< တရားဟောရာ 21 >

1 သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
Kana munhu akawanikwa akafa, akatandavara musango munyika iyo Jehovha Mwari wako ari kukupai kuti ive yenyu, uye musingazivi kuti ndiani amuuraya,
2 သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
vakuru venyu navatongi vachaenda kundoera chinhambwe kubva pachitunha kusvika kumaguta akakomberedza.
3 အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊
Ipapo vakuru veguta riri pedyo nechitunha vanofanira kutora tsiru remombe risina kumboshandiswa uye risina kumbokweva pajoko,
4 လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
vagoenda naro kumupata usina kumborimwa kana kudyarwa uye pane rwizi runoerera. Imomo mumupata vanofanira kuvhuna mutsipa wetsiru.
5 သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
Vaprista, vanakomana vaRevhi vanofanira kuuya pamberi, nokuti Jehovha Mwari wenyu akavasarudza kuti vashumire nokuropafadza muzita raJehovha uye vanofanira kutonga pamhaka dzose dzegakava nedzokurwa.
6 အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊
Ipapo vakuru vose veguta riri pedyo nechitunha vanofanira kushamba maoko avo pamusoro petsiru rakavhunwa mutsipa mumupata.
7 ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။
Ipapo vanofanira kuti, “Maoko edu haana kudeura ropa iri, uye kana meso edu haana kuona zvichiitwa.
8 အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
Gamuchirai henyu yananiso yavanhu venyu vaIsraeri, vamakadzikinura, imi Jehovha, uye musabata vanhu venyu nemhosva yokuteura ropa romunhu asina mhaka.” Zvino kuteurwa kweropa kuchayananisirwa.
9 ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
Saka muchabvisa pakati penyu mhosva yokuteurwa kweropa risina mhaka sezvo maita chinhu chakanaka pamberi paJehovha.
10 ၁၀ သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
Kana muchinge maenda kundorwa navavengi venyu uye kana Jehovha Mwari wenyu avaisa mumaoko enyu uye mavatapa,
11 ၁၁ ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
kana ukaona pakati pavakatapwa mukadzi akanaka ukamuda, unogona kumutora ave mukadzi wako.
12 ၁၂ သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
Uya naye mumba mako ugomuveura musoro, ugogurira nzara dzake,
13 ၁၃ ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
uye ugorasha nguo dzaakatapwa nadzo. Mushure mokunge agara mumba mako nokuchema baba namai vake kwomwedzi wose, ipapo ugopinda kwaari, uve murume wake naiye achava mukadzi wako.
14 ၁၄ နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
Kana usina kufadzwa naye, murege aende chero kwaanoda. Haufaniri kumutengesa kana kumubata somuranda, sezvo uriwe wamunyadzisa.
15 ၁၅ လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊
Kana munhu aine vakadzi vaviri, uye achida mumwe asi asingadi mumwe, uye vose vakamuberekera vanakomana asi wedangwe ari mwanakomana womukadzi waasingadi,
16 ၁၆ ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။
kana ogova pfuma yake kuvanakomana vake, haafaniri kupa kodzero yedangwe kumwanakomana womukadzi waanoda pachinzvimbo chomwana wake wedangwe chaiye, mwanakomana womukadzi waasingadi.
17 ၁၇ မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
Anofanira kugamuchira mwanakomana womukadzi wake waasingadi sedangwe nokumupa mugove wakapetwa kaviri wezvose zvaanazvo. Mwanakomana iyeye ndiye chiratidzo chokutanga chesimba rababa vake. Kodzero yomwana wedangwe ndeyake.
18 ၁၈ အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
Kana munhu aine mwanakomana akasindimara asingateereri baba vake namai vake uye asingavateereri kana vachimuranga,
19 ၁၉ မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
baba vake namai vake vanofanira kumubata vagoenda naye kuvakuru pasuo reguta.
20 ၂၀ အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။
Vachati kuvakuru, “Mwanakomana wedu uyu akasindimara uye anotimukira. Haatiteereri. Anoparadza pfuma uye chidhakwa.”
21 ၂၁ မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
Ipapo varume vose vomuguta rake vachamutaka namabwe afe. Munofanira kubvisa chakaipa pakati penyu. Israeri yose ichazvinzwa igotya.
22 ၂၂ သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
Kana munhu achinge aine mhosva yakafanira rufu, akaurayiwa uye chitunha chake chikasungirirwa pamuti,
23 ၂၃ အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။
hamufaniri kusiya chitunha chake chiri pamuti usiku hwose. Muone kuti mamuviga zuva rimwe chetero, nokuti ani naani akasungirirwa akatukwa naMwari. Hamufaniri kusvibisa nyika yamuri kupiwa naJehovha Mwari wenyu senhaka.

< တရားဟောရာ 21 >