့အားလည်း ပညတ်တရားတော်များကို သင်ချရမည်။ သူတို့သွားရာလမ်း၊ ပြုရသောအမှုကိုလည်း ပြရမည်။
Lazima uwafundishe maagizo yake na sheria. Lazima uwafundishe njia yakutembea na kazi ya kufanya.
21 ၂၁ ထိုမှတပါး ဘုရားသခင်ကို ကြောက်ရွံ့လျက်၊ သစ္စာနှင့်ပြည့်စုံလျက်၊ လောဘကို ရွံရှာလျက်၊ တတ်စွမ်းနိုင်သောသူတို့ကို လူအပေါင်းတို့အထဲက ရွေးကောက်၍၊ တထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ်အရာ၌ ခန့်ထားရမည်။
Mbali zaidi, lazima uchague wanaume wenye uwezo kutoka watu wote, wanaume wanao muheshimu Mungu, wanaume wa kweli wanao chukuia mapato ya ufisadi. Lazima uwaeke juu ya watu, kuwa viongozi wa maelfu, mamia, hamsini, na makumi.
22 ၂၂ ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူများတို့ကို တရားစီရင်ကြစေ။ ကြီးသောအမှု၌ သင်၏အယူကို ခံကြစေ။ ငယ်သောအမှုကို အလိုလို စီရင်ကြစေ။ သို့ဖြစ်လျှင် သူတို့သည် ဝိုင်းညီ၍ အမှုထမ်းသဖြင့် သင်သည် သက်သာလိမ့်မည်။
Watawa hukumu watu na kesi za kawaida, lakini kesi ngumu wataleta kwako. Kwa kesi ndogo, wanaweza kuhukumu wenyewe. Kwa hivyo itakuwa rahisi kwako, na watabeba mzigo na wewe.
23 ၂၃ ထိုသို့ ဘုရားသခင် အခွင့်နှင့်ပြုလျှင် သင်သည် ခိုင်ခံ့လိမ့်မည်။ ဤလူအပေါင်းတို့သည် မိမိနေရာပြည် သို့ ငြိမ်ဝပ်စွာ သွားကြလိမ့်မည်ဟု ပြောဆို၏။
Ukifanya hivi, na kama Mungu akikuamuru kufanya al kadhalika, basi utaweza kuvumilia, na watu wote watarudi nyumbani wameridhika.”
24 ၂၄ မောရှေသည်လည်း ယောက္ခမ၏စကားကို နားထောင်၍ စကားရှိသည်အတိုင်း ပြုလျက်၊
Hivyo Musa akasikiliza maneno ya baba mkwe wake na akafanya yale yote aliyo yasema.
25 ၂၅ တတ်စွမ်းနိုင်သောသူတို့ကို ဣသရေလအမျိုးထဲက ရွေးကောက်၍ လူတထောင်အုပ်၊ တရာအုပ်၊ ငါးဆယ်အုပ်၊ တဆယ်အုပ် အသီးအသီး ခေါင်းအရာ၌ ခန့်ထားလေ၏။
Musa alichagua wanaume wenye uwezo kutoka Israeli na kuwa fanya vichwa juu ya watu, viongozi wahusika wa maelfu, mamia, hamsini, na makumi.
26 ၂၆ ထိုသူတို့သည် ခပ်သိမ်းသောအချိန်၌ လူတို့ကို တရားစီရင်ကြ၏။ ခက်သောအမှု၌ မောရှေ၏အယူကို ခံကြ၏။ လွယ်သောအမှုကို အလိုလို စီရင်ကြ၏။
Waliwa hukumu watu katika hali za kawaida. Kesi ngumu walimletea Musa, lakini wao wenyewe wali hukumu kesi ndogo.
27 ၂၇ ထိုနောက် မောရှေသည် ယောက္ခမသွားရသောအခွင့်ကို ပေး၍၊ သူသည် မိမိနေရာသို့ သွားလေ၏။
Kisha Musa akamwacha baba mkwe wake kuondoka, na Yethro akarudi kwenye nchi yake.

< ထွက်မြောက်ရာ 18 >