< တရားဟောရာ 21 >

1 သင်၏ဘုရားသခင် ထာဝရဘုရား အပိုင်ပေး တော်မူသောပြည်တွင်၊ လွတ်လပ်သောအရပ်၌ လူအသေ ကောင်ရှိသည်ကို တွေ့၍၊ အဘယ်သူသတ်သည်ကို မသိ လျင်၊
သင် ၏ဘုရားသခင် ထာဝရဘုရား အပိုင် ပေး တော်မူသော ပြည် တွင် ၊ လွတ်လပ် သောအရပ်၌ လူအသေ ကောင်ရှိ သည်ကို တွေ့ ၍၊ အဘယ်သူ သတ် သည်ကို မ သိ လျှင်၊
2 သင်၌ အသက်ကြီးသူ၊ တရားသူကြီးတို့သည် ထွက်၍၊ ပတ်ဝန်းကျင်မြို့ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
သင် ၌ အသက်ကြီး သူ၊ တရားသူကြီး တို့သည် ထွက် ၍ ၊ ပတ်ဝန်းကျင် မြို့ ရွာများတိုင်အောင် တိုင်းထွာ ရကြမည်။
3 အသေကောင်နှင့် အနီးဆုံးသောမြို့၌ အသက် ကြီးသူတို့သည် ထမ်းဘိုးတင်ခြင်း၊ စေခိုင်းခြင်းကို မပြုဘူး သေးသော နွားသငယ်ကို ယူ၍၊
အသေ ကောင်နှင့် အနီး ဆုံးသောမြို့ ၌ အသက်ကြီး သူတို့သည် ထမ်းဘိုး တင် ခြင်း၊ စေခိုင်း ခြင်းကို မ ပြုဘူး သေးသော နွားသငယ် ကို ယူ ၍၊
4 လယ်မလုပ်မျိုးစေ့ မကြဲနိုင်အောင် ရေမပြတ် သော ချောင်းသို့ ဆောင်သွား၍၊ ထိုချောင်း၌ နွား လည်ပင်းကို ဖြတ်ပြီးမှ၊
လယ် မ လုပ်မျိုးစေ့မ ကြဲ နိုင်အောင် ရေ မပြတ် သော ချောင်း သို့ ဆောင် သွား၍ ၊ ထို ချောင်း ၌ နွား လည်ပင်း ကို ဖြတ်ပြီးမှ၊
5 သင်၏ဘုရားသခင် ထာဝရဘုရား အမှုတော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့်နှင့် ကောင်းကြီးပေးစေခြင်းငှာ၎င်း ရွေးချယ်တော် မူသော လေဝိသား ယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။
သင် ၏ဘုရားသခင် ထာဝရဘုရား အမှု တော်ကို ဆောင်ရွက်စေခြင်းငှာ၎င်း၊ ထာဝရဘုရား အခွင့် နှင့် ကောင်းကြီး ပေးစေခြင်းငှာ ၎င်း ရွေးချယ် တော်မူ သော လေဝိ သား ယဇ် ပုရောဟိတ်တို့သည် ချဉ်း ၍ တရား တွေ့ခြင်းအမှု၊ ရိုက်ပုတ် ခြင်းအမှု ရှိသမျှ တို့ကို စီရင် ဆုံးဖြတ်ရကြမည်။
6 အသေကောင်နှင့် အနီးဆုံးသောမြို့သား အသက်ကြီးသူ အပေါင်းတို့သည်၊ ထိုချောင်း၌ လည်ပင်း ဖြတ်ပြီးသော နွားမအပေါ်မှာ မိမိတို့လက်ကို ဆေးလျက်၊
အသေ ကောင်နှင့် အနီး ဆုံးသော မြို့ သား အသက်ကြီး သူ အပေါင်း တို့သည်၊ ထိုချောင်း ၌ လည်ပင်း ဖြတ်ပြီးသော နွားမ အပေါ် မှာ မိမိ တို့လက် ကို ဆေး လျက်၊
7 ငါတို့လက်သည် ဤအသွေးကို မသွန်း၊ ငါတို့ မျက်စိသည် မမြင်။
ငါ တို့လက် သည် ဤ အသွေး ကို မ သွန်း ၊ ငါ တို့ မျက်စိ သည် မ မြင်။
8 အိုထာဝရဘုရား၊ ရွေးတော်မူသော ကိုယ်တော် ၏လူ ဣသရေလအမျိုးကို သနားတော်မူပါ။ မသေထိုက် သောသူကို သတ်သောအပြစ်သည် ကိုယ်တော်၏လူ ဣသရေလအမျိုးအပေါ်သို့ ရောက်စေတော်မမူပါနှင့်ဟု မြွက်ဆိုရကြမည်။ သို့ပြုလျှင် အသက်ကို သတ်သော အပြစ်လွတ်လိမ့်မည်။
အိုထာဝရဘုရား ၊ ရွေး တော်မူသော ကိုယ်တော် ၏လူ ဣသရေလ အမျိုးကို သနား တော်မူပါ။ မ သေထိုက် သောသူကို သတ် သောအပြစ်သည် ကိုယ်တော် ၏လူ ဣသရေလ အမျိုးအပေါ် သို့ ရောက် စေတော်မ မူပါနှင့်ဟု မြွက်ဆို ရကြမည်။ သို့ပြုလျှင် အသက် ကိုသတ် သော အပြစ် လွတ်လိမ့်မည်။
9 ထိုသို့ သင်သည် ထာဝရဘုရားရှေ့တော်၌ ကောင်းသောအမှုကို ပြုသောအခါ၊ မသေထိုက်သော သူ၏ အသွေးကို ပယ်ရှင်းရလိမ့်မည်။
ထိုသို့ သင်သည် ထာဝရဘုရား ရှေ့ တော်၌ ကောင်း သောအမှုကို ပြု သောအခါ၊ မ သေထိုက်သောသူ ၏ အသွေး ကို ပယ်ရှင်း ရလိမ့်မည်။
10 ၁၀ သင်သည် ရန်သူတို့ကို စစ်တိုက်သွား၍ သင်၏ ဘုရားသခင် ထာဝရဘုရားသည် သူတို့ကို သင့်လက်၌ အပ်တော်မူသဖြင့်၊ သင်သည် ဘမ်းယူသောအခါ၊
၁၀သင် သည် ရန်သူတို့ကို စစ်တိုက် သွား ၍ သင် ၏ ဘုရားသခင် ထာဝရဘုရား သည် သူ တို့ကို သင့် လက် ၌ အပ် တော်မူသဖြင့် ၊ သင်သည် ဘမ်းယူ သောအခါ၊
11 ၁၁ ဘမ်းယူသောသူတို့တွင် အဆင်းလှသော မိန်းမ ကို မြင်၍ စုံဘက်ခြင်းငှာ အလိုရှိလျှင်၊
၁၁ဘမ်းယူ သောသူတို့တွင် အဆင်း လှသော မိန်းမ ကို မြင် ၍ စုံဘက် ခြင်းငှာ အလို ရှိလျှင်၊
12 ၁၂ သင့်အိမ်သို့ သူ့ကိုခေါ်သွား၍၊ သူသည် ဦးဆံရိတ်ခြင်း၊ လက်သည်းလှီးဖြတ်ခြင်းကို ပြုလျက်၊
၁၂သင့် အိမ် သို့ သူ့ ကိုခေါ် သွား၍ ၊ သူ သည် ဦးဆံ ရိတ် ခြင်း၊ လက်သည်း လှီးဖြတ်ခြင်းကို ပြု လျက်၊
13 ၁၃ ဘမ်းယူရာအဝတ်ကို ချွတ်ပယ်၍ တလပတ်လုံး မိဘတို့ကို မြည်တမ်းလျက် သင့်အိမ်၌ နေပြီးသောနောက်၊ သင်သည် သူနှင့်စုံဘက်၍ သူသည် သင်၏မယား ဖြစ်မည်။
၁၃ဘမ်းယူ ရာအဝတ် ကို ချွတ် ပယ်၍ တလ ပတ်လုံးမိဘ တို့ကို မြည်တမ်း လျက် သင့် အိမ် ၌ နေ ပြီးသောနောက် ၊ သင်သည် သူ နှင့် စုံဘက် ၍ သူ သည် သင် ၏ မယား ဖြစ် မည်။
14 ၁၄ နောက်တဖန် သူ့ကို မချစ်လျှင်၊ သူ့အလိုအ လျောက်သွားသောအခွင့်ကို ပေးရမည်။ သူ့ကိုရှုတ်ချ သောကြောင့် ငွေနှင့်မရောင်းရ၊ ကျွန်အရာ၌ မထားရ။
၁၄နောက် တဖန် သူ့ ကို မ ချစ် လျှင် ၊ သူ့ အလို အလျောက် သွား သောအခွင့်ကိုပေး ရမည်။ သူ့ ကိုရှုတ်ချ သောကြောင့် ငွေ နှင့် မ ရောင်း ရ၊ ကျွန် အရာ၌ မ ထားရ။
15 ၁၅ လင်ချစ်သော မယား၊ မုန်းသော မယားနှစ် ယောက်တို့သည် သားကိုဘွား၍၊ အဦးဘွားသော သားသည် မုန်းသောမယား၏ သားဖြစ်လျှင်၊
၁၅လင်ချစ် သော မယား၊ မုန်း သော မယား နှစ် ယောက်တို့သည် သား ကို ဘွား ၍ ၊ အဦး ဘွားသော သား သည် မုန်း သောမယား၏ သားဖြစ် လျှင်၊
16 ၁၆ ထိုသူသည် မိမိအမွေဥစ္စာကို ဝေသောအခါ၊ မုန်းသောမယား၏ သားဦးကို နှိမ့်ချ၍ ချစ်သောမယား၏ သားကို သားဦးအရာ၌ မချီးမြှောက်ရ။
၁၆ထိုသူသည် မိမိ အမွေ ဥစ္စာကို ဝေ သောအခါ ၊ မုန်း သောမယား၏ သား ဦး ကို နှိမ့်ချ၍ ချစ် သောမယား၏ သား ကို သားဦး အရာ၌ မ ချီးမြှောက်ရ။။
17 ၁၇ မုန်းသောမယား၏ သားသည် သားဦးဖြစ်သည် ဟု ဝန်ခံ၍၊ နှစ်ဆသော အမွေဥစ္စာကို သူ့အားပေးရမည်။ အကြောင်းမူကား၊ ထိုသားသည် အဘ၏ ခွန်အားအစဦး ဖြစ်၏။ သားဦးအရိပ်အရာနှင့် ဆိုင်ပေ၏။
၁၇မုန်း သောမယား၏ သား သည် သားဦး ဖြစ်သည် ဟု ဝန်ခံ ၍ ၊ နှစ်ဆ သော အမွေ ဥစ္စာကို သူ့ အား ပေး ရမည်။ အကြောင်း မူကား၊ ထိုသားသည် အဘ ၏ ခွန်အား အစဦး ဖြစ်၏။ သားဦး အရိပ် အရာနှင့် ဆိုင် ပေ၏။
18 ၁၈ အဘ၌ ဆိုးသောသား၊ ခက်ထန်သောသဘော ရှိ၍ မိဘစကားကို နားမထောင်သောသား၊ မိဘတို့ ဆုံးမသော်လည်း ဆုံးမခြင်းကို မခံသောသားရှိလျှင်၊
၁၈အဘ ၌ ဆိုး သောသား၊ ခက်ထန် သောသဘော ရှိ၍ မိဘ စကား ကို နား မ ထောင်သောသား၊ မိဘတို့ ဆုံးမ သော်လည်း ဆုံးမခြင်းကို မ ခံ သောသား ရှိ လျှင်၊
19 ၁၉ မိဘတို့သည် ထိုသားကို ဆွဲကိုင်၍၊ မြို့၌ အသက်ကြီးသူတို့ရှိရာ မြို့တံခါးဝသို့ ဆောင်ခဲ့ပြီးလျှင်၊
၁၉မိဘ တို့သည် ထို သားကို ဆွဲကိုင် ၍ ၊ မြို့ ၌ အသက်ကြီး သူတို့ရှိ ရာ မြို့တံခါးဝ သို့ ဆောင် ခဲ့ပြီးလျှင်၊
20 ၂၀ အကျွန်ုပ်တို့သားသည် ဆိုးသောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ်တို့စကားကို နားမထောင် သောသူ ဖြစ်ပါ၏။ စားကြူးသောသူ၊ သောက်ကြူးသော သူ ဖြစ်ပါ၏ဟု မြို့၌ အသက်ကြီးသူတို့အား လျှောက်ဆို ရမည်။
၂၀အကျွန်ုပ် တို့သား သည် ဆိုး သောသူ၊ ခက်ထန် သောသဘောရှိ၍ အကျွန်ုပ် တို့စကား ကို နား မ ထောင်သောသူ ဖြစ် ပါ၏။ စားကြူး သောသူ၊ သောက်ကြူး သောသူ ဖြစ်ပါ၏ဟု မြို့ ၌ အသက်ကြီး သူတို့အား လျှောက်ဆို ရမည်။
21 ၂၁ မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
၂၁မြို့ သားယောက်ျား အပေါင်း တို့သည် ထို သားကို ကျောက်ခဲ နှင့် ပစ် ၍ အသေ သတ်ရကြမည်။ ထိုသို့ သင် တို့တွင် ဒုစရိုက် အပြစ်ကို ပယ်ရှား သဖြင့် ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထိုသိတင်းကို ကြား ၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။
22 ၂၂ သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
၂၂သေ ထိုက်သော အပြစ် ရှိ သောသူ ကို သစ်တိုင် ၌ ဆွဲ ၍ သတ် လျှင်၊
23 ၂၃ အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။
၂၃အသေ ကောင်ကို သစ်တိုင် ၌ တညဉ့်လုံး မ ထား ရ။ ထိုနေ့ ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ် ရမည်။ သစ်တိုင်၌ ဆွဲ ထားခြင်းကို ခံရသောသူသည် ကျိန် ခြင်းကို ခံရသောသူဖြစ် ၏။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် အမွေခံ စရာဘို့ ပေး တော်မူသော ပြည် သည် မ ညစ်ညူး စေမည် အကြောင်း ထိုသို့ ပြုရမည်။

< တရားဟောရာ 21 >