< တရားဟောရာ 33 >

1 ဘုရားသခင်၏လူမောရှေသည် မသေမှီ ဣသ ရေလအမျိုးသားတို့ကို ကောင်းကြီးပေးသော မင်္ဂလာ စကား ဟူမူကား၊
וְזֹ֣את הַבְּרָכָ֗ה אֲשֶׁ֨ר בֵּרַ֥ךְ מֹשֶׁ֛ה אִ֥ישׁ הָאֱלֹהִ֖ים אֶת־בְּנֵ֣י יִשְׂרָאֵ֑ל לִפְנֵ֖י מֹותֹֽו׃
2 ထာဝရဘုရားသည် သိနာတောင်ပေါ်က ကြွ တော်မူ၏။ စိရအရပ်မှ ထိုလူတို့အား နေထွက်တော်မူ၏။ ပါရန်တောင်ပေါ်က ရောင်ခြည်ထွန်းပတော်မူ၍၊ သန့် ရှင်းသောသူ အထောင်အသောင်းတို့နှင့်အတူ ကြွတော်မူ ၍၊ ဓမ္မမီးသည် ဣသရေလလူတို့အဘို့၊ လက်ျာလက်တော် မှ ထွက်လေ၏။
וַיֹּאמַ֗ר יְהוָ֞ה מִסִּינַ֥י בָּא֙ וְזָרַ֤ח מִשֵּׂעִיר֙ לָ֔מֹו הֹופִ֙יעַ֙ מֵהַ֣ר פָּארָ֔ן וְאָתָ֖ה מֵרִבְבֹ֣ת קֹ֑דֶשׁ מִֽימִינֹ֕ו אֵשְׁדָּת (אֵ֥שׁ דָּ֖ת) לָֽמֹו׃
3 အကယ်စင်စစ် ထိုလူမျိုးကို ချစ်တော်မူ၏။ မိမိ သန့်ရှင်းသူအပေါင်းတို့သည် အထံတော်ပါးတွင် ရှိကြ၏။ သူတို့သည် ခြေတော်ရင်း၌ ပြပ်ဝပ်၍ စကားတော်တို့ကို နားခံကြလေ၏။
אַ֚ף חֹבֵ֣ב עַמִּ֔ים כָּל־קְדֹשָׁ֖יו בְּיָדֶ֑ךָ וְהֵם֙ תֻּכּ֣וּ לְרַגְלֶ֔ךָ יִשָּׂ֖א מִדַּבְּרֹתֶֽיךָ׃
4 ယာကုပ်အမျိုး ပရိသတ်အမွေခံရသော ဓမ္မ တရားကို မောရှေသည် ငါတို့အားထား၏။
תֹּורָ֥ה צִוָּה־לָ֖נוּ מֹשֶׁ֑ה מֹורָשָׁ֖ה קְהִלַּ֥ת יַעֲקֹֽב׃
5 ဣသရေလအမျိုးမင်းများနှင့်တကွ၊ အမျိုးအ နွယ်များတို့သည် စည်းဝေးသောအခါ၊ ထိုသူသည် ယေရှု ရုန်အမျိုး၌ ရှင်ဘုရင်ဖြစ်၏။
וַיְהִ֥י בִישֻׁר֖וּן מֶ֑לֶךְ בְּהִתְאַסֵּף֙ רָ֣אשֵׁי עָ֔ם יַ֖חַד שִׁבְטֵ֥י יִשְׂרָאֵֽל׃
6 ရုဗင်အမျိုး မသေ၊ အသက်ရှင်၍ သူ၏လူတို့ သည် များပါစေသော။
יְחִ֥י רְאוּבֵ֖ן וְאַל־יָמֹ֑ת וִיהִ֥י מְתָ֖יו מִסְפָּֽר׃ ס
7 ယုဒအမျိုးကိုကား၊ အိုထာဝရဘုရား၊ ယုဒစကား သံကို နားထောင်၍ သူ့ကို အမျိုးသားချင်းတို့ရှိရာသို့ ဆောင်ခဲ့တော်မူပါ။ မိမိလက်တို့သည် မိမိအဘို့ တန်ပါ စေသော။ သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပါ။
וְזֹ֣את לִֽיהוּדָה֮ וַיֹּאמַר֒ שְׁמַ֤ע יְהוָה֙ קֹ֣ול יְהוּדָ֔ה וְאֶל־עַמֹּ֖ו תְּבִיאֶ֑נּוּ יָדָיו֙ רָ֣ב לֹ֔ו וְעֵ֥זֶר מִצָּרָ֖יו תִּהְיֶֽה׃ ס
8 လေဝိအမျိုးကိုကား၊ သင်၏သုမိမ်နှင့် ဥရိမ် သည် မဿာအရပ်၌ သင်စုံစမ်း၍၊ မေရိဘစမ်းရေ အနားမှာ သင်ဆန့်ကျင်ဘက်ပြုသော သင်၏ သန့်ရှင်းသူ ၌ ရှိပါစေသော၊
וּלְלֵוִ֣י אָמַ֔ר תֻּמֶּ֥יךָ וְאוּרֶ֖יךָ לְאִ֣ישׁ חֲסִידֶ֑ךָ אֲשֶׁ֤ר נִסִּיתֹו֙ בְּמַסָּ֔ה תְּרִיבֵ֖הוּ עַל־מֵ֥י מְרִיבָֽה׃
9 ထိုသူသည် ကိုယ်မိဘဖြစ်သော်လည်း ငါမတွေ့ မမြင်ဟု ဆိုတတ်၏။ ကိုယ်ညီအစ်ကို ကိုလည်း မမှတ် တတ်။ ကိုယ်သားသမီးကိုလည်း မသိတတ်။ အကြောင်းမူ ကား၊ စကားတော်ကို နားထောင်၍ ပဋိညာဉ်တရားတော် ကို စောင့်ရှောက်တတ်၏။
הָאֹמֵ֞ר לְאָבִ֤יו וּלְאִמֹּו֙ לֹ֣א רְאִיתִ֔יו וְאֶת־אֶחָיו֙ לֹ֣א הִכִּ֔יר וְאֶת־בָּנֹו (בָּנָ֖יו) לֹ֣א יָדָ֑ע כִּ֤י שָֽׁמְרוּ֙ אִמְרָתֶ֔ךָ וּבְרִֽיתְךָ֖ יִנְצֹֽרוּ׃
10 ၁၀ သူတို့သည် စီရင်တော်မူချက်တို့ကို ယာကုပ်အ မျိုး၌၎င်း၊ တရားတော်ကို ဣသရေလ အမျိုး၌၎င်း သွန် သင်ကြလိမ့်မည်။ မီးရှို့ရာနံ့သာပေါင်းကို ရှေ့တော်၌၎င်း၊ တကိုယ်လုံး မီးရှို့ရာယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌၎င်း တင်ထားကြလိမ့်မည်။
יֹור֤וּ מִשְׁפָּטֶ֙יךָ֙ לְיַעֲקֹ֔ב וְתֹורָתְךָ֖ לְיִשְׂרָאֵ֑ל יָשִׂ֤ימוּ קְטֹורָה֙ בְּאַפֶּ֔ךָ וְכָלִ֖יל עַֽל־מִזְבְּחֶֽךָ׃
11 ၁၁ အိုထားဝရဘုရား၊ သူ၏ဥစ္စာကို ကောင်းကြီးပေး ၍ သူလုပ်ဆောင်သောအမှုကို လက်ခံတော်မူပါ။ သူ့တ ဘက်၌ ထ၍ သူ့ကို မုန်းသောသူတို့သည် နောက်တဖန် မထနိုင်အောင် သူတို့ခါးကို ချိုးတော်မူပါ။
בָּרֵ֤ךְ יְהוָה֙ חֵילֹ֔ו וּפֹ֥עַל יָדָ֖יו תִּרְצֶ֑ה מְחַ֨ץ מָתְנַ֧יִם קָמָ֛יו וּמְשַׂנְאָ֖יו מִן־יְקוּמֽוּן׃ ס
12 ၁၂ ဗင်္ယာမိန် အမျိုးကိုကား၊ ထာဝရဘုရား ချစ် တော်မူသော သူသည် အထံတော်ပါးတွင် လုံခြုံစွာ နေရ လိမ့်မည်။ သူ့ကို အစဉ်အမြဲ ဖုံးလွှမ်း၍ သူ၏ပခုံးကြားမှာ နေရာချတော်မူလိမ့်မည်။
לְבִנְיָמִ֣ן אָמַ֔ר יְדִ֣יד יְהֹוָ֔ה יִשְׁכֹּ֥ן לָבֶ֖טַח עָלָ֑יו חֹפֵ֤ף עָלָיו֙ כָּל־הַיֹּ֔ום וּבֵ֥ין כְּתֵיפָ֖יו שָׁכֵֽן׃ ס
13 ၁၃ ယောသပ်အမျိုးကိုကား၊ ထိုအမျိုးနေသော ပြည် သည် အထက်မိုဃ်းကောင်းကင် ဘဏ္ဍာအားဖြင့်၎င်း၊ အောက်အရပ်၌ ပုန်းကွယ်၍ နက်နဲသော အရာအားဖြင့်၎င်း၊
וּלְיֹוסֵ֣ף אָמַ֔ר מְבֹרֶ֥כֶת יְהֹוָ֖ה אַרְצֹ֑ו מִמֶּ֤גֶד שָׁמַ֙יִם֙ מִטָּ֔ל וּמִתְּהֹ֖ום רֹבֶ֥צֶת תָּֽחַת׃
14 ၁၄ နေဖြစ်စေသော ဘဏ္ဍာ၊ လဖြစ်စေသော ဘဏ္ဍာ အားဖြင့်၎င်း၊
וּמִמֶּ֖גֶד תְּבוּאֹ֣ת שָׁ֑מֶשׁ וּמִמֶּ֖גֶד גֶּ֥רֶשׁ יְרָחִֽים׃
15 ၁၅ အသက်ကြီးသောတောင်ထိပ်၊ မြဲမြံသောတောင် ထဲက ထွက်သော ဘဏ္ဍာအားဖြင့်၎င်း၊
וּמֵרֹ֖אשׁ הַרְרֵי־קֶ֑דֶם וּמִמֶּ֖גֶד גִּבְעֹ֥ות עֹולָֽם׃
16 ၁၆ မြေကြီးဘဏ္ဍာ စုံလင်ရာအားဖြင့်၎င်း၊ ထာဝရ ဘုရားပေးတော်မူရာ၌ မင်္ဂလာရှိပါစေသော။ ချုံ၌နေ တော်မူသောသူ၏ ကျေးဇူးတော်သည် ယောသပ်ခေါင်း ပေါ်၊ မိမိအစ်ကိုတို့တွင် အကြီးအကဲဖြစ်သောသူ၏ ခေါင်း ထိပ်ပေါ်မှာ သက်ရောက်ပါစေသော။
וּמִמֶּ֗גֶד אֶ֚רֶץ וּמְלֹאָ֔הּ וּרְצֹ֥ון שֹׁכְנִ֖י סְנֶ֑ה תָּבֹ֙ואתָה֙ לְרֹ֣אשׁ יֹוסֵ֔ף וּלְקָדְקֹ֖ד נְזִ֥יר אֶחָֽיו׃
17 ၁၇ သူ၏ဘုန်းသည် နွားလားဥဿဘဘုန်းကဲ့သို့၎င်း၊ သူ၏ ဦးချိုတို့သည် ကြံ့ဦးချိုကဲ့သို့၎င်း ဖြစ်ကြ၏။ ထိုဦးချို တို့နှင့် လူအမျိုးမျိုးတို့ကို မြေကြီးစွန်းတိုင်အောင် တပြိုင် နက် ထိုးခတ်လိမ့်မည်။ ဧဖရိမ်အမျိုးသား အသောင်း သောင်း၊ မနာရှေအမျိုးသား အထောင်ထောင်ပေတည်း။
בְּכֹ֨ור שֹׁורֹ֜ו הָדָ֣ר לֹ֗ו וְקַרְנֵ֤י רְאֵם֙ קַרְנָ֔יו בָּהֶ֗ם עַמִּ֛ים יְנַגַּ֥ח יַחְדָּ֖ו אַפְסֵי־אָ֑רֶץ וְהֵם֙ רִבְבֹ֣ות אֶפְרַ֔יִם וְהֵ֖ם אַלְפֵ֥י מְנַשֶּֽׁה׃ ס
18 ၁၈ ဇာဗုလုန်အမျိုးကိုကား၊ အိုဇာဗုလုန်အမျိုး၊ ထွက် သွားရာအမှု၌ ဝမ်းမြောက်လော့။ အိုဣသခါအမျိုး၊ မိမိ တဲ၌နေလျက် ဝမ်းမြောက်လော့။
וְלִזְבוּלֻ֣ן אָמַ֔ר שְׂמַ֥ח זְבוּלֻ֖ן בְּצֵאתֶ֑ךָ וְיִשָּׂשכָ֖ר בְּאֹהָלֶֽיךָ׃
19 ၁၉ ထိုအမျိုးတို့သည် လူများတို့ကို တောင်တော်သို့ ခေါ်၍၊ တောင်တော်၌ တရားသဖြင့် ယဇ်ပူဇော်ကြလိမ့် မည်။ ပင်လယ်စည်းစိမ်၊ သဲ၌ဝှက်ထားလျက်ရှိသော ဘဏ္ဍာကို နို့စို့ကြလိမ့်မည်။
עַמִּים֙ הַר־יִקְרָ֔אוּ שָׁ֖ם יִזְבְּח֣וּ זִבְחֵי־צֶ֑דֶק כִּ֣י שֶׁ֤פַע יַמִּים֙ יִינָ֔קוּ וּשְׂפוּנֵ֖י טְמ֥וּנֵי חֹֽול׃ ס
20 ၂၀ ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေ သောသူသည် မင်္ဂလာရှိတော်မူစေသတည်း။ ထိုအမျိုး သည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့်ဦးထိပ်ကို ဆုတ်ဖဲ့ တတ်၏။
וּלְגָ֣ד אָמַ֔ר בָּר֖וּךְ מַרְחִ֣יב גָּ֑ד כְּלָבִ֣יא שָׁכֵ֔ן וְטָרַ֥ף זְרֹ֖ועַ אַף־קָדְקֹֽד׃
21 ၂၁ ရှေ့ဦးစွာသောအဘို့ကို မိမိအဘို့ရွေးယူ၍၊ တရားမင်းခွဲဝေရာ ထိုအရပ်၌ လုံခြုံရ၏။ လူများတို့၏ အကဲအမှူးပြုလျက် လိုက်လာ၍၊ ထာဝရဘုရား၏ တရား မှု၊ ဣသရေလအမျိုး၌ စီရင်တော်မူချက်တို့ကို ပြုလေ၏။
וַיַּ֤רְא רֵאשִׁית֙ לֹ֔ו כִּי־שָׁ֛ם חֶלְקַ֥ת מְחֹקֵ֖ק סָפ֑וּן וַיֵּתֵא֙ רָ֣אשֵׁי עָ֔ם צִדְקַ֤ת יְהוָה֙ עָשָׂ֔ה וּמִשְׁפָּטָ֖יו עִם־יִשְׂרָאֵֽל׃ ס
22 ၂၂ ဒန်အမျိုးကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ် ဖြစ်၍ ဗာရှန်ပြည်မှ ခုန်လိမ့်မည်။
וּלְדָ֣ן אָמַ֔ר דָּ֖ן גּ֣וּר אַרְיֵ֑ה יְזַנֵּ֖ק מִן־הַבָּשָֽׁן׃
23 ၂၃ နဿလိအမျိုးကိုကား၊ အိုနဿလိအမျိုး၊ ကျေး ဇူးတော်နှင့်ကြွယ်ဝ၍၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာနှင့် ပြည့်စုံလျက်၊ အနောက်ပိုင်း၊ တောင်ပိုင်းကို ဝင်စားလော့။
וּלְנַפְתָּלִ֣י אָמַ֔ר נַפְתָּלִי֙ שְׂבַ֣ע רָצֹ֔ון וּמָלֵ֖א בִּרְכַּ֣ת יְהוָ֑ה יָ֥ם וְדָרֹ֖ום יְרָֽשָׁה׃ ס
24 ၂၄ အာရှာအမျိုးကိုကား၊ အာရှာအမျိုးသည် သား သမီးကိုရ၍ မင်္ဂလာရှိပါစေသော။ ညီအစ်ကိုချင်း၏ စိတ် နှင့်တွေ့ခြင်း၊ မိမိခြေကို ဆီ၌နှစ်ခြင်း ရှိပါစေသော။
וּלְאָשֵׁ֣ר אָמַ֔ר בָּר֥וּךְ מִבָּנִ֖ים אָשֵׁ֑ר יְהִ֤י רְצוּי֙ אֶחָ֔יו וְטֹבֵ֥ל בַּשֶּׁ֖מֶן רַגְלֹֽו׃
25 ၂၅ သင်၏တံခါးကန့်လန့်ကျင်တို့သည် သံနှင့်ကြေး ဝါဖြင့် ပြီးကြလိမ့်မည်။ သင်၏နေ့ရက်ကာလဖြစ်သည် အတိုင်း သင့်အစွမ်းသတ္တိဖြစ်လိမ့်မည်။
בַּרְזֶ֥ל וּנְחֹ֖שֶׁת מִנְעָלֶ֑יךָ וּכְיָמֶ֖יךָ דָּבְאֶֽךָ׃
26 ၂၆ သင့်ကို ပြုစုစေခြင်းငှါ ဘုန်းအာနုဘော်နှင့် ပြည့်စုံ လျက်၊ မိုဃ်းကောင်းကင်ကို စီးတော်မူသော ယေရှုရုန် အမျိုး၏ ဘုရားသခင်နှင့် တူသောသူမရှိ။
אֵ֥ין כָּאֵ֖ל יְשֻׁר֑וּן רֹכֵ֤ב שָׁמַ֙יִם֙ בְעֶזְרֶ֔ךָ וּבְגַאֲוָתֹ֖ו שְׁחָקִֽים׃
27 ၂၇ ရှေ့ဦးစွာသောဘုရားသခင်သည် သင့်ခိုလှုံရာ ဖြစ်၍၊ နိစ္စထာဝရ လက်ရုံးတော်ဖြင့် သင့်ကို ထောက်မ တော်မူ၏။ ရန်သူတို့ကို သင့်ရှေ့မှ နှင်ထုတ်၍ သူတို့ကို ဖျက်ဆီးသောအခွင့် ပေးတော်မူမည်။
מְעֹנָה֙ אֱלֹ֣הֵי קֶ֔דֶם וּמִתַּ֖חַת זְרֹעֹ֣ת עֹולָ֑ם וַיְגָ֧רֶשׁ מִפָּנֶ֛יךָ אֹויֵ֖ב וַיֹּ֥אמֶר הַשְׁמֵֽד׃
28 ၂၈ ဣသရေလအမျိုးသည် ဘေးလွတ်၍ တမျိုး တည်း နေရလိမ့်မည်။ ယာကုပ်အနွယ်သည် စပါး၊ စပျစ် ရည်နှင့်ပြည့်စုံသောပြည်၌ နေရာကျ၍၊ မိုဃ်းနှင်းရည် လည်း စက်စက်ကျလိမ့်မည်။
וַיִּשְׁכֹּן֩ יִשְׂרָאֵ֨ל בֶּ֤טַח בָּדָד֙ עֵ֣ין יַעֲקֹ֔ב אֶל־אֶ֖רֶץ דָּגָ֣ן וְתִירֹ֑ושׁ אַף־שָׁמָ֖יו יַ֥עַרְפוּ טָֽל׃
29 ၂၉ အိုဣသရေလအမျိုး၊ သင်သည် မင်္ဂလာရှိ၏။ ထာဝရဘုရား ကယ်တင်တော်မူသောအမျိုး၊ သင်နှင့်အ ဘယ်သူတူသနည်း။ ထိုဘုရားသည် သင့်ကို ကွယ်ကာ သော ဒိုင်းလွှား၊ သင့်ကို ချီးမြှောက်သော ထားလက်နက် ဖြစ်တော်မူ၏။ သင်၏ ရန်သူတို့သည် သင့်ရှေ့မှာရှုံး၍၊ သင်သည် သူတို့၏ မြင့်မြတ်သောအရပ်တို့၌ နင်းရလိမ့် မည်ဟု မြွက်ဆို၏။
אַשְׁרֶ֨יךָ יִשְׂרָאֵ֜ל מִ֣י כָמֹ֗וךָ עַ֚ם נֹושַׁ֣ע בַּֽיהוָ֔ה מָגֵ֣ן עֶזְרֶ֔ךָ וַאֲשֶׁר־חֶ֖רֶב גַּאֲוָתֶ֑ךָ וְיִכָּֽחֲשׁ֤וּ אֹיְבֶ֙יךָ֙ לָ֔ךְ וְאַתָּ֖ה עַל־בָּמֹותֵ֥ימֹו תִדְרֹֽךְ׃ ס

< တရားဟောရာ 33 >