< တရားဟောရာ 15 >

1 ခုနစ်နှစ်တခါ လွှတ်ခြင်းကို ပြုရမည်။
A la fin de chaque septième année, tu feras rémission.
2 လွှတ်ခြင်းတရား ဟူမူကား၊ ကိုယ်နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင်မည်သည် ကား၊ ထိုကြွေးကို လွှတ်ရမည်။ ထာဝရဘုရားလွှတ်ခြင်း ကာလဖြစ်သောကြောင့်၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကိုချင်း၌ မတောင်းရ။
Voici comment se pratiquera la rémission: tout créancier qui aura fait un prêt accordera rémission pour ce qu'il a prêté à son prochain: il ne pressera pas son prochain et son frère, quand on aura publié la rémission de Yahweh.
3 တကျွန်းတနိုင်ငံသား၌ တောင်းရသောအခွင့် ရှိ၏။ ညီအစ်ကို၌ရှိသော ကိုယ်ဥစ္စာကို မတောင်းဘဲ လွှတ်ရမည်။
Tu pourras presser l'étranger; mais pour ce qui t'appartient chez ton frère, ta main fera rémission,
4 သင်၌ ဆင်းရဲသား မရှိစေခြင်းငှာ၊ ထိုသို့ပြုရ မည်။ သင်၏ဘုရားသခင် ထာဝရဘုရားသည် အမွေခံ ဘို့ရာ အပိုင်ပေးတော်မူသောပြည်၌ သင့်ကို အလွန် ကောင်းကြီးပေးတော်မူမည်။
afin qu'il n'y ait pas de pauvre chez toi. Car Yahweh te bénira certainement dans le pays que Yahweh, ton Dieu, t'a donné en héritage pour le posséder,
5 ယနေ့ ငါမှာထားသမျှသော ဤပညတ်တို့ကို ကျင့်မည်အကြောင်း စောင့်ရှောက်ခြင်းငှာ၊ သင်၏ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို စေ့စေ့နားထောင် လော့။
pourvu seulement que tu obéisses à la voix de Yahweh, ton Dieu, en mettant soigneusement en pratique tous ses commandements que je te prescris aujourd'hui.
6 သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ ဂတိ တော်ရှိသည်အတိုင်း ကောင်းကြီးပေးတော်မူသဖြင့်၊ သင်သည် လူမျိုးများတို့အား ချေးငှားရသော အခွင့်ရှိလိမ့် မည်။ သူတို့သည် သင့်အား ချေးငှားသော အခွင့်မရှိရ။ သင်သည် လူမျိုးများတို့ကို အစိုးပိုင်ရလိမ့်မည်။ သူတို့ သည် သင့်ကို အစိုးမပိုင်ရကြ။
Car Yahweh, ton Dieu, te bénira, comme il te l'a dit; tu feras des prêts à beaucoup de nations, et toi tu n'emprunteras pas; tu domineras sur beaucoup de nations, et elles ne domineront pas sur toi.
7 သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သောပြည်တွင်၊ မြို့တစုံတမြို့၌ ဆင်းရဲသော ညီအစ်ကို ချင်း ရှိလျှင်၊ ထိုဆင်းရဲသော ညီအစ်ကို၌ သင်သည် သနားသောစိတ်ကို မချုပ်တည်းရ။ လက်ကိုလည်း မပိတ်ရ။
S'il y a chez toi un pauvre d'entre tes frères, dans l'une de tes portes, au pays que Yahweh, ton Dieu, te donne, tu n'endurciras pas ton cœur et ne fermeras pas ta main à ton frère pauvre;
8 သင်၏လက်ကို သူ့အဘို့ ကျယ်ကျယ်ဖွင့်၍၊ သူ၏ ဆင်းရဲ ပျောက်လောက်အောင် ချေးငှားရမည်။
mais tu lui ouvriras ta main, et tu lui prêteras de quoi pourvoir à ses besoins selon ce qui lui manque.
9 သင့်စိတ်နှလုံး၌ ဆိုးညစ်သော သဘောရှိ၍၊ သတ္တမနှစ်တည်းဟူသော လွှတ်ရာနှစ်နီးပြီဟု အောက်မေ့ လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူသည် ထာဝရဘုရားအား အော်ဟစ်သဖြင့်၊ သင်၌ အပြစ်မရောက်မည်အကြောင်း သတိပြုလော့။
Prends garde qu'il ne s'élève dans ton cœur cette pensée basse: « La septième année, l'année de rémission, approche! » et que ton œil ne soit mauvais envers ton frère pauvre, de peur que tu ne lui donnes rien, et qu'il ne crie à Yahweh contre toi, et que tu ne sois chargé d'un péché.
10 ၁၀ အကယ်စင်စစ် သူ့အားပေးရမည်။ ပေးသော အခါ နှမြောသောစိတ်မရှိရ။ အကြောင်းမူကား၊ ထိုဒါန ကြောင့် သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်ပြု လေရာရာ၊ လုပ်ဆောင်လေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။
Tu dois lui donner, et, en lui donnant, que ton cœur n'ait pas de regret; car, à cause de cela, Yahweh, ton Dieu, te bénira dans tous tes travaux et dans toutes tes entreprises.
11 ၁၁ သင့်နေရာပြည်၌ ဆင်းရဲသားမပြတ်ရ။ ထို့ကြောင့်၊ သင့်ပြည်၌ ဆင်းရဲငတ်မွတ်သော ညီအစ်ကိုချင်းတို့အား သင်၏လက်ကို ကျယ်ကျယ်ဖွင့်ရမည်အကြောင်း ငါမှာ ထား၏။
Il ne manquera jamais de pauvre au milieu du pays; c'est pourquoi je te donne ce commandement: Tu ouvriras ta main à ton frère, à l'indigent et au pauvre dans ton pays.
12 ၁၂ သင်၏ညီအစ်ကိုချင်း၊ ဟေဗြဲအမျိုးယောက်ျား မိန်းမသည် သင်၌ ကျွန်ဖြစ်၍၊ ခြောက်နှစ်အစေခံပြီးမှ၊ သတ္တမနှစ်ရောက်လျှင် လွှတ်ရမည်။
Si l'un de tes frères hébreux, homme ou femme, se vend à toi, il te servira six ans et, la septième année, tu le renverras libre de chez toi.
13 ၁၃ လွှတ်သောအခါ၊ လက်ချည်း မလွှတ်ဘဲ၊
Et quand tu le renverras libre de chez toi, tu ne le renverras pas à vide;
14 ၁၄ သင်၏ဘုရားသခင် ထာဝရဘုရားသည် ကောင်း ကြီးပေးတော်မူသည်အတိုင်း၊ သင်၏သိုးစု၊ ကောက်နယ် တလင်း၊ စပျစ်သီးနယ်ရာကျင်းထဲက များစွာပေးရမည်။
mais tu ne manqueras pas de lui donner des présents de ton menu bétail, de ton aire et de ton pressoir; tu lui donneras une part des biens dont Yahweh, ton Dieu, t'aura béni.
15 ၁၅ သင်သည် အဲဂုတ္တုပြည်၌ ကျွန်ခံခဲ့ဘူးကြောင်းကို ၎င်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်ကို ရွေးနှုတ်တော်မူကြောင်းကို၎င်း၊ အောက်မေ့ရမည်။ ထိုကြောင့် ဤပညတ်ကို ယနေ့ငါထား၏။
Tu te souviendras que tu as été esclave au pays d'Egypte, et que Yahweh, ton Dieu, t'a racheté; c'est pourquoi je te donne aujourd'hui ce commandement.
16 ၁၆ သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူအိမ်သား တို့ကို ချစ်ပါ၏။ နေ၍ပျော်ပါ၏ ဟုဆိုလျှင်၊
Mais si ton esclave te dit: « Je ne veux pas sortir de chez toi, » parce qu'il t'aime, toi et ta maison, et qu'il se trouve bien chez toi,
17 ၁၇ သင်သည် စူးကိုယူ၍ တံခါး၌ ကျွန်၏နားရွက်ကို ဖောက်ပြီးမှ၊ သူသည် အစဉ်အမြဲ ကျွန်ခံရမည်။ ထိုအတူ ကျွန်မ၌လည်း ပြုရမည်။
alors prenant un poinçon, tu lui perceras l'oreille contre la porte de ta maison, et il sera pour toujours ton serviteur; tu feras de même pour ta servante.
18 ၁၈ သင်၏ကျွန်ကို လွှတ်သောအခါ ခက်သည်ဟူ၍ မထင်ရ။ အကြောင်းမူကား၊ ခြောက်နှစ်ပတ်လုံး အစေခံ သဖြင့်၊ သူငှားဆောင်ရွက်သောအမှု နှစ်ဆကို သူသည် ဆောင်ရွက်လေပြီ။ သင်၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြုလေရာရာ၌ ကောင်းကြီးပေးတော်မူ မည်။
Tu ne trouveras point pénible de le renvoyer libre de chez toi, car, en te servant six ans, il t'a valu le double du salaire d'un mercenaire, et Yahweh, ton Dieu, te bénira dans tout ce que tu feras.
19 ၁၉ သင်၏သိုးနွားတို့တွင် အဦးဘွားသော အထီးရှိ သမျှတို့ကို သင်၏ဘုရားသခင် ထာဝရဘုရားအဘို့ သန့်ရှင်းစေရမည်။ အဦးဘွားသောနွား၊ အဦးဘွားသော သိုးကို မသုံးဆောင်ရ။
Tu consacreras à Yahweh, ton Dieu, tout premier-né mâle qui naîtra dans ton bétail gros et menu; tu ne travailleras pas avec le premier-né de ton bœuf, et tu ne tondras pas le premier-né de tes brebis,
20 ၂၀ ထာဝရဘုရား ရွေးကောက်တော်မူသော အရပ် ၌ သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်မှာ ထိုသိုးနွားတို့ကို နှစ်စဉ်မပြတ် အိမ်သူအိမ်သားတို့နှင့် တကွ ကိုယ်တိုင်စားရမည်။
mais tu le mangeras chaque année, toi et ta famille, devant Yahweh, ton Dieu, dans le lieu qu'il aura choisi.
21 ၂၁ ထိုသိုးနွားတို့၌ ခြေဆွံ့၊ မျက်စိကန်း အစရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ်၊ အခြားသောအပြစ် တစုံတခု ရှိလျှင်၊ သင်၏ဘုရားသခင် ထာဝရဘုရားအား ယဇ်မပူ ဇော်ရ။
Mais s'il a une difformité, s'il est boiteux ou aveugle, ou s'il a toute autre difformité mauvaise, tu ne l'offriras pas en sacrifice à Yahweh, ton Dieu.
22 ၂၂ သင့်နေရာအရပ်၌ စားရမည်။ သမင်၊ ဒရယ်ကို စားသကဲ့သို့ စင်ကြယ်သောသူ၊ မစင်ကြယ်သောသူတို့ သည် အတူစားရကြမည်။
Tu le mangeras dans tes portes; l'homme impur et l'homme pur en mangeront l'un et l'autre, comme on mange de la gazelle ou du cerf.
23 ၂၃ သို့ရာတွင် အသွေးကို မစားရ။ ရေကို သွန်သကဲ့ သို့ မြေပေါ်မှာသွန်ရမည်။
Seulement tu n'en mangeras pas le sang: tu le répandras sur la terre comme de l'eau.

< တရားဟောရာ 15 >