< တရားဟောရာ 21 >

1 သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
Se alguém for encontrado morto na terra que Yahweh seu Deus lhe dá para possuir, deitado no campo, e não se souber quem o atingiu,
2 သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
então seus anciãos e seus juízes sairão, e medirão as cidades que estão ao redor dele que foi morto.
3 အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊
Será que os anciãos da cidade mais próxima do morto tomarão uma novilha do rebanho, que não tenha sido trabalhada e que não tenha sido puxada no jugo.
4 လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
Os anciãos daquela cidade levarão a novilha para um vale com água corrente, que não é lavrado nem semeado, e quebrarão o pescoço da novilha lá no vale.
5 သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
Os sacerdotes filhos de Levi se aproximarão, para eles Yahweh seu Deus escolheu ministrar a ele, e abençoar em nome de Yahweh; e de acordo com sua palavra, toda controvérsia e todo assalto será decidido.
6 အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊
Todos os anciãos daquela cidade mais próxima do homem morto lavarão as mãos sobre a novilha cujo pescoço foi quebrado no vale.
7 ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။
Eles responderão e dirão: “Nossas mãos não derramaram este sangue, nem nossos olhos o viram”.
8 အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
Perdoe, Javé, seu povo Israel, a quem você resgatou, e não permita sangue inocente entre seu povo Israel”. O sangue lhes será perdoado”.
9 ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
Então, quando fizerdes o que é justo aos olhos de Iavé, afasteis o sangue inocente do meio de vós.
10 ၁၀ သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
Quando você sair para lutar contra seus inimigos, e Yahweh seu Deus os entregar em suas mãos e os levar cativos,
11 ၁၁ ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
e ver entre os cativos uma bela mulher, e você se sentir atraído por ela, e desejar levá-la como sua esposa,
12 ၁၂ သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
então você a trará para sua casa. Ela rapará a cabeça e aparará as unhas.
13 ၁၃ ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
Ela tirará as roupas de seu cativeiro, e permanecerá em sua casa, e chorará o pai e a mãe dela um mês inteiro. Depois disso, você irá até ela e será seu marido, e ela será sua esposa.
14 ၁၄ နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
Será, se não tiverdes prazer nela, então a deixareis ir onde ela desejar; mas não a vendereis de modo algum por dinheiro. Não negociareis com ela como escrava, porque a tendes humilhado.
15 ၁၅ လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊
Se um homem tem duas esposas, uma amada e outra odiada, e elas lhe deram filhos, tanto a amada como a odiada, e se o filho primogênito é dela que foi odiado,
16 ၁၆ ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။
então será, no dia em que ele fizer herdar seus filhos o que ele tem, que ele não poderá dar ao filho da amada os direitos do primogênito antes do filho da odiada, que é o primogênito;
17 ၁၇ မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
mas ele deve reconhecer o primogênito, o filho do odiado, dando-lhe uma porção dupla de tudo o que ele tem; pois ele é o começo de sua força. O direito do primogênito é dele.
18 ၁၈ အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
Se um homem tem um filho teimoso e rebelde que não obedecerá à voz de seu pai ou à voz de sua mãe, e embora o castiguem, não os ouvirá,
19 ၁၉ မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
então seu pai e sua mãe se apoderarão dele e o levarão aos anciãos de sua cidade e ao portão de seu lugar.
20 ၂၀ အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။
Eles dirão aos anciãos de sua cidade: “Este nosso filho é teimoso e rebelde”. Ele não obedecerá à nossa voz”. Ele é um glutão e um bêbado”.
21 ၂၁ မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
Todos os homens de sua cidade o apedrejarão até a morte. Por isso, removerão o mal do meio de vocês. Todo Israel ouvirá, e temerá.
22 ၂၂ သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
Se um homem cometeu um pecado digno de morte, e é morto, e você o enforca numa árvore,
23 ၂၃ အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။
seu corpo não ficará toda a noite na árvore, mas certamente o enterrará no mesmo dia; pois aquele que é enforcado é amaldiçoado por Deus. Não contamine sua terra que Yahweh seu Deus lhe dá por herança.

< တရားဟောရာ 21 >