< ဒေသနာ 2 >

1 တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Řekl jsem opět srdci svému: Nuže nyní zkusím tě v veselí, užívejž tedy dobrých věcí. A hle, i to marnost.
2 ရယ်မောခြင်းကို သင်သည် အရူးဖြစ်၏ဟူ၍ ၎င်း၊ ရွှင်လန်းခြင်းကိုအဘယ်ကြောင့် ဤသို့ပြုသနည်း ဟူ၍၎င်း ငါဆိုရ၏။
Smíchu jsem řekl: Blázníš, a veselí: Co to děláš?
3 တဖန်လူသားတို့သည် မိုဃ်းကောင်းကင် အောက်၌၊ တသက်လုံးပြုသင့်သောအမှုကောင်းကို သိအံ့ သောငှါ၊ ပညာတရားကို လေ့ကျက်လျက်နှင့်၊ စပျစ်ရည် အလိုသို့လိုက်၍၊ မိုက်သောအကျင့်စလေ့၌ ကျင်လည်ခြင်း ငှါ၊ ငါကြံစည်၏။
Přemyšloval jsem v srdci svém, abych povoloval u víně tělu svému, srdce však své spravuje moudrostí, a přídržel se bláznovství dotud, až bych zkusil, co by lepšího bylo synům lidským, aby činili pod nebem v počtu dnů života svého.
4 ကြီးကျယ်သောအလုပ်ကို စီရင်၍အိမ်တို့ကို ဆောက်၏။ စပျစ်ဥယျဉ်တို့ကိုလည်း စိုက်၏။
Veliké jsem skutky činil, vystavěl jsem sobě domy, štípil jsem sobě vinice.
5 ဥယျာဉ်အမျိုးမျိုးကို ပြုစု၍၊ ခပ်သိမ်းသော အသီးမျိုးကို သီးသောအပင်တို့ကိုလည်း စိုက်၏။
Vzdělal jsem sobě zahrady a štěpnice, a štípil jsem v nich stromy všelijakého ovoce.
6 သစ်ပင်မျိုးနှင့် ပြည့်စုံသောတောကို ရေလောင်း စရာဘို့ ရေကန်တို့ကိုလည်း လုပ်၏။
Nadělal jsem sobě rybníků, abych svlažoval jimi les plodící dříví.
7 ကျွန်ယောက်ျား၊ ကျွန်မိန်းမတို့ကိုသိမ်းယူ၍၊ ကျွန်သားပေါက်များလည်းရှိကြ၏။ ငါ့အရင်၊ ယေရုရှလင် မြို့၌ဖြစ်ဘူးသော သူအပေါင်းတို့ထက်၊ ငါသည် တိရစ္ဆာန် အကြီးအငယ်တို့နှင့် အလွန်ရတတ်၏။
Najednal jsem sobě služebníků a děvek, a měl jsem čeled v domě svém; k tomu i stáda skotů a bravů veliká měl jsem nade všecky, kteříž byli přede mnou v Jeruzalémě.
8 ရွှေငွေကို၎င်း၊ ရှင်ဘုရင်နှင့်ဆိုင်သောဘဏ္ဍာ၊ ကျေးရွာတို့၌ ခွဲသောအခွန်ကို၎င်း ငါဆည်းပူး၏။ အငြိမ့် သမားယောက်ျားမိန်းမတို့ကို၎င်း၊ လူသားတို့ ပျော်မွေ့ တတ်သော ကြင်လျှာမိန်းမမောင်းမမိဿံတို့ကို၎င်း ငါသိမ်းယူ၏။
Nahromáždil jsem sobě také stříbra a zlata a klínotů od králů a krajin; způsobil jsem sobě zpěváky a zpěvakyně i jiné rozkoše synů lidských a nástroje muzické rozličné.
9 ထိုသို့ငါ့အရင်၊ ယေရုရှလင်မြို့၌ ဖြစ်ဘူးသောသူ အပေါင်းတို့ထက်၊ ငါသည် တိုးပွါး၍ ကြီးမြင့်ခြင်းသို့ ရောက်၏။ ငါပညာလည်း တည်လျက်ရှိ၏။
A tak velikým jsem učiněn, a zrostl jsem nade všecky, kteříž přede mnou byli v Jeruzalémě; nadto moudrost má zůstávala při mně.
10 ၁၀ ငါ့မျက်စိတပ်မက် လိုချင်သောအရာ တစုံတခု ကိုမျှ ငါမငြင်း၊ ငါ့စိတ်ရွှင်လန်းစရာ တစုံတခုကိုမျှမပယ်။ ငါကြိုးစားသမျှတို့၌ ဝမ်းမြောက်လျက်ရှိ၍၊ ကြိုးစားခြင်း အကျိုးကိုခံရ၏။
A čehožkoli žádaly oči mé, nezbránil jsem jim, aniž jsem zbraňoval srdci svému jakého veselí; srdce mé zajisté veselilo se ze vší práce mé, a to byl podíl můj ze vší práce mé.
11 ၁၁ ထိုအခါငါစီရင်ပြုပြင်သမျှ၊ ငါကြိုးစားအားထုတ် သမျှတို့ ကိုငါကြည့်ရှု၍၊ အလုံးစုံတို့သည် အနတ္တအမှု၊ လေကိုကျက်စားသော အကျိုးတစုံတခုမျှမရှိ။
Ale jakž jsem se ohlédl na všecky skutky své, kteréž činily ruce mé, a na práci úsilně vedenou, a aj, všecko marnost a trápení ducha, a že nic není užitečného pod sluncem.
12 ၁၂ တဖန်ငါလှည့်၍ ပညာတရားကို၎င်း၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲခြင်းတရားတို့ကို၎င်း ဆင်ခြင်၏။ရှင်ဘုရင် နောက်မှာ ဖြစ်သောသူသည် အဘယ်သို့ ပြုနိုင်သနည်း။ ပြုဘူးသည်အတိုင်းသာ ပြုနိုင်၏။
Pročež obrátil jsem se, abych spatřoval moudrost a nemoudrost, i bláznovství. (Nebo co by člověk spravil, chtěje následovati krále? To, což již jiní spravili.)
13 ၁၃ သို့ရာတွင်၊ အလင်းသည် မှောင်မိုက်ထက်မြတ် သကဲ့သို့၊ ပညာသည် မိုက်မဲခြင်းထက်မြတ်သည်ကို ငါ သိမြင်၏။
I viděl jsem, že jest užitečnější moudrost než bláznovství, tak jako jest užitečnější světlo nežli temnost.
14 ၁၄ ပညာရှိသောသူ၏ မျက်စိတို့သည် သူ၏ ဦးခေါင်း၌ရှိ၏။ မိုက်သောသူမူကား၊ မှောင်မိုက်၌ ကျင်လည်တတ်၏။ သို့သော်လည်း ထိုသူအပေါင်းတို့သည် တခုတည်းသော်အမှုနှင့် တွေ့ကြုံတတ်သည်ကို ငါရိပ်မိ ၏။
Moudrý má oči v hlavě své, blázen pak ve tmách chodí; a však poznal jsem, že jednostejné příhody všechněm se přiházejí.
15 ၁၅ သို့ဖြစ်၍၊ မိုက်သောသူတွေ့ကြုံသကဲ့သို့၊ ငါသည် တွေ့ကြုံလျှင်၊ အဘယ်ကြောင့်သူ့ထက်သာ၍ ပညာ ရှိသနည်းဟူ၍၎င်း၊ ဤအမှုအရာသည်လည်း အနတ္တ ဖြစ်သည်ဟူ၎င်း ငါအောက်မေ့၏။
Protož jsem řekl v srdci svém: Má-liť mi se tak díti, jako se děje bláznu, pročež jsem tedy moudrostí předčil? A tak řekl jsem v srdci svém: I to jest marnost.
16 ၁၆ ယခုဖြစ်သမျှသော အမှုအရာတို့ကို နောင် ကာလ၌ မေ့လျော့လိမ့်မည်ဖြစ်၍၊ မိုက်သောသူသည် အစဉ်မအောက်မေ့သကဲ့သို့၊ ပညာရှိသောသူကိုလည်း အစဉ်မအောက်မေ့တတ်။ ပညာရှိသောသူသည် မိုက် သော သူသေသကဲ့သို့ သေတတ်ပါသည်တကား။
Nebo není památka moudrého jako i blázna na věky, proto že to, což nyní jest, ve dnech budoucích všecko v zapomenutí přichází, a že jakož umírá moudrý, tak i blázen.
17 ၁၇ ထိုကြောင့်၊ အသက်ရှင်ခြင်းကို ငါငြီးငွေ့၏။ နေအောက်မှာ ပြုသောအမှုသည် ငါ၌ခက်ခဲ၏။ အလုံးစုံ တို့သည် အနတ္တအမှု၊ လေကိုကျက်စားသောအမှု ဖြစ်ကြ ၏။
Pročež mrzí mne tento život; nebo se mi nelíbí nic, což se děje pod sluncem, poněvadž všecky věci jsou marnost a trápení ducha.
18 ၁၈ ထိုမှတပါး၊ ငါသည်နေအောက်မှာ ကြိုးစား အားထုတ်သော အမှုအလုံးစုံတို့ကို ငါငြီးငွေ့ရသော အကြောင်းဟူမူကား၊ ထိုအမှုကို ငါ့နောက်မှဖြစ်လတံ့ သောသူအဘို့ ငါချန်ထားရမည်။
Ano mrzí mne i všecka práce má, kterouž jsem vedl pod sluncem proto že jí zanechati musím člověku, kterýž bude po mně.
19 ၁၉ ထိုသူသည် ပညာရှိမည်လော၊ မိုက်မည်လောဟု အဘယ်သူ ပြောနိုင်သနည်း။ ထိုသူသည် ငါကြိုးစား အားထုတ်သမျှ၊ နေအောက်မှာငါ့ပညာကို ထင်ရှားပြလေ သမျှသော အမှုတို့ကို အစိုးရလိမ့်မည်၊ ထိုအမှုအရာသည် လည်း အနတ္တဖြစ်၏။
A kdo ví, bude-li moudrý, či blázen? A však panovati bude nade vší prací mou, kterouž jsem vedl, a v níž jsem moudrý byl pod sluncem. A i to marnost.
20 ၂၀ ထိုကြောင့်နေအောက်မှာ ငါကြိုးစားအားထုတ် သမျှတို့၌ မြော်လင့်စရာမရှိ။ စိတ်ပျက်အောင်တဖန် ငါကြံစည်၏။
I přišel jsem na to, abych pochybil v srdci svém o vší práci, kterouž jsem konal, a v níž jsem moudrý byl pod sluncem.
21 ၂၁ အကြောင်းမူကား၊ ပညာရှိလျက် သိပ္ပံအတတ် နှင့် ပြည့်စုံလျက်၊ အမှုအောင်လျက် ကြိုးစားအားထုတ် သောသူဖြစ်သော်လည်း၊ မကြိုးစား၊ အားမထုတ်သောသူ ဝင်စရာဘို့ ထိုအမှုကိုစွန့်ထားရမည်။ ထိုအမှုအရာသည် လည်း အနတ္တအမှု၊ အလွန်ဆိုးသောအမှုဖြစ်၏။
Mnohý zajisté člověk pracuje moudře, uměle a spravedlivě, a však jinému, kterýž nepracoval o tom, nechává toho za podíl jemu, ješto i to jest marnost a bídná věc.
22 ၂၂ လူသည်နေအောက်မှာ ကြိုးစားအားထုတ်သော အမှု အလွန်စိတ်စွဲလမ်းသောအမှု၊ အလုံစုံတို့၌ အဘယ် အကျိုးရှိသနည်း။
Nebo co má člověk ze vší práce své a z kvaltování srdce svého, kteréž snáší pod sluncem,
23 ၂၃ သူ၏နေ့ရက်အပေါင်းတို့သည် ဝမ်းနည်းခြင်း၊ သူ၏အလုပ်အကိုင်လည်း ငြိုငြင်ခြင်းဖြစ်၏။ ညဉ့်အခါ၌ ပင် သူ၏စိတ်နှလုံး မငြိမ်ရ။ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
Poněvadž všickni dnové jeho bolestní, a zaměstknání jeho hněv, tak že ani v noci neodpočívá srdce jeho? A i to marnost.
24 ၂၄ စားသောက်ခြင်းငှါ၎င်း၊ ကြိုးစားအားထုတ်ရာ၌ စိတ်နှလုံးပျော်မွေ့ခြင်းငှါ၎င်း၊ လူ၌ကောင်းသောအခွင့် မရှိ။ ဘုရားသခင်၏ကျေးဇူးတော်ကြောင့်သာ၊ ထိုသို့သော အခွင့်ကို ရနိုင်သည်ဟု ငါသိမြင်၏။
Zdaliž není to chvalitebné při člověku, jísti a píti, a učiniti životu svému pohodlí z práce své? Ač i to také viděl jsem, že z ruky Boží pochází.
25 ၂၅ ဘုရားသခင်၏အခွင့်မရှိဘဲ အဘယ်သူစားရ သနည်း။ အဘယ်သူ ခံစားရသနည်း။
Nebo kdož by jísti a užívati měl toho nežli já?
26 ၂၆ ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။
Člověku zajisté, kterýž se líbí jemu, dává moudrost, umění a veselí; hříšníku pak dává trápení, aby shromažďoval a hrnul, čehož by zanechal tomu, kterýž se líbí Bohu. I to také jest marnost a trápení ducha.

< ဒေသနာ 2 >